03/07/2024
🏡 အိမ်နဲ့အဝေးတစ်တေနေရာမှာ ကျောင်းတက်ဖို့ပြင်ဆင်တဲ့အခါ နေရာထိုင်ခင်းကိုလည်း မေ့ထားလို့မရပါဘူး။ ကျောင်းတက်နေတဲ့ကာလတစ်လျှောက်လုံး နေထိုင်၊ အိပ်စက်၊ အနားယူအပန်းဖြေရမယ့်နေရာဖြစ်လို့ သက်တောင့်သက်သာရှိတဲ့ နေထိုင်စရာနေရာတစ်ခုရှိတာကလည်း ကျောင်းသားဘဝရဲ့ အတွေ့အကြုံရဲ့ ကောင်းခြင်းဆိုးခြင်းအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိပါတယ်။ 🏫 သက်ဝင်လှုပ်ရှားစည်ကားလှတဲ့ ဗီယက်နမ်နိုင်င်ရဲ့ ဟိုချီမင်းစီးတီးမှာ ကျောင်းတက်ကြမယ့် ကျောင်းသူကျောင်းသားတွေအတွက် Saigon Business School ကနေ နေရာထိုင်ခင်ကိုလည်း စီစဥ်ပေးပါတယ်။
သီးသန့်နေလိုတဲ့သူတွေအတွက် တစ်ယောက်ခန်းတွေရှိပြီး အများနဲ့ ရောဖွဲ့နေလိုတဲ့သူတွေအတွက် 2 ယောက်ခန်း၊ 4 ယောက်ခန်း ကနေ 6 ယောက်အခန်းတွေအထိရှိပါတယ်။
💰 ဈေးနှုန်းအားဖြင့်တော့ တစ်လကို $55 ကနေ $300 အထိ အသီးသီးရှိပါတယ်။ လစဥ်ရေမီးအသုံးစရိတ်ကတော့ ပုံမှန်အားဖြင့် $30 ဝန်းကျင်ကစပြီး ကိုယ်သုံးစွဲတဲ့အပေါ်မူတည်ပြီးကျသင့်နိုင်ပါတယ်။ အခန်းအားလုံးဟာ ကျောင်းနဲ့နီးပြီး ရေချိုးခန်းအိမ်သာတွဲရက်ပါပြီးဖြစ်လို့ အဆင်ပြေတယ်။ ရေကူးကန်၊ gym နဲ့ တစ်ခြားအားကစားပစ္စည်းတွေကိုကတော့ လက်တစ်ကမ်းကကျောင်းဝင်းအတွင်းမှာပဲရှိပြီး အခမဲ့အသုံးပြုနိုင်ပါတယ်။ 🚴♂️ ဟိုချီမင်းစီးတီးမှာ သွားရေးလာရေးအတွက် မော်တော်ဆိုင်ကယ်တွေကို အဓိကအသုံးပြုကြပြီး ဆိုင်ကယ်တစ်စီးကို $200 ဝန်းကျင်လောက်နဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ 🍜 နေရာထိုင်ခင်းအဆင်ပြေသက်သာရုံမကဘဲ မြန်မာအရသာနဲ့နီးစပ်တဲ့ ဒေသအစားအစာတွေကို $1 လောက်နဲ့ အရသာရှိရှိစားသောက်နိုင်ပါတယ်။
🎓 ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဗီယက်နမ်ကနေတဆင့် နိုင်ငံတကာတက္ကသိုလ်တွေကို ဆက်လက်လျှောက်ထားနိုင်မယ့် ပညာရေးလမ်းကြောင်းတွေကို သိချင်ရင် ဒီပို့စ်လေးမှာ လေ့လာနိုင်ပါတယ်။ 🔗https://www.facebook.com/share/p/gxkHetcX5Hv8Zca8/
📌 စက်တင်ဘာလကျောင်းဝင်ခွင့်အတွက် လျှောက်ထားကြမယ့်ကျောင်းသားတွေအတွက် 🎁🎁 2 လ အခမဲ့ နေထိုင်ခွင့်ကိုပေးနေပြီဖြစ်လို့ အသေးစိတ်သိရှိလိုတယ်ဆိုရင် appointment ယူပြီးဆွေးနွေးနိုင်ပါပြီ။
📸: Image Courtesy by Saigon Business School
***************
Think Global Education Consultancy
🏅 Certified British Council Trained Agent (Code: 1050)
📲 +95 9 26187 6069 (Viber)
📧 [email protected]
💬 m.me/106776168582213
***************