11/06/2023
5 နှစ်အောက်အရွယ်ကလေးတွေ ကို 𝐬𝐡𝐚𝐫𝐞 ဖို့ပြောလည်း.....
ကလေး အများစုက မျှဝေတတ်ဖို့ စသင်ယူတဲ့ အချိန်မို့ သူတို့ ရင်ထဲက လိုလို ချင်ချင်နဲ့ မမျှဝေတတ်သေးပါဘူး။
အဲလို မရှဲလို့ ရှဲဖို့ ခဏခဏ တိုက်တွန်းလည်း စိတ်ထဲကမပါဘဲ 𝐟𝐨𝐫𝐜𝐞 လုပ်ပြီး 𝐬𝐡𝐚𝐫𝐞 ခိုင်းလို့မရပါဘူး။
အဲတော့မတိုက်တွန်းရတော့ဘူးလား ?
သူတို့ရင်ထဲက မပါရင် ဆရာမကို ကြောက်လို့သာ ရှဲလိုက်ရတယ် ညာတာ နဲ့ တူတူပဲမို့ အရမ်းတိုက်တွန်းမယ့်အစား
✅လေ့ကျင့်ပေးပါ ။
သူများဆော့တာကိုမှဆော့ချင်တဲ့ ကလေးတွေကလည်း အလှည့်ကျ စနစ်ဆိုတာ တစ်ခါမှ မကျင့်သုံးဖူးတဲ့ ကလေးတွေ မို့လို့ ဘယ်လို အလှည့်ကျစောင့်ရမလဲဆိုတာ မသိသေးတာပါ။
မျှဝေပြီး နေတတ်ဖို့ ဆိုတာကလည်း အိမ်တွေမှာကလေးတွေက ဗိုလ်တွေ လေ 😅
တစ်အိမ်လုံးရဲ့ အချစ်ဆုံး ၊တန်ဖိုး အထားခံရဆုံး ၊ဖူးဖူးမှူတ် ခံရဆုံးလေးတွေဆိုတော့ …
မုန့်ဆိုလည်း တစ်ခုလုံးရ
ကစားစရာဆိုလည်း တစ်ဦးအပိုင် အကုန်ရခဲ့တော့
မမျှဝေတတ်သေးတာ၊ အလှည့်ကျ မစောင့်တတ်တာ သဘာဝပါ ။
အဲ့တော့ ဘယ်လို မျိုးလေးတွေ လေ့ကျင့်ပေးရမလဲ ??
အိမ်မှာဆိုရင်တော့ 🏡
✅မုန့်ကျွေးတာက စပြီး တစ်ခုလုံး ကျွေးမယ့်အစား
သူတို့လေးတွေ ရှေ့တင် ရော့ မေမေ တစ်ဝက် မီးမီးတစ်ဝက် 🌓
( ငယ်ငယ်ကတည်းက ခွဲကျွေးခဲ့ရင် တစ်ခုလုံး မပူဆာတတ်ပါဘူး)
✅လိုချင်တဲ့ ပစ္စည်း ၊ တောင်းတဲ့ ပစ္စည်း တစ်ခုခု ကို ချက်ခြင်း မပေးပါနဲ့ စောင့်ခိုင်းပါ စောင့်တတ်တဲ့ အကျင့်လေးရအောင်။
✅တစ်ခုခု မရလို့ ငိုရင် ပေးငိုလိုက်ပါ ငိုတာ မကြည့်ရက်လို့ 𝐛𝐨𝐮𝐧𝐝𝐚𝐫𝐲 မထားပဲ ချက်ခြင်း အလို လိုက်ရင်တော့ ကလေးတွေက မိဘတွေထက် ဥာဏ်ပိုကောင်းတော့ တစ်ခုခုမရရင် ငို (တစ်ချို့ဆို အဲ့လိုနဲ့ ဖုန်းတွေ စွဲ ၊ ထမင်းစားချိန် 𝐘𝐨𝐮𝐭𝐮𝐛𝐞 ကြည့်ပြီး စားရမှ တို့ဖြစ်ကုနါရော)
အပြစ်ပြောတာ မဟုတ်ပါဘူးနော် မအားလပ်တဲ့ မေမေတွေ ဘက်ကိုလည်းနားလည်ပါတယ် ကိုယ့်ကလေးတွေ လို ကိုယ်ချင်းစာပြီး အပြုသဘောဆောင်ပြီး ပြောတာပါ ။ ဖုန်းအကြည့်များ ပြီး ကျောင်းရောက်လာရင် ဘာမှ သင်ယူနိုင်စွမ်း မရှိ ၊ငေး ငေါ ကြောင်တောင်တောင်လေးတွေ နဲ့ ဖြစ်နေတာလေးတွေ မြင်ပြီး စိတါမကောင်းလို့ပါ။ 🥹🥹
👩🏫ဆရာ၊ဆရာမတို့ ကျောင်းရောက်လာပြီဆိုရင်ရော ဘယ်လိုလေ့ကျင့်ပေးကြမလဲ?
မူကြို တွေ မှာ 𝘾𝙞𝙧𝙘𝙡𝙚 𝙩𝙞𝙢𝙚 ဆိုတာ ရှိပါတယ်
(Morning assembly,carpet time) စသဖြင့်လည်း ခေါ်ကြပါတယ်။
အဲလိုမနက်ခင်း 𝘾𝙞𝙧𝙘𝙡𝙚 𝙩𝙞𝙢𝙚 လုပ်တဲ့ အချိန်မှာ ဖြစ်ဖြစ် game ဆော့တဲ့ အချိန်မှာဖြစ်ဖြစ် ဒီလို activities လေးတွေ လုပ်ပေးပါ။
𝑷𝒂𝒔𝒔 𝒕𝒉𝒆 𝒃𝒂𝒍𝒍 🏀
ကလေးတွေ အားလုံး စက်ဝိုင်းလို ထိုင်နေချိန် လက်ထဲက အရုပ်/ ဘောလုံးလေးကို လက်ဆင့်ကမ်းပြီး ဆော့ရတာပါ ။
နောက်ခံတီးလုံးပါလည်းရပါတယ် တီးလုံးရပ်ချိန် လက်ထဲ မှာ ပစ္စည်း ရတဲ့သူက နာမည်နှူတ်ဆက် (Favourite thing) တစ်ခုခုပြော နောက်လူကို ထပ်လက်ဆင့်ကမ်း
𝐦𝐚𝐠𝐢𝐜 𝐛𝐚𝐠 💼
ရှုံ့အိတ် သို့မဟုတ် ပိတ်စအိတ်ကြီး တစ်ခုထဲ အရုပ်လေးတွေ ထည့်ပြီးတစ်ယောက်ပြီး တစ်ယောက် ခေါ် အိတ်ကို ကိုင် အထဲက ပစ္စည်း ခန့်မှန်းခိုင်းရင်း နောက်လူတွေက ကိုယ့်အလှည့် စောင့်ရတဲ့ ကစားနည်းမျိုးပါ ။
𝑾𝒉𝒊𝒔𝒑𝒆𝒓 𝒈𝒂𝒎𝒆 👂
အကြားအာရုံကို အသုံးပြုပြီး စကားလုံးလေးတွေ လက်ဆင့်ကမ်း ကိုယ့်အလှည့် စောင့်ပြီး ဆော့ရတဲ့ ကစားနည်းပါ။
တန်းစီ ပြီး ထိုင် သို့မဟုတ် မတ်တပ်ရပ်ပြီး ထိပ်ဆုံးက ဆရာမပြောတဲ့ စကားကို လက်ဆင့်ကမ်းပြီး နောက်ဆုံးလူ ထိ သယ်ဆောင်ရတော့ ကိုယ့်အလှည့်ကို ရင်ခုန်စွာနဲ့ စောင်းရင်း စောင့်ဖို့ လေ့ကျင့်ပြီးသားဖြစ်သွားတာပါ။
𝗖𝗵𝘂 𝗖𝗵𝘂 𝗧𝗿𝗮𝗶𝗻 🚂
လက်ဆေးတဲ့ အခါ transition time တွေအကူးအပြောင်း hall ထဲ သွားတဲ့အခါ ပြေးထွက်တာမျိုးမဟုတ်ပဲ ရထားတစ်စင်းလို တန်းစီပြီး သီချင်းလေးဆိုပြီး သွားကြရတာပါ။
ကောင်းမွန်တဲ့ အပြုအမူလေးတွေ ရဖို့ဆို အိမ်ကရော ကျောင်းကပါ ဝိုင်းဝန်း ပြီး ချစ်ခြင်းမေတ္တာ အပြည့် စိတ်ရှည်ရှည်နဲ့ လုပ်ပေးရမှာမို့ ..
ချစ်ခြင်းမေတ္တာ ဖြင့်
မူရင်း ရေးသားသူ