21/01/2026
Record of the opening ceremony of the 2026 academic year Ph.D preliminary course held yesterday at Yangon Buddhist University
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၌ မနေ့ကကျင်းပအပ်သည့် 2026 ပညာသင်နှစ်၊ Ph.D pre course ဖွင့်ပွဲမှတ်တမ်း
Uvijjodaya (21.1.2026)
16/01/2026
Offering food to Monks
Uvijjodaya (16.1.2026)
04/01/2026
မိမိ၏ဇာတိကျေးရွာ၌ တည်ထားကိုးကွယ်တော်မူသော် "ကိုးနဝင်းနဂါးပတ်အေးစေတီတော်မြတ်" ဗုဒ္ဓပူဇနိယပွဲတော်နှင့် မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ယနေ့ပြီးဆုံးအောင်မြင်ခြင်းသို့ ရောက်လေပြီ။
ပဌာန်းရွတ်ဖတ်ကြကုန်သော သံဃာတော်တို့အား အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ လှူဒါန်းကြသည့် ကုသိုလ်ရှင်များ
30.12.2025
#အရုဏ်ဆွမ်းအလှူရှင် - ဒေါ်မြင့်၊ ဒေါ်တင်တင်ခိုင်၊ ဒေါ်အိအိခိုင်၊ မိသားစု၊ ကောင်းမှု။
#နေ့ဆွမ်းအလှူရှင် - ဦးဇော်ဦး + ဒေါ်ခင်မာလွင် မိသားစု၊ ကောင်းမှု။
31.12.2025
#အရုဏ်ဆွမ်းအလှူရှင် - ဦးတင်လှိုင် + ဒေါ်မပြုံး မိသားစု၊ ကောင်းမှု။
#နေ့ဆွမ်းအလှူရှင် - ဦးတင်အေး + ဒေါ်သိန်းအေး၊ ဦးစန်းငွေ + ဒေါ်စန်းမူ မိသားစု၊ ကောင်းမှု။
1.1.2026
#အရုဏ်ဆွမ်းအလှူရှင် - မိခင်ကြီးဒေါ်ဌေးဌေး၊ သမီး-မခိုင်မာဦး၊ မနီလာသန်း၊ သား-ကိုသိန်းထိုက်ဇော် + မနီလာဝင်း၊ မြေး-မောင်ဝေယံဘုန်းပြည့်၊ မိသားစု ကောင်းမှု။
နေ့ဆွမ်းအလှူရှင် - ဦးမောင်အေး + ဒေါ်မြင့်ကြည် မိသားစု၊ ကောင်းမှု။
2.1.2026
အရုဏ်ဆွမ်းအလှူရှင် - ဦးတင့်လွင် + ဒေါ်တင်တင်မိုး မိသားစု၊ ကောင်းမှု။
နေ့ဆွမ်းအလှူရှင် - ဦးခင်မောင်ချင်း + ဒေါ်စောမြ၊ မိသားစု၊ ကောင်းမှု။
3.1.2026
အရုဏ်ဆွမ်းအလှူရှင် - ဒါယိကာမကြီး ဒေါ်စီ၊ မိသားစု၊ ကောင်းမှု။
နေ့ဆွမ်းအလှူရှင် - ဦးမျိုးမြင့် + ဒေါ်လွင်လွင်ဦး၊ မိသားစု၊ ကောင်းမှု။
4.1.2026
အရုဏ်ဆွမ်းအလှူရှင် - ကိုခိုင်ထူး + မကေဇင်လတ်၊ သမီး-မဇူးရတီထူး၊ သား-မောင်ထူးခန့်အောင်၊ မိသားစု၊ ကောင်းမှု။
နေ့ဆွမ်းအလှူရှင် - ကိုသက်လွင်ဦး + မသန်းသန်းအိ၊ မိသားစု၊ ကောင်းမှု။
အသီးသီး ကုသိုလ်ပါဝင် လှူဒါန်းကြသည်။
ကောင်းမှုရှင်များအားလုံး သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒပြည့်စေသော်ဝ်။
မကျက်ကလေးကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တဝိဇ္ဇောဒယ (ဓမ္မာစရိယ)
B.A, M.A (Buddhism)
4.1.2026
31/12/2025
新年快樂 🎆2026
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
Uvijjodaya (1.1.2026)
30/12/2025
နှစ်ဖက်သော မိဘများအား အမှူးထား၍
အလှူဒါယကာဦးဇော်ဦး + အလှူဒါယိကာမဒေါ်ခင်မာလွင် မိသားစုတို့၏ ရဟန်းခံ အလှူတော်မင်္ဂလာ
မကျက်ကလေးကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တဝိဇ္ဇောဒယ (ဓမ္မာစရိယ)
B.A, M.A (Buddhism)
30.12.2025
29/12/2025
Meeting with friends at Yangon University.
Uvijjodaya (29.12.2025)
28/12/2025
Finally, I successfully submitted my master's thesis to Yangon Buddhist University.
Uvijjodaya (28.12.2025)
23/12/2025
မိမိ၏ဇာတိဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ မကျက်ကလေးကျေးရွာ၌ ဘုရားဒါယကာကြီးဦးသန်းအေး + ဘုရားဒါယိကာမဒေါ်ဇင်မြင့်မြင့်ခိုင် မိသားစု၊ ညီအကိုမောင်နှမတစ်ခုတို့မှ မတည်လှူဒါန်း၍ (၇) ရက်သားသမီး၊ ဆွေတော်မျိုးတော်၊ မိတ်ကောင်းဆွေကောင်းတို့၏ ဝိုင်းဝန်းထည့်ဝင်လှူဒါန်းမှုဖြင့် "ကိုးနဝင်းနဂါးပါတ်အေးစေတီတော်မြတ်" "ဘုံသုံးဆင့်ပါ ဗိမ္မာန်တော်" တည်ဆောက်နေပါကြောင်း မိတ်ကောင်းဆွေကောင်း၊ ဆွေးကောင်းမျိုးကောင်း၊ ဆွေဟောင်းမျိုးဟောင်း၊ အဝေးရောက် မကျက်ကလေးနွယ်ဖွား (၇) ရက် သားသမီး ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား ဤနေရာမှတစ်ဆင့် ဖိတ်ခေါ်အသိပေးအပ်ပါသည်။
ထည့်ဝင်လှူဒါန်းရန်
နာယကဆရာတော် - ဦးဝိဇ္ဇောဒယ 09448305996 (K pay)
မတည်အလှူရှင် - ဦးသန်းအေး 095273357 (K pay)
မကျက်ကလေးကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တဝိဇ္ဇောဒယ (ဓမ္မာစရိယ)
B.A (Buddhism) M.A (Thesis)
23.12.2025
22/12/2025
မန္တလေးကို စာတမ်းကိစ္စသွားရင်းနဲ့ ကြားထဲ (၃) ပါတ်လောက် ပျက်သွားသည့် အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း မိမိဖွင့်လှစ်သင်ကြားသည့် "ဗုဒ္ဓတရားတော်နှင့် အင်္ဂလိပ်စာသင်တန်း" (၁၈) ရက်မြောက်အဖြစ် မနေ့ကပြန်လည် ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
မှတ်ချက်။ ။ပညာအရည်အချင်း (၅) တန်းနှင့်အထက်ရှိသူ မည်သူမဆို အားလုံးအခမဲ့ တက်ရောက်သင်ယူနိုင်ပါသည်။
သင်တန်းတည်နေရာ။ ။မကျက်ကလေးကျောင်းတိုက်၊
မကျက်ကလေးကျေးရွာ၊ ကဝမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
ပို့ချမည့်နေ့ရက်နှင့်အချိန်။ ။အပါတ်စဉ် တနင်္ဂနွေနေ့၊ နေ့လည် ၃ နာရီ။
ပို့ချသူ။ ။မကျက်ကလေးကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တဝိဇ္ဇောဒယ (ဓမ္မာစရိယ) B.A , M.A (Buddhism)
Uvijjodaya (21.12.2025)
20/12/2025
ရန်ကုန်မြို့နေ မိခင်ကြီးဒေါ်စန်းရွှေသန်းအား အမှူးထား၍ ရဟန်းဒါယကာကြီးဦးတင်ကြည် + ရဟန်းဒါယိကာမကြီးဒေါ်သန်းသန်းအေး၊ သမီး-မနှင်းနုရည်၊ သား-မောင်ပြည့်စုံ၊ မိသားစု ညီအကိုမောင်နှမတို့၏ ပုနောပသမ္ပဒ သိက္ခာတော်ထပ် ကုသိုလ်မင်္ဂလာ မှတ်တမ်းလွှာ
ဤကောင်းမှု ကုသိုလ်ကံ စေတနာတို့ကြောင့် အားလုံးသော ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမ မိသားစု ညီအကို မောင်နှမအပေါင်းတို့သည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြ၍ အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားအပ်သော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်ကြ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန်သို့ ချမ်းသာသော ကိုယ်ကျင့်တရား လျှင်မြန်သော အသိဉာဏ်ဖြင့် လွယ်ကူစွာ မျက်မောက်ပြုနိုင်ကြပါစေ။ လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျှင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေသား 🙏🙏🙏
မကျက်ကလေးကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တဝိဇ္ဇောဒယ (ဓမ္မာစရိယ)
B.A (Buddhism) M.A (Thesis)
20.12.2025
15/12/2025
ရန်ကုန်မြို့၊ လှိုင်မြို့နယ်နေ C.P.T မုန့်တိုက်၊ ရဟန်းအမဒေါ်ဥမ္မာ၏ (၄၈) နှစ်ပြည့် မွေးနေ့အဖြစ် မိမိမှတစ်ဆင့် ရွာကကလေးတွေအတွက် ပေးလှူလိုက်သည့် အဝတ်အစားအချို့ကို ကလေးများအား အလှူရှင်ကိုယ်စား ဒုတိယအကြိမ်မြောက် ပေးလှူဖြစ်လေသည်။ ကျန်ရှိအဝတ်အစားများကိုလည်း အလျင်းသင့်သလို ဆက်လက်ပေးလှူပါဦးမည်။
အလှူရှင်ရဟန်းအမ ဒေါ်ဥမ္မာနှင့် အားလုံးသော မိသားစုအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒမှန်သမျှနှင့် ပြည့်စုံကြ၍ လောကသာသနာ၊ အတ္တပရ၊ နှစ်ဖြာကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေ🙏🙏🙏
မကျက်ကလေးကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တဝိဇ္ဇောဒယ (ဓမ္မာစရိယ)
B.A (Buddhism) M.A (Thesis)
15.12.2025
14/12/2025
ရန်ကုန်မြို့၊ လှိုင်မြို့နယ်နေ C.P.T မုန့်တိုက်၊ ရဟန်းအမဒေါ်ဥမ္မာ၏ (၄၈) နှစ်ပြည့် မွေးနေ့အဖြစ် မိမိမှတစ်ဆင့် ရွာကကလေးတွေအတွက် ပေးလှူလိုက်သည့် အဝတ်အစားအချို့ကို မနေ့ကကျောင်းမှာ ဝေယျဝစ္စလာလုပ်ကြသည့် ကလေးများအား အလှူရှင်ကိုယ်စားပေးလှူဖြစ်လေ၏။ ကျန်ရှိအဝတ်အစားများကို နောက်တစ်ခေါက် ရွာပြန်ရောက်တော့မှ အလျင်းသင့်သလို ဆက်လက်လှူပါမည်။ အခုတော့ မပြီးပြတ်သေးသည့် စာတမ်းကိစ္စလေးဆက်လုပ်ဖို့ရာ ရန်ကုန်သို့ ပြန်ရပေဦးမည်။
အလှူရှင်ရဟန်းအမ ဒေါ်ဥမ္မာနှင့် အားလုံးသော မိသားစုအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒမှန်သမျှနှင့် ပြည့်စုံကြ၍ လောကသာသနာ၊ အတ္တပရ၊ နှစ်ဖြာကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေ🙏🙏🙏
မကျက်ကလေးကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တဝိဇ္ဇောဒယ (ဓမ္မာစရိယ)
B.A (Buddhism) M.A (Thesis)
14.12.2025