Future Plus Education

Call Directions Contact the school

Future Plus Education Learning and Development Centre for young learners and adult learners

🧠 Quiz Answerမနေ့က Quiz ရဲ့ အဖြေမှန်ကတော့ —C. 30 cm³ ဖြစ်ပါတယ်။ 🎉💡 ဘာကြောင့် 30 cm³ ဖြစ်တာလဲ?Cuboid ရဲ့ Volume ကို ရှာဖိ...
18/09/2026

🧠 Quiz Answer

မနေ့က Quiz ရဲ့ အဖြေမှန်ကတော့ —
C. 30 cm³ ဖြစ်ပါတယ်။ 🎉

💡 ဘာကြောင့် 30 cm³ ဖြစ်တာလဲ?

Cuboid ရဲ့ Volume ကို ရှာဖို့ —
Length × Width × Height
နဲ့ တွက်ပါတယ်။ 👇

📏 Length = 5 cm
📐 Width = 3 cm
↕️ Height = 2 cm

ဒါကြောင့် —
5 × 3 × 2 = 30 cm³ ✅

ဒါပေမယ့် ဘာကြောင့် ဒီလိုတွက်တာလဲ? 🤔

အရင်ဆုံး Cuboid ရဲ့ အောက်ခြေကို ကြည့်ရအောင်။

5 × 3 = 15 cm²
ဆိုတော့ အောက်ခြေဧရိယာက 15 cm² ရပါတယ်။

အဲ့ဒီအောက်ခြေဧရိယာကနေ 2 cm အမြင့်အထိ ရှိတဲ့အတွက် —
15 × 2 = 30 cm³ 📦

အဲ့ဒါကြောင့် Length × Width × Height နဲ့ တွက်ရတာပါ။

🧠 Formula ကို အလွတ်မှတ်ထားရုံမဟုတ်ဘဲ
“ဘာကို ဘာကြောင့် မြှောက်တာလဲ?” ဆိုတာ နားလည်ထားရင်
Volume ကို ပိုပြီး သဘောပေါက်လာနိုင်ပါတယ်။

Future Plus Maths မှာလည်း ကလေးတွေကို အဖြေတစ်ခုရဖို့အတွက်သာမက
သဘောတရားကို နားလည်ပြီး ကိုယ်တိုင်စဉ်းစားဖြေရှင်းတတ်အောင် လေ့ကျင့်ပေးနေပါတယ်။ 💜

📌 မနေ့က Quiz Post ကို မကြည့်ရသေးတဲ့သူတွေအတွက်
Link ကို Comment မှာ ထည့်ပေးထားပါတယ်နော်။

🛏 ညအိပ်ရာဝင်ခါနီးအချိန်တိုင်း သားသားမီးမီးတို့ဆီက ထွက်လာတတ်တဲ့ “ဘာလို့လဲ?” ဆိုတဲ့ မေးခွန်းတွေကြောင့် ရယ်ရခက်၊ ဖြေရခက်ဖြစ...
18/09/2026

🛏 ညအိပ်ရာဝင်ခါနီးအချိန်တိုင်း သားသားမီးမီးတို့ဆီက ထွက်လာတတ်တဲ့ “ဘာလို့လဲ?” ဆိုတဲ့ မေးခွန်းတွေကြောင့် ရယ်ရခက်၊ ဖြေရခက်ဖြစ်ဖူးပါသလား ဖေဖေ၊ မေမေတို့ရေ...🤭

"ကမ္ဘာကြီးက ဘာလို့ လည်တာလဲဟင်?" ဆိုတဲ့ မေးခွန်းလေးတွေက သူတို့ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို ပုံဖော်ပေးမယ့် သင်ယူလိုစိတ် အစပဲ ဖြစ်ပါတယ်။ 💡

ဒီနေ့မှာတော့ ဒီလိုအမေးများတဲ့ ကလေးတွေရဲ့ မေးခွန်းတွေအတွက် တစ်ခါတည်း ရှင်းပြပေးလို့ရမယ့် သိပ္ပံအကြောင်းအရာတွေနဲ့အတူ English Vocabulary နဲ့ Grammar ကိုပါ တစ်ခါတည်း လေ့လာကြရအောင်! 🚀

🪐 1. PLANET — ဂြိုလ်

ကျွန်တော်တို့နေထိုင်နေတဲ့ Earth ကိုယ်တိုင်က Planet တစ်လုံးပါ။
"Earth is a planet that we live on."

☀️ 2. ORBIT — ပတ်လမ်းအတိုင်း လှည့်ပတ်သည်

ဂြိုလ်တွေဟာ အာကာသထဲမှာ လွင့်မျောနေတာမဟုတ်ဘဲ Orbit လို့ခေါ်တဲ့ သတ်မှတ်ထားတဲ့ ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေကြတာပါ။

🌍 ကမ္ဘာက နေကို တစ်ပတ်ပတ်ဖို့ 365 ရက်ခန့် ကြာပါတယ်။
"The Earth orbits the Sun once a year."

🌞 3. CENTER — ဗဟို

☀️ ကျွန်တော်တို့ရဲ့ Solar System မှာတော့ နေက အလယ်ဗဟိုမှာရှိပါတယ်။
"The Sun is at the center of our solar system."

💡 Future ELC Grammar Tip

အခု စာကြောင်းလေးတွေကို သေချာကြည့်လိုက်ရင်—
👉 Earth orbits
👉 The Sun is
👉 Earth is
ဆိုပြီး Present Simple Tense ကိုသုံးထားတာတွေ့ကြရမှာပါ။

Scientific Facts လိုမျိုး အမြဲမှန်ကန်နေတဲ့ အချက်အလက်တွေ၊ သဘာဝတရားအတိုင်း ဖြစ်ပျက်နေတဲ့ အရာတွေကို ပြောတဲ့အခါ Present Simple Tense ကို အသုံးပြုပါတယ်နော်။

ကလေးတွေရဲ့ Future ကို ပိုမိုတောက်ပစေဖို့ Future ELC & Future Plus Education မှာ အရည်အသွေးပြည့်ဝတဲ့ Cambridge English & Academic Programmes တွေနဲ့အတူ လေ့လာနိုင်ပါတယ်။

အသေးစိတ်အချက်အလက်များကို Page Messenger မှတစ်ဆင့် စုံစမ်းနိုင်ပါတယ်။ 💜

Build a brighter future with us! ✨

🧠 [Future Plus Quiz Time!]ဖေဖေမေမေတို့ရေ…ဒီနေ့တော့ သားသားမီးမီးတို့ရဲ့ Volume တွက်ချက်နိုင်မှုကို စမ်းကြည့်ရအောင်။ ✨Cubo...
17/09/2026

🧠 [Future Plus Quiz Time!]

ဖေဖေမေမေတို့ရေ…
ဒီနေ့တော့ သားသားမီးမီးတို့ရဲ့ Volume တွက်ချက်နိုင်မှုကို စမ်းကြည့်ရအောင်။ ✨

Cuboid တစ်ခုမှာ—

📏 Length = 5 cm
📐 Width = 3 cm
↕️ Height = 2 cm

ဆိုရင် ဒီ Cuboid ရဲ့ Volume ဘယ်လောက်ရှိမလဲ?📦🤔

A. 10 cm³
B. 15 cm³
C. 30 cm³
D. 60 cm³

💡 Hint: Volume ဆိုတာ ဒီ Cuboid အတွင်းမှာ ဘယ်လောက်ဆံ့နိုင်လဲ ဆိုတာကို တိုင်းတာတာပါ။

👇 အဖြေမှန်ကို Comment မှာ ရွေးပေးခဲ့နော်!

အဖြေမှန်နဲ့ အလွယ်ဆုံးရှာနည်း ကို မနက်ဖြန်မှာ ပြန်လည်မျှဝေပေးသွားပါမယ်။ 💜

💜 အပတ်စဥ် အင်္ဂါနေ့တိုင်း ရုံးပိတ်ပါသဖြင့် ရုံးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သော ဖုန်းလက်ခံဖြေကြားခြင်းများနှင့် page...
14/09/2026

💜 အပတ်စဥ် အင်္ဂါနေ့တိုင်း ရုံးပိတ်ပါသဖြင့် ရုံးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သော ဖုန်းလက်ခံဖြေကြားခြင်းများနှင့် page reply ပြန်ခြင်းများအား ခေတ္တခဏ ရပ်နားထားမည်ဖြစ်ပြီး နောက်တစ်နေ့ ရုံးဖွင့်ရက်တွင် ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ 💛

* ယခင် ရုံးပိတ်ရက် သောကြာနေ့မှ အင်္ဂါနေ့သို့ ပြောင်းလဲ သတ်မှတ်ထားပါသည်။ *





ကလေးတွေအတွက် သင်္ချာဆိုတာ စာအုပ်ထဲမှာ တွက်ချက်ရတဲ့ ဘာသာရပ်တစ်ခုတည်း မဟုတ်ပါဘူး။နေ့စဉ်ဘဝမှာ မြင်နေရတဲ့ အရာတွေကိုကြည့်ပြီး...
14/09/2026

ကလေးတွေအတွက် သင်္ချာဆိုတာ စာအုပ်ထဲမှာ တွက်ချက်ရတဲ့ ဘာသာရပ်တစ်ခုတည်း မဟုတ်ပါဘူး။

နေ့စဉ်ဘဝမှာ မြင်နေရတဲ့ အရာတွေကိုကြည့်ပြီး
“ဘယ်လိုသိနိုင်မလဲ?” “ဘာကြောင့်လဲ?”
ဆိုပြီး စဉ်းစားကြည့်တာကလည်း သင်္ချာနဲ့ စဉ်းစားတတ်ဖို့ အခွင့်အရေးတစ်ခု ပါ။

📦 ဥပမာ အိမ်မှာရှိတဲ့ Box တစ်လုံး ကိုကြည့်ပြီး—

“ဒီ Box က ဘယ်လို ပုံစံမျိုး လဲ?”
“ဒီထဲမှာ ဘယ်လောက်ဆံ့မလဲ?”
“အတိအကျသိချင်ရင် ဘာတွေတိုင်းတာဖို့လိုမလဲ?”
လို့ ကလေးကို မေးကြည့်နိုင်ပါတယ်။

ဒီလိုမေးခွန်းလေးတွေက အဖြေကို မှတ်ထားပြီး ပြန်ဖြေတတ်ရုံထက်
မြင်နေရတဲ့အရာကို သင်္ချာနဲ့ ချိတ်ဆက်ပြီး ကိုယ်တိုင်စဉ်းစားတတ်ဖို့ အခွင့်အရေးပေးနိုင်ပါတယ်။

တစ်ခါတလေ အဖြေကို ချက်ချင်းပြောပေးတာထက်
“ဘယ်လိုသိနိုင်မလဲ?” “ဘာကြောင့်လဲ?”
ဆိုတဲ့ မေးခွန်းလေးတွေ ပြန်မေးပေးတာက ပိုအရေးကြီးပါတယ်။

✨ Future Plus Cambridge Maths မှာလည်း
Cambridge သင်ရိုးစံနှုန်းတွေအတိုင်း Maths concepts တွေကို နားလည်စွာ သင်ယူနိုင်ဖို့အပြင်၊ အကြောင်းအကျိုးဆက်စပ်ပြီး စဉ်းစားတတ်ခြင်းနဲ့ Problem-solving skills တွေကိုပါ ဖွံ့ဖြိုးလာစေဖို့ အလေးထားသင်ကြားပေးနေပါတယ်။ 💜

သံတစ်ချောင်းကို အချိန်ကြာကြာထားလိုက်တဲ့အခါအပေါ်မှာ သံချေး တက်လာတာကို တွေ့ဖူးကြမှာပါ။ဒါဆို “သံက အရောင်ပြောင်းသွားတာပဲ” လိ...
13/09/2026

သံတစ်ချောင်းကို အချိန်ကြာကြာထားလိုက်တဲ့အခါ
အပေါ်မှာ သံချေး တက်လာတာကို တွေ့ဖူးကြမှာပါ။

ဒါဆို “သံက အရောင်ပြောင်းသွားတာပဲ” လို့ ထင်ရနိုင်ပါတယ်။

တကယ်တော့ ဒီထက်ပိုပြီး နောက်ကွယ်မှာ ပြောင်းလဲမှုတစ်ခု ဖြစ်နေပါတယ်။

အဲ့တာကတော့ သံက လေထဲက Oxygen နဲ့ ရေငွေ့/အစိုဓာတ် နဲ့ တုံ့ပြန်တဲ့အခါ Rust လို့ခေါ်တဲ့ ပစ္စည်းအသစ် ဖြစ်ပေါ်လာပြီး အဲ့တာကပဲ မြင်တွေ့နေရတဲ့ သံချေး ဖြစ်လာတာကြောင့် ဖြစ်ပါတယ်။

ဒီလို မူလပစ္စည်းတွေ တုံ့ပြန်ပြီး ပစ္စည်းအသစ်တွေ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကို Chemical Reaction လို့ ခေါ်ပါတယ်။ 🧪

ဒါကြောင့် သံချေးတက်ပြီးတဲ့ သံကို မူလသံအတိုင်း လွယ်လွယ်နဲ့ ပြန်မရနိုင်တော့တာပါ။
ဘာကြောင့်လဲဆိုတော့ မူလပစ္စည်းနဲ့ မတူတဲ့ ပစ္စည်းအသစ် ဖြစ်ပေါ်လာလို့ပါ။

Cambridge Science မှာ ကလေးတွေ Chemical Reaction ကို လေ့လာတဲ့အခါ
“ပစ္စည်းက ဘာပစ္စည်း အသစ်ဖြစ်သွားလဲ?” ဆိုတာတင်မကဘဲ
Reaction ဖြစ်တဲ့အချိန်မှာ အတွင်းမှာရှိတဲ့ particles တွေ ဘယ်လိုပြောင်းလဲသွားလဲ ဆိုတာကိုပါ စဉ်းစားကြပါတယ်။

ဒါကြောင့် Chemical Reaction ကို နားလည်ဖို့ဆိုရင်
အပြင်မှာ မြင်ရတဲ့ ပြောင်းလဲမှုနောက်ကွယ်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကိုပါ စဉ်းစားဖို့ လိုပါတယ်။

✨ Future Plus Cambridge Science မှာလည်း သင်ခန်းစာတွေကို အလွတ်ကျက်ရုံမဟုတ်ဘဲ “ဘာကြောင့်လဲ?” “ဘယ်လိုဖြစ်တာလဲ?” ဆိုတဲ့ မေးခွန်းတွေနဲ့ Concept ကို နားလည်ပြီး စဉ်းစားတတ်အောင် လေ့လာစေပါတယ်။

🧠 Quiz Answerမနေ့က Quiz ရဲ့ အဖြေမှန်ကတော့ —B. 15 ဖြစ်ပါတယ်။ 🎉💡 ဘာကြောင့် 15 ဖြစ်တာလဲ?ကိန်းဂဏန်းတွေ တစ်ခုချင်းစီ ဘယ်လိုပြ...
11/09/2026

🧠 Quiz Answer

မနေ့က Quiz ရဲ့ အဖြေမှန်ကတော့ —
B. 15 ဖြစ်ပါတယ်။ 🎉

💡 ဘာကြောင့် 15 ဖြစ်တာလဲ?

ကိန်းဂဏန်းတွေ တစ်ခုချင်းစီ ဘယ်လိုပြောင်းလဲသွားလဲ ကြည့်ရအောင်။ 👇

3 → 6 = 3 ပေါင်း
6 → 9 = 3 ပေါင်း
9 → 12 = 3 ပေါင်း

ဒါကြောင့် ကိန်းဂဏန်းတိုင်းမှာ 3 စီ ထပ်ပေါင်းသွားတဲ့ Pattern ဖြစ်ပါတယ်။ ✅

အဲ့ဒီအတိုင်း ဆက်သွားမယ်ဆိုရင်—

3, 6, 9, 12, 15 ✅

ဒါကြောင့် အဖြေမှန်က B. 15 ပါ။

ဒီလို Number Pattern တွေကို ဖြေတဲ့အခါ အဖြေကို ခန့်မှန်းတာထက် “ဘာကြောင့် ဒီနံပါတ်ဖြစ်လာတာလဲ?” ဆိုတဲ့ Pattern ကို ရှာဖွေစဉ်းစားတာ က ပိုအရေးကြီးပါတယ်။ 🧠

Future Plus Maths မှာလည်း ကလေးတွေကို အဖြေတစ်ခုရဖို့အတွက်သာမက သဘောတရားကို နားလည်ပြီး ကိုယ်တိုင်စဉ်းစားဖြေရှင်းတတ်အောင် လေ့ကျင့်ပေးနေပါတယ်။ 💜

📌 မနေ့က Quiz Post ကို မကြည့်ရသေးတဲ့သူတွေအတွက် Link ကို Comment မှာ ထည့်ပေးထားပါတယ်နော်။

🧠 [Future Plus Quiz Time!]ဖေဖေ၊ မေမေတို့ရေ... 💜ဒီတစ်ပတ် Maths Quiz လေးကို သားသားမီးမီးတို့နဲ့အတူ စမ်းဖြေကြည့်ရအောင်။ 📊✨🔢...
10/09/2026

🧠 [Future Plus Quiz Time!]

ဖေဖေ၊ မေမေတို့ရေ... 💜
ဒီတစ်ပတ် Maths Quiz လေးကို သားသားမီးမီးတို့နဲ့အတူ စမ်းဖြေကြည့်ရအောင်။ 📊✨

🔢 Find the Next Number!
နောက်ထပ်ကိန်းဂဏန်းက ဘာဖြစ်မလဲ?

3, 6, 9, 12, ___

A. 14
B. 15
C. 16
D. 18

👇 အဖြေမှန်ကို Comment မှာ ရွေးပေးခဲ့နော်!

အဖြေမှန်နဲ့ အလွယ်ဆုံးရှာနည်း ကို မနက်ဖြန်မှာ ပြန်လည်မျှဝေပေးသွားပါမယ်။ 💜

သင်္ချာစာအုပ်ထဲမှာ −3, −5, −10 လို အနှုတ်ဂဏန်းတွေကို တွေ့တဲ့အခါ“ဒီဂဏန်းတွေက ဘာအတွက်လဲ?” လို့ သားသားမီးမီးတို့ စဉ်းစားဖူး...
07/09/2026

သင်္ချာစာအုပ်ထဲမှာ −3, −5, −10 လို အနှုတ်ဂဏန်းတွေကို တွေ့တဲ့အခါ
“ဒီဂဏန်းတွေက ဘာအတွက်လဲ?” လို့ သားသားမီးမီးတို့ စဉ်းစားဖူးကြလား? 👀

တကယ်တော့ အနှုတ်ဂဏန်း (Negative Numbers) တွေဟာ စာရွက်ပေါ်မှာ တွက်ချက်ဖို့အတွက်ပဲ ရှိနေတာမဟုတ်ပါဘူး။

နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခြေအနေအမျိုးမျိုးကို ဖော်ပြတဲ့နေရာမှာလည်း အသုံးပြုကြပါတယ်။

❄️ ၁။ အပူချိန် (Temperature)

အရမ်းအေးတဲ့ နိုင်ငံတွေရဲ့ ရာသီဥတုသတင်းတွေမှာ −3°C၊ −5°C ဆိုတာမျိုး တွေ့ဖူးကြမှာပါ။
0°C ကို အခြေခံပြီး အပူချိန်က 0°C အောက်ရောက်သွားတဲ့အခါ Negative Number နဲ့ ဖော်ပြတာပါ။

🌊 ၂။ ပင်လယ်ရေမျက်နှာပြင်အပေါ်၊ အောက် (Elevation)

ပင်လယ်ရေမျက်နှာပြင်ကို 0 လို့ သတ်မှတ်ထားမယ်ဆိုရင်
ပင်လယ်ရေမျက်နှာပြင်အောက်ကို ရောက်တဲ့အခါ − နဲ့ ဖော်ပြနိုင်ပါတယ်။
ဥပမာ — ပင်လယ်ရေမျက်နှာပြင်အောက် 20 metres ဆိုရင် −20 m လို့ ဖော်ပြနိုင်ပါတယ်။

💳 ၃။ ဘဏ်လက်ကျန်ငွေ (Bank Balance)

တစ်ခါတလေ ဘဏ်အကောင့်မှာ ကိုယ့်လက်ကျန်ငွေထက် ပိုသုံးမိပြီး Overdraft ဖြစ်သွားရင်၊ လက်ကျန်ငွေကို Negative Number နဲ့ ဖော်ပြနိုင်ပါတယ်။

ဒီလိုကြည့်လိုက်ရင် Negative Numbers ဆိုတာ သင်္ချာစာအုပ်ထဲမှာပဲ တွေ့ရတဲ့ ကိန်းဂဏန်းတွေ မဟုတ်ဘဲ၊ လက်တွေ့ဘဝမှာ အခြေအနေတချို့ကို နားလည်အောင် ဖော်ပြပေးတဲ့ ကိန်းဂဏန်းတွေ ဆိုတာ မြင်လာနိုင်ပါတယ်။ 🧠

Future Plus ရဲ့ Maths သင်ကြားရေးမှာလည်း ကိန်းဂဏန်းတွေကို အလွတ်မှတ်ပြီး တွက်ချက်တတ်ရုံထက်၊ “ဒီကိန်းက ဘာကိုဆိုလိုတာလဲ?” “လက်တွေ့ဘဝမှာ ဘယ်လိုအသုံးချနိုင်လဲ?” ဆိုတာကို နားလည်ပြီး စဉ်းစားတတ်အောင် အလေးထားပါတယ်။ 💜

👇 သားသားမီးမီးတို့ရော... Negative Numbers ကို နေ့စဉ်ဘဝမှာ တခြားဘယ်နေရာတွေမှာ တွေ့ဖူးသေးလဲ?
Comment မှာ ကိုယ်စဉ်းစားမိတဲ့ Example လေးတစ်ခု ရေးကြည့်ခဲ့ပါဦး! 💬

Address

Yangon

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 10:00 - 17:00

Telephone

+9595400776

Website

Alerts

Be the first to know and let us send you an email when Future Plus Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Future Plus Education:

Shortcuts

Share