23/12/2023
ယနေ့ မနက် ၁၀ နာရီတွင်ကျင်းပမည့် webinar အတွက် meeting link များကို အီးမေးပို့ပေးပြီးပါပြီ။
၁၀ နာရီမှာတွေ့ပါမယ်။
https://www.facebook.com/share/p/AFoFkVeNCCGLaczn/?mibextid=ZbWKwL
Everything about Bachelor of Sustainability and Tourism (webinar alert)
Tourism industry ဆိုတာဘာလဲ။
Tourism Management, Hospitality Management ဆိုတာဘာလဲ။
Sustainability နဲ့ ဘယ်လိုပတ်သက်သလဲ။
APU Ritsumeikan ကို လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူများထဲမှာ College of Sustainability and Tourism ကို အများဆုံး စိတ်ဝင်စားကြတာကိုတွေ့ရပါတယ်။
ဒါပေမဲ့ ကျောင်းသားအများစုက ဒီ industry နဲ့ ပတ်သက်ပြီး သေချာမသိကြတာမို့ admission essay ရေးတဲ့နေရာမှာ အနည်းငယ် အခက်အခဲရှိနေတာကိုတွေ့ရပါတယ်။
ဆိုတော့ ကိုယ်တက်မဲ့ ကောလိပ်ကို သေချာ သိရှိအောင် knowledge sharing webinar လေးလုပ်ပေးချင်ပါတယ်။
စာရင်းသွင်းပြီး အခမဲ့ တက်ရောက်နိုင်ပါတယ်။
Event Details
Topic - Everything about Sustainability and Tourism (Zoom meeting)
Date - Wed Dec 23 2023
Time - 10-12 AM
How to join - အခု ပေးထားတဲ့ Google form မှာ ဝင်ဖြည့်လိုက်ရုံပါပဲ။
၂၂ ရက် ဒီဇင်ဘာမှာ ဖောင်ပိတ်ပြီး Zoom meeting link တွေပြန်ပို့ပေးပါ့မယ်။
https://forms.gle/GtCaFs7ezBSBQsHs5
ဘာအကြောင်းအရာတွေပါမလဲ
◼Tourism industry ဆိုတာဘာလဲ။
◼Hospitality industry ဆိုတာဘာလဲ။
◼Sustainbility ဆိုတာကရောဘာလဲ။
◼သိသင့်သိထိုက်တဲ့ environmental studies, regional development, international development, resource management နဲ့ entrepreneurship တို့ရဲ့ သဘောတရားတွေ
◼ ဒီဘွဲ့ရရင် ဘာလုပ်စားရမလဲ ဝင်ငွေကောင်းမှာလား။
◼တခြား တခြားသော စိတ်ဝင်စားစရာ အကြောင်းအရာတွေကို မျှဝေပေးသွားမှာပါ။
ဒီ webinar ဟာ လုံးဝအခမဲ့ ဖြစ်ပါတယ်။ tourism industry ကို စိတ်ဝင်စားတဲ့ မည်သူမဆို တက်ရောက်နိုင်ပါတယ်။
Meeting မ join နိုင်သောသူများ recording လာတောင်းယူနိုင်ပါတယ်။
Tourism industry ဟာ တကယ်ဖွံ့ဖြိုးသွားရင် နိုင်ငံကို ချမ်းသာစေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေပေါများစေပါတယ်။ လူနေမှု အဆင့်အတန်းတွေမြင့်မားစေပြီး အခြေခံ အဆောက်အအုံတွေဖွံဖြိုးလာစေပါတယ်။ နောက်ပြီး tourismအလုပ်တွေက portable career ဖြစ်တာမို့ ကြိုက်တဲ့နိုင်ငံမှာ သွားလုပ်လို့ရပါတယ်။
ဆိုတော့ ပြောနေရင်ကြာတယ် အခုပဲ register လုပ်လိုက်ရအောင်။ ။
ပွဲနေ့မှာ တွေ့ကြတာပေါ့။