Institute of Finance Profession

Institute of Finance Profession

Share

Empowering financial visionaries through groundbreaking financial education and investment expertise

07/06/2024

Institute of Finance Profession (IFP) မှဖွင့်လှစ်မယ့် (၅)ပတ်ကြာ အွန်လိုင်းပရိုဂရမ်တစ်ခုဖြစ်တဲ့ Mastering Financial Frontier : Navigating Capital Markets သင်တန်းအတွက် အခုပဲအပ်နှံနိုင်ပါပြီ။

Enroll Now - https://bit.ly/capital_markets_ifp


22/05/2024

"ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ထူးမြတ်လ ကဆုန်"

၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ ဘေးရန်ကင်းကွာ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း Institute of Finance Profession (IFP) မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


16/05/2024

📌Capital Markets ဆိုတာဘာလဲ? ဘယ်လိုအလုပ်လုပ်လဲ?

အရင်းအနှီးစျေးကွက် (Capital Markets) ဆိုတာ ကမ္ဘာ့ဘဏ္ဍာရေးအတွက် အလွန်အရေးပါပြီး ထိုစျေးကွက်အတွင်းမှာ financial securities တွေကို ဝယ်၊ရောင်းလုပ်ကြတဲ့အပြင် လုပ်ငန်းတွေအနေနဲ့လည်း ရန်ပုံငွေတွေကိုရှာဖွေကြပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း ငွေကြေးချမ်းသာမှုတည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေကို အရင်းအနှီးစျေးကွက်အတွင်းမှာ ရှာဖွေကြပါတယ်။

အရင်းအနှီးဈေးကွက်အတွင်းမှာ securities တွေဆိုတာ ကုမ္ပဏီများအတွင်း ပိုင်ဆိုင်မှု (စတော့ရှယ်ယာများ) သို့မဟုတ် အကြွေး (စာချုပ်များ) ကို ကိုယ်စားပြုပါတယ်။ စျေးကွက်တွင်းပါဝင်သူများဖြစ်တဲ့ ရင်းနှီးမြုပ်နှံသူများနဲ့ institutions များဟာ NYSE နှင့် NASDAQ ကဲ့သို့သော Exchange များမှာ ထို securities များကိုရောင်းဝယ်ကြပါတယ်။ အဲ့လို securities တွေ၊ စျေးကွက်တွင်းပါဝင်သူတွေနဲ့ exchange တွေဟာ ဒီဂေဟစနစ်ရဲ့ နောက်ခံကျောရိုးတွေဖြစ်ကြပါတယ်။

📌Primary Markets & Secondary Markets

ထိုအရင်းအနှီးစျေးကွက်ကိုမှ Primary Capital Markets နဲ့ Secondary Capital Markets လို့ခွဲခြားနိုင်ပါတယ်။ Primary Markets အတွင်းမှာတော့ စျေးကွက်အတွင်း ပါဝင်သူ ကုမ္ပဏီတွေအနေနဲ့ သူတို့မှာရှိနေတဲ့ ပိုင်ဆိုင်မှု (securities) အသစ်တွေကို ရင်းနှီးမြှုပ်နှံသူ (investor) တွေဆီကို ရောင်းချကြပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ထိုဝယ်ယူလိုက်တဲ့ securities တွေကို Secondary Markets မှာ ပြန်လည်အရောင်းအဝယ် (trade) ပြုလုပ်ကြပါတယ်။

📌Capital Markets အကြောင်းကိုဘယ်သူတွေသိထားသင့်လဲ?

Investors

ရင်းနှီးမြုပ်နှံသူများအနေနဲ့ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များကိုချမှတ်နိုင်ဖို့၊ risk management ပြုလုပ်နိုင်ဖို့၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကျိုးအမြတ် (return) တွေကို ကြိုတင်တွက်ချက်စီမံနိုင်ဖို့အတွက် အရင်းအနှီးစျေးကွက်အကြောင်းကိုသိထားသင့်ပါတယ်။

Entrepreneurs

စီပွါးရေးလုပ်ငန်းရှင်များအနေနဲ့လည်း အရင်းအနှီးစျေးကွက်အကြောင်းကို သိထားခြင်းဖြင့် လုပ်ငန်းအတွက်ရန်ပုံငွေရှာနိုင်ဖို့ funding options များကိုသိလာစေနိုင်မယ့်အပြင် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ကာ သင့်လုပ်ငန်းကို ကြီးထွားစေနိုင်ဖို့ အခွင့်အလမ်းတွေကိုရရှိနိုင်ပါတယ်။

Financial Professionals

Analysts များမှ အကြံပေးသူ (Advisor) များအထိ၊ အရင်းအနှီးဈေးကွက်သဘောတရားကို သိနားလည်ထားခြင်းဖြင့် မဟာဗျူဟာမြောက်အကြံဉာဏ်များကိုပေးလာနိုင်ပြီး လုပ်ငန်းနယ်ပယ်အတွင်း ရှေ့အမြဲရောက်နေစေဖို့ သင့်စွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်။

General Public

Finance နဲ့တိုက်ရိုက်မပတ်သက်ဘူးဆိုရင်တောင်မှအရင်းအနှီးဈေးကွက်ကို နားလည်တာက အငြိမ်းစားယူခြင်းအစီအစဉ်ကနေ ငွေစုခြင်းဆိုင်ရာစီမံခန့်ခွဲမှုနဲ့သက်ဆိုင်တဲ့ ပိုမိုကောင်းမွန်တဲ့ ကိုယ်ပိုင်ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

Institute of Finance Profession (IFP) မှဇွန်လ (၂၂)ရက်နေ့မှာစတင်ဖွင့်လှစ်တော့မယ့် (၅)ပတ်ကြာ Capital Markets သင်တန်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။
Capital Markets သင်တန်းကိုသင်ကြားပေးသွားမယ့်သူကတော့ Asian Institute of Technology, School of Management မှ M.Sc. in International Finance ဘွဲ့ကိုရထားသူ၊ Kathmandu University School of Management မှ BBA Honors ဘွဲ့ရရှိထားသူ Finance Executive တစ်ဦးဖြစ်တဲ့ Yukta Amatya ပဲဖြစ်ပါတယ်။

သင်တန်းနဲ့ပတ်သတ်တဲ့အသေးစိတ်အချက်အလက်များကိုအောက်ပါ link မှတဆင့်လေ့လာနိုင်ပါတယ်ရှင်။

https://bit.ly/capital_markets_ifp


15/05/2024

Institute of Finance Profession (IFP) မှဖွင့်လှစ်ခဲ့တဲ့ Finance for Non-finance Professionals (Batch-1) သင်တန်းကတော့ အောင်မြင်စွာနဲ့ပြီးဆုံးသွားပါပြီ။🎉

သင်တန်းကိုတက်ရောက်ခဲ့တဲ့ သင်တန်းသားတွေထဲကတစ်ဦးဖြစ်တဲ့ ကို Samuel Htoo ကတော့ သင်တန်းနဲ့ပတ်သတ်ပြီး ဒီလိုမျှဝေပေးခဲ့ပါတယ်။

Institute of Finance Profession (IFP) မှ finance နဲ့သက်ဆိုင်တဲ့ အသုံးဝင်မယ့်အကြောင်းအရာတွေကို သင်တန်းပေးသင်ကြားပေးသွားမှာဖြစ်လို့ IFP 📲page ကို like & follow လုပ်ထားပြီးစောင့်ကြည့်နိုင်ပါတယ်။


Capital Markets Course 13/05/2024

အရင်းအနှီးဈေးကွက်၊ ငွေဈေးကွက် လည်ပတ်ပုံနှင့် ကြားခံသူများအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသည်ကို နားလည်လာနိုင်ပြီး စျေးကွက်နှင့် လိုက်လျောညီထွေရှိတဲ့ အဖွဲ့အစည်းများကို ဖန်တီးရာတွင် ကူညီပေးမည့် အကြောင်းအရာများ၊ မူဘောင်များနှင့် ဗျူဟာများကို လေ့လာခြင်းမှတဆင့် သင့်ရဲ့ ကျွမ်းကျင်မှုကို အဆင့်မြှင့်တင်လိုက်ပါ။

Institute of Finance Profession (IFP) မှဖွင့်လှစ်မယ့် (၅)ပတ်ကြာ အွန်လိုင်းပရိုဂရမ်တစ်ခုဖြစ်တဲ့ Mastering Financial Frontier : Navigating Capital Markets သင်တန်းအတွက် အခုပဲအပ်နှံနိုင်ပါပြီ။

Enroll Now - https://bit.ly/capital_markets_ifp


Capital Markets Course အရင်းအနှီးစျေးကွက်ရဲ့ ရှုပ်ထွေးတဲ့လုပ်ငန်းများကို သင်တန်းသားများ ကျယ်ကျယ်ပြန့်ပြန့်နားလည်သဘောပေါက်စေဖိ...

Photos from Institute of Finance Profession's post 11/05/2024

Capital Markets သင်တန်းကို Mastering Financial Frontier : Navigating Capital Markets ခေါင်းစဉ်ဖြင့် ဇွန်လ (၂၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ပါတော့မည်။

အရင်းအနှီးစျေးကွက်ရဲ့ ရှုပ်ထွေးတဲ့လုပ်ငန်းများကို သင်တန်းသားများ ကျယ်ကျယ်ပြန့်ပြန့်နားလည်သဘောပေါက်စေဖို့ Institute of Finance Profession (IFP) မှဖွင့်လှစ်တော့မယ့် Capital Markets သင်တန်းကြီးမှရည်ရွယ်ပါတယ်။ အရင်းအနှီးစျေးကွက်ဆိုတာ ကမ္ဘာ့စီးပွါးရေးမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပြီး stocks, bonds, derivatives နှင့် commodities များဖြစ်တဲ့ ငွေကြေးကိရိယာများကို ဝယ်၊ ရောင်းလုပ်နိုင်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

သင်တန်းအတွင်းမှာ ကျောင်းသားများအနေဖြင့် -

📌ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း (investment banking)
📌ငွေချေးသက်သေခံမှု(securities issuance)
📌ကုန်သွယ်မှုယန္တရားများ(trading mechanisms)
📌စျေးကွက်တည်ဆောက်ပုံများ(market structure) နှင့်
📌စည်းမျဉ်းစည်းကမ်းဘောင်များ(regulatory frameworks)
ကဲ့သို့သော ခေါင်းစဉ်များနှင့် အရင်းအနှီးဈေးကွက်ဆိုင်ရာ အခြေခံမူများကိုသိရှိလေ့လာနိုင်မှာဖြစ်ပါတယ်။

လက်တွေ့ကမ္ဘာဖြစ်ရပ်များကို ဆန်းစစ်လေ့လာပြီး သမိုင်းလမ်းကြောင်းများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် စျေးကွက်အပြုအမူအပေါ် လွှမ်းမိုးနေသည့် အကြောင်းရင်းများနှင့် ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများမှ အသုံးချနေတဲ့ ဗျူဟာများကို သင်တန်းသားများအနေဖြင့် သိရှိနိုင်မှာဖြစ်ပါတယ်။

ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?

- Finance, economics နဲ့ business administration မေဂျာတွေမှာ လေ့လာနေတဲ့ undergraduate ကျောင်းသားများ။
- အရင်းအနှီးစျေးကွက်ပိုင်းဆိုင်ရာ လေ့လာလိုတဲ့ finance နယ်ပယ်မှာလုပ်ဆောင်နေကြတဲ့ ကျွမ်းကျင်ပညာရှင်များ။
- Investment analysts နှင့် Financial Advisor များ။
- Investment banking နှင့် asset management နယ်ပယ်မှာလုပ်ဆောင်နေကြသူများအတွက်ရည်ရွယ်ပါတယ်။
…………………………………………….
…………………………………………….
Capital Markets သင်တန်းအတွင်းမှာ သင်ယူနိုင်မယ့် အကြောင်းအရာတွေကတော့ -

1. Introduction to Financial System & Institutions

Overview of Financial System
Flow of Funds
Institutions and intermediaries of Financial System
Central Banks
Money Supply Process
Fiscal and Monetary Policy

2. Equity Markets

Primary Market - IPO, FPO, RIGHT, Private Placement
Secondary Market
Efficient Market Hypothesis
Stock Trading - Settlement Mechanism, Order Placement, Fundamental & Technical Analysis

3. Fixed Income Markets

US Treasury, Corporate & Municipal Bonds
Bonds and Debenture Market - Primary & Secondary Market
Yield to Maturity

4. Forex Market

The Foreign Exchange Market
International Financial System

5. Derivatives Market

Hedging
Commodities Market
Forward, Future, Option, Swap

6. Investment Analysis

Introduction to technical analysis
Trading Strategies
Investment Options
Private Equity and Venture Capital

7. Current Issues, Challenges and International Practices

Review and synthesis of course materials
Case studies : analysis of real-world capital market scenarios
Application of Capital Market principles and theories in problem-solving
Reflection on key takeaways and implications for practice

…………………………………………….
…………………………………………….
Capital Markets သင်တန်းကိုတက်ရောက်ပြီးဘာတွေသိလာနိုင်မလဲ?

✔️ငွေရေးကြေးရေးစနစ်နှင့် ကမ္ဘာတစ်ဝှမ်းရှိ အဓိကအဖွဲ့အစည်းများကို နားလည်လာနိုင်ခြင်း။
✔️စျေးကွက်အတွင်း regulators များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအကြား ဆက်စပ်မှုကို နားလည်သဘောပေါက်လာနိုင်ခြင်း။
✔️အရင်းအနှီးဈေးကွက်၊ ငွေဈေးကွက် လည်ပတ်ပုံနှင့် ကြားခံသူများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်ကို နားလည်လာနိုင်ခြင်း။
✔️လက်ရှိဖြစ်ပေါ်နေသော ရင်းနှီးမြှုပ်နှံမှုနှင့် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများကိုလေ့လာနိုင်ခြင်း။
✔️အခြားဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများမှ ပံ့ပိုးကူညီမှုနှင့် မည်သို့စနစ်ကို မြှင့်တင်နေသည်ကို နားလည်လာနိုင်ခြင်း။
✔️စျေးကွက်တွင်ရှိသော အရေးကြီးသောပြဿနာများနှင့် စိန်ခေါ်မှုများကိုလည်း သိရှိနားလည်လာနိုင်မှာဖြစ်ပါတယ်။
…………………………………………….
…………………………………………….
Capital Markets သင်တန်းကိုသင်ကြားပေးသွားမယ့်သူကတော့ Asian Institute of Technology, School of Management မှ M.Sc. in International Finance ဘွဲ့ကိုရထားသူ၊ Kathmandu University School of Management မှ BBA Honors ဘွဲ့ရရှိထားသူ Finance Executive တစ်ဦးဖြစ်တဲ့ Yukta Amatya ပဲဖြစ်ပါတယ်။

Yukta Amatya သင်ကြားပို့ချပေးသွားမယ့် Capital Markets သင်တန်းကို ဇွန်လ (၂၂)ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းကာလ (၅) ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ရမယ့် နေ့တွေကတော့ အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့ မနက် ၈နာရီမှ ၁၂နာရီ အထိဖြစ်ပါတယ်။

သင်တန်းကို အနယ်နယ်အရပ်ရပ်ရှိသင်တန်းသားတိုင်း အဆင်ပြေစွာလေ့လာနိုင်ဖို့ online မှတဆင့် zoom meetings💻 ဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်ခန်းစာတွေကို အလွယ်တကူနားလည်နိုင်စေဖို့ သင်တန်းအတွင်းမှာ IFP မှ မြန်မာဘာသာပြန် interpreter ကိုလည်း စီစဉ်ပေးထားပါတယ်။

သင်တန်းပြီးဆုံးရင်တော့ Institute of Finance Profession (IFP) မှပေးတဲ့ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်ကိုရရှိနိုင်မှာဖြစ်ပြီး ပထမဆုံး သင်တန်းအပ်နှံသူ အယောက်(၂၀)အတွက်လည်း 10% off discount စီစဉ်ပေးထားတာဖြစ်လို့
သင်တန်းကိုစိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ Institute of Finance Profession (IFP) ၏ 📲 page messenger မှတဆင့်စုံစမ်းမေးမြန်းနိုင်သလို အောက်ပါ link မှတဆင့်လည်းစာရင်းသွင်းထားနိုင်ပါတယ်။

📍စာရင်းသွင်းရန် - https://bit.ly/capital_markets_ifp


02/05/2024

လာမယ့် တနင်္လာနေ့(မေလ ၆ရက်)နေ့တွင်သင်တန်းစမည်‼️

Corporate Finance သင်တန်းကိုစိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ Institute of Finance Profession (IFP) ၏ 📲 page messenger မှတဆင့်စုံစမ်းမေးမြန်းနိုင်သလို အောက်ပါ link မှတဆင့်လည်းစာရင်းသွင်းထားနိုင်ပါတယ်။

စာရင်းသွင်းရန် - https://bit.ly/corporate_finance_ifp


25/04/2024

🏦 Corporate Finance သင်တန်းဟာ ကော်ပိုရေးရှင်းများတွင် လက်ရှိလုပ်ကိုင်နေကြသူ အမှုဆောင်အရာရှိများ၊ မန်နေဂျာများအနေဖြင့်

✔️လုပ်ငန်းအတွက် သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့၊

✔️အရင်းအနှီးတည်ဆောက်ပုံနဲ့ လုပ်ငန်းတန်ဖိုးကို မြှင့်တင်နိုင်ဖို့၊

✔️စီမံခန့်ခွဲ၊ လုပ်ဆောင်ရမယ့် အချက်များကိုသိရှိနိုင်ဖို့အထောက်အပံ့ပေးနိုင်ပါတယ်။

သင်တန်းအတွင်းမှာ သင်ကြားပေးသွားမယ့်အကြေင်းအရာ တွေကိုတော့ ⬇️အောက်ပါ modules roadmap မှာကြည့်ရှုနိုင်ပါတယ်ရှင်။

Corporate Finance သင်တန်းကို မေလ (၆)ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းကာလ (၉)ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းကို အနယ်နယ်အရပ်ရပ်ရှိသင်တန်းသားတိုင်း အဆင်ပြေစွာလေ့လာနိုင်ဖို့ online မှတဆင့် zoom meetings💻 ဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းပြီးဆုံးရင်တော့ Institute of Finance Profession (IFP) မှပေးတဲ့ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်ပထမဆုံး စာရင်းသွင်းသူ အယောက်(၂၀) အတွက်လည်း သင်တန်းကြေး discount များစီစဉ်ပေးထားတာဖြစ်တာကြောင့် Corporate Finance သင်တန်းကိုစိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ Institute of Finance Profession (IFP) ၏ 📲 page messenger မှတဆင့်စုံစမ်းမေးမြန်းနိုင်သလို အောက်ပါ link မှတဆင့်လည်းစာရင်းသွင်းထားနိုင်ပါတယ်။

စာရင်းသွင်းရန် - https://bit.ly/corporate_finance_ifp


08/04/2024

ကော်ပိုရိတ်ဘဏ္ဍာရေးမှာပါဝင်တဲ့အစိတ်အပိုင်းများ🏦

☑️အရင်းအနှီးဘတ်ဂျက်ငွေ(capital budgeting)

အရင်းအနှီးဘတ်ဂျက်ငွေကို လုပ်ငန်းရဲ့ ရန်ပုံငွေလိုအပ်ချက်များကိုစစ်ဆေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်များရဲ့ ဖြစ်နိုင်ခြေနဲ့အကျိုးအမြတ်ကို စစ်ဆေးအကဲဖြတ်ခြင်းကနေ သတ်မှတ်နိုင်ပါတယ်။ အရင်းအနှီး ဘတ်ဂျက်ရေးဆွဲခြင်းက ငွေသားစီးဆင်းမှုအတွက်ကို ဦးစားပေးလုပ်ဆောင်ပြီး ၎င်းတွင် ရင်းနှီးမြှုပ်နှံမှုမှရရှိသော ငွေသားစီးဆင်းမှုနှင့် ငွေထွက်နှုန်းများကို ခွဲခြားသတ်မှတ်ထားရပါတယ်။

☑️အမြတ်ဝေစုဖြန့်ဝေခြင်း( dividend distribution)

ကော်ပိုရေးရှင်းတစ်ခုဟာအမြတ်ငွေရရှိသောအခါ အမြတ်ရဲ့တစ်စိတ်တစ်ပိုင်းကို အစုရှယ်ယာရှင်များအား အမြတ်ဝေစုအဖြစ် ပေးဆောင်နိုင်ပါတယ်။ ဒါကို Dividend distribution လို့ဆိုလိုပါတယ်။ ထိုသို့ခွဲဝေမပေးပဲကျန်သည့် မည်သည့်ပမာဏကိုမဆို လုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် သိမ်းဆည်းထားတဲ့ ၀င်ငွေကိုတော့ ထိန်းသိမ်းထားသောငွေ(retained earning)လို့သတ်မှတ်ပါတယ်။

☑️ငွေကြေးဆိုင်ရာအရင်းအနှီးတည်ဆောက်ခြင်း(capital structure)

ငွေကြေးအရင်းအနှီးတည်ဆောက်ခြင်းဟာ ကုမ္ပဏီတစ်ခုရဲ့ အလုံးစုံလည်ပတ်မှုနဲ့တိုးတက်မှုအတွက် ငွေကြေးထောက်ပံ့ရန် အသုံးပြုတဲ့ အကြွေးနဲ့ ရှယ်ယာများ ပေါင်းစပ်မှုကိုဆိုလိုခြင်းဖြစ်ပါတယ်။ အစုရှယ်ယာမတည်ငွေသည် ကုမ္ပဏီတစ်ခုရှိ ပိုင်ဆိုင်မှုရှယ်ယာများမှ ဖြစ်ပေါ်လာပြီး ဖြစ်လာနိုင်ချေရှိတဲ့ငွေကြေးစီးဆင်းမှုနဲ့အမြတ်များကိုဖန်တီးပေးပါတယ်။

☑️ အရင်းအနှီးလိုအပ်ချက်(working capital requirements)

Working Capital Requirement (WCR) သည် ကုမ္ပဏီတစ်ခုရဲ့လုပ်ငန်းလည်ပတ်မှုကို ချောမွေ့စွာ လုပ်ကိုင်နိုင်ရန် လိုအပ်တဲ့ငွေပမာဏဖြစ်ပြီး ကုမ္ပဏီရဲ့လက်ရှိပိုင်ဆိုင်မှုများဖြစ်တဲ့ငွေသား၊ စာရင်း၊ လက်ခံရနိုင်သည့်စာရင်းများတို့မှ ပေးဆောင်ရမည့်စာရင်းများ၊ လုပ်ခ၊ အခွန်များတို့ကို နုတ်ခြင်းဖြင့် အရင်းအနှီးလိုအပ်ချက်ကိုတွက်ချက်နိုင်ပါတယ်။

Institute of Finance Profession (IFP) မှ မေလ (၆)ရက်နေ့မှာ ဖွင့်လှစ်တော့မယ့် Corporate Finance သင်တန်းဟာဆိုရင်တော့ သင့်လုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲစေမယ့် တိုးတက်မှုကိုရရှိစေပြီး၊ ဘဏ္ဍာရေးတည်ငြိမ်မှုဆီသို့ဦးတည်နိုင်စေဖို့ရည်ရွယ်ထားပါတယ်။

Corporate Finance သင်တန်းမှတဆင့် စွန့်စားမှုနဲ့အမြတ်အစွန်းကြားထဲမှာ ဟန်ချက်ညီစေမယ့် အလေ့အကျင့်ကောင်းတွေရရှိအောင် ရည်ရွယ်သင်ကြားပေးသွားမှာဖြစ်ပြီး ၎င်းတို့ကိုအကောင်အထည်ဖော်ခြင်းမှတဆင့် မိမိလုပ်ငန်းရဲ့တန်ဖိုးကို အမြင့်ဆုံးမြှင့်တင်နိုင်ဖို့လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

Corporate Finance သင်တန်းကိုစိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ Institute of Finance Profession (IFP) ၏ page messenger မှတဆင့်စုံစမ်းမေးမြန်းနိုင်သလို အောက်ပါ link မှတဆင့်လည်းစာရင်းသွင်းထားနိုင်ပါတယ်။

📍စာရင်းသွင်းရန် - https://bit.ly/corporate_finance_ifp


Photos from Institute of Finance Profession's post 07/04/2024

🏢 Institute of Finance Profession ရဲ့ ကျွမ်းကျင် 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐅𝐢𝐧𝐚𝐧𝐜𝐞 သင်တန်းဖြင့်သင့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေကိုမြှင့်တင်လိုက်ပါ🚀

လုပ်ငန်းတစ်ခုရဲ့ ကော်ပိုရိတ်ဘဏ္ဍာရေးဆိုင်ရာရှုပ်ထွေးမှုများကိုဖြေရှင်းနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကြိုတင်ခန့်မှန်းလို့မရတဲ့ငွေသားစီးဆင်းမှုများမှအစ လုပ်ငန်းရဲ့ရင်းနှီးမြှုပ်နှံမှုများကိုအာမခံနိုင်ဖို့အထိ ဆုံးဖြတ်ချက်တိုင်းဟာ အရေးပါ ပါတယ်။

ကော်ပိုရေးရှင်းများတွင် လက်ရှိလုပ်ကိုင်နေကြသူ အမှုဆောင်အရာရှိများ၊ မန်နေဂျာများအနေဖြင့်လည်း လုပ်ငန်းအတွက် သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့၊ အရင်းအနှီးတည်ဆောက်ပုံနဲ့ လုပ်ငန်းတန်ဖိုးကို မြှင့်တင်နိုင်ဖို့ စီမံခန့်ခွဲ၊ လုပ်ဆောင်ရမယ့် အချက်များကိုသိရှိနိုင်ဖို့ Corporate Finance ဆိုင်ရာကိုသိထားသင့်ပါတယ်။

Institute of Finance Profession (IFP) မှ မေလ (၆)ရက်နေ့မှာ ဖွင့်လှစ်တော့မယ့် 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐅𝐢𝐧𝐚𝐧𝐜𝐞 သင်တန်းဟာဆိုရင်တော့ သင့်လုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲစေမယ့် တိုးတက်မှုကိုရရှိစေပြီး၊ ဘဏ္ဍာရေးတည်ငြိမ်မှုဆီသို့ဦးတည်နိုင်စေဖို့ရည်ရွယ်ထားပါတယ်။

Corporate Finance သင်တန်းမှတဆင့် စွန့်စားမှုနဲ့အမြတ်အစွန်းကြားထဲမှာ ဟန်ချက်ညီစေမယ့် အလေ့အကျင့်ကောင်းတွေရရှိအောင် ရည်ရွယ်သင်ကြားပေးသွားမှာဖြစ်ပြီး ၎င်းတို့ကိုအကောင်အထည်ဖော်ပြီး မိမိလုပ်ငန်းရဲ့တန်ဖိုးကို အမြင့်ဆုံးမြှင့်တင်နိုင်ဖို့လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

✔️ဒီသင်တန်းဟာ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုနဲ့ဆက်စပ်တဲ့ နယ်ပယ်တွေမှာလုပ်ကိုင်နေတဲ့ မန်နေဂျာများနဲ့ အကြီးတန်းမန်နေဂျာများအတွက် ရည်ရွယ်ပါတယ်။

သင်တန်းအတွင်းမှာ သင်ကြားပေးသွားမယ့်အကြောင်းအရာတွေကတော့ -

🚀 Overview of Financial Management
🚀 Understanding Financial Statements and Cash Flow
🚀 Valuation of Future Cash Flows
🚀 Valuing Stocks and Bonds
🚀 Capital Budgeting
🚀 Risk and Return
🚀 Long Term Financing
🚀 Short Term Financial Management
🚀 Topics in Business Finance
တို့ပဲဖြစ်ပါတယ်။

သင်တန်းတက်ရောက်ပြီးဘာတွေသိလာန်ိုင်မလဲ?

☑️အဖွဲ့အစည်းများတွင် ငွေကြေးစီမံခန့်ခွဲမှုရဲ့ အခန်းကဏ္ဍနှင့် အရေးပါမှုကို နားလည်လာမယ်။

☑️ဘဏ္ဍာရေးစီမံခန့်ခွဲမှုအလေ့အကျင့်များထဲမှ အရေးကြီးတဲ့အစိတ်အပိုင်းတွေကို သေချာနားလည်သဘောပေါက်လာမယ်။

☑️လက်ကျန်ရှင်းတမ်းများ၊ ဝင်ငွေရှင်းတမ်းများနှင့် ငွေသားစီးဆင်းမှုရှင်းတမ်းများအပါအဝင် ဘဏ္ဍာရေးရှင်းတမ်းများကိုကိုယ်တိုင် စီမံလာနိုင်မယ်။

☑️လုပ်ငန်းကိစ္စရပ်တွင် ငွေသားစီးဆင်းမှုရဲ့အရေးပါပုံကို ဆန်းစစ်တတ်လာမယ်။

☑️Future cash flow တွေကို တန်ဖိုးသင့်တဲ့နေရာမှာ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ငွေကြေးသဘောတရားတွေကို အသုံးချတတ်လာမယ်။

☑️မှန်ကန်တဲ့ နည်းပညာတွေကိုအသုံးပြုပြီး ဝင်ငွေထွက်ငွေတွေရဲ့ Present Value နဲ့ Future Value တွေကို တွက်ချက်လာနိုင်မယ်။

☑️စတော့ရှယ်ယာနဲ့ ငွေချေးစာချုပ်တန်ဖိုးဖြတ်ခြင်းဆိုင်ရာ အခြေခံမူများကို နားလည်လာနိုင်မယ်။

☑️ ထိုစတော့ရှယ်များကို တန်းဖို့သင့်ဖို့အတွက် Discounted Cash Flow Model နဲ့ Dividend Discount Model တွေကို အသုံးချတတ်လာမယ်။

☑️ရေရှည်မဟာဗျူဟာစီမံကိန်းတွင် အရေးကြီးတဲ့ အရင်းအနှီးဘတ်ဂျက်ချရေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်များကို နားလည်လာနိုင်မယ်။

☑️အရင်းအနှီးဘတ်ဂျက်ပြုလုပ်ရာတွင် ပိုမိုတတ်ကျွမ်းစွာလုပ်ဆောင်လာနိုင်မယ်။

☑️ငွေကြေးဈေးကွက်တွင် စွန့်စားမှု(risk)နဲ့ ပြန်ရနိုင်မှု(return)ရဲ့ ဆက်နွယ်မှုကိုသိရှိလာနိုင်မယ်။

☑️မတူညီတဲ့ဘဏ္ဍာရေးဆိုင်ရာရွေးချယ်မှုများရဲ့ အားသာချက်များနဲ့ အားနည်းချက်များကို နားလည်သဘောပေါက်လာမယ်။

☑️အရင်းအနှီးကုန်ကျစရိတ်နဲ့ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များအပေါ် အကျိုးသက်ရောက်မှုကို သိရှိသဘောပေါက်လာမယ်။

☑️ငွေဖြစ်လွယ်မှု(Liquidity) နဲ့ အမြတ်ရနိုင်ချေ (profitability) ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ရန် လုပ်ငန်းလည်ပတ်ငွေ(Working Capital)တွေကို စီမံခန့်ခွဲလာနိုင်မယ်။

☑️လုပ်ငန်းငွေကြေးလည်ပတ်မှု(Cash Conversion Cycle) နဲ့ ၎င်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေကို ဆန်းစစ်လေ့လာနိုင်မယ်။

☑️ငွေစီးဆင်းမှု ခန့်မှန်းချက်နဲ့ စီမံခန့်ခွဲမှုအတွက် နည်းဗျူဟာများ ချမှတ်တတ်လာမယ်။

☑️ ငွေကြေးနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေပြုလုပ်လာနိုင်မယ်။

☑️သီအိုရီသဘောတရားများကို အသုံးချပြီး လက်တွေ့ဘဝရှိ ငွေကြေးဆိုင်ရာ ကိစ္စရပ်များကိုဆုံးဖြတ်လာနိုင်မယ်။

☑️ဘဏ္ဍာရေးဆိုင်ရာပြဿနာများနဲ့ခေတ်ရေစီးကြောင်းအရ ပေါ်ပေါက်လာတဲ့ ငွေကြေးအကြောင်းအရာများကို သိရှိလာမယ်။

☑️ ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ကောင်းစွာနားလည်သဘောပေါက်ပြီး မိိမိကိုယ်တိုင်လည်း အသုံးချတတ်လာနိုင်မှာဖြစ်ပါတယ်။

သင်တန်းကိုသင်ကြားပေးသွားမယ့်ဆရာကတော့ -

𝐃𝐫. 𝐙𝐚𝐰 𝐖𝐢𝐧 𝐓𝐡𝐞𝐢𝐧
𝐃𝐁𝐀, 𝐌𝐁𝐀, 𝐂𝐡𝐚𝐫𝐭𝐞𝐫𝐞𝐝 𝐌𝐂𝐒𝐈
𝐀𝐂𝐏𝐀 (𝐀𝐒𝐄𝐀𝐍)
𝐂𝐏𝐀 (𝐀𝐔𝐒𝐓𝐑𝐀𝐋𝐈𝐀)

Dr. Zaw Win Thein သည် (၁၉၉၇) ခုနှစ်တွင် စာရင်းကိုင်၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုပညာများကို စတင်လေ့လာခဲ့ပါတယ်။ ဆရာသည် London Chamber of Commerce and Industry (LCCI) စာမေးပွဲကို ဖြေဆိုခဲ့ရာ ကမ္ဘာ့ပထမနေရာရရှိခဲ့ပြီး ရွှေတံဆိပ်ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

(၂၀၀၃) ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Bachelor of Accounting ဘွဲ့ကိုရရှိခဲ့ပြီး Certified Public Accountants (CPA - Myanmar) Batch 27 တွင်ပါဝင်တက်ရောက်ခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်တွင် Lincoln University မှ Master of Business Administration (MBA) နှင့် (၂၀၁၃) ခုနှစ်တွင် Academic Doctorate Degree in Business Administration (DBA) ကိုလည်းပြီးမြောက်အောင်မြင်ခဲ့ပါတယ်။

ဆရာသည် Association of Chattered Certified Accountants (ACCA-UK), the chartered Institute for Securities and Investments (CISI - UK), ACPA (ASEAN) နှင့် CPA (Australia) အပါအဝင် ကျော်ကြားသော အသင်းအဖွဲ့များတွင်ဂုဏ်ထူးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ FCCA၊ FCMA၊ CGMA၊ Chartered Manager FCMI နှင့် Chartered MCSI များတွင်ပညာသင်ယူခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

(၂၄)နှစ်ကျော်ပညာသင်အတွေ့အကြုံနှင့်အတူ, ဆရာသည် အမျိုးမျိုးသောဘဏ္ဍာရေး၊ စာရင်းကိုင်၊ နှင့်စီမံခန့်ခွဲမှုပရိုဂရမ်များတွင် lecturer တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး စာရင်းကိုင်နှင့် စာရင်းစစ်၊ ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနယ်ပယ်များတွင် ကျွမ်းကျင်မှု အနှစ် (၂၀)ကျော်အတွေ့အကြုံရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

Dr. Zaw Win Thein သင်ကြားပို့ချပေးသွားမယ့် Corporate Finance သင်တန်းကို မေလ (၆)ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းကာလ (၉)ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းကို အနယ်နယ်အရပ်ရပ်ရှိသင်တန်းသားတိုင်း အဆင်ပြေစွာလေ့လာနိုင်ဖို့ online မှတဆင့် zoom meetings💻 ဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းပြီးဆုံးရင်တော့ Institute of Finance Profession (IFP) မှပေးတဲ့ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
Corporate Finance သင်တန်းကိုစိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ Institute of Finance Profession (IFP) ၏ 📲 page messenger မှတဆင့်စုံစမ်းမေးမြန်းနိုင်သလို အောက်ပါ link မှတဆင့်လည်းစာရင်းသွင်းထားနိုင်ပါတယ်။

📍စာရင်းသွင်းရန် - https://bit.ly/corporate_finance_ifp


06/04/2024

Institute of Finance Profession (IFP) မှ 2024 အတွက်...

ဆန်းသစ်တဲ့အစီအစဉ်တွေကို ယူဆောင်လာမှာဖြစ်လို့ Institute of Finance Profession Facebook နဲ့ Social Media Page များကို like & follow လုပ်ထားပြီးစောင့်ကြည့်နိုင်ပါတယ်။

Follow our telegram - https://t.me/ifp_myanmar


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No A-6, 1st Floor, Quarter 9, Thazin Road, Hlaing Tsp
Yangon
11051