16/05/2026
📣 Full scholarship ဖြင့် သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်သင်တန်း တက်နိုင်မည့် အခွင့်အရေး 📣
📅 သင်တန်းကာလ: ဇွန်လ နှင့် ဇူလိုင်လ (၂ လ)
📣 အေးသုခ အထူးကုဆေးခန်းနှင့် သုခလင်း သူနာပြုအကူ သင်တန်းကျောင်းတို့ ပူးပေါင်း၍ June 26 batch အတွက် အလုပ်သင် သင်တန်းသားများ လက်ခံနေပါပြီ။
Apply before - 28 May, 2026
တက်ရောက်လိုသူများအနေနှင့် ၂ လတိတိ မပျက်မကွက် သင်တန်းတက်ရောက်ရန်လိုအပ်ပါသည်။ သင်တန်းကြေး ပေးသွင်းရန်မလိုပါ❗️
✔️ တလပြီးမြောက်လျှင် စာမေးပွဲ တစ်ကြိမ်စစ်ဆေးပါမည်။
✔️ အောင်မြင်သူများကိုနောက်တလ ဆက်သင်ပေးပါမည်။
✔️ သင်တန်းအောင်မြင်လျှင် သင့်တော်သော လစာနှုန်းထားဖြင့် အစမ်းခန့်ဝန်ထမ်းအဖြစ် ခန့်အပ်ထားပါမည်။
📣အစမ်းခန့်ကာလတွက်လည်း လိုအပ်ချက်များရှိပါက ထပ်မံသင်ကြားပို့ချသွားမည်။ အစမ်းခန့် ၃လပြီးပါက သင်တန်းပြီးဆုံးကြောင်း Completion Certificate ပေးအပ်သွားမည် ဖြစ်ပါသည်
—————————————————
🔺တက်ရောက်လိုသူများအတွက် သတ်မှတ်ချက်များ
၁။ အထက်တန်းပညာအဆင့်ရှိရမည်။📖
၂။ လူတွေ့စစ်ဆေး၍ ရွေးချယ်ခြင်းခံရမှ တက်ရောက်ရမည်။
၃။ သင်တန်းကာလအတွင်း နားရက် (တနင်္ဂနွေ) မှလွဲ၍ ပျက်ကွက်ခွင့်မရှိပါ။ (နာရေးကိစ္စနှင့် နေမကောင်းဖြစ်ခြင်းမှလွဲ၍)
၄။ ချမှတ်ထားသော စည်းကမ်းများကို တိကျစွာ လိုက်နာရမည်။
၅။ ဆရာများ၏ သင်ကြားပြသခြင်းများကို တလေးတစား လိုက်နာသင်ယူရမည်။
💪🏻သင်ယူလိုစိတ်အပြည့်ရှိပြီး
အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ရှာဖွေနေတဲ့သူတွေများအတွက် အခွင့်အရေးကောင်း ဖြစ်ပါတယ်
လျှောက်ထားလိုပါက
CV Form၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယား မိတ္တူ၊ ပညာအရည်အချင်းထောက်ခံစာနှင့် အတူ
👉🏻ဖုန်းနံပါတ် – 09759584418 သို့ Viber ဖြင့်ပေးပို့ လျှောက်ထားနိုင်ပါသည်။