15/05/2026
#ဘယ်ကျောင်းကပိုကောင်းသလဲ။
ဖြေရခက်တဲ့မေးခွန်းပါ။
ကျောင်းတိုင်းဟာ သူတို့ရထားတဲ့
ပမာဏနဲ့ သင့်လျော်တဲ့ facilities တွေ ပြန်ပေးဖို့
အမြဲကြိုးစားကြပါတယ်။ဒါက သူတို့စီးပွါးရေးမလို့ပါ။
ဒီလိုပေးကြတဲ့အခါ မိဘတွေအတွက် မြင်သာတဲ့ရလဒ်
ဖြစ်တာကို ပိုဦးစားပေးကြပါတယ်။
ကျောင်းတိုင်းမှာ အားသာချက်၊အားနည်းချက်ရှိကြစမြဲပါ။
ကိုယ်နိုင်တဲ့ ပမာဏနဲ့ ကိုယ်လိုချင်တဲ့ အချက်များများရှိ
တဲ့ကျောင်းကိုသာရွေးကြရမှာဖြစ်ပါတယ်။
တီချယ်တွေမေးလည်း အတိအကျသိရမှာ
မဟုတ်ပါဘူး။
ခန့်မှန်းယုံလောက်တော့သိနိုင်ပါလိမ့်မယ်။
သင်ဖူးတဲ့ကလေးအနည်းငယ်က တစ်ကျောင်းလံုးကို
ကိုယ်စားမပြုပါဘူး။
ဘယ်လောက်ပဲကျောင်းကောင်းကောင်းရွေး
လည်း မိဘ supporting ကတော့မရှိမဖြစ်လိုအပ်တာပါပဲ။
ကျောင်းဟာအများစုအတွက်မို့ မိမိကလေးတစ်ဦးချင်း
အတွက်အထူးဖြည့်ဆည်းချင်တာကိုတော့ထပ်မံပံ့ပိုး
ရတာပဲဖြစ်ပါတယ်။
ကလေးတော်နေပြီဆို ကြည့်လိုက်ရင် ၁၀၀မှာ ၇၀လောက်က
မိဘ supporting ကောင်းလို့ပါ။
ဘယ်ကျောင်းကိုရွေးရမယ်။
ဘယ်သင်တန်းကိုတက်သင့်တယ်။
ဘယ်အချိန်နားရမယ်။
ဘယ်အချိန်ကစားရမယ် ။
ဘယ်အချိန်စာကြည့်ရမယ်။
စသဖြင့်လမ်းညွှန်ပေးကြရမှာပါ။
ကလေးဉာဏ်ရည်ကဘယ်လောက်။
ကြိုးစားအားထုတ်မှုကဘယ်လောက်စတာတွေလည်း
ပါပါသေးတယ်။
မိဘထောက်ပံ့မှုအားကောင်းပေမယ့် ကလေးမတိုးတက်တာ
ကတော့ခြွင်းချက်ပေါ့။စာမှာမတိုးတက်ပေမယ့်လည်း
တခြားနယ်ပယ်တွေမှာ တိုးတက်ထူးချွန်န်ိိုင်သေးတာလည်း
မေ့ထားလို့မရပါဘူး။
ဆက်ရရင် ကျောင်းကောင်းထားလည်းမထူးဘူးလား
ဆိုရင် သိပ်ထူးပါတယ်။
၁၀၀ယူထားတဲ့ကျောင်းက ၄၀ဖိုး quality ပေးရင်
၁၀၀၀ယူထားတဲ့ကျောင်းက ၄၀၀ဖိုးပေးနိုင်မှာပါ။
နောက်ထပ်ဖြည့်ဆည်းချင်တာကိုတော့ မိဘတို့က
ထပ်မံဖြည့်ဆည်းရမှာသာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ #၁၀နှစ်ဝန်းကျင်က ထိပ်တန်းကျောင်း၅ကျောင်း
ထဲမှာ ပါတဲ့၊အခုလဲပါနေဆဲ ကျောင်းတစ်ကျောင်းက
ကလေးတစ်ယောက်ရဲ့ ကျုရှင်စားရိတ်ဟာ တစ်လ
သိန်း၂၀ကျော်ဝန်းကျင်ဆိုတာသိခဲ့ရပါတယ်။
ဒါကိုကြည့်ရင် ကျောင်းအကောင်းစားကြီးထားလိုက်ယုံနဲ့
လည်း အရာအားလုံးပြီးပြည့်စုံသွားတာမျိုးတော့
မဟုတ်တာသေချာပါတယ်။