Nature Classroom သဘာဝ စာသင်ခန်း

Nature Classroom သဘာဝ စာသင်ခန်း

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nature Classroom သဘာဝ စာသင်ခန်း, Education, No 68/2 U Mg Mg Chan Street, Hlaing Township, Yangon.

Photos from Nature Classroom သဘာဝ စာသင်ခန်း's post 11/12/2025

ဒီ့ထက် အလုပ်ရှုပ်တဲ့သူတောင်
ဒီလောက် အလုပ်မရှုပ်ဘူး
တကယ့်ကို အလုပ်ရှုပ်ကြတဲ့ လူကလေးတွေရယ်ပါ

"ရထား မောင်းမယ် ရထား
ဟာ ရထားကြီး ပျက်သွားပြီ
ဆင်းကြ ဆင်းကြ
ရထား ပူနေပြီ ယပ်တောင်နဲ့ ခပ်"

ကီးဘုတ်အဟောင်းကြီးတွေခမြာ သူတို့လက်ထဲရောက်သွားတိုင်း သူတို့ပြုသမျှနုရတော့တာ
ဖြစ်လိုက်ဦးဟဲ့ ချောကလက်စက်
ဖြစ်လိုက်ဦးဟဲ့ အသက်ကယ်စက်
ဖြစ်လိုက်ဦးဟဲ့ လက်မှတ်ထုတ်စက်
ဖြစ်လိုက်ဦးဟဲ့ ပိုက်ဆံထုတ်စက်
စိတ်ကူးနဲ့ လက်တွေ့ တသားထဲကျတဲ့ လူကလေးတွေ ခိုင်းရာလုပ်ရတော့တာ

ပိုးဟတ်က သေသွားတော့ ပုရွတ်ဆိတ်အစာဖြစ်သွားတာပေါ့နော်ဆိုပြီး သဘာဝ လောကကြီးကို လေးလေးနက်နက်မြင်သူရယ်၊ ကျောက်ခဲ ဘာအရသာရှိလဲ ပါးစပ်ထဲ ငုံကြည့်တဲ့သူရယ်
သစ်ပင်စားလိုက်ဦးမယ် ဆိုပြီး သရက်ရွက်တွေ တက် ခူးစားသူရယ်

တတ်လဲတတ်နိုင်တဲ့ လူကလေးတွေရယ်ပါ

Photos from Nature Classroom သဘာဝ စာသင်ခန်း's post 07/12/2025

Q - ဘာကျောင်းလဲ
A - ဒန်း ၇ စီး နဲ့ ကျောင်း 😅

Photos from Nature Classroom သဘာဝ စာသင်ခန်း's post 12/11/2025

မီးထွန်းပွဲမှာ အပျော်လွန်ပြီး တီချယ်တွေ ဘယ်သူမှ ဓာတ်ပုံမရိုက်လိုက်မိကြပါဘူး 😅
သတိတရ ရိုက်ပြီးပို့ပေးတဲ့ မိဘတွေကိုသာ
ကျေးဇူးအထူးပါလို့

09/11/2025

ခါးကွင်းလှည့်ရင်း သားရေကွင်းနဲ့ ကြယ် လုပ် နိုင်သွားသူရယ် ဝါးတန်းပေါ်တက်ရင်းကြယ်လုပ်သူ တစ်ဖွဲ့ရယ်

Photos from Nature Classroom သဘာဝ စာသင်ခန်း's post 05/10/2025

၂၀၂၅ အောက်တိုဘာ ၅ ရက် World Teachers' Day မှာ ကလေးများအတွက် တစ်ရာ ရာခိုင်နှုန်းထက် အမြဲပိုပေးစွမ်းနိုင်အောင် စိတ်ရောနှလုံးပါ အပြည့်အဝ အားထုတ်ပေးနေသော သဘာဝ စာသင်ခန်းမှ ဆရာ ဆရာမများကို အမှတ်တရ ပုံရိပ်လေးတွေကနေတဆင့် ဂါရဝပြုပါတယ် 🙏

26/08/2025

🌳🌻 ပင်လယ်ဓားပြကြီး ပျော်ပျော်စီး 🌻🌳

သဘာဝ စာသင်ခန်း ကျောင်း page က active မဖြစ်တာ ကလေးတွေ အပျော်လွန်နေကြလို့ပါ။
လပေါင်းများစွာ မငြီးမညူ ထမ်းပိုးပေးခဲ့သော သရက်ပင်ကြီးကို ငဲ့ညှာသောအားဖြင့် တစ်ခါစီး ၆ ယောက်သာ လို့
ညီညွှတ်စွာ စည်းကမ်းချလိုက်ကြပါတယ်။ 🐒🐒🦥

"ဘယ် ညာ
ဘယ် ညာ
ဘယ် ညာ"

🌻




Photos from Nature Classroom သဘာဝ စာသင်ခန်း's post 18/07/2025

ပြီးခဲ့တဲ့ ဥပုဒ်နေ့က စပြီး သဘာဝ စာသင်ခန်း ကလေးအကြီးတွေနဲ့ ဝါတွင်းကာလအတွက် ကန်တော်ကြီးမှာ camp စပြီး ချဖြစ်ပါတယ်။
လပေါင်းများစွာ တည်ဆောက်ထားတဲ့ Non-judgemental community လေးကို သိသာထင်ရှား မြင်ခွင့်ရတဲ့နေ့လို့ ဆိုရပါမယ်။
သဘာဝ စာသင်ခန်းမှာ ရေရှည်တက်ရောက်နေတဲ့ ကလေးတွေမှာ ကိုယ်စိတ်နှစ်ပါးကြံ့ကြံ့ခံနိုင်လာကြတာ အားရစရာ တွေ့ရတဲ့အပြင်၊ Risk management အန္တရာယ်နဲ့ထိတွေ့ရာမှာ ကိုယ်တိုင်ပါဝင် စံမံနိုင်မှုကိုပါ တွဲလျှက်တွေ့ရတာ ကျေနပ်စရာကောင်းလှပါတယ်။
ဒီလိုကျယ်ဝန်းစိမ်းစိုတဲ့ Wider space ဟာ ကိုယ့်ကလေးတွေအတွက် အထူးလိုအပ်နေတာ သတိပြုမိတာမို့၊ ဝါတွင်းကျော်သွားသော်ငြား အပတ်စဥ်ပုံမှန်သွားခွင့်ရအောင် ကြိုးစားပါ့မယ်။




Photos from Nature Classroom သဘာဝ စာသင်ခန်း's post 16/06/2025

စိတ်ဝင်တစား ချည်ထိုးနေတဲ့အဖွဲ့ရယ်၊ အမိုးတွေထိနယ်ချဲ့လာတဲ့ အမြင့်တက်သူများအဖွဲ့ရယ်၊ သစ်ပင်ကနေ အပေါ်ထပ်အဆောင်ကို ကူးဖို့ကြိုးစားနေတဲ့ သမီးရယ်၊ "ပိန်းကြာရွက်ပေါ်ရေမတင်" ဆိုတဲ့ စကားကို လက်တွေ့စမ်းသပ်ကြည့်နေတဲ့ ကလေးတစ်စုရယ်၊ အငယ်တန်းမှာ အရိုက်ကျင့်ထားတဲ့ log တုံးထဲက သံတွေကို စိတ်ပါလက်ပါပြန်နှုတ်ပေးနေတဲ့ သမီးရယ်၊ အသီးသီး အလုပ်ရှုပ်နေကြသော သဘာဝ စာသင်ခန်း။ 🌻🌳🌿






25/05/2025

အခုတလော Weekend တန်းမှာ ကလေးတွေ ဓာတ်ကျနေတဲ့ ကြိုးခုန်ကစားနည်း 🌧️🌿

🌻အစောပိုင်းမှာ အလှည့်အမြန်ရလိုဇော ယှဥ်ပြိုင်လိုဇောလေးတွေ တွေ့ခဲ့ရပေမဲ့၊
အချိန်ကြာလာတာနဲ့အမျှ အချင်းချင်းအားပေးကြ၊ အလှည့်တွေခွဲကြ၊ ကိုယ့်ကိုယ်ကိုယ် ခုန်နိုင်စွမ်းပိုကောင်းအောင် ကြိုးစားကြနဲ့ တကယ့်ကို ပျော်စရာကြီး ဖြစ်လာပါတယ်။ မနေ့က အခါ ၅၀ ရတဲ့သူက ဒီနေ့တစ်ရာ ရလို့ ပျော်ရတယ်။ ဒီလိုပဲ ၈ခါရတဲ့သူက ၁၅ခါ ခုန်နိုင်သွားတာကို ကျေနပ်နေပြန်ရော။

တကယ်တော့ ကြိုးခုန်ကစားနည်းဟာ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ထိ အနယ်နယ်အရပ်ရပ် ခုန်ကြတုန်းပါ။ ခုနောက်ပိုင်းတော့ ကလေးတွေကြားမှာ သိပ်မတွေ့ရတော့ပါဘူး။ Waldorf ကျောင်းတွေမှာတော့ Bilateral Movement အတွက် ကမ္ဘာအနှံ့ တကူးတက ခုန်ကြတုန်းပါ။

တကယ်တော့ ဒီရိုးရှင်းတဲ့ ကစားနည်းနောက်ကွယ်က အကျိုးကျေးဇူးတွေက များလှပါတယ်။

နံပတ် (၁) အရေးကြီးဆုံးက
🧠 ဦးနှောက်ရဲ့ဘယ်ညာ ညှိနှိုင်းလုပ်ဆောင်နိုင်မှုကို အဓိက အားပေးတာကြောင့်ပါ။
ကြိုးခုန်ရာမှာ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်နဲ့ ညာဘက် လှုပ်ရှားမှုများကို စည်းချက်ညီညီ ထိန်းချုပ်လှုပ်ရှားရပါတယ်။ Bilateral coordination/ integration ဆိုပြီး လူသိများပါတယ်။ စာသင်ဖို့ အဆင်သင့် ဖြစ် မဖြစ် စောင့်ကြည့်လေ့လာအကဲဖြတ်တဲ့ နည်းတစ်ခုပါ။
နောက်သိသာမြင်သာတဲ့ အကျိုးကျေးဇူးတွေကတော့

ကိုယ်ကာယဖွံ့ဖြိုးမှုများဖြစ်တဲ့
- နှလုံးသွေးကြောစနစ် ကျန်းမာစေတာ
- ကြွက်သားတွေ သန်မာလာစေတာ
- ဟန်ချက်ထိန်းနိုင်စွမ်း တိုးတက်စေတာ (Vestibular System) အားကောင်းစေတာ
ခန္ဓာကိုယ့်ရဲ့တည်နေရာနဲ့ လှုပ်ရှားနိုင်စွမ်းကို ပိုမိုသိမြင်စေတာ (Proprioception)

စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ဖြစ်တဲ့
- မိမိကိုယ်ကို ယုံကြည်မှု ရရှိစေတာ
- စိတ်ဖိစီးမှုတွေ လျော့ကျစေတာ
- ပျော်ရွှင်ကျေနပ်စေတာ
- အာရုံစိုက်နိုင်စွမ်းမြင့်လာစေတာ
- မဆုတ်မနစ် ကြိုးစားချင်စိတ်ဖြစ်လာတာ

လူမှုရေးရာ အကျိုးကျေးဇူးတွေဖြစ်တဲ့
- အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လမ်းဖွင့်ပေးတာ
- ထုတ်ဖော်ပြောဆိုညှိနှိုင်းဖို့ အခွင့်အလမ်းပေါ်စေတာ

Maths ကိစ္စတွေကိုပါ တွေးစေ တွက်စေတာ စသဖြင့် အကျိုးများလှပါတယ်။





Photos from Nature Classroom သဘာဝ စာသင်ခန်း's post 23/05/2025

"The need for imagination, a sense of truth, and a feeling of responsibility—these three forces are the very nerve of education." _ Rudolf Steiner

🌻 Busy little bees engaging their hands, hearts, and minds! From woodworking to gardening and muddy adventures, the learning is endless. 🌻

.

10/05/2025

Every strike is a testament to patience and persistence! 🔨🔨🌳










Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Telephone

Address


No 68/2 U Mg Mg Chan Street, Hlaing Township
Yangon
11051