Stethoscope Diary by Lucas

Stethoscope Diary by Lucas

Share

To Give Up is NOT in My Vocabulary.

01/01/2026

2025 recap: Graduation 🎓 → Migration 🇺🇸 → USMLE prep 📚. Step by step toward the dream.

I hope 2026 is my lucky year 🍀
Passing all exams and wishes coming true.

Photos from Stethoscope Diary by Lucas's post 15/12/2025

📖📖📖Fighting 💪💪💪

14/08/2025

Learner Permit Test (ယဉ်မောင်းသင်ခွင့်စာမေးပွဲ)အောင်သွားပါပြီ။

အင်္ဂလိပ်လိုစာဖတ်ထားတာကို မနေ့ကလျှာရှည်ပြီး မြန်မာဘာသာနဲ့ဖြေကြည့်တာ စာမေးပွဲကျပါတယ်။ ဘာသာပြန်ထားတာ ရှေ့နောက်မမှန်တာရယ် အမှားတွေပါတော့ ဖြေနေရင်းကြောင်သွားပါတယ်😅။ ရနေတဲ့စာတောင်ဘယ်ရောက်သွားလဲမသိတော့ဘူး။ ဥပမာ။ ။မီးပွိုင့်ကို “ယဉ်ကြောပြ”၊ lane endကို “လမ်းကြောပိတ်” လို့ဘာသာပြန်ထားတာမျိုး၊ Rualနဲ့County၂ခုလုံးကို ကျေးလက်ဒေသလို့ ဘာသာပြန်ထားတဲ့အတွက်အဖြေမှန်ဖို့ မနည်းအားရုံစိုက်ခဲ့ရပါတယ်။

အဲ့ဒါနဲ့ မကျေပွဲဒီနေ့ အင်္ဂလိပ်လိုပြန်သွားဖြေလိုက်တာ အောင်ပြီး ယဉ်မောင်းသင်ခွင့်လိုင်စင်ရလာပါတယ်။ ယဉ်မောင်းသင်ခွင့်လိုင်စင်နဲ့ ကားစမောင်းလို့ရပါပြီ။ နောက်၆လကြာရင်တော့ ယဉ်မောင်းလိုင်စင်ပြန်ဖြေရမှာဖြစ်ပါတယ်။

Wish me luck🍀🍀🍀



Good luck to me

05/08/2025

နောက်ဆုံးတော့ ဘွဲ့လက်မှတ် လက်ထဲရောက်ပါလာပြီ။ ☺️☺️☺️

Photos from Stethoscope Diary by Lucas's post 05/07/2025

Happy Independence Day 2025

မီးရှူး၊မီးပန်းရဲ့အသံကို အခုထိ လက်နက်ကြီးသံလို့ထင်နေတုန်းပဲ။

Photos from Stethoscope Diary by Lucas's post 19/06/2025

ဒီနေ့ဘွဲ့ရပါပြီ။ အားလုံးကျေးဇူးပါ။🙏

本日、無事に卒業することができました。
これまで支えてくださった家族、友人、先生方に、心より感謝申し上げます。
大変な時期もありましたが、皆さんのおかげで今日という日を迎えることができました。
本当にありがとうございました。

I officially graduated today from Xi’an Jiaotong University.
Huge thanks to my family, friends, and teachers.
Your support helped me through tough times and brought me to this milestone.
Thanks so much, everyone.

Sign the Petition 09/06/2025

နောက်လူတွေ အဆင်ပြေအောင် travel banစရင်းကနေ မြန်မာနိုင်ငံကိုဖြုတ်ပေးဖို့ ဝိုင်းပြီးမဲပေးကူညီကြပါဦးခင်ဗျာ။

Sign the Petition Remove Travel Ban for Myanmar Citizens

09/06/2025

ကံမကောင်းစွာပဲ Travel Banအသက်စဝင်တဲ့ဒီရက် ရန်ကုန်သံရုံးကနေအင်တာဗျူးဝင်တဲ့ DV2025 winner ကို သမ္မတအမိန့်နဲ့ Visa မထုတ်ပေးပါဘူး။ 212(f)နဲ့ Visaငြင်းပယ်ခံလိုက်ရပါတယ်။အသေးစိတ်ကို ကာယကံရှင်ကိုယ်တိုင်DV groupမှာ တင်ပါလိမ့်မယ်။

DVပေါက်ထားသူများပြင်ဆင်စရာရှိတာတော့ပြင်ဆင်ထားပါ။အခြေအနေအရ ဥပဒေ ပြန်ပြောင်းရင်ပြောင်းသွားပါလိမ့်မယ်။

သို့သော် U.Sသည်ဘဝမဟုတ်ပါ။ တခြားနိုင်ငံကိုလဲ Plan B,Plan Cအနေနဲ့ ထည့်စဉ်းစားသင့်ပါတယ်။

Good luck ပါ။

09/06/2025

အားလုံးပို့သတဲ့မေတ္တာကြောင့် ဒီမနက်Fort Wayne ကိုအခက်အခဲမရှိချောချောချူချူနဲ့ပြန်ရောက်ပါတယ်။ ဒီရောက်ပြီးချင်း ကျောင်းကနေ Graduation စာမေးပွဲအောင်ကြောင်းEmail ပို့လာပါတယ်။ ☺️☺️☺️

Travel Banက GCကိုင်ဆောင်ထားတဲ့သူတွေကို မသက်ရောက်မှန်းသိသော်လဲ ကျောင်းကိစ္စကြောင့် U.S. ပြင်ပမှာ နေတာ၇လကျော်ရှိပြီမလို့ စိတ်ပူတာနဲ့ စာမေးပွဲဖြေပြီးချင်းအထုတ်ဆွဲပြီး ထွက်လာခဲ့တာပါ😅။”Immigration က ၆လကျော်ပြင်ပမှာနေခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာမှမမေးပါဘူး”၊”လက်ဆောင်ပါလား ဘယ်လောက်တန်ဖိုးရှိလဲပဲမေးပါတယ်။” ပြီးတာနဲ့ တုံးထုပေးပြီး “Welcome back to the United States “လို့ပြောပါတယ်။

Travel Banက ဒီရက်ကစပြီမလို့ U.S. ကိုဝင်လာတဲ့ မြန်မာနိုင်ငံသားများအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်။

15/05/2025

မြန်မာဆိုတော့ လက်ဖက်ရည်ကြိုက်တာပေါ့ 😅။

နောက်လ ဘွဲ့ယူစာမေးပွဲရှိတဲ့အတွက် မေးထားသည်များ ကျွန်တော် အားတဲ့အခါစာပြန်ပါမယ် 😊။

14/05/2025

Case Number (CN)ပို့လာပြီး အခြေအနေကောင်းလား၊ U.S. ရောက်နိုင်လား ဆိုတဲ့မေးခွန်းကို အမှန်အတိုင်းပြောရရင် ကျွန်တော် အတိအကျမဖြေတတ်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်နဲ့တစ်နှစ် Visa Bulletin (VB)မှာပါတဲ့ CNမတူပါဘူး။

ပုံမှန် CNငယ်တဲ့winnerအများစုကတော့အချက်အလက်မှန်ကန်ပြီး စာရွက်စာတန်းစုံ၊အင်တာဗျူးအောင်ရင် လင်းယုန်မြေရောက်ပါတယ်။ CNကြီးရင်တော့ ကံပေါ်မှာအများကြီးမူတည်သွားမယ်လို့ထင်ပါတယ်။

BritSimon စုထားတဲ့ Asia Region ရဲ့ VB ပုံကိုကြည့်ကြည့်ပါ။
https://britsimonsays.com/historical-visa-bulletin-numbers/

All current ဆိုတာ ပေါက်တဲ့သူအကုန်ခေါ်တာပါ။ 2023/2024 winners ကိုကျတော့ CN 21000/27500နဲ့ ဖြတ်ချပြီးခေါ်သွားပါတယ်။

2024မှာ 27500အထိVBထွက်ခဲ့ပေမဲ့ 2NLမရလို့ 17000ကျော်နဲ့ ပြီးသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ All current ဖြစ်အောင် KCC၊သံရုံးနဲ့ အမေရိကန်သမ္မတကို မေတ္တာများများပို့ပါ။

နောက်ထပ် အကြံပေးတာကတော့ DS260ဖြည့်၊စာရွက်စာတမ်းစုပြီး စိတ်ရှည်ရှည်စောင့်ပါ။ စာရွက်စာတမ်းအတုမလုပ်ရန်နှင့် အချက်အလက်များလိမ်ညာမဖြည့်မိရန် သတိထားပါ။ ကျန်းမာရေးကောင်းအောင်ဂရုစိုက်ပါ။ DVပေါက်သည့်ကိစ္စလူသိရှင်ကြားလိုက်ပြောတာမျိုးမလုပ်ပါနဲ့။ နောက်ဗီဇာမရသေးပဲ အလုပ်ထွက်တာ၊ပစ္စည်းများထုခွဲရောင်းချတာမျိုး ကြိုမလုပ်ပါနဲ့။

နိုင်ငံခြားရောက်နေတဲ့winnerများ ရောက်တဲ့နိုင်ငံကနေအင်တာဗျူးဝင်ပါ။ရန်ကုန်ကသံရုံးထက် ဝန်ထမ်းပိုများပြီး အလုပ်လုပ်တာပိုမြန်ပါတယ်။ ကိုယ်တွေ့ပါ။

အရင်ကျွန်တော်ရေးထားတဲ့ DV winner များကြုံတွေ့ရမည့်ဂယက်postကိုဖတ်ပြီး၊ ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားပါ။
https://www.facebook.com/share/p/1EguH3x2vk/?mibextid=wwXIfr

Winnerများအားလုံး All current ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။

Want your school to be the top-listed School/college in Yagon?

Click here to claim your Sponsored Listing.

Location

Website

Address


Yagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00