IELTS and GMAT Myanmar

IELTS and GMAT Myanmar Online Education

04/12/2020

🎄🎄 Merry Christmas 🎄🎄

ဒိဘဝလေးမှာပဲကျေနပ်နေပြီလား ၁။ ဘဝဆိုတာ တိုက္ပြဲတစ္ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ ၂။ လူတိုင်းမှာ ကိုယ္စီကိုယ္စီ ...
01/12/2020

ဒိဘဝလေးမှာပဲကျေနပ်နေပြီလား

၁။ ဘဝဆိုတာ တိုက္ပြဲတစ္ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ

၂။ လူတိုင်းမှာ ကိုယ္စီကိုယ္စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။

၃။ တခါတေလ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ

၎။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။

၅။ အမွားတစ္ခုလုပ္မိတဲ့အခါ ဝန်ခံတတ်ပါစေ။

၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မွားမွာကို မကြောက်ပါနဲ့ အမွားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။

၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။

၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။

၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။

၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်

၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်

၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။

၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။

၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ္မားပါးနပ္စြာ ရဲရဲငြင်းဆိုပါ ။

၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။

၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။

၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။

၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။

၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။

၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။

၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။

၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။

၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက္တစ္စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။

၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။

၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမွာပဲ။

၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။

၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ္လိုလူလဲဆိုတာ သုံးသပ်ပါ။

၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ္က လက်မထောင်နိုင်အောင် ကြိုးစားပါ။

၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။

၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။

Credit

English စာအသုံးအနှုန်းလေးတွေလေ့လာကျရအောင် 😍အောက်ပါLink တွင်စာရင်းပေးသွင်းနိုင်ပါသည်။(အမှန်တကယ်တက်ရောက်လိုသူများသာစာရင်ပေး...
26/11/2020

English စာအသုံးအနှုန်းလေးတွေလေ့လာကျရအောင် 😍

အောက်ပါLink တွင်စာရင်းပေးသွင်းနိုင်ပါသည်။(အမှန်တကယ်တက်ရောက်လိုသူများသာစာရင်ပေးသွင်းပါရှင့်)


ဘဝမှာ၁။ ပါးစပ် နည်းနည်း ချိုပါ။ ဦးနှောက် နည်းနည်း ရှင်းပါ။ လှုပ်ရှားမှု နည်းနည်း မြန်ပါ။အကျိုး နည်းနည်း မြင့်ပါ။ စကားပြေ...
24/11/2020

ဘဝမှာ

၁။ ပါးစပ် နည်းနည်း ချိုပါ။
ဦးနှောက် နည်းနည်း ရှင်းပါ။

လှုပ်ရှားမှု နည်းနည်း မြန်ပါ။
အကျိုး နည်းနည်း မြင့်ပါ။

စကားပြော နည်းနည်း ညင်သာပါ။
အပြုံးများများ ပြုံးပါ။ အလုပ်ပိုလုပ်ပါ။

ဒါဟာ အောင်မြင်သူတွေ
အောင်မြင်ရတဲ့နည်း ဖြစ်တယ်။

၂။ အောင်မြင်ဖို့ သူငယ်ချင်း လိုပါတယ်။
အရမ်းအောင်မြင်ဖို့ ရန်သူလိုပါတယ်။

တကယ့် တကယ် အောင်မြင်ဖို့ကတော့
သင့်ကိုယ်သင် အရင် အောင်နိုင်ရပါမယ်။

၃။ ဘာတွေကို ကိုယ်လုပ်နိုင်သလဲလို့ သိတာက သင်တဖြည်းဖြည်း ကြီးပြင်းလာခြင်းပါ။

ဘာတွေကို ကိုယ်မလုပ်နိုင်သလဲလို့ သိတာဟာ သင်တဖြည်းဖြည်း ရင့်ကျက်လာခြင်းပါ။

၎။ ဘာမျှော်လင့်ချက် ကိုယ်ကျိုးမှ
မကြည့်ဘဲ အလုပ္ကို ကြိုးစားလုပ်ပါ။

တစ်ခါမှ မနာကျင်ခဲ့ဖူးသလို
လူတစ်ယောက်ကို စိတ်ရင်းမှန်နဲ့ ချစ်ပါ။

ဘယ်သူမွ ကြည့်မနေဘူးလို့ သဘောထားပြီး စိတ်လွတ်ကိုယ်လွတ် ကပါ။

ဒါတွေဟာ သင့်ကို ပျော်ရွှင်မှုတွေ မုချပေးနိုင်ပါတယ်။

၅။ ဘဝဆိုတာ ရှာဖွေတွေ့ရှိတဲ့ ဖြစ်စဉ်မဟုတ်
ဘူး။ ဘဝဆိုတာ ဖန်တီးတဲ့ ဖြစ်စဉ် ဖြစ်တယ်။

သင့်ကိုယ်သင် ရှာဖွေနေတာ မဟုတ္ဘူး။
သင့်ကိုယ်သင် ဖန်တီးနေတာ ဖြစ်တယ်။

ဒါကြောင့် သင်ဟာ ဘယ်သူဘယ်ဝါ
ဆိုတာ ရှာဖွေတွေ့ရှိဖို့ မလောပါနဲ့။

သင် ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချဖို့ပဲ အရင်ကြိုးစားပါ။
Crd:
အောက်ပါLink တွင်စာရင်းပေးသွင်းနိုင်ပါသည်။(အမှန်တကယ်တက်ရောက်လိုသူများသာစာရင်ပေးသွင်းပါရှင့်)


တစ်လဝင်ငွေ (၅) သိန်း ရှိသူတစ်ယောက်အတွက် ငွေကြေးစီမံပုံကို နမူနာတွက်ပြပါမယ်။လက်တွေ့မှာ ဒီထက်ဝင်ငွေများသူရှိသလို ၊ ဒီလောက်...
20/11/2020

တစ်လဝင်ငွေ (၅) သိန်း ရှိသူတစ်ယောက်အတွက် ငွေကြေးစီမံပုံကို နမူနာတွက်ပြပါမယ်။

လက်တွေ့မှာ ဒီထက်ဝင်ငွေများသူရှိသလို ၊ ဒီလောက်ဝင်ငွေမရသူလည်း ရှိပါတယ်။
အခုက ငွေကြေးစီမံပုံ ရှင်းပြချင်တာဖြစ်တဲ့အတွက် ဝင်ငွေ (၅)သိန်း ရှိသူက နမူနာပါ။

တစ်လဝင်ငွေ - ၅၀၀၀၀၀ (၅ သိန်း)
ထွက်ငွေ -
နေစရိတ် - ၅၀၀၀၀
စားစရိတ်၊ အသုံးစရိတ် - ၁၀၀၀၀၀
သင်တန်းကြေး - ၂၀၀၀၀
အထွေထွေ - ၅၀၀၀၀
----------------
စုစုပေါင်းထွက်ငွေ - ၂၂၀၀၀၀ (၂ သိန်း ၂ သောင်း)
- (အခွန် မပါ)
ဖုန်းဘေလ်မပါ။.........

တစ်လဝင်ငွေ (၅)သိန်းမှာ -
အသုံးစရိတ် (၂သိန်း ၂သောင်း)ရှိတဲ့အတွက်
အသားတင်ကျန်ငွေက ၂သိန်း ၈သောင်း ပါ။
အဲဒါကြောင့် တစ်လအတွက် လစာ (၅)သိန်း ရပေမယ့် အမှန်တကယ်ပိုင်ဆိုင်ငွေက - ၂သိန်း ၈သောင်း ပါ။

အဲဒီ ပိုင်ဆိုင်ငွေ ၂သိန်း ၈သောင်းကို
ကျွန်တော်တို့ လိုအပ်တဲ့/လိုချင်တဲ့ အသုံးအဆောင်တွေ ဝယ်လိုကြတယ်။ သုံးလေးလလောက်စုပြီး ဆိုင်ကယ်တစ်စီးဝယ်လိုက်မယ်ဆိုရင် ဆိုင်ကယ်တစ်စီး ပိုင်လာတာပေါ့။
ဒါမှမဟုတ် စားဖို့သောက်ဖို့ နေဖို့ဝတ်ဖို့ ပိုဝယ်နိုင်၊သုံးနိုင်တာပေါ့။
ချမ်းသာချင်တယ်ဆိုရင်
ကိုယ့်အသားတင်ပိုင်ဆိုင်ငွေကို ငွေပြန်မထွက်နိုင်တဲ့ Liability တွေမှာ
သုံးပစ်လို့ မရပါဘူး။
ဒါဆို ..
တစ်လဝင်ငွေ (၂သိန်း၈သောင်း)နဲ့
ဘယ်လို ချမ်းသာအောင် လုပ်ကြမလဲ။
အရင်ဆုံး ..
အသုံးစရိတ်ကို သေချာစီစစ်ပြီး လျော့လို့ရတာ အတတ်နိုင်ဆုံးလျော့ချကြည့်ပါ။ စီစစ်ပြီး လျော့ရသလောက် အသုံးစရိတ် ၂သောင်း သက်သာသွားတယ် ဆိုပါစို့။
ဒါဆို -- ထွက်ငွေ (၂)သိန်း - တစ်ကယ်ပိုင်ဆိုင်ငွေ (၃)သိန်း ရှိလာမယ်။ အဲဒီ တစ်ကယ်ပိုင်ဆိုင်တဲ့ငွေကို ငွေပြန်ထွက်မလာနိုင်တဲ့ (Liability)တွေ မဝယ်ပဲ ငွေပြန်ဝင်လာမယ့်ပိုင်ဆိုင်မှု(Asset)တွေ ဝယ်ရမယ်။

လစဉ်ပိုင်ဆိုင်ငွေ (၃) သိန်းကို ၅ လ စုထားမယ်ဆိုရင် ..
(၁၅) သိန်း ရှိလာမယ်။
အဲဒီ (၁၅) သိန်းကို ကိုယ်အလုပ်လုပ်နေတဲ့ အလုပ်မှာ ရှယ်ယာထည့်တာမျိုး ၊ ဒါမှမဟုတ် စိတ်ချရတဲ့သူကို ငွေတိုးပေးချေးတာမျိုး ...
ငွေပွားနိုင်မယ့်နေရာမှာ မြုပ်နှံရမယ်။
စုထားငွေ (၁၅)သိန်းကို ငွေတိုးပေးချေးမယ်ဆိုပါစို့။ (၆)ကျပ်တိုးရမယ်ဆိုရင် တစ်လအတိုးရငွေ (၉၀၀၀၀) ရှိမယ်။
ဒါဆို ကိုယ့်အသားတင်ဝင်ငွေ (၃)သိန်း အပြင်
နောက်ထပ်ဝင်ငွေ (၉၀၀၀၀) လစဉ်ထပ်ရလာမယ်။
အဲဒီ စုစုပေါင်းဝင်ငွေနှစ်ခု(၃၉၀၀၀၀)ကို စုထားတဲ့အခါ -
နောက် (၅) လကြာရင် (၁၉သိန်း ၅သောင်း) ရှိလာမယ်။
အဲဒီ (၁၉-သိန်း ၅-သောင်း)ကို တစ်ခါ (၆)ကျပ်တိုးနဲ့ ငွေတိုးထပ်ပေးမယ် ဆိုပါစို့။
ပထမငွေတိုးပေးထားငွေ (၁၅-သိန်း) နဲ့ နောက်ထပ်ပေးငွေ(၁၉-သိန်း ၅-သောင်း) - စုစုပေါင်း (၃၄-သိန်း ၅-သောင်း) ရှိလာမယ်။ အဲဒီ (၃၄-သိန်း ၅-သောင်း)အတွက် တစ်လအတိုးငွေ (၂၀၇၀၀၀) ရလာမယ်။ အဲဒီ (၂၀၇၀၀၀) ဟာ အလုပ်မလုပ်ပဲ ရငွေ Passive Income ပါ။
ဒါဆို ..
အလုပ်လုပ်လို့ အသားတင်ရငွေတစ်လ (၃)သိန်း အပြင် Passive Income ရငွေ (၂၀၇၀၀၀)ပေါင်းတဲ့အခါ ..
စုစုပေါင်း တစ်လ(ဝင်ငွေ)ဟာ အသုံးစရိတ်နှုတ်ပြီး (၅၀၇၀၀၀) ပါ။
တစ်လအသားတင်ဝင်ငွေ (၃)သိန်းရှိသူဟာ (၁၀)လ အတွင်း ငွေပွားလိုက်တာ ပိုင်ဆိုင်ငွေ (၃၄-သိန်း ၅-သောင်း) နဲ့ တစ်လဝင်ငွေ (၅၀၇၀၀၀) ရှိလာတယ်။
အဲဒီဝင်ငွေ (၅၀၇၀၀၀) ကို နောက်(၅)လစုရင် (၂၅-သိန်း ၃သောင်း ၅ထောင်) ရလာမယ်။
ဒါဆို (၁၅-လ) ကြာတဲ့အခါ ပိုင်ဆိုင်ငွေစုစုပေါင်း (၅၉-သိန်း ၈-သောင်း ၅-ထောင်) ရှိလာမှာ ဖြစ်တယ်။
ငွေတိုးချေးတယ်ဆိုတာ နမူနာ ပြောတာပါ။
ငွေတိုးချေးမှ/ရှယ်ယာဝင်မှ ရယ်လို့ သတ်မှတ်ချက်မရှိပါဘူး။ ကိုယ့်ဒေသ ကိုယ့်အရပ် ကိုယ့်ဝင်ငွေနဲ့ ကိုက်ညီပြီး ငွေစိတ်ချယုံကြည်ရတဲ့ တစ်ကယ်ပွားများနိုင်တဲ့ လုပ်ငန်းမျိုးမှာ ရွေးချယ်မြုပ်နှံရမှာပါ။
အဓိက-ကတော့ ငွေ ပွားများဖို့ပါပဲ။ ဘယ်နေရာမှာ မြုပ်နှံသည်ဖြစ်စေ ယုံကြည်ရပြီး ငွေများနိုင်သလောက်များအောင် ပွားများဖို့ပါပဲ။
ဒီလိုနည်းနဲ့ ငွေပွားလာပြီး ပိုင်ဆိုင်ငွေများလာတဲ့အခါ ..
မြေကွက် (သို့မဟုတ်) တိုက်ခန်း ... စတဲ့ ပိုင်ဆိုင်မှု(Asset)တွေ ပြောင်းလဲဝယ်ယူနိုင်ပါတယ်။
ဘယ်လုပ်ငန်း/ဘယ်နေရာမှာမြုပ်နှံတာဖြစ်ဖြစ်
အဓိက-ချင့်ချိန်ရမှာက
ရင်းနှီးငွေချင်းအတူတူ ...
မြေကွက်ဝယ်ရင် ပိုင်ဆိုင်မှု ပိုများလာနိုင်လား ၊ တိုက်ခန်းဝယ်ရင် ပိုများလာနိုင်မလား ၊ ကားဝယ်ထားရင် ပိုများလာနိုင်မလား ၊ မတ်ပဲ ဝယ်လှောင်တာ ငွေပိုရနိုင်မလား ချင့်ချိန်ရမယ်။
မြေကွက်ဝယ်ရင် -
တန်ဘိုးတက်နိုင်ချေရှိတဲ့နေရာလား။ မြန်မြန်ပြန်ရောင်းထွက်နိုင်ချေရှိရဲ့လား။ မြေကွက်ကလစဉ်ဝင်ငွေ မရနိုင်တာ ... စတာတွေ တွက်ရမယ်။

တိုက်ခန်းဝယ်ရင် -
လစဉ်ဝင်ငွေရမယ်။ မြန်မြန်ပြန်ရောင်းထွက်ဖို့ သိပ်မသေချာဘူး။

မတ်ပဲ ဝယ်လှောင်ရင် -
ငွေမြန်မြန် ပြန်ပေါ်မယ်။ မတ်ပဲဈေး ၊ ဒေါ်လာဈေးအတက်အကျ ၊ မတ်ပဲဈေးကွက် စတာတွေ နားလည်ရမယ်။
မြန်မာနိုင်ငံအနေနဲ့ တစ်ဦးချင်းဝင်ငွေ နည်းပါးမှု ၊ ကုန်ဈေးနှုန်းကြီးခြင်း ၊ အိမ်ခြံမြေထိန်းချုပ်မှုမရှိခြင်း ... စတာတွေကြောင့် လုပ်ကိုင်ရတာ အခက်အခဲတော့ ရှိပါတယ်။
ရေးရလွယ်သလောက် လုပ်ရမလွယ်ပါဘူး။ အဲဒါကိုတော့ ပါးနပ်တဲ့အသိဉာဏ် ၊ အတွေ့အကြုံနဲ့ပဲ ဖြေရှင်းရပါမယ်။
နောက်တစ်ခု စဉ်းစားရမှာက အကြွေးပါ။
ကြွေးငွေ ရှိတယ်ဆိုရင် အကြွေးရဲ့လစဉ်အတိုးကြောင့် တစ်လတစ်လထွက်ငွေ ပိုများနေမှာပါ။
အကြွေးမှာ ကောင်းတဲ့အကြွေးရှိတယ်၊ မကောင်းတဲ့အကြွေးရှိတယ်။ အကြွေးယူထားတဲ့ငွေကိုရင်းပြီး စီးပွားရှာလို့
ပြန်ရငွေက အတိုးငွေထက်ပိုတယ်ဆိုရင် အကြွေးကောင်းပါ။
ဒါတောင် လစဉ်အတိုးကြောင့် ထွက်ငွေပမာဏ များနေမှာပါ။
အကြွေးဆိုးကတော့ ကိုယ့်ဆီက တဖြေးဖြေးစုပ်ယူပြီး လုံးပါးပါးစေမယ့် ကပ်ပါးကောင် ပါပဲ။
"အလုပ်တစ်ခု လုပ်မယ်ဆိုရင် အဲဒီအလုပ်ကနေ ဝင်ငွေဘယ်လောက်ရမှာလဲ။ Asset အတွက် မြုပ်နှံဖို့ ဘယ်လောက်ရနိုင်မလဲ"
ဆိုတာ အဓိကထား ကြည့်ရမှာပါ။
အလုပ်ပင်ပင်ပန်းပန်းလုပ်ပြီး
ချွေချွေတာတာ နေရတာ ဘယ်အချိန်မှာ ပေါပေါများများသုံးနိုင်မလဲ လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
မျှော်လင့်တဲ့အချိန် ဘယ်ချိန်မှာရောက်လာမလဲဆိုတော့ -
ကျွန်တော်တို့ ထွက်ငွေထက် - (Passive Income)ဝင်ငွေ ပိုများလာတဲ့အချိန်ပါပဲ။
ဥပမာ ။
ကလေးနှစ်ယောက်ရှိတဲ့ မိသားစုရဲ့ တစ်လထွက်ငွေဟာ (၈ သိန်းခွဲ) ဆိုပါစို့။
ပိုင်ဆိုင်ထားတဲ့(Assets)တွေကနေ တစ်လရငွေဟာ (၈ သိန်းခွဲ)ကျော်ပြီ ဆိုရင် အဲဒီမိသားစုအတွက် ငွေကြေးအခက်အခဲက လွတ်မြောက်တဲ့အချိန်ပါပဲ။
ငှားထားတဲ့တိုက်ခန်းက တစ်လရငွေ (သုံးသိန်း)
ငွေတိုးချေးထားတာက ရငွေ (၄သိန်း)
အကျိုးတူရှယ်ယာရငွေ (၂သိန်း)
= စုစုပေါင်း Passive Income (၉ သိန်း)
ဒါဟာ ..
အဲဒီမိသားစုရဲ့ တစ်လထွက်ငွေ (၈သိန်းခွဲ) ထက်ကျော်ပြီး Passive Income ရလာချိန်ပါပဲ။
အဲဒီလို ထွက်ငွေကို ကာမိတဲ့ Passive Income ရလာပြီဆိုရင် - ငွေကြေးအခက်အခဲ လွတ်မြောက်ပြီး စတင်ချမ်းသာလာချိန်ပါပဲ။
အလုပ်မလုပ်ပဲရငွေ (passive income)ဟာ အလိုအလျောက် လစဉ်ဝင်နေပြီး အလုပ်လုပ်လို့ ရတဲ့ Active Income က အသားတင်ငွေ ဖြစ်လာမယ်။
ဒီလိုနဲ့ ထပ်မံ ပွားများရင်း ပွားများရင်း ချမ်းသာသထက် ချမ်းသာလာကြတာပါပဲ။

ဒါကြောင့် ..
မိတ်ဆွေတို့ ကျွန်တော်တို့ဟာ ငွေကြေးအခက်အခဲထဲမှာ ပိတ်လှောင်မခံရဖို့အတွက်
ထွက်ငွေကိုကာမိစေတဲ့ Passive Income ရှိရမယ်။ Passive Income ရဖို့အတွက် ပိုင်ဆိုင်မှု(Asset)တွေနဲ့ စတင်ရင်းနှီးရမယ်။

ဒါကြောင့် ..
အလုပ်လုပ်လို့ ပုံမှန်ရငွေ Active Income တစ်ခုတည်းနဲ့ မိတ်ဆွေတို့ ကျွန်တော်တို့ မချမ်းသာနိုင်ဘူး။
Passive Income ရှိမှသာ ချမ်းသာလာမှာပါ။ ချမ်းသာချင်တယ်ဆိုရင် Passive Income များများရဖို့ အဓိကထား အလုပ်လုပ်ရမယ်။ Passive Income ဟာ ငွေကြေးပညာ ရှိမှ ရနိုင်တယ်။
ဒါကြောင့် ကျွန်တော်တို့ ငွေကြေးပညာ သိထားသင့်တာပါ။
........

ငွေကြေးပညာ ရဲ့ အနှစ်ချုပ်ကတော့ -

ထွက်ငွေအတတ်နိုင်ဆုံးလျော့ချရမယ်။
ဝင်ငွေများသထက်များအောင် လမ်းကြောင်းဖောက်ရမယ်။
ဝင်ငွေထက် ထွက်ငွေ မပိုရဘူး။
ကြွေးငွေကို သေချာ စီမံရမယ်။
Liability နဲ့ Asset ကို ခွဲခြားသိရမယ်။
Passive Income များသထက်များဖို့ Asset များများရှိရမယ်။
ထွက်ငွေကာမိမယ့် Passive Income ရချိန်မှာ စတင်ချမ်းသာလာမယ်။

 #မရှိတော့တဲ့အခါဘဝမှာ ....နုပျိုခြင်းတွေ မရှိတော့တဲ့အခါအိုမင်းရင့်ရော်ခြင်းတွေကိုလည်းလက်ခံနိုင်အောင် ကြိုးစားပါ။နုပျိုခြ...
20/11/2020

#မရှိတော့တဲ့အခါ

ဘဝမှာ ....
နုပျိုခြင်းတွေ မရှိတော့တဲ့အခါ
အိုမင်းရင့်ရော်ခြင်းတွေကိုလည်း
လက်ခံနိုင်အောင် ကြိုးစားပါ။

နုပျိုခြင်းရဲ့ အဆုံးသတ်ဟာ
အိုမင်းရင့်ရော်ခြင်းပဲ ဖြစ်ပါတယ်။

ကျန်းမာခြင်းတွေ မရှိတော့တဲ့အခါ
မကျန်းမာခြင်းတွေကိုလည်း
သည်းခံနိုင်အောင် ကြိုးစားပါ။

ကျန်းမာရေးဆိုတာ
အမြဲကောင်းမွန်မနေနိုင်ပါဘူး။

လှပခြင်းတွေ မရှိတော့တဲ့အခါ
အကျည်းတန်ခြင်းတွေကိုလည်း
အလှတရားတွေအဖြစ်
ရှုမြင်နိုင်အောင် ကြိုးစားပါ။

အကျည်းတန်တဲ့နေ့ရက်တွေလည်း
ကြုံတွေ့ရအုံးမှာပါ။

ချမ်းသာခြင်းတွေ
မရှိတော့တဲ့အခါ
ဆင်းရဲခြင်းတွေကိုလည်း
ခံနိုင်ရည်ရှိအောင် ကြိုးစားပါ။

ဘဝဟာ
အမြဲတမ်း ချမ်းသာမနေနိုင်ဘူး။

အနားမှာ
ဘယ်သူမှမရှိတော့တဲ့အခါ
အထီးကျန်ခြင်းကိုလည်း
တည်ငြိမ်စွာခံယူတတ်ဖို့
ကြိုးစားပါ။

တစ်ချိန်မှာ
အထီးကျန်တဲ့နေ့ရက်တွေလည်း
ရှိလာအုံးမှာပါ။

ပျော်ရွှင်ခြင်းတွေ
မရှိတော့တဲ့အခါ
ဝမ်းနည်းခြင်းတွေကိုလည်း
ခံစားနိုင်အောင် ကြိုးစားပါ။

ဘဝရဲ့ ပြဇာတ်တစ်ပုဒ်မှာ
ဝမ်းနည်းစရာကောင်းတဲ့
ဇာတ်ဝင်ခန်းတွေက
အတော်များပါတယ်။

ရှင်သန်ခြင်းနေ့ရက်တွေ
မရှိတော့တဲ့အခါ
သေဆုံးခြင်းကို
ပြုံးပြုံးလေး
လက်ခံနိုင်အောင် ကြိုးစားပါ။

ရှင်သန်ခြင်းဟာ သေဆုံးခြင်းမှာ
အဆုံးသတ်ပါတယ်။

လောကရဲ့အမှန်တရားတစ်ခုဟာ
မတည်မြဲခြင်းပဲဖြစ်ပြီး
မတည်မြဲခြင်းကသာ
တည်မြဲခြင်းနိယာမတစ်ခုပါ။

ဘယ်အရာမှ မတည်မြဲဘူး´လို့
စိတ်မှာ အမြဲသတိရပေးနေရင်
သင်ဟာ ဒုက္ခတွေကို
ခံနိုင်ရည်ရှိလာလိမ့်မယ်။

ကိုယ်ပိုင်ဆိုင်ထားသမျှ
အရာအားလုံးဟာ
တစ်နေ့မှာ
ကိုယ်နဲ့မဆိုင်တဲ့အရာတွေ
ဖြစ်ကုန်ကြလိမ့်မယ်။

ပြောရမယ်ဆိုရင်တော့
ဒီကမ္ဘာပေါ်မှာရှိတဲ့
သက်ရှိသက်မဲ့ အရာအားလုံးဟာ
ကျွန်တော်တို့နဲ့ ခဏတာပဲ
ပတ်သတ်ခွင့် ရတာပါ။

မရှိတော့တဲ့အခါ´
တွေးပြီးကြောက်ဖို့ မဟုတ်ပါဘူး။

မရှိတော့တဲ့အခါ´
ဆင်ခြင်ပြီး
ကြိုတင်ပြင်ဆင်နိုင်ဖို့ပါ။

..Original Writer
သင်တန်းစုံစမ်းရန်အတွက် အောက်ပါ linkမှတဆင့် စာရင်းသွင်းနိုင်ပါတယ်ရှင့်❤️
https://forms.gle/T4ac3121EMP1ZFxq5

English နဲ့ပက်သက်ပီး ဗဟုသုတ ရစရာလေးတွေပါ တင်ပေးပါမယ်နော်🤍crd
28/10/2020

English နဲ့ပက်သက်ပီး ဗဟုသုတ ရစရာလေးတွေပါ တင်ပေးပါမယ်နော်🤍

crd

💪❤️
26/10/2020

💪❤️

စိန်ခေါ်မှုကို မကြောက်နဲ့•••••~~~~~~~~~~~~~~~ဘဝကို ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့•••••ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲ...
25/10/2020

စိန်ခေါ်မှုကို မကြောက်နဲ့•••••
~~~~~~~~~~~~~~~

ဘဝကို ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့•••••

ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိမွေးထားပါ•••••

သတ္တိမရှိဘဲ ကြောက်နေရင် ဘဝကြီးကို အရှုံးပေးရလိမ့်မယ်•••••

ဘယ်အလုပ်ပဲလုပ်လုပ် ကြောက်နေစရာမလိုဘူး•••••

ကိုယ့်ဘာသာကို ဆက်လုပ်ပါ•••••

သမာအာဇီဝကျတဲ့အလုပ်ဖြစ်ရမယ်•••••

ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ကြောက်စိတ်မရှိဘဲ တွေ့ကြုံလာတဲ့ အခက်အခဲ၊ဆင်းရဲဒုက္ခ၊ပြဿ နာမျိုးစုံကို ရင်ဆိုင် ဖြေရှင်းရဲရမယ်•••••

ဘဝဆိုတာ စိတ်ကူးယဉ်အိပ်မက်မဟုတ်တဲ့အတွက် အခက်အခဲတော့ ရှိမယ်•••••

ဘယ်လိုပဲ ခက်ခဲပါစေသတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ ကြိုးစားနေဖို့ပဲ လိုတာပါ•••••

ဘဝရဲ့စိန်ခေါ်မှုတွေကို မကြောက်ပါနဲ့•••••

စိန်ခေါ်ရင် တိမ်ပေါ်ထိတက်လိုက်စမ်းပါ•••••

စာဖတ်သူများအား အစဉ်လေးစားလျက်
မျိုးလှိုင်ဝင်း(ဒိုင်ကြီး)

လူငယ်များသို့့့့***********ဒီဆောင်းပါးလေးသည့့့့့်ယနေ့ခေတ်လူငယ် အမျိုးသား အမျိုးသမီးလေးတွေ အတွက် ရည်ညွှန်းထားပါကြောင်းလူဆ...
24/10/2020

လူငယ်များသို့့့့
***********

ဒီဆောင်းပါးလေးသည့့့့့်

ယနေ့ခေတ်လူငယ် အမျိုးသား အမျိုးသမီးလေးတွေ အတွက် ရည်ညွှန်းထားပါကြောင်း

လူဆိုတာ သူ့အရွယ်နှင့်သူ လေ့လာသင်ကြားထားသင့်သည့်အရာတွေ သိသင့် သိထိုက်ထားရမည့် အရာတွေ ဆိုတာရှိပါ၏

အသိ ပညာ ဗဟုသုတတွေ လူမှုရေး စီးပွားရေး ကျန်းမာရေး မိမိကိုးကွယ်သည့် ဘာသာရေး

အားလုံးကိုအကွက်စိစိ လေ့လာနေရမည် ကြုံရင်ကြုံသလို စူးစမ်းသင်ယူနေရမည်

ဒါဟာ မိမိတို့၏ကိုယ်ပိုင်ဘဝပေး တာဝန်လည်းဖြစ်ပါ၏

နောက်တစ်ခုက လူငယ်တွေကို အထူးသဖြင့် စာကောင်း ပေကောင်းတွေကိုလည်း အရမ်းဖတ်စေချင်ပါသည်

စာဖတ်ချင်းမှလူ့သဘော သဘာဝ ဗဟုသုတ မျိုးစုံ စီးပွားရေးအသိပညာ အထွေထွေ
အားလုံး သိနှင့်ရ၏

ငယ်ရွယ်စဉ် မစူးစမ်း မလေ့လာ အားလပ်တဲ့အချိန်လေးတွေမှာ စာအုပ်စာပေကောင်းတွေမဖတ်ခဲ့ သော

လူငယ်နှင့်

အငယ်ကတည်းက သိသင့် တတ်သင့်တဲ့အရာတွေအတတ်နိုင်ဆုံးလေ့လာပြီး စာကောင်းပေကောင်းတွေ များများဖတ်ထားတဲ့ လူငယ် တို့ အား

ကြားဖူးသည့်ဥပမာလေး တစ်ခုဖြင့်
နှိုင်းယှဉ်ပြပါရစေ

အငယ်ကတည်းက အကန်းလေး မွေးဖွားလာသူ နှင့် ကြီးမှ တစ်ခုခုကြောင့် ကန်းသွားသူဆိုပါစို့

ငယ်ကန်း ကို အဖြူ လို့ပြောလိုက်တဲ့အခါ သူမသိရှာပါ
ထက်မေးနေမည် အဖြူ ဆိုတာဘာလဲ့့့?

အဖြူဆိုတာ ထုံးလိုပေါ့့့့့ထုံးဆိုတာ ဘာလဲ့့့?
ဗျိုင်း လိုပေါ့ ဥပမာတွေ ဆုံးမည် မဟုတ်ပေ

သူမှမမြင်ဖူးခဲ့တာလေ့့့့့ရှင်းပြလို့ခက်မည် သိဖို့လည်းမလွယ်ပါ

ကြီးမှကန်းသည့်သူကတော့ အဖြူဆိုတာ ထုံးနှင့်တူတယ် ဗျိုင်းနဲ့တူတယ် ဝါဂွမ်း စသည့် သူမြင်ဖူးထားတဲ့ အဖြူတွေနဲ့

ရှင်းပြလို့ လွယ်ကူမည်ဖြစ်၏ နိယာမသဘောမှန်ပေမဲ့

မလေ့လာသူနှင့် လေ့လာသူ နှိုင်းယှန်ကြည့်တဲ့အခါ

မလေ့လာခဲ့သူက ငယ်ကန်းနှင့်တူ၏ ဘယ်လိုကိစ္စ အကြောင်းပဲဖြစ်ဖြစ်

ဘာမှမသိ မမြင် မလုပ်ထားခဲ့တော့ ဘာမှ ရှင်းပြလို့မရပါ အစဖေါ်ပြလို့မရပါ

လေ့လာခဲ့သူက ကြီးမှကန်းသူနှင့်တူ၏ လက်တွေ့တွေလည်း လုပ်ဖူး မြင်ဖူး သိဖူးတယ် စာတွေ့ ဗဟုသုတတွေလည်းရှိထားတော့ ရှင်းပြရတာ လွယ်ကူတယ်

ဒါ့ကြောင့်
``အချိန်နှင့် ဒီရေသည် လူကို မစောင့်´´တဲ့

ရွှေလိုတန်းဖိုးရှိတဲ့ အချိန်တွေကို မိမိဘဝတရှောက် အကျိုးရှိနိုင်မည့် သင်ယူလေ့လာခြင်းတွေ

အကျိုးရှိသည့်အလုပ်တွေ စာကောင်းပေးကောင်းတွေ လေ့လာဖတ်ရှုရင်း ဖြင့်

အချိန်တွေကို ကုန်ဆုံးစေချင်ပါသည်

ငယ်ရွယ်စဉ်မှာ အပျှော်အပါးမက်မော အလုပ်လက်ကြောမတင်း ရှေ့ရေးတွေးမပူ

ပေါ့ပေါ့တန်တန်
အချိန်တွေကုန်လာခဲ့ရင် ကြီးလာတဲ့အခါ

အသက်ကြီး ပေမဲ့ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်နေရတတ်ပါတယ်

စိတ်သောကတွေ များရတတ်ပါတယ်
ဒါကြောင့် သိတဲ့သူက သတိထက်တိုးပါ

သိပေမဲ့ မေ့လျော့ပေါ့ဆနေမိသူများအဖို့
ဒီစာလေးကို ဖတ်ပြီး သတိကောင်းလေး ဝင်ပါစေ့့့။

ဝေဆောင်းဦး (တောင်သာ)

💪
24/10/2020

💪

Address

No. 7, 160 Street, Tarmwe Township
Yangon

Alerts

Be the first to know and let us send you an email when IELTS and GMAT Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to IELTS and GMAT Myanmar:

Shortcuts

Share

Category