ကြည်လင် တောက်ပနေတဲ့ စိတ်ဖန်သားပြင်ကိုရဖို့
အဆိပ်အတောက် အညှီအဟောက် ပြည့်နက်နေတဲ့ ဖုန်းဖန်သားပြင်ကနေ ဝေးဝေးနေမှရမယ်
ဓမ္မစစ်
ဝိဘဇ္ဇဖြစ် ဓမ္မစစ် မျှဝေရာ
25/10/2025
သက်ရှည်ကျန်းမာစွာ ဘဝနေနည်းရဲ့ လျှို့ဝှက်ချက်ကတော့ ...
♦️အစားကိုတစ်ဝက်ပဲစားပါ။
♦️လမ်းကိုနှစ်ဆလျှောက်ပါ။
♦️ရယ်တဲ့အခါ သုံးဆရယ်ပါ။
♦️မေတ္တာထားတဲ့အခါ အတိုင်းအတာ အဆုံးအစမဲ့ မေတ္တာထားပါ။
တိဘက်စကားပုံ
#ဓမ္မစစ် ဓမ္မစစ်
ဝါကျွတ်သည့်အခါ ပဝါရဏာပြုခြင်းအကြောင်း
………………………………….
ပဝါရဏာဟူသည် တစ်ဦးနှင့်တစ်ဦး အပြစ်ကိုမြင်တွေ့လျှင် ထောက်ပြပြောဆို ဆုံးမပါရန် (ဖိတ်မန်ခြင်း) ဖြစ်သည်။
ပဝါရဏာ သုံးမျိုးရှိသည်…
၁။ သံဃာ့ ပဝါရဏာ- သံဃာတော်များပြုသော ပဝါရဏာ။
၂။ ဒေ၀ ပဝါရဏာ- နတ်များပြုသော ပဝါရဏာ။
၃။ မနုဿ ပဝါရဏာ- လူများပြုသော ပဝါရဏာ-ဟု သုံးမျိုးရှိသည်။
၁။ သံဃာ့ ပဝါရဏာ။
သိမ်တခုတွင်း၀ယ် သံဃာတော်များ ညီညီညွတ်ညွတ် စုဝေးကြပြီးလျှင် တပါးနှင့်တပါး အချင်းချင်း အပြန်အလှန် အပြစ်ရှိက ပြောဆိုဖို့ရန် မိမိကိုယ်ကို အပ်နှံခြင်း, ဖိတ်ကြားခြင်း။
ပဝါရဏာပြုပုံ
................
သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ, သုတေန ဝါ, ပရိသင်္ကာယ ဝါ, ၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။
ဒုတိယမ္ပိ ဘန္တေ သံဃံ ပဝါရေမိ ဒိဋ္ဌေန ဝါ, သုတေန ဝါ, ပရိသင်္ကာယ ဝါ, ၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။
တတိယမ္ပိ ဘန္တေ သံဃံ ပဝါရေမိ ဒိဋ္ဌေန ဝါ, သုတေန ဝါ, ပရိသင်္ကာယ ဝါ, ၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။ ( ဝိ-၃-၂၂၃ )
“အရှင်ဘုရားတို့၊ မြင်ခြင်းအားဖြင့်သော်၄င်း, ကြားခြင်းအားဖြင့်သော်၄င်း, ယုံမှားခြင်းအားဖြင့်သော်၄င်း တပည့်တော်မှာ အပြစ်ရှိပါက ပြောဆိုဖို့ရန် သံဃာတော်ကို ဖိတ်မန်ပါ၏၊
“အရှင်ဘုရားတို့သည် တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ပြောဆိုတော်မူကြပါဘုရား၊ တပည့်တော်သည် အပြစ်ကိုမြင်သော် ကုစားပါမည်ဘုရား”
နှစ်ကြိမ်မြောက်လည်း…………………….
သုံးကြိမ်မြောက်လည်း……………………
.................................................................
၂။ ဒေ၀ ပဝါရဏာ- နတ်များပြုသော ပဝါရဏာ။
သီတင်းကျွတ်လပြည့်နေ့တွင် စတုမဟာရာဇ်နတ်ပြည်နှင့် တာ၀တိံသာနတ်ပြည်၌ ရှိကြသော အချို့သော နတ်တို့သည် စည်းဝေးကြကုန်လျက်…
“ယနေ့ အဘယ်ကျောင်းတိုက်သို့ သွား၍ အဘယ်မထေရ်၏အထံ၌ ပဝါရဏာ ပြုရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြပြီးလျှင် သိကြားမင်းသည် များသောအားဖြင့် ပိယင်္ဂုကျွန်း၌ ရှိသော မဟာဝိဟာရ (ကျောင်းတိုက်ကြီး) ၌ သာလျှင် ပဝါရဏာပြု၍ အခြားနတ်တို့သည်ကား ပင်လယ်ကသစ်-စသော နတ်ပန်းများ, စန္ဒကူးနံ့သာ စသော နတ်နံ့သာတို့ကို ယူဆောင်၍
မိမိတို့နှစ်သက်ရာ ကျောင်းတိုက်ရှိ ရဟန်းတော်များထံသို့သာ သွားကြ၍ ပဝါရဏာ ပြုကြကုန်သည်။
ထိုနတ်တို့သည် မိမိတို့ရရှိထားသော စည်းစိမ်
ချမ်းသာ၏ တာရှည်စွာ မြဲမြံခိုင်ခံ့ရန် အလို့ငှါ၄င်း၊ နောင်အခါ၌ သုတ်သင်စင်ကြယ် သန့်ရှင်းစေရန် အလို့ငှါ၄င်း, ငါးပါးသီလကို ထိန်းသိမ်းစောင့်ရှောက် ကြကုန်၏။ မိမိတို့ စောင့်ရှောက်သော သီလ စင်ကြယ်, မစင်ကြယ်သည်၏ အဖြစ်ကို သုတ်သင်ရန်အလို့ငှါ အပြစ်ပြ၍ ဆုံးမနိုင်ရန် ရဟန်းတော်များအား ဖိတ်မန်ကြလေသည်။
၃။ မနုဿ ပဝါရဏာ- လူများပြုသော ပဝါရဏာ။
လူများအချင်းချင်း ပဝါရဏာပြုခြင်း၊ ဖိတ်ကြားခြင်းမျိုးသည် ကျမ်းဂန်တို့၌ တိုက်ရိုက်မလာ ရှိသော်လည်း ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားပုံ, နတ်သိကြားများ ဖိတ်ကြားပုံကို အတုယူပြီး လူများလည်း အချင်းချင်းအပြစ်ပြ၍ ပြောဆို ပြုပြင်နိုင်ကြရန် ဖိတ်ကြားခြင်း ပဝါရဏာ ပြုသင့်ကြသည်။
ပြုပုံ-
ကျွန်တော် ကျွန်မများအပေါ်မှာ တစုံတခုသော
အပြစ်ကို မြင်သော်၄င်း, ကြားသော်၄င်း,
ယုံမှားသံသယ ရှိသော်၄င်း ပြောဆိုကြပါ၊
ပြုပြင်ကြပါ။ ကျွန်တော် ကျွန်မတို့ လိုက်နာကျင့်သုံးကြပါမည်-ဟု အချင်းချင်း ဖိတ်ကြားထားပါက တစုံတယောက်၏အပြစ်ကို တွေ့ရှိခဲ့သော် ၀မ်းသာစွာ ပြောဆိုပြုပြင်ပေးခြင်း, လိုက်နာကျင့်သုံးခြင်းတို့ဖြင့် "ကျီးကို ဘုတ်က ရိုသေ, ဘုတ်ကို ကျီးက ရိုသေ" ဆိုရိုးစကားကဲ့သို့ အချင်းချင်း တဦးနှင့်တဦးဂါရ၀ နိဝါတ တရား (ဂါရ၀-ရိုသေထိုက်သူကို ရိုသေခြင်း၊ နိဝါတ-မိမိကိုယ်ကို နှိမ့်ချခြင်း၊ မာန မရှိခြင်း။) လက်ကိုင်ထားကြလျက် မာန်မာနကင်းရှင်းကြ၍ ယခုဘ၀၌လည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေထိုင်ကြရပြီးလျှင် နောင်သံသရာ၌လည်း တဦးမေတ္တာ တဦးမှာ ကူးယှက်ခါဖြင့် အချင်းချင်း ကူညီဖေးမ,နိုင်ကြသော
ကြောင့် လူ-နတ်-နိဗ္ဗာန် သုံးတန်သောချမ်းသာတို့ကို ရရာရကြောင်း ထုံးကောင်းဖြစ်ပါသည်။
ထို့ပြင် ဝါကျွတ်ချိန်အခါ၌ မိဘများအား သားသမီးများက ပူဇော်ကန်တော့ခြင်း, ဆရာများအား တပည့်များက ပူဇော်ကန်တော့ခြင်း, အဘိုးအဘွားစသော သက်ကြီးရွယ်ကြီးများအား ငယ်ရွယ်သူများက ပူဇော်ကန်တော့ခြင်း, မိဘ, ဆရာ, သက်ကြီးရွယ်ကြီးတို့ကလည်း ဆုပေးခြင်း, ဆုံးမစကားများ ပြောဆိုခြင်း-ဟူသော အချင်းချင်း ကာယကံမေတ္တာ, ၀စီကံမေတ္တာ, မနောကံမေတ္တာများကို ခံယူကြရသောကြောင့် ကိုယ်ရောစိတ်ပါ ချမ်းသာကြလျက် ကုသိုလ်တရားများ တိုးပွားကြပါသည်။
ထိုကဲ့သို့ အပြစ်တွေကင်း ကျန်းမာချမ်းသာခြင်း ဖြစ်ကြဖို့ရန်အတွက် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့၌ ပဝါရဏာပြုကြရခြင်း ဖြစ်သည်။
တိပိဋက မြန်မာပြန်
#ဓမ္မစစ်
Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
30/05/2025
#မင်းကွန်း
Click here to claim your Sponsored Listing.
Location
Category
Address
Yangon