Journey to Victory

Journey to Victory Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Journey to Victory, School, Aung Su Pan Street, Yangon.

🎤 သင်စကားမပြောခင်မှာတင် သင့်ခန္ဓာကိုယ်က စကားပြောနေပါပြီ။ 💯🙌သင်သိပြီးပြီလား... 🤔👇👇👇👉 ကိုယ်ခန္ဓာအနေအထားက စကားလုံးတွေထက် ပိ...
18/08/2026

🎤 သင်စကားမပြောခင်မှာတင် သင့်ခန္ဓာကိုယ်က စကားပြောနေပါပြီ။ 💯🙌

သင်သိပြီးပြီလား... 🤔👇👇👇

👉 ကိုယ်ခန္ဓာအနေအထားက စကားလုံးတွေထက် ပိုကျယ်လောင်ပါတယ်။ ✨💥

📌 မတ်မတ်ရပ်ပါ။ 🧍‍♂️
ပရိသတ်က သူ့မှာ အထောက်အထားရှိတယ်၊ ယုံကြည်လို့ရတယ်လို့ ခံစားလာပါတယ်။ 🧠💡

📌 ဝမ်းဗိုက်ရှေ့လက်ချိတ်ထားပါ။ 🤝
လက်ကိုသေသပ်စွာထိန်းထားပေးပြီး စိတ်လှုပ်ရှားမှုကို ထိန်းနိုင်ပါတယ်။ 🧘‍♂️😌

📌 မျက်လုံးအကြည့်ကို တည့်တည့်ထားပါ။ 👀✨
ပရိတ်သတ်နဲ့ ယုံကြည်မှုတစ်ခုကို ဖန်တီးပေးပါတယ်။ 🤝💬

🛠️ သင့်ကိုယ်ခန္ဓာအနေအထားက စကားပြောရာမှာ အရေးပါတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။

အဲဒီအနေအထားကို ကျွမ်းကျင်စွာ ထိန်းနိုင်လျှင်
🎯 သင့်စကားကို မူလတန်ဖိုးထက် ပိုမိုနက်နဲစွာ နားလည်ခံစားနိုင်ပါတယ်။ 💬💖

🌱 Let's Grow Together! 🌟

Journey to Victory Public Speaking 🗣️🎙️

🎤 Voice of Victory: Public Speaking Series သင့်စကားပြောစွမ်းရည်ကို Next Level မြှင့်တင်‌စေမယ့် (၃)ရက်တာ Public Speaking ...
17/08/2026

🎤 Voice of Victory: Public Speaking Series

သင့်စကားပြောစွမ်းရည်ကို Next Level မြှင့်တင်‌စေမယ့် (၃)ရက်တာ Public Speaking Training

လူအများရှေ့မှာယုံကြည်မှုရှိရှိနဲ့ စကားပြောတတ်ချင်တဲ့ လူငယ်များအတွက် Voice of Victory မှ ကြိုဆိုလိုက်ပါတယ်။🤗

💡3 Days Agenda💡

✊ Day 1 & Day 2 (Intensive Training Days):
- Public Speaking မလုပ်မဖြစ် သိထားရမယ့် Frameworks & Tools များကို စနစ်တကျ သင်ယူနိုင်မယ်။
- Body Language,Vocal နဲ့ Storytelling နည်းလမ်းများကို လက်တွေ့လေ့ကျင့်နိုင်မယ်။
- စင်ပေါ်မတက်ခင် ရင်ခုန်တာ/ကြောက်ရွံ့တာကို ထိန်းချုပ်မယ့် Confidence Mindset တည်ဆောက်နိုင်မယ်။

🎓 Day 3 (Showcase Day):
- သင်ယူထားသမျှကို stage မှာ ထုတ်ပြခွင့်ရမယ်။
- Judges တွေရဲ့ Feedback တွေရရှိမယ်။
- Participants အတွက် Certificates ချီးမြှင့်သွားပါမယ်။

🎁 အထူးအစီအစဉ်
(Prize Money & Commitment Fee)

Showcase Day မှာ ထူးချွန်စွာယှဉ်ပြိုင်နိုင်သူ(၃)ယောက် ကို ရွေးချယ်ပြီး တစ်‌ယောက်လျှင် 30000MMK စီ ဆုကြေးငွေချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

Participants တွေအနေနဲ (၃)ရက်လုံး မပျက်မကွက် တက်ရောက်ပြီး အမှန်တကယ် လေ့ကျင့်ဖြစ်စေရန် "ကတိကဝတ်" Commitmentအဖြစ် Fees 29900MMK ကောက်ခံသွားမှာဖြစ်ပါတယ်။

⏰ Form ပိတ်ရက်: August 23
လူဦးရေ (၁၀) ယောက်သာ လက်ခံမှာဖြစ်လို့ အမြန်ဆုံး Form ဖြည့်ပြီး Page Messenger မှာ စာရင်းပေးသွင်းလိုက်တော့နော်။

Journey to Victory Public Speaking 🗣️

Let's Grow Together!

🎉 Big Congratulations, Florita! 🎉​"စင်ပေါ်တက်ရင် စကားတွေ မေ့သွားမလား... အသံတွေ တုန်သွားမလား..." ​မပြိုင်ခင်အထိ လူအများရှ...
16/08/2026

🎉 Big Congratulations, Florita! 🎉

​"စင်ပေါ်တက်ရင် စကားတွေ မေ့သွားမလား... အသံတွေ တုန်သွားမလား..."

​မပြိုင်ခင်အထိ လူအများရှေ့ စကားပြောဖို့ စိုးရိမ်စိတ်တွေ၊ ရင်ခုန်သံတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ၁၃ နှစ်အရွယ် ကျောင်းသူလေး Florita...

​ပြိုင်ပွဲဝင် ၄၃ ယောက်ပါဝင်တဲ့ Public Speaking ပြိုင်ပွဲကြီးမှာ J2V ရဲ့ 5 Sessions Intensive Coaching ကို တက်ရောက်ပြီး 5th Place ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါပြီ။ 👏✨

​💬 ကျောင်းသူလေး Florita ရဲ့ ရင်တွင်းစကား -

​"မပြိုင်ခင်က စင်ပေါ်မှာ စကားပြောရမှာကို တော်တော်လေး စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ Coach Shwe Sin နဲ့ 5 Sessions လေ့ကျင့်တဲ့အခါ Body Language၊ အသံအနေအထား (Voice Modulation) နဲ့ စင်ပေါ်မှာ ယုံကြည်မှုရှိရှိ ဘယ်လိုရပ်တည်ရမလဲဆိုတာတွေကို စနစ်တကျ သင်ယူခဲ့ရပါတယ်။

​ပြိုင်ပွဲမှာ 5th Place ရခဲ့တဲ့အတွက် အရမ်းဝမ်းသာမိသလို စင်ပေါ်မှာ လေ့ကျင့်ထားတဲ့အတိုင်း အကောင်းဆုံး ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်ခဲ့ပါတယ်ရှင်။" 👏

​လူငယ်တိုင်းမှာ ပုန်းကွယ်နေတဲ့ Potential တွေ ရှိပြီးသားပါ။ နည်းလမ်းမှန်မှန်နဲ့ သေချာ Guide လုပ်ပေးလိုက်တဲ့အခါ ကြောက်စိတ်တွေကို ကျော်လွှားပြီး တောက်ပလာတာကို မြင်ရတာ J2V ရဲ့ အဓိက အောင်မြင်မှုနဲ့ ဝမ်းသာပီတိပါပဲ။ ❤️

​✨ မိမိတို့ရဲ့ သားသမီး/လူငယ်များကိုလည်း စင်ပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ စကားပြောနိုင်သူတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးချင်တယ်ဆိုရင် Page Chat Box မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

Journey to Victory Public Speaking 🗣️

Let's Grow Together!


15/08/2026

🎤 Voice of Victory: Public Speaking Series✨

​မိမိရဲ့ အတွေးနဲ့ စကားလုံးတွေကို ပရိသတ်စိတ်ဝင်စားအောင် ပြောဆိုနိုင်ခြင်းဟာ ယနေ့ခေတ်မှာ မရှိမဖြစ် လိုအပ်တဲ့ အရေးပါသော စွမ်းရည် (Essential Skill) တစ်ခု ဖြစ်ပါတယ်။

​ဒါကြောင့် Journey to Victory ကနေ လစဉ်လတိုင်း အကျိုးရှိစေမယ့် "Voice of Victory: Public Speaking Series" ကို အထူးစီစဥ်ထားပါတယ်။

​🌟 Program အဓိက Highlights

📍​လစဉ် အထူးအစီအစဉ်: Public Speaking ခေါင်းစဉ်များကို လစဉ်လတိုင်း စနစ်တကျ လေ့ကျင့်ပေးခြင်း။

📍​လူဦးရေ အကန့်အသတ်: တစ်ဦးချင်းစီရဲ့ အားသာချက်/အားနည်းချက်များကို ထိရောက်စွာ လမ်းညွှန်ပေးနိုင်ရန် လူအနည်းငယ်သာ လက်ခံခြင်း။

📍​လက်တွေ့ Practical Training: သီအိုရီတင်မကဘဲ ပရိသတ်ရှေ့ ရဲဝံ့စွာ ပြောဆိုနိုင်သည်အထိ လက်တွေ့ ယုံကြည်မှု တည်ဆောက်ပေးခြင်း။

​(လူဦးရေ ကန့်သတ်ထားသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။)

​📥 သင်တန်း စုံစမ်း/အပ်နှံရန်: Page Messenger မှတစ်ဆင့် အခုပဲ ဆက်သွယ်လိုက်ပါ။

Journey to Victory Public Speaking 🗣️

Let's Grow Together!

14/08/2026

📌 FINAL REMINDER | Free Webinar

​မနက်ဖြန် ကျင်းပမဲ့ "The Power of Confidence and Connection" သင်တန်းလေးသို့ တက်ရောက်ရန် ထပ်မံ အသိပေး နှိုးဆော်အပ်ပါတယ်ရှင်။

​အတန်းထဲတွင် လေ့လာဆွေးနွေးသွားမည့် အကြောင်းအရာများ -

​Confidence - သင့်ကိုယ်သင် ယုံကြည်မှု အပြည့်အဝ တည်ဆောက်နည်းများ။

​Connection - ကောင်းမွန်သော လူမှုဆက်ဆံရေးနှင့် Networking လုပ်နည်းများ

​📅 နေ့ရက်: August 15,2026 (Saturday)
⏰ အချိန်: 10:30 A.M. - 12 P.M. (Myanmar Time)
🔗 Registration Link

https://docs.google.com/forms/d/e/1FAIpQLScUN0GRU210lsa-eYIT3qf5NdpgDj4llaQxdRwtzPZT_mRJWg/viewform?usp=publish-editor

​မနက်ဖြန် ပွဲလေးမှာ အတူတူတွေ့ဆုံပြီး သင့်ရဲ့ စွမ်းရည်တွေကို အတူတူ မြှင့်တင်လိုက်ရအောင်။ 🚀

Let's Grow Together!

Week 2: Public Speaking Program 🏠🎤Building confidence is like building a house.At first, we may not see much progress. B...
13/08/2026

Week 2: Public Speaking Program 🏠🎤

Building confidence is like building a house.

At first, we may not see much progress. But with consistent learning, practice, and patience, the foundation becomes stronger—and slowly, we begin to see the results.

This week in my Public Speaking Class, we are reminded that confidence doesn’t happen overnight. It is built through small steps, repeated practice, and the courage to keep showing up.

Every time we speak, we learn.
Every time we practice, we improve.
Every time we step outside our comfort zone, we grow.

Keep learning. Keep practicing. Keep building. 💪

Journey to Victory Public Speaking 🗣️

12/08/2026

❌ အားလုံးပဲ perfect Speaker ဖြစ်စရာမလိုပါဘူး။

✅ Brave Speaker ဖြစ်ဖို့ပဲလိုပါတယ်နော်။

များများ show up လုပ်ပီး၊ များများလေ့ကျင့်ပါ။ 💯

Journey to Victory Public Speaking ကနေ အားလုံးအတွက် Voice of Victory: Public Speaking Series စီစဉ်ထားပါတယ်ရှင့်။

လစဉ်၊ လတိုင်း လေ့ကျင့်ပီး၊ ထိထိရောက်ရောက်လေ့ကျင့်သွားနိုင်မယ့် coaching လုပ်ပေးမယ့်၊ results ထွက်ကိုထွက်မယ့် လစဉ် training လေးလာပါမယ်နော်။

စိတ်ဝင်စားရင် page messenger မှာလဲ အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင့်။

Journey to Victory Public Speaking 🗣️

Let's Grow Together!

11/08/2026

လူတွေရဲ့ နှလုံးသားကို ထိစေချင်ရင် သင့်ရဲ့ Message ကို သင်ကိုယ်တိုင် အရင်ဆုံး ပိုင်ပိုင်နိုင်နိုင် သိနားလည်ထားရပါမယ်။

Journey to Victory Public Speaking 🗣️

Let's Grow Together!

အခွင့်အရေးတွေကို လက်လွတ်ခဲ့ရဖူးပါသလား?‎‎​ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့၊ လူပုံလယ်မှာ မပြောရဲ မဆိုရဲဘဲ ကြောက်ရွံ့ခဲ့...
10/08/2026

အခွင့်အရေးတွေကို လက်လွတ်ခဲ့ရဖူးပါသလား?

‎​ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့၊ လူပုံလယ်မှာ မပြောရဲ မဆိုရဲဘဲ ကြောက်ရွံ့ခဲ့ရလို့ အခွင့်အရေးကောင်းများစွာကို လက်လွတ်ဆုံးရှုံးခဲ့ဖူးပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ပြီး လမ်းပျောက်နေခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ဖူးတာပေါ့။ 🥹

‎​ဒါပေမဲ့ Public Speaking နဲ့ စတင်ထိတွေ့ခဲ့ချိန်ကစလို့ တစိုက်မတ်မတ် လေ့ကျင့်ကြိုးစားခဲ့ရာမှ (၆) နှစ်တာအတွင်းမှာ သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ အခုဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး ထုတ်ဖော်ပြောဆိုတတ်လာပြီ ဖြစ်ပါတယ်။

‎​ဒီလို လေ့ကျင့်ပြောင်းလဲမှုတွေကြောင့် အခုချိန်မှာတော့ One-on-One Class များ၊ Corporate Professionals များ၊ ဒါ့အပြင် Speech Competition ပြိုင်ပွဲဝင်များကိုပါ ထိရောက်စွာ လေ့ကျင့်သင်ကြားပေးနိုင်တဲ့ Public Speaking Coach တစ်ဦး ဖြစ်လာခဲ့ပါပြီ။

‎​(၄) နှစ်တာ စီးပွားရေးနယ်ပယ်မှာ အောင်မြင်မှုများစွာ ရရှိပြီး စီးပွားရေး အတွေ့အကြုံအသိပညာတွေကို စေတနာအပြည့်နဲ့ မထက် Htet Htet Aung နဲ့ ပူးပေါင်းပြီး Free Online Workshop လေးတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်ရှင်။ 🙌🤩

‎​"The Power of CONFIDENCE & CONNECTION" Online Workshop

‎​Journey to Victory Public Speaking (J2V) နဲ့ H2WORLD တို့ ပူးပေါင်းစီစဉ်သည့် ဒီ Workshop မှာ လုပ်ငန်းခွင်နှင့် စီးပွားရေးနယ်ပယ်တို့တွင် မရှိမဖြစ်လိုအပ်သည့် Public Speaking, Self-Confidence နှင့် Business Networking ဆိုင်ရာ လျှို့ဝှက်ချက်များကို တစ်နေရာတည်းမှာ အခမဲ့ လေ့လာသွားနိုင်မှာပါ။

‎​Speakers:
‎​🧕 Ma Ei Shwe Sin Htwe (Public Speaking Coach | Founder of Journey to Victory)

‎​🙋‍♀️ Ma Htet Htet Aung (Founder | Serial Entrepreneur | Business & Community Development Advisor)

‎​Workshop အသေးစိတ်:
‎​📍 Date: 15 August 2026
‎​📍 Time: 10:30 AM – 12:00 PM (MM Time)
‎​📍 Platform: Zoom Meeting (Online)
‎​📍 Fees: Free Admission (အခမဲ့)

‎​တက်ရောက်ရန် စာရင်းပေးသွင်းနည်း:
‎အောက်ပါ Google Form လင့်ခ်တွင် အချက်အလက်များ ဖြည့်စွက်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ဖြည့်စွက်ပြီးပါက Zoom Link ကို ပြန်လည်ပေးပို့သွားပါမည်။ 🥰

‎​🔗 [Google Form စာရင်းသွင်းရန် လင့်ခ်] (https://docs.google.com/forms/d/e/1FAIpQLScUN0GRU210lsa-eYIT3qf5NdpgDj4llaQxdRwtzPZT_mRJWg/viewform?usp=publish-editor)

‎​အခွင့်အရေးဆိုတာ စောင့်ဆိုင်းနေရုံနဲ့ မရပါဘူး။ ကိုယ်တိုင် ဖန်တီးယူရတာပါ။ အမြန်ဆုံး Register ပြုလုပ်ပြီး တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

‎​Journey to Victory Public Speaking 🗣️

‎Let's Grow Together!

‎​

08/08/2026

🎤 စင်ပေါ်မတက်ခင် ရင်တွေတုန်ပြီး ကြောက်နေမိပါသလား... ဒါဟာ လုံးဝ သဘာဝပါပဲ။

ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကြီး Speaker တွေ၊ ကျွမ်းကျင်သူတွေတောင်မှ စင်ပေါ်မတက်ခင်နဲ့ စကားမပြောခင် စိတ်လှုပ်ရှားမှု (Nervousness) နဲ့ စိုးရိမ်စိတ် (Anxiety) ကို ခံစားကြရပါတယ်။

Nervous ဖြစ်တာဟာ ပုံမှန်ပါပဲ... အရေးကြီးတာက အဲဒီစိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး မိမိရဲ့ တကယ့် စွမ်းရည်ကို ဖော်ထုတ်ပြသနိုင်ဖို့ပဲ လိုပါတယ်ရှင်။

သင့်ရဲ့ Public Speaking Skill နဲ့ စင်ပေါ်တက်ရာမှာ ရှိတဲ့ ကြောက်စိတ်တွေကို ယုံကြည်မှုအဖြစ် စနစ်တကျ ပြောင်းလဲချင်တယ်ဆိုရင် Journey to Victory Public Speaking က အမြဲတမ်း အတူတူ ရှိနေပါတယ်ရှင်။ ✨

Journey to Victory Public Speaking 🗣️

Let's Grow Together!

Address

Aung Su Pan Street
Yangon
11071

Telephone

+959953359887

Website

Alerts

Be the first to know and let us send you an email when Journey to Victory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Journey to Victory:

Shortcuts

Share

Category