Myanmar IGCSE Service

Myanmar IGCSE Service Team of education enthusiasts striving to provide knowledge and assistance to Cambridge IGCSE students in Myanmar.

26/05/2022

မင်္ဂလာပါ။

Myanmar IGCSE Service က နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ☺️

ပညာသင်ယူမှုကို စိတ်အားထက်သန်တဲ့ လူငယ်များနဲ့ အထူးအားပေးတဲ့ မိဘများအတွက်၊ ဘာသာစကား သင်တန်းကျောင်းတစ်ခုကို ကူညီ မျှဝေပေးချင်ပါတယ်။

ပြင်သစ်ဘာသာစကားကို အွန်လိုင်းကနေ စနစ်တကျ လေ့လာဆည်းပူးလိုသူတိုင်းအတွက် အသင့်တော်ဆုံး သင်တန်းလို့ ဆိုနိုင်ပါတယ်။

" L'avenue French Classes " လို့ အမည်ရပါတယ်။

ဒီလင့်ခ်လေးမှာ ဝင်ကြည့်ပြီး Like & Share လုပ်ထားစေချင်ပါတယ်။
Thank you.
https://www.facebook.com/Lavenue-French-Classes-102372945820181/

ကျေးဇူးတင်ပါတယ်။

"We stand ready to guide those eager to immerse themselves in the richness of French language and culture at its finest."

မင်္ဂလာပါ။ Myanmar IGCSE Service က နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ☺️Cambridge Examboard မှာ ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသာ...
17/05/2022

မင်္ဂလာပါ။

Myanmar IGCSE Service က နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ☺️

Cambridge Examboard မှာ ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားများအတွက် အောက်ပါဝန်ဆောင်မှုတွေ ရရှိပါမယ်။ 📚

(၁) မေးခွန်းဟောင်းများ ကူညီရှာဖွေပေးခြင်း။

(၂) နှစ်အလိုက် လိုအပ်သည့်ဘာသာရပ်များအတွက် မေးခွန်းဟောင်းများ မိတ္တူကူးပေးခြင်း။

(၃) ဖတ်စာအုပ်များနှင့်လေ့ကျင့်ခန်းစာအုပ်များ ကူညီရှာဖွေပေးခြင်းနဲ့ မိတ္တူကူးပေးခြင်း။

(၄) မေးခွန်းဟောင်းဖြေဆိုထားသည်များကို သက်ဆိုင်ရာအမှတ်ပေးစည်းမျဥ်းနဲ့အညီ အမှတ်စစ်ပေးခြင်း၊ စာစစ်သူ မှတ်ချက်ရေးသားပေးခြင်း။

(၅) ရှားပါးသည့်ကိုယ်ပိုင်မှတ်စုများကို ရောင်းချပေးခြင်း။

(၆) စာမေးပွဲအကြို ပြန်လှန်
လေ့ကျင့်ခန်းများ ပြင်ဆင်ရေးသားပေးခြင်း။

(၇) ကျောင်းသားတစ်ဦးချင်းရဲ့ လိုအပ်ချက်အရ၊ တောင်းဆိုသောပညာရေးဆိုင်ရာ အကူအညီများကို တတ်နိုင်သည့်ဖက်မှ ကူညီပေးခြင်း။

(၈) ပညာရေးနဲ့ဆိုင်သော စိတ်ခံစားမှုဆိုင်ရာ ဝိရောဓိများအတွက်၊ လူငယ်အက်ဒ်မင် နှင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း။

အခြားပိုမိုပြည့်စုံတဲ့ ဝန်ဆောင်မှုအသစ်များလည်း မကြာခင်မှာ ထပ်မံထည့်သွင်းပါမယ်။ 👀

လူတိုင်းဘေးကင်း လုံခြုံပါစေ။ ပညာရေးခရီး ဖြောင့်ဖြူးပါစေ။ 🙏


မင်္ဂလာပါ။မိတ်ဆွေများနဲ့အချိန်တစ်နှစ်နီးပါး ခွဲခွာခဲ့ရပေမဲ့၊ အခုလို ပြန်ဆုံရတဲ့အခါ လူတိုင်းကို ဘေးကင်းလုံခြုံပြီး၊ နွေးထ...
17/05/2022

မင်္ဂလာပါ။

မိတ်ဆွေများနဲ့အချိန်တစ်နှစ်နီးပါး ခွဲခွာခဲ့ရပေမဲ့၊ အခုလို ပြန်ဆုံရတဲ့အခါ လူတိုင်းကို ဘေးကင်းလုံခြုံပြီး၊ နွေးထွေးတဲ့အိမ်ရာတစ်ခုအောက်မှာ နေထိုင်နိုင်ကြစေဖို့
အရင်ဆုံး ဆုတောင်းပေးချင်ပါတယ်။

ဒီကာလတလျောက်လုံး messenger မှာ စာရေးဆက်သွယ်ခဲ့သူ မိတ်ဆွေများကိုလည်း၊ ယခင်က စာမပြန်နိုင်ခဲ့တာအတွက် ဒီနေ့ အနူးအညွတ်တောင်းပန်ပါတယ်။

အခုကစပြီးတော့ cambridge igcse ဖြေဆိုမယ့် ကျောင်းသားတွေအတွက် ပညာရေးဆိုင်ရာဝန်ဆောင်မှုကောင်းတွေ ပြန်လည် ရရှိနိုင်ပြီ ဆိုတာ ဝမ်းမြောက်စွာ အသိပေးလိုပါတယ်။

Myanmar IGCSE Service အဖွဲ့သားများ။

22/07/2021

[English Below]

မင်္ဂလာပါ။
လူတိုင်းဘေးကင်းလုံခြုံပါစေ လို့ဆုတောင်းပါတယ်။

Myanmar IGCSE Service Page က နွေးထွေးစွာ ပြန်လည်ကြိုဆိုပါတယ်။

နိုင်ငံတကာအဆင့် အထက်တန်းစာမေးပွဲ (IGCSE) ကိုဖြေဆိုမယ့်၊ မြန်မာတစ်နိုင်ငံလုံးက ကျောင်းသူကျောင်းသားတွေ (မိဘအုပ်ထိန်းသူတွေ အပါအဝင်) အနေနဲ့၊ အောက်ပါအချက်တွေကို ကိုယ်တိုင် ဖြေကြည့်ပေးပါ။

• ကျောင်းသူ/ကျောင်းသား၏အသက်
၁၄- ၁၆ ကြား
• လက်ရှိအတန်း
အသက်နှင့် လိုက်လျောညီသည့်
မည်သည့်အတန်းမဆို
• အင်္ဂလိပ်စာ
သာမန်နှင့် သာမန်အထက်
• ငွေကြေး
အနိမ့်ဆုံးအဆင့် စာမေးပွဲကြေးသွင်းရန်

အထက်ပါမေးခွန်းအားလုံးရဲ့အဖြေက၊ ဟုတ်ပါတယ်/ရှိပါတယ် ဆိုရင်၊ IGCSE စာမေးပွဲကို ကျောင်းသူကျောင်းသားတစ်ဦးချင်းရဲ့ လက်ရှိအသက်နဲ့ အတန်းပေါ်မူတည်ပြီး၊ တစ်နှစ်ခွဲနဲ့ နှစ်နှစ်ကြားမှာ ပြီးစီးအောင်ဖြေနိုင်ပြီ လို့ ပြောလို့ရပါပြီ။

ဆက်လက်ပြီး IGCSE စာမေးပွဲနဲ့ ပတ်သက်တဲ့၊ အသေးစိတ်စဥ်းစားရွေးချယ်ရမယ့် အချက်များစွာနဲ့ပတ်သက်လို့၊ Myanmar IGCSE Service Page မှာ၊ ရယူနိုင်မယ့်ဝန်ဆောင်မှုတွေအကြောင်း အမြဲမပြတ် ပိုမိုသိရှိနိုင်ဖို့၊ ယခုစာမျက်နှာကို like နဲ့ follow လုပ်ထားပေးပါ။ 📚 ✏️



19/07/2021

[English Below]

မင်္ဂလာပါ။
လူတိုင်းဘေးကင်းလုံခြုံပါစေ လို့ဆုတောင်းပါတယ်။

Myanmar IGCSE Service Page က နွေးထွေးစွာကြိုဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့အချိန်တိုအတွင်းကစပြီး IGCSE စာမေးပွဲဖြေဖို့ ပြင်ဆင်လိုသူ၊ မြန်မာကျောင်းသူကျောင်းသား အများအပြားရှိလာပါတယ်။ နိုင်ငံတကာအဆင့် အထက်တန်းစာမေးပွဲကို၊ မြန်မာကျောင်းသူကျောင်းသားတွေ ယုံကြည်ချက်ရှိရှိ ဖြေဆိုဖို့ကြိုးစားလာတာ ဝမ်းမြောက်စရာပါ။

ဒီလိုဖြေဆိုမယ့် မြန်မာတစ်နိုင်ငံလုံးက ကျောင်းသူကျောင်းသားတွေအတွက် Myanmar IGCSE Service Page က တတ်စွမ်းသမျှကူညီဖို့၊ အဆင်သင့်ရှိပါတယ်။

IGCSE စာမေးပွဲနဲ့ ပတ်သက်ပြီး၊ Myanmar IGCSE Service Page မှာ၊ ရယူနိုင်မယ့်ဝန်ဆောင်မှုတွေအကြောင်း၊ အမြဲမပြတ် ပိုမိုသိရှိနိုင်ဖို့၊ ယခုစာမျက်နှာကို like နဲ့ follow လုပ်ထားပေးပါ။ 📚 ✏️

--

Mingalarbar!

Wishing that everyone is safe and sound.

Myanmar IGCSE Service Page warmly welcomes you. There has been a surge in students who want to sit for the IGCSE examination recently in Myanmar. It is uplifting to see that many Myanmar students are trying to excel in this international examination with great commitment.

Therefore, Myanmar IGCSE Service Page is here to help as much as possible to Myanmar students nationwide who are preparing for their IGCSE exams.

To keep up with the available services to be offered regarding IGCSE exams, please like and follow this page. 📚✏️



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar IGCSE Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Myanmar IGCSE Service:

Shortcuts

Share

Category