Study with Thaw Thaw

Study with Thaw Thaw Language and Learning Center

19/08/2026

Study with Thaw Thaw မှာ ၂ နှစ်ကျော်တက်ခဲ့ သမီး Ei Su က ပြောပြမယ့် Learning Experience အကြောင်းပဲဖြစ်ပါတယ်။

သမီးအိစု လက်ရှိမှာ FCE ကို Tr Julia နဲ့ တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။


16/08/2026

လွန်ခဲ့တဲ့တစ်ပတ်က ဂျပန်မှာ တိုင်ဖွန်းတစ်ခုဖြစ်ခဲ့ပါတယ်တဲ့ရှင်

Japan Weather News by Kyaw Sitt, Flyers Class, 7 years old

16/08/2026

ဒီ ခေတ်က Digital Marketing ခေတ်ဖြစ်တာကြောင့် နာမည်ကြီးအောင်၊ လူသိများအောင်မလုပ်နိုင်ရင် ဘယ်လောက်ပဲစာသင်တတ်တတ်၊ ဘယ်လိုအောင်လက်မှတ်တွေပဲရှိရှိ ကျောင်းသားရဖို့ကခက်ပါတယ်။

ဆရာ၊ ဆရာမတွေ အများစုက သင်ကြားရေးကိစ္စတွေ၊ Professional Development အတွက် သင်တန်းတွေအမြဲတက်နေရတော့ Tik Tok marketing တွေ အများကြီး လုပ်နိုင်မယ်မထင်ဘူး။

သော်သော်ကိုယ်တိုင်လည်း Social Media ရဲ့ ကျော်ကြားမှုနောက်ကွယ်က လူအချင်းချင်းထိုးချ၊ ဝိုင်းအပြစ်တင်ကြတဲ့ culture ကို တော်တော်စိတ်ပျက်တယ်။

Marketing Team တစ်ခု သီးသန့်ထားပြီး promotes လုပ်ရအောင်လည်း ရတဲ့လစာက group class တွေဆို တစ်
ယောက်မှ ၄-၅ သောင်း၊ (တစ်တန်းကို ၃-၅ ယောက်ထိထိရောက်ရောက်သင်နိုင်အောင် လောက်ပဲထားပေးထားတော့ Marketing teams လည်းမထားနိုင်ပါဘူး)

Content တွေလည်း သော်သော့် နှလုံးသားနဲ့ ဦးနှောက်ထဲကပဲပေါ်လာတာကိုပဲလုပ်တယ်

အများကြီးနာမည်ကြီးဖို့လည်းမမျှော်လင့်ထားပါဘူး။

ကိုယ့်ဆီရောက်လာတဲ့ ကလေးတစ်ယောက်ချင်းစီကိုတော့ မတတ်တတ်အောင် သင်ပေးနိုင်ဖို့ကိုပဲ ပိုအားစိုက်ပါတယ်။

အကောင်းဆုံးပညာရေးကိုပေးနိုင်ဖို့ကိုပဲ ကတိပေးနိုင်ပါတယ်ရှင်

ဒီရက်ပိုင်းလည်း နေမကောင်းတာရော၊ အလုပ်တွေများတာရော၊ ကျောင်းတစ်ဖက်ရောကြောင့်မို့ content တွေ အများကြီး ရေးနိုင်မယ်မထင်ပါဘူးရှင်။

ကြော်ငြာတွေမတင်ဖြစ်ပင်မယ့် သင်တန်းတွေကတော့ ပုံမှန်အတိုင်းရှိနေပါတယ်နော်

14/08/2026

အခုမှ အောင်စာရင်းထွက်တာလေးတွေ့လို့ လာကြွားတာပါ

I have officially passed the Level 7 Diploma TESOL(LTTC,UK).

အရမ်းဝမ်းသာပါတယ်ရှင်

တီချယ့်ဘေဘီလေးတွေလည်း ပျော်ရအောင်လာပြောပြတာပါရှင့်

အလုပ်တစ်ဖက် Full time university တစ်ဖက်နဲ့ Dip in TESOL ပါ လုပ်နိုင်ခဲ့ပြီကွ

13/08/2026

ဘယ်အချိန်မှာ ငါရပ်မလဲ။

ဘယ်အချိန်မှာ ငါအနားယူမလဲဆိုတာတွေးဖူးလား။

သော်သော့်လို အသက် ၈-၉ နှစ်လောက်ထဲက စျေးရောင်း၊ ရလာအလုပ်လုပ်ပြီး ပင်ပင်ပန်းပန်းနေလာခဲ့တဲ့ လူတစ်ယောက်အတွက်တော့ ဘယ်အချိန်မှာ ငါသက်သောင့်သက်သာနေရမလဲဆိုတာကို အမြဲတွေးတယ်။

သော်သော့်အတွက်အောင်မြင်မှုဆိုတာက ကြွယ်ဝချမ်းသာခြင်းမဟုတ်ဘဲ အေးချမ်းခြင်း၊ ငြိမ်သက်ခြင်း၊ ကျန်းမာခြင်းနဲ့ ရောင်ရဲတင်းတိမ်နိုင်ခြင်းဘဲဖြစ်တယ်။

ငါ ဘယ်အချိန်ထိအလုပ်တွေ လုပ်ပြီး ဘယ်အချိန်မှာ အနားယူရမလဲဆိုတာက သော်သော့်ရဲ့ပန်းတိုင်ပဲ။

ငါရှင်သန်ခဲ့တယ်။

ငါလုပ်ခဲ့တယ်။

ငါကြိုးစားခဲ့တယ်။

ငါအောင်မြင်ခဲ့တယ်။

ငါ အေးချမ်းခဲ့တယ်။

ပြီးတာနဲ့ ငါဒီဘဝဂိမ်းကနေထွက်နိုင်ခဲ့တယ်ဆိုတာပဲ။

ဘဝဂိမ်းက လောင်းကစားဂိမ်းနဲ့တူတယ်။

နောက်ထပ်ဘာများရမလဲ ရမလဲနဲ့ ရှိရှိသမျှ အားအင်တွေ၊ နုပျိုမှုတွေ၊ ပျော်ရွှင်မှုတွေကို ပုံအောပြီး ရင်နှီးမြှပ်နှံတတ်ကြတယ်။

အောင်မြင်သင့်သလောက်လည်း အောင်မြင်ကြတယ်။

ဒါပင်မယ့် ဒီကစားပွဲကို မရပ်တန့်နိုင်ကြဘူး။ ဘယ်အချိန် ရပ်ရမလဲမသိကြဘူး။

ရရှိထားတဲ့ စည်းစိမ် ဥစ္စာနဲ့ အောင်မြင်မှုတွေကို မစွန့်လွှတ်
နိုင်ကြဘူး။

ဒီဘဝဂိမ်းကနေ စောစောစီးစီး ရပ်တန့်သွားတဲ့သူတွေကို ငပျင်းတွေလို့ခေါ်ကြသေးတယ်။

ပျင်းလို့ မကြိုးစားချင်တော့လို့ ရပ်လိုက်တာမဟုတ်ပဲ လုံလောက်သွားလို့၊ ရောင်ရဲတင်းတိမ်သွားလို့

တကယ့်အစစ်အမှန် အေးချမ်းမှု မဟုတ်မှန်းသိလို့ ဒီကစားပွဲကနေထွက်ပြီး

စည်းဝိုင်းအပြင်ဘက်ကနေ ပြေးလွှား ရုန်းကန်နေတဲ့ လူအုပ်ကြီးကို ကြည့်ကြည့်ရတာ နားမလည်နိုင်ဘူး။

ငါလည်း အဲ့လိုပြေးလွှားနေခဲ့တာပါလား။

ထမင်းဟင်းကောင်းကောင်းစားရဖို့ အလုပ်ကြိုးစားရင် ထမင်းတောင်မစားနိုင်တော့အောင် နေမကောင်းဖြစ်တဲ့အခါ

ငွေတွေ အသည်းအသန်းရှာရင် ရှာသမျှက ဆေးဖိုးဖြစ်သွားတဲ့အခါ ကိုယ့်ကိုယ့်ကိုယ် ပြန်တွေးမိတာက ငါဘာအတွက်ပြေးနေတာလဲ။

ငါတကယ်လိုချင်တာက ဘာလဲ။

ငါဘာကိုရှာနေတာလဲ။

တစ်ယောက်ထဲ စိတ်အေးလက်အေး သက်သောင့်သက်သာနေနိုင်ဖို့ ပိုက်ဆံအများကြီး မလိုပါဘူး။

ရှိတာနဲ့ကျေနပ်ဖို့ ရတာလေးနဲ့ ပျော်တတ်ဖို့ကလည်း အရေးကြီးပါတယ်။

ဘယ်အချိန်မှာ ဘယ်သူက ဘယ်လိုအောင်မြင်သွားလဲဆိုတာထက် ဘယ်သူက ဒီကစားပွဲထဲကထွက်နိုင်ပြီး အေးအေးချမ်းချမ်းနဲ့ ဘဝကိုအကြာကြီး အနားယူသွားနိုင်လဲက ပိုအရေးကြီးတယ်ထင်တာပဲ

လူတွေ သတ်မှတ်ထားတဲ့ ပျော်ရွှင်မှု၊ ချမ်းသာကြွယ်ဝမှု အောင်မြင်မှု ကစားပွဲစည်းကမ်းတွေက ကိုယ့်အတွက်တော့ မဟုတ်ခဲ့ဘူး။

သော်သော်

06/08/2026

ဒီအတန်းလေး ဒီနေ့စပါမယ်ရှင်
Professional English Teacher တစ်ယောက်အဖြစ်ရပ်တည်လိုသူများအတွက်လည်း ဘာတွေလိုအပ်လဲဆိုတာ အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ရှင်

29/07/2026

Speaking ကို Pre Intermediate Level မှာ အကြာကြီး ရပ်နေတဲ့သူတွေရှိလား

Pre Intermediate ကနေ Intermediate ကို Level up ချင်တဲ့သူတွေအတွက် Speaking သီးသန့်လေ့ကျင့်ပေးမယ့်

One Month Speaking အတန်းလေးပြန်စပါမယ်ရှင်

၄လ - ၆လ ကြာမှ တစ်ခါလောက်ပဲဖွင့်ပေးတာမို့ တက်ချင်ဆိုရင်တခါထဲ စာရင်းပေးပေးပါရှင်

Time - 8pm to 9:30 pm
Day - Monday, Tuesday, Wednesday
Start Date - Aug 3 to Aug 27

စုစုပေါင်း 18 hrs သင်ခွင့်ရပါမယ်ရှင်

ကျောင်းလည်း တစ်တန်းကို ၃-၅ ယောက်ပဲ လက်ခံပါမယ်ရှင်

သင်တန်းကြေးက အပြီးအစီး တစ်သိန်းပါရှင်

တီချယ်သော်သော်သင်မှာပါရှင်

ဝါဆိုလပြည့်နေ့ အခါသမယတွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာ၍ ကျ...
28/07/2026

ဝါဆိုလပြည့်နေ့ အခါသမယတွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာ၍ ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Study With Thaw Thaw ကျောင်းအား ဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင်လ (၂၉) ရက်နေ့တွင် အတန်းများပိတ်မည်ဖြစ်ပြီး ဇူလိုင်လ (၃၀) ရက်နေ့တွင် အတန်ူပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

Study With Thaw Thaw

27/07/2026
22/07/2026

အင်္ဂလိပ်လိုပြောပြီး စာသင်တတ်ချင်တဲ့တီချယ်တွေရှိလား?

အင်္ဂလိပ်လို instructions ကောင်းကောင်းပေးတတ်ချင်တဲ့ တီချယ်တွေရှိလား?

ဒါဆိုရင် ဒီ Classroom Language for Teachers သင်တန်းလေးက တီချယ်တို့ အတွက်ပါ။

ဘယ်သူတွေတက်သင့်လဲ?
……………………………………………

အခုမှ စပြီး International Schools တွေမှာ Homeroom Teacher၊ Assistant Teacher လုပ်ချင်လို့ပဲဖြစ်ဖြစ်၊

အင်္ဂလိပ်စာသင်ကြားရေးပိုင်းကို စတင်ချင်ရင်ပဲဖြစ်ဖြစ်တက်လို့ရပါတယ်။

ဒါ့အပြင် International School subject teacher အနေနဲ့ စတင်ချင်တဲ့ ဆရာ၊ ဆရာတွေလည်း တက်လို့ရပါတယ်ရှင်

Classroom Language for Teachers
…………………………………………………….

Duration- Aug 6 to Aung 28 (4 Weeks)
Time- 7pm To 8:30 pm
Thursday Friday

သင်ကြားမည့်သင်ခန်းစာများ
………………………………………..
Week 1: Classroom Management Language
Week 2: Giving Instruction and Explaining
Week 3: Questioning, Feedback and Error Correction
Week 4: Complete Classroom Communication + Micro Teaching

စာသင်ခန်းထဲမှာ နေ့စဉ်ပြောရမယ့်စကားတွေ၊ instructions ပေးခင်းနဲ့ သင်ခန်းစာကိုရှင်းပြရာတွင်သုံးမယ့် စကားများ၊ မေးခွန်းမေးခြင်း၊ Feedback ပေးခြင်းနဲ့ Error Correction လုပ်ရာတွေ သုံးရမယ့်စကားများ၊ အားလုံးပါဝင်မှာ ဖြစ်ပါတယ်ရှင်

သင်တန်းကြေး - ၅၀၀၀၀ (အပြီးအစီး)

လူဦးရေကန့်သတ်ထားပါတယ်ရှင်

Tr Thaw Thaw ‘s Profile လေးပါရှင်
……………………….

✓ Dip in TESOL (London Teacher Training College)
✓ TKT (Cambridge)
✓ Dip in English (SEI)
✓ B.A (PPE) (Candidate), Parami University
✓ B.Sc (Chem) (Candidate)
✓ Dural Associate Degree in Liberal Arts (Parami University & Bard College, USA)

✓ English Intensive Program, Georgia State University, Atlanta, USA (US Scholarship Program)

✓ Get Engaged Conference (European Humanities University, Lithuania) Hosted by Bard College. (Full Scholarship)

✓ Get Engaged: Students as Citizens (Central European University, Hungary) (Full Scholarship)

✓ Certificate in Parami Leadership Program
(2020-2021, Parami University)

✓ TEFL 120 Hours (Teacher Record)
✓ Certificate in TESOL Methodology (MOOC)
✓ Certificate in How to Teach English (British Council)
✓ Certificate in Professional ECCD
✓ Certificate in Teaching Young Learners (The Teacher Tree, American Center)
✓ Certificate in English Social Science Program (Supported by Hong Kong University)
✓ English for Career Development ( OPEN MOOC)
✓Creating and Implementing Online Courses (OPEN MOOC)
✓ Certificate in Teaching Special Needs
✓ Certificate in Jolly Phonics and Jolly Grammar Training
✓ Certificate in Critical Thinking and Media Literacy (Parami University)

Certificate တွေက ကျန်ပါသေးတယ်။ အရမ်းရှည်သွားမှာစိုးလို့ ဒီလောက်ပဲရေးထားတာပါရှင် 🥰

Experiences....................
✓ Founder and Administrator of Study With Thaw Thaw (2020-present)

✓ English Teacher at Elementary School, Vientiane, Laos

✓ Part Time Phonics Teacher at DCS Language Center, Vientiane, Laos

✓ Online English Language Teacher (2020 to present)

✓ Part Time English Language Instructor at DHS High School, 2024 (Yangon, Myanmar)

✓ Former Primary School Teacher at Brain Works International School (2022-2023)(Yangon, Myanmar)

✓ Former Preschool Teacher at Genius Preschool Myanmar (2017- 2020) (Yangon, Myanmar)

✓ Facilitator and Program leader at Study With Thaw Thaw's English Speaking Practice Club (2020- present) (Yangon, Myanmar)

✓ Former Volunteer Trainer at Practical English Club (2018-2020) (Yangon, Myanmar)

✓ Former Volunteer Facilitator at EYU English Club (2019) (Yangon, Myanmar)

✓ Former Volunteer at MYEO at EYU (2019) (Yangon, Myanmar)
………………………………………………………………..


Address

Tharkayta Township
Yangon

Telephone

+959770764462

Website

Alerts

Be the first to know and let us send you an email when Study with Thaw Thaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Study with Thaw Thaw:

Shortcuts

Share