Burmese Mechanix Automotive Training School

Call Directions

Burmese Mechanix Automotive Training School မော်တော်ယာဉ်စက်ပြင် နှင့် အလုပ်ရုံစီမံခန့်ခွဲမှုများအား စနစ်တကျသင်ကြားလေ့လာနိုင်ရန် ဖွင့်လှစ်ထားသည်။
(2)

⚠️ Sensor တစ်ခု signal မှားပို့တာနဲ့ Check Engine မီး ချက်ချင်းလင်းလာတာလား?❌ အဖြေကတော့ မဟုတ်ပါဘူး။ ECU က Sensor Signal တ...
06/08/2026

⚠️ Sensor တစ်ခု signal မှားပို့တာနဲ့ Check Engine မီး ချက်ချင်းလင်းလာတာလား?

❌ အဖြေကတော့ မဟုတ်ပါဘူး။

ECU က Sensor Signal တစ်ခါမှားတာနဲ့ ချက်ချင်း Fault တစ်ခုအဖြစ်သတ်မှတ်ပြီး check engine light တက်လာတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကားမောင်းနေချိန်မှာ Electrical Noise ၊ Voltage အပြောင်းအလဲ ၊ Connector အနည်းငယ် လွတ်တာမျိုးတွေကြောင့် Signal က ခဏတာ မမှန်တာတွေရှိတတ်ပါတယ်။ ဒါကြောင့် ECU က sensor signal တွေကို Monitoring Strategy နဲ့ စောင့်ကြည့်ပါတယ်။
ဥပမာ -ECT(Engine Coolant Temperature) Sensor က ပုံမှန်ဆို 80°C လောက် ပြရမယ့်အခြေအနေမှာ တစ်ခါတည်း -40°C ပြသွားတယ်ဆိုပါစို့။ ECU က ချက်ချင်း "Sensor Fault" လို့ မဆုံးဖြတ်သေးပါဘူး။ အဲဒီ Signal ကို သေချာပြန်စစ်ပါတယ်။

• Signal ပြန်မှန်လာသလား?
• Voltage ပြန်တက်လာသလား?
• ဒီအမှားက ဘယ်လောက်ကြာကြာ ဖြစ်နေလဲ?
• အင်ဂျင်ရဲ့ လက်ရှိအလုပ်လုပ်နေတဲ့ အခြေအနေ နဲ့ ကိုက်ညီလား? ဆိုတာတွေကို စစ်ပါတယ်။

ဒါဆို ECU က ဘယ်အချိန်မှာ Fault ကို တကယ်အတည်ပြု သတ်မှတ်လိုက်လဲ?
Signal အမှားတွေပို့တာက သတ်မှတ်ထားတဲ့ Range ထက်ကျော်ပြီး ဆက်ဖြစ်နေတဲ့အခါကျရင်တော့ ECU က အဲ့ဒီ sensor မှာ Fault တစ်ခုခုရှိနေပြီလို့ သတ်မှတ်လိုက်ပါတယ်။
ဥပမာ - ECT Sensor Signal Voltage က ပုံမှန် Range ထဲမှာ မရှိဘူး။ ဒါမဲ့ အဲ့ဒါက တစ်စက္ကန့်လောက်ပဲ ဖြစ်သွားရင် Fault လို့ ချက်ချင်းမသတ်မှတ်ပါဘူး။ အရင်ဆုံး Pending Fault (သံသယအဆင့် Fault) တစ်ခုအဖြစ် Memory ထဲမှာ သိမ်းထားပြီး နောက်ထပ်ပြန်ဖြစ်လာခြင်း ရှိ/မရှိ စောင့်ကြည့်ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ထပ်ဖြစ်လာပြီး ECU သတ်မှတ်ထားတဲ့ စံနှုန်းတွေဖြစ်တဲ့ Signal Range၊ ဖြစ်ပေါ်နေတဲ့ကြာချိန်နဲ့ တခြား Sensor Data တွေကို နှိုင်းယှဉ်စစ်ဆေးတဲ့အခါ မကိုက်ညီတော့ရင် ECU က အဲဒီပြဿနာကို Confirmed Fault အဖြစ် အတည်ပြုသတ်မှတ်လိုက်ပါတယ်။

ဒါကြောင့် ECU ရဲ့ Monitoring Strategy ဆိုတာ Sensor ကပို့တဲ့ signal data တွေကိုတစ်ခါလောက်ကြည့်ပြီး ချက်ချင်း Fault တစ်ခုအဖြစ် သတ်မှတ်တာမဟုတ်ဘဲ အဲ့ဒီ မှားနေတဲ့ Signal ရဲ့ အခြေအနေ၊ သူဘယ်လောက်ကြာကြာဖြစ်နေလဲဆိုတာနဲ့ တခြား sensor တွေကပို့တဲ့ Signal Data တွေကို စောင့်ကြည့်ပြီးမှ တကယ့် Confirmed Fault တစ်ခုအဖြစ် ဆုံးဖြတ်တဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။

ဒါဆို Confirmed Fault ဖြစ်သွားတဲ့အခါ ECU က ဘာတွေ ဆက်လုပ်လဲ ဆိုတာကို နောက်တစ်ပိုင်းမှာ ဆက်ရှင်းပြပေးမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားခဲ့ကြပါဦးနော်။ 😊😊

𝐁𝐔𝐑𝐌𝐄𝐒𝐄 𝐌𝐄𝐂𝐇𝐀𝐍𝐈𝐗
Automotive Training School

#ကားဗဟုသုတ

⚙ Auto ဂီယာဘောက် ရဲ့ အသက်က ဘာလဲ? 🤔ကားတွေမှာ "ဂီယာချိန်းတဲ့အချိန် ကားတုန်တယ်/ဆောင့်တယ်" ဆိုတဲ့လက္ခဏာတွေဖြစ်လာရင် တချို့က ...
22/07/2026

⚙ Auto ဂီယာဘောက် ရဲ့ အသက်က ဘာလဲ? 🤔

ကားတွေမှာ "ဂီယာချိန်းတဲ့အချိန် ကားတုန်တယ်/ဆောင့်တယ်" ဆိုတဲ့လက္ခဏာတွေဖြစ်လာရင် တချို့က ဂီယာဘောက်ရဲ့ အတွင်းအစိတ်ပိုင်းတွေ ၊ အထိုင်တွေ ပျက်နေပြီလို့ ထင်လေ့ရှိကြပါတယ်။
ဒါပေမဲ့ အမှန်တကယ်တော့ Auto Gearbox တစ်လုံးမှာ ဒီလို အစိတ်အပိုင်းတွေထက် ပိုအရေးကြီးတဲ့ အဓိကအရာ တွေရှိပါတယ်။

အဲ့ဒါကတော့ "ဂီယာဆီ(Automatic Transmission Fluid) နဲ့ Hydraulic Pressure (ဆီဖိအား)" ပဲဖြစ်ပါတယ်။

Manual ဂီယာလို ခြေထောက်နဲ့ ကလပ်နင်းပြီးဂီယာဆွဲတာမဟုတ်တော့ဘဲ Auto ဂီယာမှာတော့ ဂီယာဆီရဲ့ ဖိအား (Hydraulic Pressure) ကပဲ Valve Body၊ Solenoid တွေကနေတစ်ဆင့် သက်ဆိုင်ရာ ကလပ်ပြား(Clutch Pack) တွေကို ချိတ်ဆက်ပေးပြီး ဂီယာချိန်းပေးတာပါ။ ဒါကြောင့် ဂီယာဘောက်ထဲမှာ ဂီယာဆီ မဲညစ်နေတာ၊ ဆီနည်းနေတာ၊ ဂီယာဆီကိုစစ်ပေးတဲ့ (ATF Oil Filter) ဂျီးပိတ်နေတာ၊ pump ရဲ့ ဆီဖိအား ကျနေတာတို့ဆိုရင် RPM တက်ပေမယ့် ကားမဆွဲတာ၊ ဂီယာချိန်းလိုက်ရင် ကားကဆောင့်တာ၊ ကားအထနှေးတာတို့ ဖြစ်တတ်ပါတယ်။ ဂီယာဆီဟာ ကားမော်ဒယ်အလိုက် ဆီအရောင်ကွာပေမယ့် ပုံမှန်အားဖြင့်တော့ အနီရောင်သန့်သန့် ပုံစံကိုတွေ့ရပါတယ်။ ဆီကမဲနက်နေရင် သို့မဟုတ် ညှီစော်နံနေရင် ကလပ်ပြား (Clutch Pack) တွေ စားပြီး လောင်နေပြီဆိုတာ ပြနေတာပဲဖြစ်ပါတယ်။ နောက်တစ်ခုက ဂီယာဆီအရည်အသွေးကျဆင်းပြီး ဆီအရမ်းကျဲသွားရင်လည်း ဆီဖိအားကို ထိန်းထားနိုင်မှာမဟုတ်ပါဘူး။ ဂီယာဘောက်ရဲ့ ATF Pan ကိုဖြုတ်ကြည့်လို့ သံလိုက်ပေါ်မှာ သံမှုန့်/ကြေးမှုန့်တွေ အများကြီး ကပ်နေရင် အတွင်းပိုင်း ပွတ်စားမှု ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ဂီယာပိုင်း ပြဿနာတက်လို့ ရောက်လာတဲ့ ကားတစ်စီးကို "ဂီယာဘောက် အဆုံလိုက် လဲရမယ်" လို့ မဆုံးဖြတ်ခင် အရင်ဆုံး ဂီယာဘောက်ရဲ့ အသက်ဖြစ်တဲ့ ATF ဆီအခြေအနေ၊ ဆီဖိအားနဲ့ Valve Body/Solenoid တွေကို အရင်ဆုံး စစ်ဆေးကြည့်သင့်ပါတယ်။

နောက်တစ်ပိုင်းမှာတော့ “ဂီယာကို D ထိုးလိုက်ပေမယ့် ချက်ချင်းဂီယာမချိန်းဘဲ ခဏကြာမှ ချိန်းတာဘာကြောင့်လဲ” ဆိုတာကို ဆက်လက်ဝေမျှပေးသွားပါမှာဖြစ်လို့ Page ကို Follow လုပ်ပြီး စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။

🔧 မိတ်ဆွေတို့ ဝပ်ရှော့မှာရော ဂီယာဘောက်ပြဿနာကြောင့် ရောက်လာတဲ့ ကားတွေမှာ ဘယ်လိုလက္ခဏာမျိုး အများဆုံးတွေ့ရတတ်လဲ?

Comment မှာ ဝင်ရောက်ဆွေးနွေးခဲ့ကြပါဦးနော် 😊😊

ကားအိတ်ဇောကထွက်တဲ့ မီးခိုးအရောင်နဲ့ ပြစ်ချက်ခွဲခြားနည်း (Part – 2) 💨ပြီးခဲ့တဲ့ အပိုင်းမှာ ကားစက်နှိုးစအချိန်မှာ အိတ်ဇောက...
21/07/2026

ကားအိတ်ဇောကထွက်တဲ့ မီးခိုးအရောင်နဲ့ ပြစ်ချက်ခွဲခြားနည်း (Part – 2) 💨

ပြီးခဲ့တဲ့ အပိုင်းမှာ ကားစက်နှိုးစအချိန်မှာ အိတ်ဇောကနေ အနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်းတွေ ကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ အိတ်ဇောကထွက်လာတဲ့ “မီးခိုးအရောင်” ကိုကြည့်ပြီး ဘယ်အစိတ်အပိုင်းဘက်မှာ ပြဿနာရှိနေနိုင်လဲဆိုတာ မျှဝေပေးသွားပါမယ်။

အများအားဖြင့် မီးခိုးအရောင် ၃ မျိုး ကိုကြည့်ပြီး အခုလို ခွဲခြားနိုင်ပါတယ်။

၁။ မီးခိုးပြာ (Blue Smoke)
ကားစက်နှိုးတဲ့အချိန်မှာ မီးခိုးပြာ (Blue Smoke) ခဏပဲ ထွက်ပြီး ပျောက်သွားတယ်ဆိုရင် Valve Stem Seal မကောင်းတာ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကားရပ်ထားတဲ့အချိန် အင်ဂျင်ဝိုင်အနည်းငယ်က Valve ကနေတစ်ဆင့် မီးလောင်ခန်းထဲ စိမ့်ဝင်လာပြီး စက်နှိုးချိန်မှာ လောင်ကျွမ်းသွားတာကြောင့် မီးခိုးပြာ ထွက်လာနိုင်ပါတယ်။ မောင်းနေရင်း အရှိန်တင်လိုက်တဲ့အခါမှာလည်း မီးခိုးပြာ တောက်လျှောက်ထွက်နေရင်တော့ Piston Ring (ပစ္စတင်ကွင်း) ချောင်တာ၊ Cylinder နံရံတွေပွန်းစားလာတာကြောင့် ဖြစ်နိုင်ပါ တယ်။ တခြားလက္ခဏာတွေအနေနဲ့ကတော့ အင်ဂျင်ဝိုင် လျော့လာတာ ၊ ဆီလောင်နံ့ လိုမျိုး အနံ့စူးစူးထွက်လာတာတွေ ဖြစ်တတ် ပါတယ်။

၂။ မီးခိုးမဲ (Black Smoke)
အများအားဖြင့်တော့ Injector က ဆီပိတ်တာမလုံဘဲ ဆီယိုကျနေတာ ၊ MAF / MAP Sensor တွေက ဆစ်ဂနယ်ဒေတာတွေ မှားဖတ်တာ၊ အောက်ဆီဂျင်ဆင်တာ (O₂ Sensor) ချို့ယွင်းနေတာ ၊ Fuel Trim အရမ်းတက်ပြီး Rich Condition ဖြစ်နေတာ စတဲ့အချက်တွေကြောင့်မီးခိုးမဲထွက်လာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကားက ဆီစားများလာတာ၊ ကားကလိုသလောက် အရှိန်မတက်တာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။

၃။ မီးခိုးဖြူ (White Smoke)
ကားစက်နှိုးစမှာပဲ မီးခိုးဖြူခဏထွက်ပြီး ပျောက်သွားရင် အိတ်ဇောထဲမှာအောင်းနေတဲ့ ရေငွေ့ (Condensation) ကြောင့် ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမယ့် အင်ဂျင်ပူလာတာတောင် မီးခိုးဖြူ ဆက်တိုက်ထွက်နေရင်တော့ Head Gasket ပျက်တာ ၊ Cylinder Head မကောင်းတော့တာ ၊ နောက်ပြီး Coolant က သူသွားရမယ့် ရေလမ်းကြောင်းကနေ မသွားဘဲ မီးလောင်ခန်းထဲ စိမ့်ဝင်လာတာ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဲ့ဒီအခါ Coolant လျော့လာတာ ၊ အင်ဂျင်အပူလွန်ကဲလာတာ ၊ အင်ဂျင်လည် နေတဲ့ အချိန် မီးလောင်ခန်းထဲမှာရှိတဲ့ ပြင်းထန်တဲ့ဖိအားက Coolant လမ်းကြောင်းထဲကိုဝင်လာတာကြောင့် ရေတိုင်ကီထဲ ဖိအားများလာ တာ စတဲ့အချက်တွေ ရှိလာရင်တော့ Head Gasket ဒါမှမဟုတ် Cylinder Head ပိုင်းကို သေချာစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ် ခင်ဗျာ။

မိတ်ဆွေတို့ ကားဝပ်ရှော့တွေမှာရော မီးခိုးအရောင်နဲ့ပတ်သက်ပြီး ဘယ်လို ပြဿနာမျိုးတွေ ကြုံဖူးလဲ?

Comment မှာ မျှဝေပေးခဲ့ပါဦးနော်! 👇

𝐁𝐔𝐑𝐌𝐄𝐒𝐄 𝐌𝐄𝐂𝐇𝐀𝐍𝐈𝐗
Automotive Training School

#ကားအိတ်ဇောကထွက်တဲ့မီးခိုးရောင် #ကားဗဟုသုတ

🚗 ကားစက်နှိုးလိုက်ရင် အိတ်ဇောက ညှော်နံ့လိုအနံဆိုးတွေ ထွက်လာတာ ဘာကြောင့်လဲ? 🤔ကားကို အချိန်ကြာကြာရပ်ထားပြီး စက်ပြန်နှိုးလိ...
15/07/2026

🚗 ကားစက်နှိုးလိုက်ရင် အိတ်ဇောက ညှော်နံ့လိုအနံဆိုးတွေ ထွက်လာတာ ဘာကြောင့်လဲ? 🤔

ကားကို အချိန်ကြာကြာရပ်ထားပြီး စက်ပြန်နှိုးလိုက်တဲ့အခါ အိတ်ဇောကနေ ညှော်နံ့လိုလို အနံစူးစူးထွက်တာမျိုး ကြုံဖူးကြလား? ❓❓

♠️ ပုံမှန်ကျွန်တော်တို့ အင်ဂျင်အေးနေချိန် စက်နှိုးလိုက်တဲ့အခါမှာ ECU က စက်နှိုးရလွယ်အောင် Fuel ကို ပုံမှန်ထက် နည်းနည်းပိုကျွေး ပေးပါတယ်။ အင်ဂျင်အေးနေတဲ့အချိန်မှာ လောင်ကျွမ်းမှုက အင်ဂျင်ပူနေချိန်လောက် မပြည့်စုံသေးတဲ့အတွက် မလောင်ကျွမ်းဘဲ ကျန်နေတဲ့ ဓာတ်ဆီအငွေ့ အနည်းငယ်က အိတ်ဇောကနေ ထွက်လာနိုင်ပါတယ်။ အဲ့ဒီအခါ ဆီညှော်နံလိုလို အနံ့စူးစူးထွက်လာတတ် ပါတယ်။ ဒါမဲ့ အင်ဂျင်ပူလာပြီး မိနစ်ပိုင်းအတွင်းမှာ အနံ့ပျောက်သွားရင်တော့ စိတ်ပူစရာမလိုပါဘူး။

♠️ နောက်တစ်ခုက ဗားဆီး (Valve Stem Seal) ချို့ယွင်းနေရင်လည်း Cylinder Head ဘက်က အင်ဂျင်ဝိုင် အနည်းငယ်ဟာ Valve Stem ဘက်ကနေ မီးလောင်ခန်း (Combustion Chamber) ထဲ စိမ့်ဝင်နိုင်ပါတယ်။ Cold Start မှာ စက်နှိုးလိုက်တာနဲ့ အဲဒီအင်ဂျင်ဝိုင်တွေပါရောပြီးလောင်ကျွမ်းသွား တဲ့အတွက် အိတ်ဇောကနေ မီးခိုးပြာ (Blue Smoke) ခဏထွက်တာ ၊ ဆီဂျီး မီးလောင်တဲ့အနံ့လိုမျိုး အနံ့စူးစူးထွက်လာတတ်ပါတယ်။ ဒါမဲ့ မောင်းနေရင်း အရှိန်တင်မှ မီးခိုးပြာ တောက်လျှောက်ထွက်နေပြီး အင်ဂျင်ဝိုင်လျော့လာတယ်ဆိုရင်တော့ Piston Ring ချောင် တာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

♠️ နောက်ပြီး Injector ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကားရပ်ထားတဲ့အချိန်မှာ Injector က လုံအောင်မပိတ်နိုင်ဘဲ မီးလောင်ခန်းထဲ ဆီတွေယိုနေမယ် ဆိုရင်တော့ Cold Start မှာ စက်နှိုးရခက်တာ ၊ ဓာတ်ဆီနံ့ ပြင်းပြင်းထွက်တာနဲ့ မီးခိုးမည်းထွက်တာတို့ ဖြစ်တတ်ပါတယ်။

♠️ ကျောက်ဇကာအိုး (Catalytic Converter) က Exhaust ထဲက မလိုအပ်တဲ့ Gas တွေကို လျှော့ချပေးတဲ့ အစိတ်အပိုင်းပါ။ ဒါပေမယ့် စက်နှိုးစအချိန်မှာ အဲ့ဒီကျောက်ဇကာအိုးက အေးနေပြီး သူအလုပ်လုပ်နိုင်တဲ့ အပူချိန်ကိုမရသေးတဲ့ အတွက် အပေါ်ကပြောခဲ့တဲ့ ညှော်နံ့တွေကို ပိုပြင်းပြင်းရလာနိုင်ပါတယ်။

ဒါပေမယ့် ဒီလိုညှော်နံ့တစ်ခုတည်းနဲ့ ဘယ်အစိတ်အပိုင်းတွေပျက်နေလဲဆိုတာ ဆုံးဖြတ် လို့မရသေးပါဘူး။ အင်ဂျင်ဝိုင် လျော့နေလား ၊ ဆီစားများနေလား ၊ စက်နှိုးရခက်နေလား ၊ ထွက်လာတဲ့မီးခိုးရောင်က ဘာအရောင်လဲ စတဲ့အချက်တွေကိုစစ်ဆေးကြည့်သင့်ပါတယ်ခင်ဗျာ။

နောက်တစ်ပိုင်းမှာတော့ အိတ်ဇောကထွက်တဲ့ "မီးခိုးအရောင်" ကိုကြည့်ပြီး ဘယ်အပိုင်းတွေ ချို့ယွင်းနေပြီလဲဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ကားမှာရော ကားစက်နှိုးစအချိန်မှာ အိတ်ဇောကနေ အခုလို အနံ့ဆိုးတွေ ညှော်နံ့တွေရဖူးလား?

👇 Comment မှာ အတွေ့အကြုံလေး မျှဝေခဲ့ပါဦးနော်

𝐁𝐔𝐑𝐌𝐄𝐒𝐄 𝐌𝐄𝐂𝐇𝐀𝐍𝐈𝐗
Automotive Training School

#အိတ်ဇောကအနံဆိုးထွက်ခြင်း #ကားဗဟုသုတ

🚗 ကားထွက်ထွက်ချင်း အဲကွန်း(AC) ဖွင့်လိုက်ရင် ရုတ်တရက်စက်သေသွားတာ ဘာကြောင့်လဲ? အဲကွန်း(AC) လေးဖွင့်ပြီး ကားစထွက်လိုက်တာနဲ...
10/07/2026

🚗 ကားထွက်ထွက်ချင်း အဲကွန်း(AC) ဖွင့်လိုက်ရင် ရုတ်တရက်စက်သေသွားတာ ဘာကြောင့်လဲ?

အဲကွန်း(AC) လေးဖွင့်ပြီး ကားစထွက်လိုက်တာနဲ့ အင်ဂျင်တုန်ပြီး စက်ပါထိုးရပ်သွားလို့ ကားထွက်ခါနီးတိုင်း AC အရင်ပိတ်ပြီးမှ ထွက်နေရတဲ့ ပြဿနာ ကြုံဖူးကြလား?

တကယ်တော့ ဓာတ်ဆီစနစ်အားနည်းတာ၊ လေယိုစိမ့်တာ (Vacuum Leak) စတဲ့ အကြောင်းရင်းတွေ ရှိနိုင်ပေမယ့်၊ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ အများဆုံးတွေ့ရတတ်တာ ၂ ခု ရှိပါတယ်ဗျ။

ပုံမှန်ကျွန်တော်တို့ အဲကွန်းဖွင့်လိုက်ရင် AC Compressor လည်ပတ်ဖို့ အင်ဂျင်က ဝန် (Load) ပိုထမ်းရတဲ့အတွက် ကားရဲ့ ECU က Throttle Control System (သို့မဟုတ်) ISC (Idle Speed Control) Valve ကနေ လေဝင်ပမာဏကို ချိန်ညှိပြီး AC Load ကို ခံနိုင်အောင် Idle RPM ကို ထိန်းပေးပါတယ်။ ဒါမဲ့ပြဿနာက လေတံခါးမှာ ဂျိုးတွေ၊ ကာဗွန်တွေ ပိတ်နေရင် ဒါမှမဟုတ် လေအပိုပေးတဲ့ ISC Valve ကဂျီးတွေပိတ်နေရင် လေဝင်ပမာဏ မလုံလောက်တော့ဘဲ RPM မထိန်းနိုင် ဖြစ်တတ်ပါတယ်။ အဲဒီခါကျ အဲကွန်းရဲ့ဝန်(Load)ကို အင်ဂျင်က မခံနိုင်တော့ဘဲ ကားထွက်ထွက်ချင်း စက်သေသွားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Variable Displacement Compressor သုံးထားတဲ့ ကားတွေမှာ AC Control Valve (Variable Compressor Control Valve) ပိုင်း ပြဿနာရှိနေရင် Compressor ရဲ့ Load ထိန်းချုပ်မှု မမှန်တော့ဘဲ အင်ဂျင်ပေါ်ကို ဝန်ပိုပိစေနိုင်ပါတယ်။ Control Valve က Compressor ရဲ့ အလုပ်လုပ်ပုံကို ကောင်းကောင်းမထိန်းနိုင်တော့တာကြောင့် AC ဖွင့်ချိန်မှာ Compressor Load များလာပြီး RPM ကျဆင်းကာ စက်သေသွားနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ?

✅ အရင်ဆုံး လေတံခါးစနစ်ကို စစ်ဆေးပြီး ညစ်ပတ်နေရင် ဖြုတ်ဆေးကြည့်ပါ။

✅ နောက်တစ်ခုက AC Manifold Gauge နဲ့ အဲကွန်းပိုက်လိုင်းထဲက ဖိအားအခြေအနေကိုတိုင်းတာပြီး Compressor ဆွဲအားများ နေလားဆိုတာ စစ်ကြည့်ရပါမယ်။ ဖိအား(Pressure) အခြေအနေကနေ Compressor နဲ့ Control Valve ဘက်ကို ဆက်စစ်နိုင် ပါတယ်။

✅ ပိုပြီးတိတိကျကျသိချင်ရင်တော့ OBD2 Scanner နဲ့ AC ဖွင့်ထားတဲ့အချိန် Idle RPM, Throttle Position, Engine Load စတာတွေကို Live Data ကြည့်ပြီး စစ်နိုင်ပါတယ်။ ဒီလိုစစ်ကြည့်ရင် Sensor/Control ပိုင်းလား၊ Engine Load များနေတာလား ခွဲခြားလို့ရပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ ကားမှာရော အဲကွန်း(AC) ဖွင့်ရင် စက်ရပ်သွားတဲ့ပြဿနာ ကြုံဖူးလား? ဒါမှမဟုတ်
ဘယ်အစိတ်အပိုင်းတွေကြောင့် အခုလိုဖြစ်တတ်လဲ‌?

👇 Comment မှာ အတွေ့အကြုံလေးတွေမျှဝေခဲ့ကြပါဦးနော်!

𝐁𝐔𝐑𝐌𝐄𝐒𝐄 𝐌𝐄𝐂𝐇𝐀𝐍𝐈𝐗
Automotive Training School

AC System #ကားဗဟုသုတ

🚗 အင်ဂျင်အေးနေချိန် စက်နှိုးလိုက်ရင် RPM တက်ပြီး ခဏကြာမှ ပြန်ကျသွားတာ ဘာကြောင့်လဲ?🤔 ကားကို အချိန်ကြာကြာရပ်ထားပြီး စက်ပြန...
08/07/2026

🚗 အင်ဂျင်အေးနေချိန် စက်နှိုးလိုက်ရင် RPM တက်ပြီး ခဏကြာမှ ပြန်ကျသွားတာ ဘာကြောင့်လဲ?

🤔 ကားကို အချိန်ကြာကြာရပ်ထားပြီး စက်ပြန်နှိုးတဲ့အခါ RPM က ပုံမှန်ထက် မြင့်တက်သွားပြီး ခဏကြာမှ ပြန်ကျလာတာကို သတိထားမိဖူးပါသလား?

ဒါဟာ ကားပျက်နေတဲ့လက္ခဏာ မဟုတ်ဘဲ အင်ဂျင်အေးနေချိန်မှာ အင်ဂျင်ကို အလွယ်တကူ စက်နှိုးနိုင်ပြီး ပုံမှန်အလုပ်လုပ်နိုင်အောင် ECU က အလိုအလျောက် ချိန်ညှိပေးနေတာ ဖြစ်ပါတယ်။

🤔 ဒါဆို ECU က အင်ဂျင်အေးနေတယ်ဆိုတာကို ဘယ်လိုသိတာလဲ?

တကယ်တော့ ECU မှာ မျက်လုံးလည်းမရှိ၊ လက်နဲ့သွားစမ်းကြည့်လို့လည်း မရပါဘူး။ ဒါပေမဲ့ သူ့မှာ Engine Temperature ကို သတင်းပေးနေတဲ့ Sensor တစ်ခု ရှိပါတယ်။ အဲဒါကတော့ ECT Sensor (Engine Coolant Temperature Sensor) လေးပါပဲ။ သူ့ရဲ့အလုပ်က Coolant အပူချိန်ပြောင်းလဲမှုကို Electric Signal အဖြစ် ECU ဆီကို ပို့ပေးရတာ ဖြစ်ပါတယ်။ ECT Sensor က အများအားဖြင့် အင်ဂျင်ဘက်က Coolant ပိုက်ဝင်တဲ့နေရာ (Thermostat Housing အနီး) မှာ ရှိတတ်ပါတယ်။ အင်ဂျင်ရဲ့ တကယ့်အပူချိန်ကို သိနိုင်ဖို့ Coolant အပူချိန်ကို တိုက်ရိုက်ခံစားနိုင်တဲ့နေရာမှာ တပ်ဆင်ထားခြင်းဖြစ်တယ်။

🤔 Signal ရတော့ ECU က ဘာတွေဆက်လုပ်ပေးလဲ?

ECT Sensor ကပေးတဲ့ အချက်အလက်အပေါ်မူတည်ပြီး ECU က -
Cold Start မှာ Idle Control System ကနေ RPM ကို မြင့်အောင် ထိန်းပေးပြီး အင်ဂျင်ပူလာတာနဲ့အမျှ ပုံမှန် RPM ကို ပြန်ထိန်းပေးတယ်

✅ အင်ဂျင်အေးနေချိန်မှာ လောင်ကျွမ်းမှုကောင်းအောင် Fuel ပမာဏကို တိုးပေးတယ်
✅ အင်ဂျင်ပူလာရင် Fuel Mixture ကို ပြန်ညှိပေးတယ်
✅ လိုအပ်တဲ့အချိန် Radiator Fan ကို ဖွင့်ပေးတယ်
✅ အင်ဂျင်အပူချိန် ပုံမှန်ထက် မြင့်လာရင် ကားမောင်းသူကို သတိပေးဖို့ ဒိုင်ခွက်ထဲမှာ Warning Light ပြတာမျိုးတွေလည်း လုပ်ပေးတယ်

⚠️ အကယ်၍ ECT Sensor ကသာ အချက်အလက်အမှားတွေ ပြောလာရင်...

❌ Cold Start မှာ စက်နှိုးရ ခက်နိုင်တယ် (ECT Sensor က အင်ဂျင်အပူချိန်ကို မှားဖတ်မိရင် ECU က Fuel ပမာဏကို မှန်ကန်စွာ မချိန်နိုင်တော့တာကြောင့် ဖြစ်တယ်)
❌ ဆီစားများလာနိုင်တယ်
❌ အိတ်ဇော(Exhaust) ကနေ မီးခိုးမည်း (Black Smoke) တွေ ထွက်လာမယ် (ဆီတွေ အလွန်အကျွံ ဖြန်းမိလို့ပါ)
❌ Engine Idle မငြိမ်ဖြစ်မယ်
❌ Radiator Fan လုံးဝ မလည်တော့တာမျိုး၊ ဒါမှမဟုတ် စက်နှိုးတာနဲ့ အဆက်မပြတ် လည်နေတာမျိုး ဖြစ်တတ်တယ်
❌ ဒိုင်ခွက်မှာ Check Engine မီးလင်းလာမယ်

💡 ဘယ်လိုနည်းနဲ့ ပြစ်ချက်ရှာမလဲ?

ECT Sensor ရဲ့ အခြေအနေကို Multi-meter နဲ့ Sensor Resistance ကိုစစ်ဆေးနိုင်သလို၊ ယနေ့ခေတ်ကားဝပ်ရှော့တွေမှာ အသုံးပြုလာကြီဖြစ်တဲ့ OBD2 Diagnostic Scanner ကိုသုံးပြီး မြန်ဆန်တိကျစွာ စစ်ဆေးနိုင်ပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ကားမှာ စက်နှိုးပြီးချင်း RPM မြင့်တက်ပြီး ခဏကြာမှ ပြန်ကျသွားတာကို သတိထားမိလား?

👇 Comment မှာ ဖြေပေးခဲ့ကြပါဦးနော်! 😊😊

𝐁𝐔𝐑𝐌𝐄𝐒𝐄 𝐌𝐄𝐂𝐇𝐀𝐍𝐈𝐗
Automotive Training School

#ကားဗဟုသုတ

လီဗာနင်းပေမယ့် ကားကအရှိန်တက်မလာတာ ဘာကြောင့်လဲ?  🚗💨လီဗာနင်းလိုက်ပေမယ့် ကားက ချက်ချင်းမပြေးဘဲ ရုန်းချင်သလိုလို တုံ့ဆိုင်းတ...
06/07/2026

လီဗာနင်းပေမယ့် ကားကအရှိန်တက်မလာတာ ဘာကြောင့်လဲ? 🚗💨

လီဗာနင်းလိုက်ပေမယ့် ကားက ချက်ချင်းမပြေးဘဲ ရုန်းချင်သလိုလို တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေတာမျိုး (ဒါမှမဟုတ်) ကားစက်နှိုးလိုက်ရင် အင်ဂျင်သံတုန်နေတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ အဲဒီလို ဖြစ်လာရင် များသောအားဖြင့် ဝပ်ရှော့တွေမှာ 'လေတံခါး ဆေးရမယ်' ဒါမှမဟုတ် 'လေတံခါး sensor လဲရမယ်' ဆိုပြီး ပြောတတ်ကြပါတယ်။ အဲ့တော့ လေတံခါးဆိုတာဘာကိုပြောတာလဲ? Throttle Body , Throttle Position Sensor(TPS) ဆိုတာဘာလဲ ရှင်းပြချင်ပါတယ်ခင်ဗျာ။

⚙️ လွယ်လွယ်မှတ်ရမယ်ဆိုရင် -

• Throttle Body ဆိုတာ လေဝင်ပေါက်ကို ထိန်းချုပ်တဲ့ အစိတ်အပိုင်း
• လေတံခါး(Throttle Valve) ဆိုတာ လေဝင်ပေါက်ကို ဖွင့်/ပိတ်လုပ်ပေးတဲ့ အပြားလေး
• Throttle Position Sensor(TPS Sensor) ဆိုတာကတော့ အဲဒီတံခါးကြီး ဘယ်လောက်တောင် ပွင့်နေပြီလဲဆိုတာကို လှမ်းပြောပြတဲ့ Sensor ပေါ့

ကျွန်တော်တို့ လီဗာနင်းလိုက်တဲ့အခါ Throttle Body ထဲက လေတံခါး (Throttle Valve) အပြားလေး ပွင့်သွားပြီး အင်ဂျင်ထဲ လေတွေဝင်လာပါတယ်။ လီဗာကိုအရှိန်ပြင်းပြင်းနင်းလိုက်ရင် လေတံခါးအကျယ်ကြီး ပွင့်သွားတာပေါ့။ အဲဒီလို ပွင့်သွားတဲ့ ရာခိုင်နှုန်း (၁၀% လား၊ ၅၀% လား) ကို TPS Sensor က တိုင်းတာပြီး ကားရဲ့ ECU ဆီကို Signal လှမ်းပို့ပါတယ်။ ECU က အဲဒီ Signal ကို MAF/MAP, Engine RPM, Coolant Temperature စတဲ့ Sensor တွေရဲ့ အချက်အလက်တွေနဲ့ ပေါင်းစပ်တွက်ချက်ပြီး ဆီဖြန်းရမယ့် ပမာဏ (Fuel Injection ) နဲ့ မီးခတ်ရမယ့် အချိန် (Ignition Timing) ကို ချိန်ညှိပေးတာ ဖြစ်ပါတယ်။

⚠️ Throttle Body ပဲဖြစ်ဖြစ်၊ TPS ပဲဖြစ်ဖြစ် ပြဿနာရှိလာရင် ဘယ်လိုလက္ခဏာတွေပြတတ်လဲ?
❌ RPM တွေ မတည်မငြိမ်ဖြစ်မယ် (အင်ဂျင်တုန်တာ၊ တက်လိုက်ကျလိုက်ဖြစ်တာ)
❌ လီဗာနင်းပေမယ့် ဂီယာမလိုက်တာ၊ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေတာ
❌ ဒိုင်ခွက်မှာ Check Engine မီး လင်းလာမယ်
❌ ကားက အားမရှိတော့ဘဲ Limp Mode (Safety Mode) ဝင်သွားမယ်

💡 ဘယ်လို ပြစ်ချက်ရှာမလဲ?

✅ Throttle Body မှာ ဂျိုးတွေ၊ ကာဗွန်တွေ ပိတ်တာဆိုရင်တော့ များသောအားဖြင့် ဖြုတ်ဆေးလိုက်ရုံနဲ့ အဆင်ပြေသွားတတ်ပါတယ်။
✅ TPS Sensor ပျက်တာဆိုရင်တော့ ECU ဆီ Signal အမှားတွေ ပို့တတ်လို့ Signal လှိုင်း မှန်/မမှန်ကို Oscilloscope နဲ့ဖြစ်ဖြစ်၊ ဝပ်ရှော့တွေမှာ သုံးတဲ့ OBD2 Diagnostic Scanner နဲ့ဖြစ်ဖြစ် တိတိကျကျ စစ်ဆေးနိုင်ပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ ကားဝပ်ရှော့မှာရော လေတံခါးပိုင်းကို ပြင်ရတာများလား? TPS sensor ဘက်ကို စစ်ရတာများလား?

👇 Comment မှာ မျှဝေခဲ့ပေးကြပါဦးနော်!

𝐁𝐔𝐑𝐌𝐄𝐒𝐄 𝐌𝐄𝐂𝐇𝐀𝐍𝐈𝐗
Automotive Training School

#လေတံခါး Sensor #ကားဗဟုသုတ

🚗 ** အချို့ကားတွေရဲ့ အနောက်မှန်မှာပါတဲ့ အစင်းကြောင်းလေးတွေက sticker သက်သက်ပဲလား? ** 🤔အိမ်စီးကားအချို့ရဲ့ အနောက်မှန်ကို သ...
25/06/2026

🚗 ** အချို့ကားတွေရဲ့ အနောက်မှန်မှာပါတဲ့ အစင်းကြောင်းလေးတွေက sticker သက်သက်ပဲလား? ** 🤔

အိမ်စီးကားအချို့ရဲ့ အနောက်မှန်ကို သေချာကြည့်လိုက်ရင် လိုင်းအစင်းလေးတွေ တွေ့ရတတ်ပါတယ်။

ဒါကို အချို့က မှန်ဒီဇိုင်းလုပ်ထားတယ်လို့ထင်တတ်ကြပေမယ့် ...
တကယ်တော့ ဒါဟာ ** Rear Defogger (အနောက်မှန်အပူပေးစနစ်) ** ရဲ့ လျှပ်စစ်အပူပေးကြိုးလေးတွေပဲဖြစ်ပါတယ်။

🌧️ ဘာအတွက်သုံးတာလဲ?

မိုးရွာတဲ့နေ့တွေ၊ မနက်ခင်း မြူခိုး ၊ နှင်းခိုးရိုက်တဲ့အချိန်တွေမှာ အနောက်မှန် ဝါးသွားတာကို
Rear Defogger ခလုတ်လေးတစ်ချက်နှိပ်လိုက်တာနဲ့ အပူပေးစနစ်က ရေငွေ့တွေ မြူခိုးတွေကိုရှင်းလင်းပေးပါတယ်။

ဒါကြောင့် အနောက်ကလာတဲ့ကားတွေကို ရှင်းရှင်းလင်းလင်း ပြန်မြင်နိုင်လို့ ကားမောင်းတဲ့အခါ အန္တရာယ်ကင်းစေပါတယ်ခင်ဗျာ။ 🚗✨

🕹️ Rear Defogger ခလုတ်က ဘယ်မှာလဲ?

ကားအမျိုးအစားအလိုက် ခလုတ်ရဲ့တည်နေရာကွာနိုင်ပေမယ့် အချို့ကားတွေမှာတော့ အဲကွန်းခလုတ် panel / dashboard အလယ်ပိုင်းလောက်မှာ ရှိတတ်ပြီး
"အငွေ့ပုံစံလှိုင်းသုံးလှိုင်း" ပါတဲ့ icon ပုံစံလေးနဲ့ရှိနေတတ်ပါတယ်။

မိတ်ဆွေတို့ကားရဲ့အနောက်မှန်မှာရော ဒီလိုအဆင်းလိုင်းလေးတွေ ပါလား?
Rear Defogger စနစ်ကိုရောအသုံးချဖူးလားဆိုတာ comment မှာပြောခဲ့ကြပါအုံးနော်? 👇😎

#ကားဗဟုသုတ

defogger

23/06/2026

မော်ဒယ်မြင့်ကားတွေမှာ ဝါယာကြိုးတွေအများကြီးမလိုဘဲ ECU တစ်ခုနဲ့တစ်ခု ဘယ်လို Data တွေလှမ်းပို့ပြီးဆက်သွယ်နေကြလဲ? 🤔

ဒီနေ့မှာတော့ ကားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ CAN Bus System အကြောင်းကို မျှဝေပေးထားပါတယ်ခင်ဗျာ။ 👇

#ကားဗဟုသုတ

21/06/2026

🌙 🙏 မင်္ဂလာညချမ်းပါခင်ဗျာ
😊 ဒီနေ့တော့ ပေါ့ပေါ့ပါးပါးနဲ့ ဉာဏ်စမ်းလေးဖြေကြည့်ရအောင်

မေးခွန်း။ ။ ကားတစ်စီးတွင် Timing Belt ပြတ်သွားပါက အင်ဂျင်အတွင်း မည်သို့သော ဆိုးကျိုးများ အဓိက ဖြစ်ပေါ်နိုင်သနည်း?

A. ကားစတီယာရင် လှည့်၍မရအောင်လေးသွားခြင်း 🚗
B. အင်ဂျင်ထဲရှိ ပစ္စတင်(piston) နှင့် ဗားလ်များတိုက်မိကာ အင်ဂျင်ပျက်ဆီးသွားနိုင်ခြင်း 🔧
C. ကား၏ အဲယားကွန်းစနစ် ရပ်တန့်သွားခြင်း ❄️
D. ဘရိတ်အုပ်မရဖြစ်သွားခြင်း 🛑

#ကားဗဟုသုတ

Address

No. 26 (B), Settmhu 4 Street, South Okkalapa Industrial Zone
Yangon
11091

Telephone

+959442630391

Website

Alerts

Be the first to know and let us send you an email when Burmese Mechanix Automotive Training School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category