Learn English with Tr. Htet

Learn English with Tr. Htet

Share

Improve your English skills with me 👩‍⚕️

21/04/2026

Fighting 💗

20/04/2026

သင်္ကြန်လည်းပြီးပြီဆိုတော့ အောင်စာရင်းစောင့်နေပြီး ဆေးတက္ကသိုလ်မှန်းထားတဲ့ မောင်လေးညီမလေးတွေအတွက် ဆေးတက္ကသိုလ်အကြောင်း အထူးသဖြင့် ဆေးတက္ကသိုလ် ၂ အကြောင်းလေး အနည်းငယ်ပြောပြပေးမယ်နော် 💗

အခုစနစ်သစ်က Integrated Curriculum လို့ခေါ်ပြီး
စုစုပေါင်း 6 နှစ်တက်ရပါတယ်
Medical Year 1
Medical Year 2
Medical Year 3
Medical Year 4
Medical Year 5
House Surgeon
ဆိုပြီး ဖြစ်သွားပါတယ်
အရင်က အစ်မတို့တုန်းကတော့ ဆယ်တန်းအထိပဲ တက်ရတာဖြစ်လို့ Year 1 မတိုင်ခင် Foundation Year တစ်နှစ်ခံပါသေးတယ်

🍀Year 1 နဲ့ Year 2 ကတော့ ကျောင်းမှာပဲ သင်ရပါတယ်
Anatomy
Biochemistry
Physiology
Pharmacology
Pathology
Microbiology
ဆိုပြီး main subject 6 ခုနဲ့ PSM and Forensic ဆိုတဲ့ vertical subject 2 ခုရှိပါတယ်
Year 1 အတွက်က Module 5 ခု
Year 2 အတွက်က Module 5 ခု စီပါမှာဖြစ်ပြီး
Module တစ်ခုစီတိုင်းမှာ ဖော်ပြထားတဲ့ ဘာသာရပ်အကုန် သင်ရမှာဖြစ်ပါတယ်
Exam ကတော့ Single Best Answer ပဲဖြေရမှာပါ
ကြားထဲ ရေးဖြေ tutorial လေးတွေတော့ရှိပါတယ်ရှင့်

🍀Year 3 ကစပြီး ဆေးရုံစပြီး
သွားရမှာဖြစ်ပါတယ်ရှင့်
Medicine နဲ့ Surgery ကို တစ်ဝက်စီခွဲသွားကြရမှာဖြစ်ပြီး Stream End Test ဖြေပြီးတဲ့အခါ ပြန်လှည့်ပြီးတက်ရမှာပါရှင့်
Exam ကတော့ ရေးဖြေ (single best answer) တစ်
ရက်နဲ့ OSCE တစ်ရက် ဖြေရမှာပါရှင့်

Stream End Test တစ်ခါဖြေပြီး ကြားထဲမှာ
PSM ကို တစ်လ တက်ရမှာပါရှင့်
တစ်လတက်ပြီး ရေးဖြေဖြေရမှာပါ
ဆယ်မှတ်တန် ဆယ်ပုဒ်ဖြေရပါတယ်

🍀Year 4 မှာကျတော့
Medicine
Surgery
OG
Child လေးခုလုံးအပြင်
PSM နဲ့ Forensic ပါ ထပ်ဖြေရမှာပါ
ဒါကတော့ curriculum အသစ်ဖြစ်လို့ exam အကြောင်းတွေတော့ အသေအချာပြောလို့မရသေးပါဘူးရှင့်

ထပ်ပြီး သိချင်တာလေးတွေရှိရင် အစ်မကို comments မှာမေးခဲ့လို့ရပါတယ်ရှင့် 💗

Photos from Learn English with Tr. Htet's post 17/04/2026

နှစ်ဆန်း တစ်ရက်နေ့မှစ၍ ကျန်းမာရွှင်လန်း ပျော်
ရွှင်ကြကာ တစ်နှစ်ပတ်လုံး သင်္ကြန်ရေလို အေးမြကြပါစေ 💦🍀

15/04/2026

❗️5️⃣0️⃣ % off ❗️
70000 တန် Speaking Pattern class ကို သင်္ကြန်အတွင်း တက်ပါက 35000 တည်းနဲ့ တက်ရောက်လို့ရမယ့်အခွင့်အရေးပါ 🎊🎉
အတန်းအသေးစိတ်ကို post comment မှာ link ချခဲ့ပေးပါမယ်ရှင့်🥰

12/04/2026

50% discount နဲ့ သင်္ကြန် မှာ အတန်းလေးတစ်ခုလက်​ဆောင်ပေးဖို့စီစဉ်ထားပါတယ်
ညကျရင်ပြောပြမယ်နော်
ဘယ်အတန်းလေးပေးစေချင်ကြလဲ 🫶🏻

08/04/2026

မပြီးဆုံးနိုင်တဲ့ ပြဿနာတွေက တစ်ခုပြီးတစ်ခုလာအုံးမှာပဲ အသက်ရှိသရွေ့ ရင်ဆိုင်နေရအုံးမှာပဲ စိတ်ကိုပေါ့ပေါ့ပါးပါးထားပြီး အကောင်းဆုံးဖြစ်အောင်နေထိုင်ပါ 🍀

07/04/2026

self study challengeကို ဒီနေ့နောက်ဆုံးထားအပ်လို့ရပါတယ်ရှင့် 🫶🏻🥰

04/04/2026

self study က ဘာလဲလို့မေးကြတဲ့ မောင်လေးညီမလေးတွေအတွက် အခုဖြေပေးလိုက်ပါမယ်နော်🫶🏻
ဆရာကသင်ပြတာမဟုတ်ဘဲနဲ့ မိမိဘာသာ guideline ဆွဲပြီး ကိုယ့် method နဲ့ကိုယ် အချိန်တွေစီမံပြီးလေ့ကျင့်တာဖြစ်ပါတယ်
ကျွန်မဒီမှာ ဖွင့်ပေးနေတဲ့ self study challenge က ကျတော့ အခုမှစလုပ်မယ့်သူတွေက ညီမတုန်းကလိုမျိုးအခက်အခဲတွေမရှိရလေအောင်ဆိုပြီး
တစ်နေ့ကိုပါရမယ့် လုပ်သင့်တဲ့စာတွေရယ် ဘယ်ဟာဆိုရင် ဘယ်လို sources တွေကလေ့လာရတယ်ဆိုတာရယ် ဒီလိုနည်းလမ်းနဲ့လေ့လာရင် ပိုအဆင်ပြေတာပါ ပိုထိရောက်တာပါဆိုပြီး guideline ပေးပြီး လုပ်ပေးတဲ့အတန်းပါရှင့်
ဒီအတန်းကိုတက်ခြင်းဖြင့် speaking သာမက four skills မှာပါ ဘယ်လိုလေ့လာရတယ် ဆိုတာ တွေသိပြီး တိုးတက်သင့်သလောက်တိုးတက်သွားမယ် သင်တန်းတွေထပ်မjoinချင်တဲ့ လူငယ်တွေအတွက်လည်း မိမိဘာသာတစ်ယောက်တည်းအေးအေးဆေးဆေး စာလေ့လာတတ်သွားမယ်
အချိန်တွေပိုနေတဲ့အခါ ဖုန်းသုံးတာပဲမလုပ်ဘဲ ဒီလိုအကျိုးရှိမယ့်အရာတစ်ခုကိုလုပ်စေချင်ပါတယ်
self study challenge ကို join ကြည့်ပါ အကျိုးရှိစေဖို့အာမခံပါတယ်
သင်တန်းပြီးဆုံးသွားတာတောင်မှ ကျွန်မဆီ စာနဲ့ပတ်သက်တာတွေ မေးမြန်းဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင့်💓

02/04/2026

ညီမက self study challenge လုပ်ခဲ့သူတစ်ယောက်ပါ။အချိန်ကတော့တစ်လယူခဲ့ပါတယ်။
နည်းလမ်းတွေကတော့ညီမကိုယ်တိုင် research လုပ်ပြီး လေ့လာခဲ့ပါတယ်။ညီမ self study မလုပ်ခင်က post တစ်ခုမှာ ဖတ်ရတာက self study က နည်းလမ်းမကျရင် နှစ်တွေအများကြီးကြာတောင်မတိုးတက်ဘဲဖြစ်နေလိမ့်မယ်တဲ့။ဒါကြောင့်ညီမလည်းအရမ်းကြောက်ပြီး ကိုယ်နှင့်ကိုက်မည့်နည်းလမ်းတွေကို သေချာရှာဖွေစုဆောင်း ပြီး သုံးကြည့်ခဲ့ပါတယ်။ကိုယ်တိုင်လည်းအများကြီးတိုးတက်လာပါတယ်။အရင်ကဆို listening ကိုတစ်လုံးမှနားမလည်တဲ့အပြင် speaking ကိုလည်း အထစ်ထစ်ဖြစ်ခဲ့တာအမှန်ပါ။အခုဆိုရင်ညီမ listening တော်တော်များများ အားလုံးနီးပါးနားလည်လာပါတယ်
Speaking ဆိုရင်လည်း fluently ပြောတတ်လာတယ် လေယူလေသိမ်းကစမှန်လာတယ် ။
speaking အစပြောတုန်းကဆို စာဖတ်သလိုဖြစ်နေခဲ့တာတွေပါ အခုအဆင်ပြေသွားပြီ။
ညီမကိုယ်တိုင်ကလည်း ဘာသာစကားဘက်မှာ အရင်က ညံခဲ့တဲ့သူတစ်ယောက်ပါ။ဒါကြောင့်မို့ညီမရဲ့နည်းလမ်းတွေက လူအများစုနဲ့ အံဝင်ခွင်ကျဖြစ်နေတာတွေ့ရပါတယ်။
ညီမလေ့ကျင့်ခဲ့တဲ့ နည်းလမ်းတွေနဲ့ self study လုပ်နေကြတဲ့ သူတွေကို daily guide လုပ်ပေးပြီး self study challenge class လေးဖွင့်ပေးနေတာပဲဖြစ်ပါတယ်ရှင့်။
တက်ကြတဲ့သူတွေကလည်း အတော်လေး အဆင်ပြေပြီး တိုးတက်လာတယ်ပြောကြလို့ အရမ်းဝမ်းသာပါတယ်။
comments မှာ feedback တွေ ချပေးခဲ့ပါမယ်ရှင့်
ညီမကဥာဏ်အများကြီးမကောင်းပါဘူး ဒါပေမယ့်နည်းလမ်းမှန်နဲ့မို့တစ်လအတွင်းတိုးတက်လာပါတယ်
သင်လည်းတိုးတက်လာစေဖို့အာမခံပါတယ်
တစ်ခါလောက်ကိုယ့်ကိုယ်ကိုယ် train ကြည့်စေချင်ပါတယ်
သင်တန်းပြီးသွားတာနဲ့ သင်ကိုယ်တိုင် သင်တန်းတက်စရာမလိုပဲ အိမ်မှာပဲ တစ်နေ့ တစ်နာရီလောက် ကိုယ့်ဘာသာ self study guidelines တွေဆွဲတတ်လာမှာပါ
English four skills လည်းသိသိသာသာတိုးတက်လာမှာအာမခံပါတယ်ရှင့်

ဘာတွေသင်ပေးမှာလဲဆိုတော့
📌 four skills+vocabulary ဖြစ်ပါတယ်

💥Level Test ကို သင်တန်းစစချင်း စစ်ရပြီး သင်တန်းပြီးဆုံးပါက ပြန်စစ်ဆေးခြင်းလုပ်ရပါမယ်

🌿 self study class က 30 days plan နဲ့သွားမှာဖြစ်ပြီး websites တွေ sources တွေကို နေရာစုံနေအောင် ယူသုံးပေးထားတာမလို့ အတန်းပြီးသွားတောင် မိမိဘာသာ စာတွေလုပ်တတ်သွားမှာပါ

🌿မိမိ level နဲ့ကိုက်ညီတဲ့ group မှာသာ join ရမှာဖြစ်ပြီး level up နိုင်ဖို့ သေချာလေး plan ဆွဲပြီး လုပ်ပေးထားပါတယ်

🌿writing နဲ့ speaking ကိုလည်း တစ်ယောက်ချင်း သေချာစစ်ဆေးပြီး feedback ပြန်ပေးပါတယ်
တစ်ယောက်ချင်း direct message ကနေ အိမ်စာ ပေးပို့ပြီး ထပ်ရမှာဖြစ်လို့ ရှက်စရာလည်း မလိုပါဘူးနော်

🌿British Council, Cambridge တွေ အပြင် အခြား နာမည်ကြီး courses တွေနဲ့ application တွေကိုပါ သုံးတတ်သွားစေမှာပါ

🌿Level အနေနဲ့
A 1 - A 2
B 1 - B 2 နှစ်ခုရှိမှာဖြစ်ပြီး level test စစ်ပြီးတာနဲ့ အဆင်ပြေမယ့် class ကို join ရမှာပါ
Level တစ်ခုချင်းစီမှာ ရက် 30 စာ plan + writing and speaking feedback + မိမိရဲ့ English journey အတွက် ဆွေးနွေးတိုင်ပင်ခြင်း တွေ လုပ်လို့ရမှာဖြစ်ပါတယ်

✅ Level တစ်ခုကို 30000 ကျပ်ကျသင့်မှာဖြစ်ပြီး
Level နှစ်ခုလုံး join ပါက 50000 ကျပ် နဲ့ တက်ရောက်လို့ရမယ့် promotion လေး ရှိပါတယ် 🎉
ဒါ့အပြင် ဘယ် level ပဲ join join ကျွန်မဆီ အမြဲဖွင့်ပေးတဲ့ Vocabulary class 20000 တန်နဲ့ Grammar class 20000 တန်ကို နှစ်ခုပေါင်း 20000 တည်းနဲ့လည်း တက်လို့ရမယ့်အခွင့်အရေးရှိပါတယ်ရှင့် 🫶🏻

🌿 အခုက စပြီး April batch အတွက် စာရင်းသွင်းလို့ရပြီနော်

✅ဘယ်သူတွေတက်သင့်လဲဆိုတာ ပုံလေးထဲမှာရေးပေးထားပါတယ်ရှင့်

✅အရင်လက feedbacks လေးတွေနဲ့ post လေးတွေကို comment မှာ တင်ပေးခဲ့မယ်နော်

📩 အသေးစိတ်ကို self study လို့ page messenger မှာ ပေးပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင့် 🫶🏻

31/03/2026

များများလုပ်ရင်များများမှားမှာပဲ မကြောက်ပါနဲ့
ကျွန်မ ဒီစာသင်တဲ့အလုပ်ကိုလုပ်တာ ခြောက်နှစ်ပြည့်ပြီပေါ့နော်
အမြဲကိုယ်တိုင်ပဲသင်ခဲ့တာပါ
အပြင်မှာလည်းလိုက်သင်ခဲ့သေးတယ်
ဒီ 2025 မှာ ကျွန်မ ကလေးလေးတွေအတွက် အတန်းလေးတစ်ခုဖွင့်ဖြစ်ခဲ့တယ် Young Learners သီးသန့်ဆရာမလေးငှါးတယ် ကလေးတွေကို zoom နဲ့သင်တယ်ပေါ့
စစပိုင်းမှာ ဘယ်လို fees တွေယူရမှန်းလည်းမသိခဲ့သလို
ဆရာမလေးတွေကို salary ဘယ်လိုပေးရမှန်းလည်းမသိပါဘူး
အချိန်နဲ့ သင်တန်းကာလ စီမံခန့်ခွဲတာကစလို့ပေါ့
ကျွန်မဘဝမှာ ပထမဆုံးကိုယ်ပိုင်လုပ်ငန်းလို့တောင် ပြောလို့ရတယ်
အောင်မြင်တယ်လို့မထင်ပါနဲ့
ရှုံးပါတယ် လစဉ် လစဉ် ပိုက်ဆံစိုက်ပေးရတာတွေရှိပါတယ်
ဆရာမလေးတွေကငယ်တော့ အချိန်မမှန်ကြလို့ complaint တွေ တသီကြီးရှင်းရတယ်
ကလေးတွေအတွက်စာအုပ်တွေမှားဝယ်လို့ အိတ်စိုက်ပြီး ပြန်ပို့ပေးရတယ်
ဒါ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး ကျွန်မညံ့လို့ပါ
အခု ဒီအမှားတွေ ကနေ သင်ခန်းစာယူပြိး
ဘယ်လို manage လုပ်ရမလဲဆိုတာ အမှားတွေ အတွေ့အကြုံကနေသင်ပေးသွားပါတယ်
2026 မကုန်ခင် အတန်းအသစ် ပုံစံအသစ်နဲ့ ကလေးလေးတွေအတွက် အကောင်းဆုံးသင်တန်းတစ်ခုဖွင့်ပေးနိုင်ဖို့ကျွန်မကြိုးစားပါအုံးမယ်
လူငယ်တွေအတွက်လည်း တကယ်တတ်ပြီး တကယ်ရသွားတာပဲ ဖြစ်စေချင်လို့ အဲဒီကိုယ်တိုင်သင်မယ့်အတန်းလေးတွေလည်း ထပ်ပြီး အကောင်းဆုံးတွေပဲပေးနိုင်အောင်ကြိုးစားနေပါတယ်
ဆေးရုံတစ်ဖက် စာတစ်ဖက်နဲ့ပင်ပန်းပေမယ့် အခုပင်ပန်းတာက တစ်ချိန်အကျိုးရှိလာဖို့မျှော်လင့်ပါတယ် 💗

29/03/2026

သင်္ကြန်လက်ဆောင်💦

internet လိုင်းတွေမကောင်းတာကြောင့်ရော reach တွေချထားတာကြောင့်ရော post က လုံးဝမတက်နေပါဘူး
ကျွန်မလည်း exam တစ်ခုရှိနေလို့ စာတွေ သေချာမရေးတင်နိုင်နေတာလည်းပါပါတယ်
exam ပြီးရင်တော့ အားလုံးအတွက် လူငယ် လူလတ် အရွယ်မရွေးလေ့လာနိုင်မယ့် knowledge တွေထပ်ပြီးဝေမျှပေးသွားမှာပါ

🌿အခုလောလောဆယ်တော့ သကြင်္န်လည်းနီးနေတော့ လက်ဆောင်လေးတစ်ခုပေးချငိပါတယ်
12 တန်းဖြေထားတဲ့မောင်လေး ညီမလေးတွေက ဖြေထားကြောင်းအထောက်အထားပြပြီး
ဒီ post ရဲ့ comment မှာ ချထားတဲ့ link ကို share ထားပေးပါ
ဒီနှစ်ခုလုပ်ပြီးပြီဆိုရင် page messenger မှာ လာပြရုံနဲ့ Self Study Challenge ရက် 30 စာပါဝင်တဲ့ Level 1 ခု လက်ဆောင်ပေးပါမယ်နော်

🌿12 တန်းဖြေထားတာမဟုတ်တဲ့ အခြားလူငယ်တွေအတွက်ကတော့ share ထားတဲ့ screenshots လေးကို comment မှာ လာမန့်ပေးပါ
ပြန်ပြီးရွေးချယ်ပြီးရင် မဲပေါက်တဲ့သူကို self study challenge ရက် 30 စာ level 1 ခု လက်ဆောင်ပေးမှာပါရှင့်

အားလုံးပဲ Good Luck
နှစ်သစ်မှာ စာအတူတူလေ့လာကြရအောင်💗

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon