11/03/2026
တစ်နေ့တစ်နေ့ ဒီဂျစ်တယ်အနှောင့်အယှက်တွေကြောင့် ရည်မှန်းထားတဲ့အလုပ်တွေမပြီးပဲ အချိန်တွေသာကုန်သွားလို့ စိတ်ညစ်နေလား?
ဒီီဗီဒီယိုမှာ ဒီဂျစ်တယ်အနှောင့်အယှက်တွေကို လက်တွေ့ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို မျှဝေထားပါတယ်။
ကြည့်ရှုအားပေးကြပါဦး❤️
ဒီဂျစ်တယ်အနှောင့်အယှက်တွေခံနေရလား?
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
10/02/2026
မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းနေတယ်လို့ ခံစားနေရသလား?
ဒီဗီဒီယိုမှာ ကိုယ်ရေးကိုယ်တာ၊ အလုပ်အကိုင်နဲ့ စိတ်ခံစားမှုပိုင်းမှာ တိုးတက်ချင်တဲ့ မိခင်တွေအတွက် လက်တွေ့ကျတဲ့ စိတ်နေသဘောထား ပြောင်းလဲမှုတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေး အကြံပြုချက်တွေကို မျှဝေပေးထားပါတယ်။ 💛
မိခင်များအတွက်ယုံကြည်မှုတိုးတက်စေမယ့်နည်းလမ်းကောင်းများ..
မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းနေတယ်လို့ ခံစားနေရသလား။ ဒီဗီဒီယိုမှာ ကိုယ်ရေးကိုယ်တာ၊ အ....
14/11/2025
အလုပ် နဲ့ မိသားစုဘဝကို ဟန်ချက်ညီအောင် ထိန်းညှိရင််း မေမေတို့မှာ စိတ်ပင်ပန်းနေပြီလား?
ဒီဗီဒီယိုမှာ မိခင်တွေအတွက် တကယ်အလုပ်ဖြစ်တဲ့ အချိန်စီမံခန့်ခွဲမှု ဗျူဟာတွေကို မျှဝေပေးထားပါတယ်။ ဒါတွေက ကိုယ်တိုင်ကျင့်သုံးနေတဲ့ လက်တွေ့ကျပြီး အကျိူးရှိစေတဲ့ အကြံပြုချက်တွေဖြစ်တဲ့အတွက် မိခင်တို့အတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
A Series of Career Tips for Moms.
Series #3: Time Management Secrets for Busy Moms
Time Management Secrets for Busy Moms
အလုပ် နဲ့ မိသားစုဘဝကို ဟန်ချက်ညီအောင် ထိန်းညှိရင််း မေမေတို့မှာ စိတ်ပင်ပန်းနေပြီလား?ဒီဗီဒီယိုမှာ မိခင်တွေ....
14/11/2025
ိုတာ
ဒီဖက်ခေတ်မှာ လူပြောများလာတဲ့ Personal brand ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဆိုတာ တကယ်တော့ ကျွန်မတို့အားလုံးမှာရှိပြီးသားဖြစ်တယ်။ ကျွန်မတို့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဆိုတာ ကျွန်မတို့ရဲ့ တန်ဖိုးထားမှုတွေ၊ ယုံကြည်ချက်တွေ၊ ကိုယ်ရည်ကိုယ်သွးတွေကို ထင်ဟပ်စေခြင်းပဲဖြစ်တယ်။
Personal brand နဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်တွေအမျိုးအမျိုးရှိကြတဲ့အထဲမှ Amazon ရဲ့ CEO ဖြစ်တဲ့ Jeff Bezos က Personal brand ဆိုတာ “အခန်းထဲမှာ မင်းမရှိတဲ့အခါ မင်းရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်က မင်းအကြောင်း လူတွေပြောတဲ့အရာ ဖြစ်တယ်” လို့ ဖွင့်ဆိုထားတယ်။
Tom Peter (1997) အဆိုအရ “ဘယ်လို အသက်အရွယ် ဖြစ်ဖြစ်၊ ဘယ်လိုရာထူးမှာဖြစ်ဖြစ် ၊ ဘယ်လုပ်ငန်းပဲ လုပ်ကိုင်သည်ဖြစ်ဖြစ်၊ Branding ရဲ့ အရေးပါပုံကို အားလုံး နားလည်ထားဖို့ လိုပါတယ်။ ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီများ၏ CEO များဖြစ်ကြတယ်။ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ဆို၊ မဖြစ်မနေ လုပ်ကိုလုပ်ရမဲ့ အရေးကြီးဆုံးအလုပ်ကတော့ You လို့ ခေါ်တဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်အတွက် စျေးကွက်ရှာဖွေတတ်သူ ဖြစ်ဖို့လိုတယ်” ။
Personal brand နဲ့ပတ်သက်ပြီး The Celebrity Branding Agency (n.d.) အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ “တစ်စုံတစ်ယောက်က မင်းနာမည်ကြားလိုက်တာနဲ့ သူတို့ခေါင်းထဲ ဘယ်အရာဝင်လာသလဲ။ ဆိုးတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ်၊ အဲ့ဒါ မင်းရဲ့ brand ပဲဖြစ်တယ်။”
Personal brand ကိုယ်ပိုင်အမှတ်တံဆိပ်ကို နားလည်ခြင်း၊ ကောင်းမွန်အောင် ပြုလုပ်ခြင်းက job satisfaction ပိုရရှိစေသလို ကိုယ်အလိုရှိတဲ့အတိုင်း ကိုယ့်ရဲ့ career တိုးတက်စေဖို့လည်း ကူညီပေးနိုင်ကြောင်း ဝေမျှလိုက်ရပါတယ်။
WAI Academy
Building Skills, Shaping Future.
Repost
28/10/2025
ကျွန်မတို့တွေက motivation ရှိတဲ့အခါ အသစ်အဆန်းတစ်ခုခုကို စတင်ရတာကို ရင်ခုန်စိတ်လှုပ်ရှားကြတယ်။ အဲ့ဒီခံစားမှုကို ကြိုက်ကြတယ်။ ဒါပေမယ့် motivation က မီးတောက်လေး တစ်ခုလိုပဲ။ ခဏတာတောက်ပပေမယ့် အရှိန်ကုန်သွားတော့ ပျောက်ကွယ်သွားတတ်တယ်။ အဲ့ဒီလို ပျောက်ကွယ်သွားတဲ့အခါ ဘယ်အရာက ရှေ့ဆက်ဖို့ တွန်းနေသလိုဆိုရင် consistency ဆိုတဲ့ တစိုက်မတ်မတ် စွဲစွဲမြဲမြဲရှိတဲ့ စိတ်ဓါတ်ပဲဖြစ်တယ်။
Motivation က အလုပ်တစ်ခုစတတင်ဖို့အတွက် လိုအပ်တဲ့အရာဖြစ်တယ်။ ဒါပေမယ့် consistency ကသာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံကြုံ ရှေ့ဆက်လုပ်ဖြစ်စေဖို့ ကူညီပေးမှာဖြစ်တယ်။ စိတ်ခွန်အားမရှိလို့၊ စိတ်မပါလို့ မလုပ်ချင်တော့တဲ့နေ့တွေမှာတောင် လုပ်မယ်လို့ သတ်မှတ်ထားတဲ့အရာတွေကို ဖြစ်မြောက်အောင် လုပ်မှာဖြစ်တယ်။
သေချာစဉ်းစားကြည့်ပါ။
အားကစားသမားတစ်ယောက်က motivationရှိမှ လေ့ကျင့်တာ မဟုတ်ဘူး။
စာရေးသူတစ်ယောက်က စိတ်ကူးပေါက်မှ စာထရေးတာ မဟုတ်ဘူး။
အောင်မြင်တဲ့ပရော်ဖက်ရှင်နယ်တစ်ယောက်က သာယာအဆင်ပြေတဲ့နေ့ပဲ အလုပ်လုပ်နေတာမဟုတ်ဘူး။
သူတို့အားလုံး လက်ခံနားလည်ထားတာက consistency တစိုက်မတ်မတ်လုပ်ဆောင်ခြင်းက အရှိန်အဟုန်ကို ဖြစ်စေတယ်။ အရှိန်အဟုန်က အကျိုးရလဒ်တွေကို ဖြစ်ပေါ်စေတယ်။
ကိုယ်က ပေါ်လိုက်ပျောက်လိုက် မဖြစ်ဘူးဆို ကိုယ့်ကိုယ်ကို ကတိတည်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှု တိုးတယ်။ အချိန်ကြာလာတာနဲ့အမျှ consistency ဟာ ကိုယ့်ရဲ့ အကြီးမားဆုံး စူပါပါဝါ ဖြစ်လာတယ်။
ဒါ့ကြောင့် နောက်တစ်ကြိမ် “အလုပ်လုပ်ချင်စိတ်မရှိဘူး” လို့ ခံစားနေရရင်
Motivation က မီးတောက်ဖြစ်ပြီး
Consistency က အဲ့ဒီမီးတောက်လေး ဆက်ပြီး လောင်ကျွမ်းနေစေဖို့ ဖြစ်တယ် ဆိုတာကို သတိရပေးပါ။
27/10/2025
ကျွန်မတို့တွေက တိုးတက်ချင်တယ်၊ ကြီးပွားချင်တယ်။ ဒါပေမယ့် မိမိကိုယ်ကို သေချာနားမလည်ဘူးဆိုရင် မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ပုဂ္ဂိုလ်ရေးရာဖွံဖြိုးတိုးတက်မှု၊ ပရော်ဖက်ရှင်နယ်မှာဖွံ့ဖြိုးတိုးတက်မှု အတွက်ဆို မိမိကိုယ်ကို သိရှိနားလည်ခြင်း Self-awareness ဆိုတဲ့ ခြေတစ်လှမ်းနဲ့ စတင်ရမှာ ဖြစ်ပါတယ်။
🔸မိမိကိုယ်ကို သိရှိနားလည်ခြင်းဆိုတာ ဘာလဲ?
မိမိကိုယ်ကို သိရှိနားလည်ခြင်းဆိုတာ ကိုယ့်ရဲ့အတွေးတွေ၊ ခံစားချက်တွေ၊ အပြုအမူတွေကို ဝေဖန်ပြစ်တင်မှုမလုပ်ပဲ ရိုးသားတဲ့စိတ်၊ စူးစမ်းလိုစိတ်နဲ့ စောင့်ကြည့်လေ့လာခြင်းဖြစ်တယ်။
အဲ့ဒီလို စောင့်ကြည့်လေ့လာခြင်းဖြင့် ကိုယ်ကဘာကြောင့် ဒီလိုတုံ့ပြန်ရတာလဲ၊ ကိုယ့်စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အရာတွေက ဘာတွေလဲ၊ ကိုယ့်ကို ဘယ်အရာတွေက လှုံ့ဆော်ပေးသလဲ၊ ဘယ်နေရာတွေမှာ ကိုယ်က အားသာလဲ၊ ဘယ်နေရာတွေမှာ အားနည်းသလဲဆိုတာ အသေအချာနားလည်လာမှာဖြစ်တယ်။
ကိုယ့်ကိုယ်ကို သတိထားမိလာတဲ့အခါ ဘဝကို ဖြစ်သလို မနေတော့ဘူး။ ဖြစ်သလို မဖြတ်သန်းတော့ဘူး။ အကျင့်စရိုက်တွေ၊ ကြောက်ရွံ့မှုတွေ၊ ပြင်ပဖိအားတွေနဲ့ မောင်းနှင်ခံရမယ့်အစား ကိုယ့်ရဲ့စံတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ရွေးချယ်မှုတွေကို သတိရှိရှိနဲ့ စတင်ပြုလုပ်နိုင်မှာဖြစ်တယ်။
🔸မိမိကိုယ်ကိုသိရှိနားလည်ခြင်းက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာကြောင့်အရေးကြီးတာလဲ?
မိမိကိုယ်ကို သိရှိနားလည်းမှု မရှိဘူးဆိုရင် တိုးတက်ကြီးပွားမှုက ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ တစ်ခြားသူတွေလုပ်နေတဲ့အရာတွေကို ကြည့်ပြီး ကိုယ်နဲ့မအပ်စပ်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေချမှတ်နိုင်သလို ကိုယ့်ကိုစိတ်ကျေနပ်မှု အပြည့်အဝမပေးနိုင်တဲ့ အောင်မြင်မှုတွေကိုလည်း လိုက်ရှာနိုင်ပါတယ်။
ဒါပေမယ့် မိမိကိုယ်ကို နားလည်လာတဲ့အခါမှာ
o ကိုယ့်ကို နောက်ပြန်ဆွဲတဲ့ ပုံစံတွေကို သိလာလိမ့်မယ်။
o ကိုယ့်ကို ဘယ်အရာတွေက ခွန်အားတွေပေးပြီး ဘယ်အရာတွေက ပင်ပန်းစေသလဲဆိုတာကို နားလည်လာလိမ့်မယ်။
o ကိုယ့်ရဲ့ blind spots တွေကို ဖော်ထုတ်လာနိုင်ပြီးတော့ အဲ့ဒီအရာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နိုင်လာလိမ့်မယ်။
အတိုချုပ်ပြောရရင် မိမိကိုယ်ကို သိရှိနားလည်ခြင်းက ကိုယ်သွားမဲ့ခရီးကို လမ်းညွှန်ပေးတယ်။ မှောင်နေတဲ့ အခန်းထဲမှာ မီးဖွင့်လိုက်သလို စမ်းတဝါးဝါးမဖြစ်ပဲ အလင်းပြပေးတယ်။ မိမိကိုယ်ကို သိရှိနားလည်လာတဲ့အခါ အခုလက်ရှိ ကိုယ်ဘယ်ရောက်နေသလဲ၊ ဘယ်ကိုသွားချင်သလဲဆိုတာကို မြင်နိုင်လာတယ်။
🔸မိမိကိုယ်ကို သိရှိနားလည်အောင်ဘယ်လိုလုပ်ရမလဲ?
ရိုးရှင်းပြီးအလုပ်ဖြစ်တဲ့နည်းလမ်းတွေကိုဖော်ပြရမယ်ဆိုရင်
✅နေ့စဉ် ဆင်ခြင်သုံးသပ်ပါ။
နေ့စဉ် ငါးမိနစ်လောက်အချိန်ယူပြီး “ငါ ဒီနေ့ ဘာတွေ အဆင်ပြေခဲ့သလဲ? ဘာတွေ အဆင်မပြေခဲ့ဘူးလဲ? ငါ ဘယ်လို လုပ်ခဲ့သလဲ? ဒီမေးခွန်းတွေကို မိမိကိုယ်ကိုမေးကြည့်ပါ။ အခုလို ဆင်ခြင်သုံးသပ်ခြင်းက အတွေ့အကြုံတွေကို ထိုးထွင်းသိမြင်ဉာဏ်အဖြစ် ပြောင်းလဲပေးတယ်။
✅Feedback တောင်းခံပါ။
တစ်ခါတလေ ကိုယ်မမြင်နိုင်တဲ့အရာတွေကို တစ်ခြားသူတွေက မြင်တတ်ကြတယ်။ ဒါ့ကြောင့်မို့ ကိုယ်စိတ်ချယုံကြည်ရတဲ့ အားကိုးအားထားပြုလို့ရတဲ့ မိတ်ဆွေသူငယ်ချင်း၊ ဆရာသမား တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ရဲ့အားသာချက်တွေ၊ တိုးတက်မှုတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ သတိထားမှုတွေကို မျှဝေဖို့ တောင်းဆိုသင့်တယ်။
✅ကိုယ့်အတွေးတွေကို မှတ်တမ်းရေးပါ။
စာရေးသားခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ရှင်းလင်းစေပြီးတော့ ထပ်တလဲလဲဖြစ်ပေါ်နေတဲ့ ပုံစံတွေကိုလည်း ဖော်ထုတ်ဖို့ ကူညီပေးတယ်။ အချိန်ကြာလာတာနဲ့အမျှ ဘယ်အရာတွေက ကိုယ့်အတွက် အမှန်တကယ်အရေးကြီးသလဲဆိုတာ သိမြင်လာပါလိမ့်မယ်။
✅သတိပဌာန် လေ့ကျင့်ပါ။
ကိုယ့်ရဲ့ခံစားချက်တွေကို ချက်ချင်းတုံ့ပြန်မှုမလုပ်ဘဲ သတိထားစောင့်ကြည့်ပါ။ သတိရှိနေတဲ့အခါ စိတ်လိုက်မာန်ပါတုံ့ပြန်မဲ့အစား ဆင်ခြင်တုံတရားနဲ့တုံ့ပြန်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။
✅သက်တောင့်သက်သာမဖြစ်မှုကို လက်ခံပါ။
တိုးတက်ကြီးပွားမှုဆိုတာ သက်သက်သာသာမရှိမှုကနေ စတင်လေ့ရှိတယ်။ အဲ့ဒီလိုအခြေအနေမျိုးကို ရှောင်းရှားမဲ့အစား အဲ့ဒီအခြေအနေမှာ ကိုယ့်ရဲ့ခံစားချက်က ကိုယ့်ကို ဘာတွေသင်ကြားပေးသလဲဆိုတာ မေးရမှာဖြစ်တယ်။
မိမိကိုယ့်ကို သိရှိနားလည်လာတာနဲ့အမျှ ပြောင်းလဲမှု ဖြစ်လာတာ့မှာ သေချာပါတယ်။ စည်းဘောင်တွေ သတ်မှတ်လာမယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ရည်မှန်းချက်ပန်းတိုင်တွေဆီရောက်အောင် ကြိုးစားလာမယ်။ ကောင်းမွန်တဲ့အနာဂတ်ကိုပံ့ပိုးပေးမဲ့ အလေ့အကျင့်ကောင်းတွေကို ဖွံဖြိုးတိုးတက်စေမယ်။
မိမိကိုယ်ကို သိရှိနားလည်ခြင်းဆိုတာ တစ်ခါတည်းနဲ့ ပြီးပြည့်စုံသွားပြီလို့ မဆိုလိုပါဘူး။ အမြဲတမ်း တိုးတက်အောင် မိမိကိုယ်ကို ရိုးသားဖို့ပဲ လိုပါတယ်။
အရေးအကြီးဆုံးသတိပြုရမှာက ကိုယ်ဘယ်သူလဲဆိုတာ နားမလည်မချင်း ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် မိမိကိုယ်ကို သိရှိနားလည်ခြင်း နဲ့ စတင်ပါ။ ဒါဆို တိုးတက်ကြီးပွားမှုက သူ့အလိုလို ဖြစ်ပေါ်လာပါလိမ့်မယ်။
10/10/2025
ဘဝမှာ ကိုယ်နဲ့လိုက်ဖက်တဲ့ အသက်မွေးဝမ်းမှုကို ရွေးချယ်လုပ်ကိုင်ခြင်းက အင်မတန်ကို အရေးကြီးတယ်။
ဘာဖြစ်လို့လဲဆို Career Development Theory တွေထဲက တစ်ခုဖြစ်တဲ့ "Vocational Types Theory" အသက်မွေးဝမ်းကြောင်းရွေးချယ်မှုသီအိုရီကို ၁၉၅၉ ခုနှစ်မှာ ပထမဆုံး ဖော်ထုတ်ခဲ့တဲ့ John Holland က
လူပေါင်းများစွာနဲ့ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေကို လေ့လာမှုတွေပြုလုပ်ပြီးတဲ့နောက်မှာ
“သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်ရှိသူတွေက မရှိသူတွေထက် ပိုပြီး စိတ်ကျေနပ်ပျော်ရွှင်ကြကြောင်း” လေ့လာတွေ့ရှိခဲ့တယ်။
01/10/2025
ကလေးတွေကိုလည်း စောင့်ရှောက်ရင်း ကိုယ်ပိုင်ဝင်ငွေလည်းရှာချင်ပါသလား?
ဒီဗီဒီယိုမှာ လက်တွေ့ကျပြီး မိခင်တို့နဲ့ အကိုက်ညီဆုံး work options များကို မျှဝေထားပါတယ်။
မိခင်တို့အတွက်အကောင်းဆုံးအလုပ်များ
ကလေးတွေကိုလည်း စောင့်ရှောက်ရင်း ကိုယ်ပိုင်ဝင်ငွေလည်းရှာချင်ပါသလား?ဒီဗီဒီယိုမှာ လက်တွေ့ကျပြီး မိခင်တို့န....
14/09/2025
အကြောင်းတစ်ခုခုကြောင့် လုပ်ငန်းခွင်ကနေ အချိန်အတိုင်းအတာ တစ်ခုအထိ အနားယူပြီး အလုပ်ပြန်စလုပ်ဖို့အတွက် မဝံ့မရဲဖြစ်နေပါသလား?
ဒါဆိုရင် အလုပ်ပြန်စလုပ်ဖို့အတွက် လက်တွေ့ကျတဲ့ အဆင့် ၄ ဆင့်ကို ဒီဗီဒီယိုမှာ မျှဝေထားပါတယ်။
How to restart your Career after a break?
အကြောင်းတစ်ခုခုကြောင့် လုပ်ငန်းခွင်ကနေ အချိန်အတိုင်းအတာ တစ်ခုအထိ အနားယူပြီး ယခုအခြေအနေမှာ အလုပ်ပြန်စလုပ်...
08/09/2025
Risk လို့ ဆိုလိုက်တာနဲ့ များသောအားဖြင့် ရှောင်ရမဲ့အရာလို့ ထင်တတ်ကြတယ်။ အမြဲစိတ်ချရအောင်လုပ်၊ သတ်မှတ်ထားတာကိုလိုက်နာ၊ မမှားစေဖို့ သတိထား ဆိုပြီး သင်ကြားခံရတာ များတယ်။ ဒါပေမယ့် အမှန်တကယ်မှာတော့ risk မယူခြင်းက အကာအကွယ်ရနေတာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ဘာမှမလုပ်ရဲမကိုင်ရဲနဲ့ ကိုယ့်ကိုယ်ကို ပိတ်ပင်ထားလိုက်တာပဲဖြစ်ပါတယ်။
လောကကြီးက အလျင်အမြန် ပြောင်းလဲနေတာဖြစ်တယ်။ အခွင့်အလမ်းတွေ ဆိုတာက အဆင်သင့်ဖြစ်တဲ့အချိန်ထိ စောင့်နေမှာမဟုတ်ပါဘူး။ အကယ်၍ ကျွန်မတို့က perfect moment ကို စောင့်နေရင် အဲ့ဒီအရာက ကျော်လွန်သွားမှာဖြစ်တယ်။ ဆုံးရှုံးမှုကိုကြောက်လို့ risk မယူပဲနေမယ်ဆိုရင်လည်း အောင်မြင်နိုင်ချေကို ပိတ်ဆို့လိုက်တာပဲ ဖြစ်တယ်။
စဉ်းစားကြည့်ပါ။
• Career မှာ အောင်မြင်မှုရတဲ့လူတွေက အသစ်အဆန်းတွေကို စမ်းကြည့်ဝံ့ခဲ့တဲ့သူတွေပါ။
• လေးစားဂုဏ်ပြုထိုက်တဲ့ ခေါင်းဆောင်တွေကလည်း ဘာ risk မှမယူပဲနဲ့ ဒီလိုနေရာကို ရောက်လာကြတာ မဟုတ်ပါဘူး။
• ကျေနပ်ပျော်ရွှင်နေသူတွေက သူတို့ရဲ့ဘဝမှာ၊အလုပ်မှာ ယူသင့်တဲ့ risk တွေ ယူခဲ့ကြသူတွေဖြစ်တယ်။ ဘဝလမ်းခရီးမှာ လဲကျခဲ့ရင်တောင် နည်းလမ်းအသစ်တွေ ရှာဖွေခဲ့သူတွေဖြစ်တယ်။
ဟုတ်ပါတယ်။ risk ယူရင် တစ်ခါတစ်လေ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျရှုံးမှုတွေက ကျွန်မတို့ကို သင်ခန်းစာတွေပေးတယ်။ ခွန်အားတွေပေးတယ်။ နည်းလမ်းအသစ်တွေကို ညွှန်ပေးပါတယ်။ဘဝတလျှောက်လုံး ဘာ risk မှမယူပဲ နေမယ်ဆိုရင်တော့ ဘဝနေဝင်ချိန်မှာ နောင်တတွေသာ ရရှိပါလိမ့်မယ်။
ကျရှုံးတာက ကိစ္စမရှိဘူး။ အကြီးမားဆုံး အန္တရာယ်ကတော့ ဘဝမှ ဘယ်တော့မှ စမ်းသပ်ကြိုးစား မလုပ်ကြည့်ခြင်းသာဖြစ်တယ်။
အဲ့ဒီတော့
👉 ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို စတင်လိုက်ပါ။
👉 စဉ်းစားနေတဲ့ အိုင်ဒီယာကို စတင်အကောင်အထည်ဖော်လိုက်ပါ။
👉 စိတ်လှုပ်ရှားရင်ခုန်ဖွယ်ကောင်းတဲ့ အခွင့်အလမ်းတွေကို လက်ခံလိုက်ပါ။
ဘဝမှာ အကြီးမားဆုံး risk က ဘာ risk မှ မယူတာပဲ ဖြစ်တယ်ဆိုတာ သတိရပါ။
September 8, 2025
WAI Academy
31/08/2025
စိတ်ထဲမှာမွန်းကြပ်ပြီး ကိုယ့်ကိုယ်ကို အားမရဖြစ်နေလား?
ကြိုးစားနေပေမယ့် ရှေ့ကိုမရောက်ဘူးလို့ ခံစားနေရပါသလား?
ဒီဗီဒီယိုမှာ ဘယ်လိုလက္ခဏာရပ်တွေ၊ ဘယ်လိုအခြေအနေတွေမှာ coaching ယူဖို့လိုအပ်လဲဆိုတာကို မျှဝေပေးထားပါတယ်။
WAI Academy က စီစဉ်ပေးထားတဲ့ Coaching session ကို စိတ်ဝင်စားတယ်ဆိုရင် comment မှာပေးထားတဲ့ link တွေမှတဆင့် ဆက်သွယ်စာရင်းပေးလို့ရပါတယ်။
&PersonalGrowth
Coaching ယူဖို့လိုအပ်နေကြောင်း ဘယ်လိုသိနိုင်မလဲ။
စိတ်ထဲမှာမွန်းကြပ်ပြီး ကိုယ့်ကိုယ်ကို အားမရဖြစ်နေလား? ကြိုးစားနေပေမယ့် ရှေ့ကိုမရောက်ဘူးလို့ ခံစားနေရပါသလ...