Ri - Korean

Ri - Korean

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ri - Korean, Education, 162 Street, Yangon.

13/02/2024

--- ၁၆ ကြိမ်မြောက် EPS စာမေးပွဲမှာ မိန်းကလေးတွေကိုပါ ဝင်ဖြေခွင့်ပေးလိုက်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းမှာပါ။ မီးဖိုချောင်အကူ (Cooking Assistant) နဲ့ အဆောက်အဦသန့်ရှင်းရေး (Building Cleaner) မှာ ဝင်လုပ်ရမှာပါ။ စားသောက်ဆိုင်၊ ဆေးရုံ၊ ဟိုတယ်၊ ကွန်ဒိုတွေ အကျုံးဝင်လာမှာပါ။

--- အခြေခံပညာအထက်တန်းအောင်ရမယ်ဆိုတာက ဆယ်တန်းအောင်ရမှာပါ။ ကိုးတန်းအောင်နဲ့မရပါဘူး။ နိုင်ငံရပ်ခြား သွားရမဲ့ မိန်းကလေးတွေက အနည်းဆုံးတော့ ထိုက်သင့်တဲ့ တွေးခေါ်စဉ်းစားနိုင်မဲ့ ပညာရည်ချိန် ရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

--- ပတ်စ်ပို့ သက်တမ်းကန့်သတ်ချက်မရှိဆိုတာက သက်တမ်းကုန်နေလည်းရပါတယ်။ PJ PV PS ရပါတယ်။ အလုပ်ဖောင်တင်ချိန်ကျရင်သာ PJ ဖြစ်ဖို့လိုပြီး ဖြေတုန်းကတင်ခဲ့တဲ့ ပတ်စ်ပို့ပါ အမည်၊ မွေးနေ့တွေ တူနေဖို့လိုပါတယ်။

---- ဝန်ဆောင်မှုလုပ်ငန်းအတွက် ခွဲတမ်းများပါတယ်။ ဦးရေ သုံးထောင့်သုံးရာကျော် ခွဲတမ်းရပါတယ်။ အုပ်စု (၁) နဲ့ အုပ်စု (၂) က သန့်ရှင်းရေးနဲ့ စားသောက်ဆိုင် ကွဲသွားတဲ့ သဘောပါပဲ။ ဝန်ဆောင်မှုလုပ်ငန်းအတွက်က အောင်သွားရင်တောင် မွမ်းမံသင်တန်းကို HRD က ထပ်ပေးဦးမှာပါ။

--- လက်ရှိ စိုက်ပျိုးရေးနဲ့ အောင်ထားတဲ့ သူတွေ ဆောက်လုပ်ရေးနဲ့ အောင်ထားတဲ့သူတွေ ဝင်ဖြေလို့ရလားဆိုရင် ရပါတယ်။ ဒါပေမဲ့ အလုပ်လျှောက်လွှာတင်ချိန်ကျရင်တော့ ရချင်မှ ရပါတယ်။ စနစ်မှာ ကန့်သတ်လို့ ပြနေလို့ ဖြစ်ပါတယ်။ ဝင်ဖြေချင်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်ပါ။ POEA က ရတယ်တို့ ဆရာကိုပြည့်လင်းက ရေးထားလို့ ရတယ်လို့တော့ မလုပ်ကြပါနဲ့။

--- အနည်းဆုံးအမှတ်သတ်မှတ်ချက်တွေကတော့ ဖြေတဲ့သူ များတာနဲ့အမျှ မြင့်သွားမှာပါ။ ဥပမာ ဝန်ဆောင်မှုလုပ်ငန်းမှာ အမှတ် ၃၆ မှတ်က အောင်မှတ်ဆိုပေမဲ့ ဖြေတဲ့သူများလားရင် အောင်မှတ်သတ်မှတ်ချက်က အမှတ် ၇၀ လည်း ဖြစ်သွားနိုင်တယ်။ ၈၀ လည်း ဖြစ်သွားနိုင်တယ်။ အဲ့တော့ စာမေးပွဲအောင်မြင်ရုံနဲ့တင် မရပါဘူး။ အမှတ်ကောင်းဖို့လိုပါတယ်။

အောင်မြင်ကြပါစေ။

Credit Pyae Linn
ကိုရီးယားအလုပ်သံအရာရှိဟောင်း

Photos from Ri - Korean's post 17/01/2023

ဝေါဟာရ လေးတွေပြန်လေ့လာကြမယ်

15/10/2022

😂😂😂
crd.

Photos from Ri - Korean's post 27/12/2021

ကိုရီးယားဘာသာစကားကို စလေ့လာသူများအတွက် အသုံး၀င်မယ့် You Tube Channel 5 ခု 💁

Photos from Ri - Korean's post 26/12/2021

Vocabulary လေးတွေလေ့လာရအောင် 🥶

Photos from Ri - Korean's post 30/11/2021

ဒီတစ်ခါတော့ Daily Routine Vocabulary လေးတွေကို ကိုရီးယားလိုလေ့လာကြည့်ရအောင်နော် 🥰

21/10/2021

Basic Class Free တက်ခွင့်ရသူစာရင်းပါနော်
Admin တို့ဆီ Link လာထုတ်လို့ရပါပြီ ✌️

Free Class တက်ဖို့စည်းကမ်းချက်နဲ့အညီ Page ကို Like လုပ်ပြီး ss ပြသော်လည်း ဒီစာရင်းထဲမပါခဲ့တဲ့လူတွေကလာပြောပေးပါနော် ~

စိတ်၀င်တစား Join ပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်😍

05/10/2021

ရော်ယောဘွန်းးးးး👀
100% Basic Korean Free Class လေးပြန်ဖွင့်ပြီနော်

အရင်တည်းက အမြဲဖွင့်ပေးနေကျ Free Class တွေမဖွင့်တာအ‌တော်ကြာပါပြီ။
အခု ပြန်ဖွင့်ပေးတော့မယ်နော် 22 ရက်နေ့ အတန်းစပါမယ် ✌️

ဒီတစ်ခါအတန်းကိုတော့ ပြန်ဖွင့်တာမို့လို့ အရင်တွေလို မဲဖောက်ပြီး လူမရွေးတော့ပါဘူး၊သင်တန်းတက်ချင်တဲ့ ရော်ယောဘွန်းတို့ ကိုယ်တိုင် page cb မှာ အတန်းလာအပ်ရုံပါပဲ ...

- သင်တန်းကြာချိန် ရက် 30 ပါနော် (Free class မို့တ၀က်တပျက်နဲ့ထွက်လို့မရပါဘူးနော် တကယ်တက်ချင်မှ Join ပေးပါနော်)
- Yonsei သင်ရိုးပါ
- Zoom Class မဟုတ်ပါ ၊ သင်တန်းပြီးဆုံးချိန်ထိ အရှေ့က သင်ခန်းစာတွေပြန်လေ့လာလို့ရအောင် Ri Korean ရဲ့ သင်ကြားရေး Video တွေနဲ့သင်ပေးမှာပါနော်

ရော်ယောဘွန်းတို့က သင်တန်းတက်ချင်ရင်ဒါလေးတွေလုပ်ပေးပါနော်~~~
Ri Korean Page ကို Like & See First လုပ်ပေးပါ
အဲ့တာကို Screenshot ရိုက်ထားတာလေးလာပြပြီး သင်တန်းလာအပ်လို့ရပါပြီနော်
22 ရက်နေ့မနက်ဘက်မှာ Admin တို့က Link တွေပြန်ပို့ပေးပါမယ်
See u ရော်ယောဘွန်းးးးး👀

09/09/2021

ရော်ယောဘွန်း ....ယုန်နဲ့လိပ် ကြည့်ပြီးအိပ်ကြပြီလား👀
မအိပ်နဲ့ဦး တစ်နှစ်သုံးလေး ပြန်ကျက်လိုက်ကြဦး 🤭

06/09/2021

၂၀၂၀ က ပြန်မျှဝေထားတာလေး
ပြန်ဖတ်ကြည့်လို့ရပါတယ် ...

တောင်ကိုရီးယားပညာရေး အဘယ်ကြောင့်တိုးတက်ရသနည်း?

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်းပညာရေးမှာ တောင်ကိုရီးယားနိုင်ငံက နံပါတ် ၁ ချိတ်ခဲ့ပါတယ်။ ဥရောပမှာ ဖင်လန်နိုင်ငံက ထိပ်တန်းကနေ နံပါတ် ၅ အဆင့်လောက်ဖြစ်သွားပေမယ့် တကယ်တန်းနှိုင်းယှဉ်ရရင် ကိုရီးယားနဲ့ ဖင်လန်နိုင်ငံပညာရေးတွေ ကွာခြားမှု သိပ်မရှိလှပါဘူး။ အထူးသဖြင့်တော့ အထက်တန်း အောင်မြင်မှုကို တိုင်းတာစစ်ဆေးတဲ့ PISA စာမေးပွဲ ရလဒ်တွေမှာ တောင်ကိုရီးယားနဲ့ ဖင်လန်နိုင်ငံက ကျောင်း သားတွေရဲ့ ရမှတ်ဟာ ကွာခြားမှု သိပ်မရှိတာတွေ့ရတယ်။ နောက်ဆုံးရရှိတဲ့ စစ်ဆေးချက်တွေအရဆိုရင် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားတွေဟာ စာဖတ်စွမ်းရည်မှာ နံပါတ် ၂ အဆင့်ပဲရှိတယ်။ သူ့ရှေ့မှာ တရုတ် (ရှန်ဟိုင်း) ဖြစ်နေတယ်။ သင်္ချာမှာတော့ နံပါတ် ၄ အဆင့်၊ သိပ္ပံမှာ နံပါတ် ၆ အဆင့်ဖြစ်သွားတယ်။

၁၉၅၀ လောက်က ကိုရီးယားစစ်ပွဲအပြီးမှာ တောင်ကိုရီးယားနိုင်ငံရဲ့ လူဦးရေ ၇၈ ရာခိုင်နှုန်းလောက်ဟာ စာမတတ်ကြဘူး။ ၁၉၇၀ လောက်မှာ ကိုရီးယားနိုင်ငံရဲ့ လူတစ်ဦးချင်းအလိုက်ဝင်ငွေဟာ ဒေါ်လာ ၂၀၀ လောက်ပဲရှိခဲ့တယ်။ တိုင်းပြည်ကစစ်ဘေးနဲ့ အငတ်ဘေးတွေ ရင်ဆိုင်ခဲ့ရတဲ့ကြားကနေ ပညာရေးဖြင့်သာ လူနေမှု ဘဝကို မြှင့်တင်နိုင်မယ်လို့ နိုင်ငံခေါင်းဆောင်တွေက အမြော်အမြင်ကြီးစွာနဲ့ အတင်းအားထုတ်ခဲ့လို့ ပညာရေးမှာ တိုးတက်ဖွံ့ဖြိုးလာခဲ့ရတာဖြစ်ပါတယ်။ ဖင်လန်နိုင်ငံလိုပဲ ကလေးတိုင်းပညာသင်ကြားနိုင်ရေးကစလုပ်တယ်။ ကလေးတိုင်းကို ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျောင်းကိုရောက်အောင်ပို့ဖို့ အမိန့်တွေထုတ်ကြတယ်။ ဖင်လန်မှာလည်း ဒီနည်းအတိုင်း လုပ်ခဲ့ရတာပဲ။ နိုင်ငံနှစ်နိုင်ငံဟာ ဒုက္ခတွေကြားထဲကနေ ပညာရေးကို အားပေး ခဲ့ကြတဲ့အတွက် တိုးတက်လာရတယ်လို့လည်း ပြောနိုင်တယ်။
ဖင်လန်နိုင်ငံပညာရေးစနစ်မှာ ကျောင်းသားတွေကို အိမ်စာနည်းနည်းပဲပေးတယ်။ ကျောင်းတက်ချိန်လျှော့ချထား တယ်။ ကစားချိန်ကို အများကြီးပေးထားတယ်။ တောင်ကိုရီးယားကတော့ ကျောင်းသားတွေကို တောက်လျှောက် မောင်းတယ်။ ပညာရေးမှာ မနားမနေ ကြိုးစားအားထုတ်နေမှဆိုတဲ့ အနေအထားကို ရောက်အောင် မိဘတွေရော ဆရာတွေကပါ လုပ်ဆောင်နေကြတယ်။ ဒါကြောင့် တောင်ကိုရီးယားကျောင်းသားတွေဟု အခြားနိုင်ငံက ကျောင်း သားတွေနဲ့ယှဉ်ရင်လည်း စာကိုလေ့လာသင်ယူနေရတဲ့ အချိန်တွေဟာ ပိုများတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ပညာရေးစနစ်မှာ စစ်ဆေးခြင်းတွေ အထပ်ထပ်နဲ့ ရင်ဆိုင်ကြရတယ်။ အထက်တန်း ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်ဝင်ခွင့်တွေ အားလုံးကို စာမေးပွဲတွေနဲ့ပဲ သတ်မှတ်ထားတယ်။ အဲဒီလို ဝင်ခွင့်တွေ ဖြေနိုင်ဖို့၊ ကျောင်းကောင်းကောင်းမှာ တက်နိုင်ဖို့အတွက် ကိုရီးယားက ကလေးတွေဟာ သုံးနှစ်၊ လေးနှစ်သား လောက်ကတည်းက ရင်ဆိုင်ခဲ့ကြရတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံက ကျောင်းတွေဟာ ကလေးတွေအပေါ် ဖိအားသိပ်ပေးလွန်းတယ်လို့ ဝေဖန်ကြပါတယ်။ ဒါပေမဲ့ ပညာရေးမှာကလည်း ရလဒ်နဲ့ တိုင်းတာနေကြရတာ ဆိုတော့ အောင်မြင်မှုတွေကို နှိုင်းယှဉ်လိုက်ရင် ကိုရီးယားက ကျောင်းသားတွေ ထိပ်တန်းရောက်နေတာဟာ အဲဒီလို အမောင်းခံ၊ အသင်ခံနေကြရလို့လားဆိုပြီးတော့လည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံပညာရေး ဘာကြောင့် အောင်မြင်နေရသလဲဆိုတာ လေ့လာဆန်းစစ်ကြည့်ရင်
တောင်ကိုရီးယားနိုင်ငံဟာ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှု သုံးစွဲတဲ့ပမာဏငွေ အရမ်းများတယ်။ သူတို့ဟာ ငယ်စဉ်ကတည်းက ကြီးလာရင် ဘယ်ကျောင်းတက်မယ်၊ ဘာလုပ်မယ်၊ ဘယ်သူတွေနဲ့ လက်ထပ်မယ် ဆိုတာတွေ ကအစ ကြိုတင်ဆုံးဖြတ်ချက်ချပြီးသားတွေ ဖြစ်နေတတ်တာများတယ်။ သူတို့မိဘတွေဟာ သူတို့သားသမီး တွေကို ဘယ်မှာထားမှာ၊ ဘာတွေသင်ယူစေမယ်ဆိုတာ အဆုံးအဖြတ်ပေးသူတွေ ဖြစ်နေတတ်တယ်။ ဒါကြောင့် ကျောင်းကောင်းကောင်းထားနိုင်ရေး၊ ပညာရေးမှာကောင်းစေရေးကို မိဘတွေက အလေးပေးလုပ် ဆောင်ကြတာ တွေ့ရတယ်။

တောင်ကိုရီးယားနိုင်ငံက မိဘတွေဟာ သူတို့သားသမီးပညာရေးအတွက် ငွေကြေးသုံးစွဲမှု များတယ်။ သူတို့ ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို သားသမီးတွေရဲ့ ပညာရေးအတွက် အသုံးပြုကြတယ်။ အချို့ဆိုရင် သူတို့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်အထိကို သုံးတယ်။ သူတို့ပညာရေးက ကျောင်းတစ်ခုတည်း ပြီးတာမဟုတ်ဘူး။ ကျောင်းပြီးလည်း ကျူရှင်ပြေးကြရသေးတယ်။ ဒါကြောင့် ကျောင်းကြေး၊ ကျူရှင်ကြေး၊ ပစ္စည်းကြေး အများကြီး ရင်းနှီးမြှုပ်နှံထားကြရတယ်။
သူတို့ကျောင်းသားတွေဟာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျောင်းတက်ကြရတယ်။ ကျောင်းလွှတ်ရင် ဟတ်ဝမ်လို့ခေါ်တဲ့ ကျူရှင်ကျောင်းတွေကို ပြေးတက်ကြရပြန်တယ်။ ကျူရှင်မှာ ညနေ ၅ နာရီကနေ ၁၀ နာရီ လောက်အထိ တပ်ပြီး ကြိုးစားရပြန်တယ်။ ကျောင်းကပေးလိုက်တဲ့စာတွေနဲ့ ကျူရှင်က ပေးလိုက်တဲ့ စာတွေကို အိမ်ပြန်ရောက်ရင် လုပ်ကြရပြန်တယ်။ ဘယ်မှာလဲ သူတို့ကစားချိန်။ စားချိန်တောင်မနည်း လိုက်ကျွေးနေရတဲ့ ဘဝလို့ တောင်ကိုရီးယားမှာ စာလာသင်ပေးနေတဲ့ တောင်အာဖရိကသားဆရာတစ်ဦးက ဝေဖန်ရေးထားတာ လည်း ဖတ်ရဖူးတယ်။
ကိုရီးယားကဆရာတွေကလည်း ကျောင်းသားတွေ အောင်မြင်တိုးတက်ရေးကို အပြည့်အဝတာဝန်ယူထားကြ ရတယ်။ သူတို့မှာ ပညာရေးနဲ့ ပတ်သက်တဲ့ ခံယူချက်တွေရှိကောင်းရှိနိုင်ပေမယ့် ထွင်ပြီးတော့ လုပ်နိုင်တာတွေ သိပ်မရှိဘူး။ အလုပ်မပြုတ်ချင်ရင် အားထုတ်ဆိုတာ သူတို့ရဲ့ ဖိအားတွေပဲ။ ဒါကြောင့် ဆရာတွေလည်း မိဘတွေနဲ့ ကျောင်းသားတွေ စိတ်ကြိုက် အောင်မြင်မှုရရေးလမ်းကြောင်းကိုပဲ လိုက်သင်နေကြရတာများတယ်။ ကိုရီးယား ဆရာတွေရဲ့ လစာဟာ အလွန်မြင့်မားတယ်။ လုပ်ငန်းကလည်း လုံခြုံမှုရှိသလို ရပိုင်ခွင့်တွေ ခံစားခွင့်တွေလည်း များတယ်။ သူတို့နိုင်ငံမှာ ထိပ်တန်းဝင်ငွေအကောင်းဆုံး စာရင်လောက်မှာ ပါနေတဲ့ လုပ်ငန်းလို့လည်း ဆိုနိုင် တယ်။ ဆရာအလုပ်ရဖို့ဆိုတာလည်း လွယ်လှတယ်လို့တော့ မဟုတ်ပါဘူး။ မူလတန်းဆရာအတတ်သင်ကျောင်း တက်ပြီးလို့ အောင်လက်မှတ်ရလာတဲ့သူတွေထဲက ၅ ရာခိုင်နှုန်းလောက်ပဲ အလုပ်ရကြတာဆိုတော့ သာမန် အစွမ်းအစလောက်နဲ့တော့ ဆရာလောကကို ဝင်တိုးလို့မရဘူး။ ဒါကြောင့် အလုပ်ရပြီးရင်လည်း ပြန်ထွက်သူ ရှားတယ်။ ခက်ခက်ခဲခဲရထားကြတာကိုး။ နှစ်စဉ်ဆရာလောကကနေ ပြန်ထွက်တဲ့ဆရာအရေအတွက်ဟာ ၁ ရာခိုင်နှုန်းလောက်ပဲရှိတယ်။

ကိုရီးယားနိုင်ငံ ပညာရေးဝန်ကြီးကလည်း အရမ်းအလုပ်လုပ်တယ်။ တစ်နိုင်ငံလုံး ဘယ်ကျောင်းမှ မကျန်စေရ ထိပ်တန်းရောက်နေရမယ်ဆိုပြီး ဖိအားတွေပေးတယ်။ ၂၀၀၈ ခုနှစ်လောက်ကတည်းက ကျေးလက်နဲ့ မြို့ပြ ပညာရေး ကွာဟချက်တွေ မရှိအောင် လုပ်ခဲ့ကြတယ်။ အလယ်တန်းကျောင်းတွေကို အထောက်အပံ့တွေပေး တယ်။ ကွန်ပျူတာတွေပို့တယ်။ နေ့လည်စာကျွေးနိုင်အောင် စီစဉ်ပေးကြတယ်။ မြို့နဲ့တော တန်းတူပညာရေး ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး သူတို့လုပ်ကြတယ်။

တောင်ကိုရီးယားနိုင်ငံပညာရေး ဘာကြောင့်တိုးတက်ရသလဲဆိုရင် နည်းပညာကို ကျောင်းတွေမှာ ရယူသုံးစွဲနိုင် အောင် လုပ်ဆောင်ပေးလိုက်လို့ပဲ။ ၂၀၀၉ လောက်ကတည်းက သူတို့ဟာ PISA စာမေးပွဲအတွက် ကွန်ပျူတာ ကနေ ဖြေဆိုလေ့ကျင့်နိုင်အောင် ကျောင်းသားတွေကို လေ့ကျင့်ပေးနေပြီ။ ကိုရီးယားနိုင်ငံ အထက်တန်းကျောင်း တိုင်းမှာ အင်တာနက်တပ်ဆင်ပေးထားတယ်။ ကျောင်းသုံးဖတ်စာတွေကိုလည်း ဖတ်စာအုပ်တွေအတိုင်း မထားဘဲ ကွန်ပျူတာနဲ့ဖတ်နိုင်အောင် ဒစ်ဂျစ်တယ်ဖတ်စာတွေအဖြစ် အသွင်ပြောင်းပေးလိုက်တယ်။ စာအုပ် မဝယ်နိုင်လို့ဆိုတဲ့ ပြဿနာ သူတို့မှာ မရှိဘူး။ ပြဋ္ဌာန်းစာအုပ်တွေ၊ ပြဋ္ဌာန်းဆက်စပ်စာအုပ်တွေအားလုံး အင်တာနက်မှာရတယ်။ ကွန်ပျူတာ၊ လက်ပ်တော့၊ တက်ဘလက်၊ ဖုန်းရှိရင် ပြဋ္ဌာန်းချက်တွေအားလုံး အလွယ် ဖတ်နိုင်တယ်။

၂၀၁၅ ခုနှစ်မှာ ကျောင်းသုံးပြဋ္ဌာန်းထားတဲ့ စာအုပ်အားလုံး ၁၀၀ ရာခိုင်နှုန်း အွန်လိုင်းကနေ ရယူဖတ်ရှုနိုင် အောင် လုပ်ပေးခဲ့တယ်။ ခုဆိုရင် ပညာရေးဝန်ကြီးက Cyber Home Learning System ဆိုတာကို လုပ်နေပြီ။ အဲဒီစနစ်ကတော့ ကျောင်းပြီးလို့ အိမ်ပြန်လည်း ကားပေါ်မှာဖြစ်စေ၊ အိမ်ပြန်ရောက်လို့ မအိပ်ချင်သေးရင် အိပ်ယာ ပေါ်မှာဖြစ်စေ လေ့လာသင်ယူနိုင်မယ့်အစီအစဉ်တွေပဲဖြစ်တယ်။

ကိုရီးယားပညာရေးစနစ်ကနေ ဘာတွေ သင်ခန်းစာယူနိုင်သလဲ???????

(၁) မိဘတွေ ပညာရေးအားပေးတယ်

မိဘတိုင်းလိုလို သူတို့သားသမီးတွေ ပညာရေးမှာ ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်ကြတာတွေ့ရတယ်။ သူတို့ကတော့ သားသမီးတွေ လမ်းမှားမရောက်သွားစေဖို့လို့ အကြောင်းပြကြတယ်။ တစ်နည်းပြောရရင် မိဘနဲ့ သားသမီးကြားမှာ Win-Win ဖြစ်အောင် လုပ်ကြတာပဲလို့ ပြောရင်လည်းရတယ်။ ပညာတတ်ဖို့၊ ကျောင်းကောင်း ကောင်းနေရဖို့၊ တက္ကသိုလ်ကောင်းကောင်းတက်ရဖို့ မိဘတွေက အကုန်အကျတွေခံ၊ စိတ်မောလူမောခံပေးနေ တာကိုက အောင်မြင်ဖို့ဖြစ်လာတယ်လို့ အကောင်းဘက်က လှည့်တွေးရမှာပဲ။

(၂) နည်းပညာကို အသုံးချလွန်းတယ်

တောင်ကိုရီးယားနိုင်ငံတွေမှာ နည်းပညာအသုံးပြုနေမှုဟာ အံ့သြလောက်အောင်ထွန်းကားလာတယ်။ ကွန်ပျူတာ၊ အင်တာနက်၊ LCD မြင်ကွင်းကျယ် ဘုတ်ကြီးတွေ၊ စမတ်ဘုတ်တွေကို ကျောင်းတိုင်း စာသင်ခန်း တိုင်းလိုလိုမှာတွေ့ရတယ်။ ကျောင်းသားတွေကို နည်းပညာအထောက်အကူနဲ့ ပညာကို ဘယ်လိုရယူနိုင်တယ် ဆိုတဲ့ လမ်းကြောင်းကိုပေးထားတယ်။ ကျောင်းတိုင်းမှာ အသုံးပြုနေတဲ့ အင်တာနက်ကလည်း မြန်နှုန်းမြင့် အကောင်းစားတွေ။
ဆရာတွေကိုယ်တိုင်ကလည်း နည်းပညာကို ကျွမ်းဝင်၊ တပည့်တွေကို နည်းပညာနဲ့ သင်ထောက်ကူဖြစ်အောင် သင်နိုင်တဲ့အတွက် သင်ယူမှု သင်ကြားမှုစတိုင်တွေက အများကြီး ပြောင်းလဲသွားတယ်။ ကျောင်းသားတွေကိုယ် တိုင်က ဘယ်မှာ ဘယ်လိုရှာကြရတယ်ဆိုတာ သိနေတယ်။ ကျောင်းသားတိုင်း ကွန်ပျူတာ၊ တက်ဘလက်ကိုင် နိုင်အောင် စီစဉ်ပေးပြီးတော့ မဖြစ်မနေ သုံးကိုသုံးမှ ရတယ်ဆိုတဲ့အနေအထားကိုရောက်အောင်လုပ်ထားတယ်။ ကျောင်းတွေမှာ ကွန်ပျူတာကို ကျောင်းသားတိုင်း သုံးနိုင်အောင် ကျောင်းရန်ပုံငွေ၊ မိဘဆရာအသင်းရန်ပုံငွေ တွေ ထုတ်ချေးတယ်။ ကွန်ပျူတာကို ကျောင်းတိုင်း၊ အတန်းတိုင်း သုံးနိုင်အောင် လုပ်ဆောင်ခြင်းဟာ ကိုရီးယား ပညာရေးကို အရှိန်အဟုန်မြှင့်ပေးလိုက်တာပါပဲ။

(၃) ဒါသင့်ကျောင်း ကောင်းအောင်လုပ်

ကိုရီးယားကဆရာတွေဟာ တာဝန်ယူထားရတာထက် ပိုပြီး ပြေးနေကြရတဲ့သူတွေလို့ တင်စားတယ်။ သူတို့ကိုယ် တိုင် အမြဲလေ့လာသင်ယူနေကြရတယ်။ တပည့်နောက်မှာ ကျန်နေပြီဆိုရင် သူတို့ဘဝ အာမခံချက် မရှိတော့ဘူး။ စာသင်ခန်းထဲဝင်လိုက်တာနဲ့ မနေ့ကထက် ပိုကောင်းအောင်လုပ်မယ်ဆိုပြီး ဝင်ကြရတယ်။ ကျောင်းသားက လက်ခံလာအောင်၊ လေးစားလာအောင်၊ ချစ်ကြောက်ရိုသေလာအောင် လုပ်ပြနိုင်မှ သူ့အတွက်လည်း အာမခံချက် ရှိမှာဆိုတော့ အချိန်နဲ့အမျှ ပြေးနေကြရတယ်လို့ပြောနိုင်တယ်။

(၄) ဆရာဆိုတာ ထာဝရကျောင်းသား

ကိုရီးယားဆရာတွေဟာ အမြဲလေ့လာသင်ယူနေရမယ်လို့ ခံယူထားကြရတယ်။ သူတို့ စိတ်ကူးတွေ၊ အတွေးတွေ၊ အမြင်တွေဟာ အမြဲလန်းဆတ်နေရတယ်။ သူတို့သင်ကြားမှုတွေဟာ အမြဲဆန်းသစ်နေရတယ်။ကျောင်းသားတွေ စိတ်ဝင်စားအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ သူတို့အတွက် စိန်ခေါ်မှုကြီးတစ်ခုပဲ။ မနှစ်ကဟာကို ဒီနှစ် လာသင်ဖို့မပြောနဲ့ မနေ့ကအကြောင်း ဒီနေ့လာပြောရင်တောင် သူတို့အဝေဖန်ခံရတယ်။ စာသင်ခန်းဆိုတာ အဟောင်းတွေယူလာဖို့မဟုတ်၊ အကောင်းအသစ်နဲ့ ပြောင်းလဲပစ်ပါဆိုတာ သူတို့ပညာရေးဆောင်ပုဒ်ပဲ။

(၅) ငါတို့ကျောင်းသား ကောင်းစားစေရမည်

တောင်ကိုရီးယားကကျောင်းသားတွေကို ပညာရေးစိတ်ပါဝင်စားအောင်လုပ်ကြတဲ့ဆရာတွေဟာ အရေးကြီး တယ်။ သာမန်လောက်နဲ့ သူတို့ကို ဆွဲခေါ်ဖို့ဆိုတာ အဝေးကြီး။ ကျောင်းသားတွေမှာ ဖိအားတွေ ဒီလောက်များ နေတဲ့အထဲက နေ့မအိပ်၊ ညမနား ဘာကြောင့် ပညာကို ကြိုးစားသင်ယူနေကြရသလဲဆိုတာ အကြောင်းအများ ကြီးရှိတယ်။ ဆရာတွေကို သူတို့ကို အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေပေးတယ်။ မိဘတွေဆီကိုလည်း အကြံပြုတာတွေ မပြတ်ပို့ပေးတယ်။ ပညာရေးကောင်းအောင် အားလုံး ပူးပေါင်းဆောင်ရွက်နေကြတဲ့သဘော ဖြစ်လို့ နားလည်မှုတွေ ရှိကြတယ်။ အားလုံးက မြင့်မြင့်မှန်းနေသူတွေချည်းဖြစ်တော့ တွန်းတင်ပေးကြရအောင် ဆိုတာ ခံယူချက်ကြီးတစ်ခုလိုဖြစ်နေပါတယ်။

မူရင်းရေးသားသူအား credit ပေးပါသည်။
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

05/09/2021

Korean Language လေ့လာနေသူများအတွက်🤓

ကိုရီးယားဘာသာစကားကို K-pop songs တွေနဲ့ K drama series တွေကြည့်နားထောင်ရင်း ကြားဖူးနား၀ရှိနေပြီ၊ စိတ်၀င်စားတယ် သေချာလေ့လာတော့မယ်ဆိုရင် Self-study လုပ်မယ် / သင်တန်းတက်မယ် စသည်ဖြင့် လေ့လာကြတယ်ပေါ့ ...

Self-study လုပ်ပြီးတကယ်တက်မြောက်နေတဲ့သူတွေရှိသလို Admin လို ယောင်ခြောက်ဆယ်ဖြစ်နေခဲ့ သူတွေလဲရှိပါတယ် အများကြီးပါ 🌚
အဲ့တော့ ၂ မျိုးအကြံပေးချင်ပါတယ် -
➡️Admin ကတော့ သင်တန်းတက်စေချင်ပါတယ် ဘာလို့ဆို သင်တန်း ဆရာ/မ က ဒီဘာသာစကားအတွက် Guidelines လုပ်ပေးနိုင်ပါတယ် သူတို့ပြောတဲ့တိုင်းလေးလေ့လာသင်ယူရင်ယောင်ခြောက်ဆယ်လဲ မဖြစ်နိုင်သလို စနစ်တကျလဲ တကယ်လုပ်ဖြစ်ပါတယ် သင်တန်းပြီးဆုံးတဲ့အချိန်တစ်ခုမှာ ကိုယ့်ဘာသာစကား skills ဟာ level တစ်ခုကိုသေချာပေါက် ရောက်နေပါပြီ။
(လိမ်မာတဲ့ကလေးတွေကတော့ သင်တန်းဆရာမ ‌ညွှန်းတာလေးတွေအပြင် ကိုယ့်ဘာသာအပြင်မှာ ပါ လေ့လာပေါ့နော် 🤭) ဘာသာစကားတိုင်းက လေ့လာလို့မကုန်နိုင်ပါဘူး ...
➡️သင်တန်းမတက်ဘူး Self-study လုပ်မယ် ဆိုရင်တော့ သေချာလုပ်သင့်ပါတယ်၊ မဟုတ်ရင် အချိန်သာကုန်မယ် save ထားတာ down ထားတာတွေသာ များပြီး ဖုန်းတွေ laptop တွေလေးလာမယ် ဘာသာစကားက မထူးခြားပဲနေပါလိမ့်မယ် ၊ ဘယ်လိုလေ့လာမလဲ ?
- Study plan အရင်သေချာဆွဲပါ (စိတ်ပါမှထလုပ်တာမျိုးမလုပ်သင့်ပါ🙄)
- တစ်နေ့ နှစ်နာရီလောက်တော့ အချိန်ပေးပါ -ကိုယ်လေ့လာမယ့် စာအုပ် သို့မဟုတ် page သိုမဟုတ် fb group ပြီးတော့ You tube channel စသည်ဖြင့်တစ်ခုခုကို တစ်သတ်မတ်တည်းထားလေ့လာသင့်ပါတယ် ပြီးမှအခြား ဗဟုသုတနဲ့ အတိုအထွာ ဘာညာလေးတွေကို အခြားတွေ့တဲ့နေရာကနေ လေ့လာတာမျိုးလုပ်ပေါ့နော် ဟိုစပ်စပ်ဒီစပ်စပ် မလုပ်ပါနဲ့တကယ်အချိန်ကုန်ပါတယ် (Admin ကိုယ်တွေ့) ကောင်းတာတော့ အကုန်ကောင်းကြတာချည်းပါပဲသူ့ဟာနဲ့သူ ၊ကိုယ်ကလဲ ဒါကောင်းနိုး ဟိုဟာကောင်းနိုးနဲ့ ဟိုစပ်စပ်ဒီစပ်စပ်ဖြစ်သွားတာ နားလည်ပါတယ် ခုတော့ မလုပ်နဲ့တော့နော်
- ‌တစ်ယောက်တည်းဖြစ်နေလဲ အသံထွက်ပြောကြည့်ပါ နောက်ပြီး Vocabulary တွေကျက်မှတ်ရင်လဲ အသံထွက်ကျက်ပါ တချို့က အသံတိတ်ကျက်တတ်တဲ့အကျင့်ရှိလို့ပါ (ကိုယ်ဆို အသံပြဲနဲ့ကျက်ခဲ့တာပါ🥴အသံမထွက်ရင်မရလို့)
အသံထွက်ပြောတာများရင် conversation တွေဖတ်ပြောတဲ့အခါ နားထောင်လို့ကောင်းလာပါလိမ့်မယ် (အဲ့လဲ့) ပြောလဲပြောရဲလာလိမ့်မယ်
- K drama series တွေများများကြည့်ပါ (ဒါတော့အထူးပြောစရာလိုမယ်မထင်) ၊ သီချင်းတွေလိုက်ဆိုကြည့်ပါ စာသားနားမလည်လဲ လိုက်ဆိုပါ ...
- ကိုရီးယားဘာသာစကားနဲ့သက်ဆိုင်သော group တွေ၀င်ထားပါ ကိုယ်မသိတာရှိမေးလို့ရတာတွေရှိပါတယ် ၊နောက် Self-study လုပ်သူအချင်းချင်း group တွေဖွဲ့ထားတာမျိုးတွေလဲ ခုနောက်ပိုင်းရှိလာပါပြီ အပြန်လှန်မေးပြီးဖလှယ်လို့တာပေါ့ ၀င်ထားသင့်ပါတယ်
- နောက်ဆုံးတချက်က စိတ်မလောပါနဲ့/နေရာတကာ မပါပါနဲ့ ၊ ပြောချင်တာက ကိုယ်က ဒါလေ့လာနေရင်းဒါနဲ့ပဲဆက်လေ့လာပါ ၊ သူများဟိုဟာတိုင်းလိုက်ဟိုဟာစရာမလိုပါ (စာအုပ် ၊ Channel ) ၊ ဖြည်းဖြည်းမှန်မှန်ပဲ ကိုယ် plan လေးအတိုင်းပဲ လုပ်ပါ အချိန်တစ်ခုမှာဒီဘာသာစကားကို တကယ်တတ်မြောက်နေပါလိမ့်မယ် အဆုံးတော့ မရှိဘူးပေါ့ ဘာသာစကားကိုး...။

ဒါပါပဲ အဆင်ပြေကြပါစေ✌️

(ပထမအချက်မှာ သင်တန်းတက်ပါပြောခြင်းဟာ သင်‌တန်းကျောင်းမို့သင်တန်းတက်ခိုင်းနေတာမဟုတ်ရပါ)

သင်တန်းကို အခုမှကြေငြာမှာပါ 🤭
Basic class ပြန်ဖွင့်ဖို့ရှိပါတယ်နော်
အချိန်ဇယားမထွက်သေးပါဘူး ထွက်ရင်တင်ပေးပါ့မယ် ၊ ခုသင်တန်းအကြောင်းတော့ လာစုံစမ်းလို့ရနေပါပြီ ❕

Photos from Ri - Korean's post 04/09/2021

ရော်ယောဘွန်းး👋👋👋
ဒီနေ့တော့ Common Nouns အနည်းငယ်မှတ်ကြည့်နော်~

Source-pin

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Telephone

Website

Address


162 Street
Yangon
11211