21/09/2026
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က
ဦးထီးဆိုင်သီချင်းလို
🎼ရည်းစားဘဝ ချစ်လို့မဝပါ
စကားများလည်း ပြောလို့မပြီးပါ 🎶ပေါ့လေ
ဒီစာသားလေးက အခုမဟုတ်တော့ဘူး 😀
အိမ်ထောင်သည်ဘဝစရောက်ပြီဆိုကတည်းက
အခြေအနေတွေဘယ်လိုဖြစ်ဖြစ် ၊
အခက်အခဲတွေဘယ်လောက်ကြုံကြုံ
နှစ်ယောက်လုံးအတူတူလက်တွဲကြိုးစားလာခဲ့ကြတာ
အတူတူ ကျော်ဖြတ်လာခဲ့ကြတာ
ယနေ့အထိပါပဲ
တစ်နှစ်ပြီးတစ်နှစ်ဖြတ်သန်းကြရင်း
တိုးတက်ရင့်ကျက်လာတဲ့အတွေးအခေါ်တွေ ၊ အသိအမြင်တွေ
ကြိုတင်တွေးဆတတ်မှုတွေ ၊ ကြိုတင်ပြင်ဆင်မှုတွေ
ရခဲ့တဲ့သင်ခန်းစာတွေလည်းအများကြီးနဲ့အတူ
အခြေခိုင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့ပြီ
အခုတော့ ရှင်ဖုန်းသီချင်းလိုပဲ
🎼နားလည်မှုများနဲ့ ကိုယ်နဲ့မင်းနဲ့စကားလေးတွေပြောမယ် 🎶
ဒီအတိုင်း
နှလုံးသားချင်းနားလည်မှု
ရင်ဘတ်ချင်းနားလည်မှု
မျက်လုံးချင်းနားလည်မှု တို့နဲ့အတူ
အဝေးရောက်နေလည်း
ချစ်ခြင်းတွေဆထက်တိုးပြီး
ရှေ့ဆက်နေကြသူ
သားရဲ့ဖေဖေနဲ့မေမေ 💪 👫❤️ အဖြစ်ရှိနေကြသူ
ကျွန်မနဲ့သူ
သူ = ချစ်သူ
Photo. ဆယ်နှစ်ကျော်ရည်းစားဘဝကပုံကြည့်ပြီးတွေးမိတာလေးတွေပါ။
Ps . သားဖေဖေကိုလွမ်းလို့ရေးသည် ။