Institute of English UMN

Institute of English UMN

Share

Education, English and Italian Languages, Tourism

12/12/2023

📸 Look at this post on Facebook
https://www.facebook.com/100063917714043/posts/797461262394457/?mibextid=CDWPTG

ဥရောပသမဂ္ဂမှ မြန်မာပြည်အတွက် သီးသန့် စကော်လာရှစ်
______________________________________
လက်ရှိ မြန်မာပြည်က အခြေအနေတွေကြောင့် ကျောင်းတက်ရင်း ဘွဲ့မရသေးပဲ တန်းလန်းဖြစ်နေတဲ့ Bachelor နဲ့ Master ကျောင်းသား၊ကျောင်းသူတွေ၊
Onlineကနေ ကျောင်းဆက်တက်ပီး နိုင်ငံတကာတက္ကသိုလ်တွေကနေဘွဲ့ယူနိုင်ဖို့၊
အလုပ်ဆက်မလုပ်ရပဲ နားလိုက်ရတဲ့ လူတွေအတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အလုပ်သင်အနေနဲ့ ဆက်လက် လုပ်ဆောင်နိုင်ဖို့
စတဲ့ အမျိုးအစား ၂ ခုအတွက် ဥရောပသမဂ္ဂက ပေးတဲ့ မြန်မာပြည်အတွက် သီးသန့် scholarship ပါ။
Online ကနေ ပဲ တက်ရောက်ရမှာဖြစ်ပီး
အင်တာနက်ကုန်ကျစရိတ်ကအစ ထောက်ပံ့ပေးမှာဖြစ်သလို မြန်မာပြည် ကိုယ်အိမ်မှာပဲနေရင်း လက်ရှိမြန်မာပြည်မှာပဲ နောက်ဆုံးတက်ရောက်ဆဲဘွဲ့ကို ကျန်နေတဲ့ ကာလတခုအတွက်ပဲ ဆက်တက်ရင်း နိုင်ငံခြားတက္ကသိုလ်က ဘွဲ့ရယူနိုင်ကြမှာပါ။
ဥပမာ ကိုယ်က မြန်မာပြည်မှာ ဒုတိယနှစ်အထိပဲ တက်ခဲ့ပြီး တန်းလန်းနဲ့ ရပ်နေတာမျိုးဆို
ခု ဒီပရိုဂရမ်က ပါတာနာ တက္ကသိုလ်မှာ တတိယနှစ်နဲ့စတုတ္ထနှစ် ဆက်တက်ရင်း ဘွဲ့ရယူနိုင်မှာပါ။
အောက်က လင့်ခ်မှာ လျှောက်ထားနိုင်ပါတယ်။





၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့ deadline ပါ
https://empm.education/cfa/

မှတ်ချက်။ info sharing အဖြစ်သာ မျှဝေပေးခြင်းဖြစ်ပြီး စင်တာနှင့် တိုက်ရိုက်မသက်ဆိုင်သော်ကြောင့် မူရင်း link ကိုသာ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ကြပါရန်။

Sustainability နဲ့ ပတ်သတ်သည့် သတင်းအချက်အလက်များ၊ webinar များကို အချိန်နှင့်တပြေးညီတက်ရောက်လိုပါက အောက်ပါ Facebook group သို့ join ထားနိုင်ပါသည်။
https://www.facebook.com/share/8WLWTdr7eyAHWMEi/?mibextid=K35XfP

https://www.facebook.com/share/XcCLeGBpohHdxCg5/?mibextid=K35XfP

22/02/2023

📣 The Università degli Studi di Padova is offering 2 scholarships to support Myanmar students for Academic Year 2023/24.

You can be considered for the selection procedure if you meet the requirements below:
- hold Myanmar citizenship;
- do not reside in Italy;
- hold a non-Italian foreign secondary school diploma (for Bachelor's or Single-cycle degrees applicants) or a non-Italian Bachelor's degree (for Master's degrees applicants) allowing admission to the Italian University system;
- apply to one or more degree programmes completely taught in English at the University of Padua. Please remember that you can apply up to 3 degree programmes.

All the students fulfilling the above-mentioned requirements applying for A.Y. 2023/24 are automatically considered for the selection procedure.

➡️ Detailed information are available in the Call for application for A.Y. 2023/24 published on the page: https://www.unipd.it/en/studying-padua/funding-and-fees/scholarships-international-students

ℹ️ Global Engagement Office - Admissions and Welcome Unit – [email protected]

17/12/2022

https://www.facebook.com/100063605952251/posts/604474828349377/?mibextid=Nif5oz

[English Text Below]
စိုက်ပျိုးမွေးမြူရေးနှင့်ဆက်စပ်သောပညာရပ်များကို စိတ်ဝင်စားသူများအနေဖြင့် လင်ကွန်းပညာသင်ဆုအစီအစဉ်တွင် ပါဝင်လျှောက်ထားဖို့ တိုက်တွန်းပါတယ်။

စိုက်ပျိုးမွေးမြူရေးပညာ အချို့သောအပင်များစိုက်ပျိုး၍ အိမ်မွေးတိရစ္ဆာန်များ (ခြံမွေးတိရစ္ဆာန်) မွေးမြူခြင်းမှ အစားအစာ၊ တိရစ္ဆာန်အစာ၊ အသားမျှင်နှင့် အခြား အလိုရှိသည့် ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။
ဥပမာအားဖြင့် စိုက်ပျိုးစီးပွားပညာ၊ စိုက်ပျိုးရေးပညာ၊ ငါးလုပ်ငန်းစီမံခန့်ခွဲမှု၊ စားနပ်ရိက္ခာသိပ္ပံ၊ သဘာဝသယံဇာတအရင်းအမြစ်စီးပွားပညာ၊ စိုက်ပျိုးရေးလုပ်ငန်း/စီမံခန့်ခွဲမှုပညာ၊ လယ်ယာသီးနှံ စိုက်ပျိုးရေးပညာ/သီးနှံသိပ္ပံ၊ တိရစ္ဆာန်မွေးမြူရေးပညာ၊ ကိမိလဗေဒ၊ ရုက္ခဗေဒ/ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေးပညာ၊ အပင်ရောဂါဗေဒ၊ အစရှိသည့် ဘာသာရပ်များ ပါဝင်ပါတယ်။

အပင်ရောဂါဗေဒအကြောင်းလေ့လာကြည့်ရအောင်။

အပင်ရောဂါဗေဒသည် သဘာဝပတ်ဝန်းကျင်အခြေအနေများ (ဇီဝကမ္မဆိုင်ရာအကြောင်းရင်းများ) နှင့် (ရောဂါပိုးများ (ကူးစက်ရောဂါများ) ကြောင့် အပင်များတွင်ဖြစ်တတ်သည့် ရောဂါများကို ရှာဖွေဖော်ထုတ်၍ စီမံခန့်ခွဲရသည့် သိပ္ပံပညာရပ်တစ်ခုဖြစ်ပါတယ်။

အခုပညာရပ်နယ်ပယ်တွေက ကိုးကားစရာအချက်အနေနဲ့ ဖော်ပြထားတာဖြစ်ပြီး မိမိတို့ရဲ့ စိတ်ပါဝင်စားမှု၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် အကျိုးသက်ရောက်မှုများကို ပြည့်စုံစွာရှင်းလင်းဖော်ပြနိုင်သရွေ့ စိတ်ပါဝင်စားတဲ့ မည်သည့်ပညာရပ်နယ်ပယ်ကိုမဆို လျှောက်ထားဖို့ တိုက်တွန်းပါတယ်။

Individuals interested in Agriculture and related studies are encouraged to apply for Lincoln Scholarship Program.

Agriculture is the process of producing food, feed, fiber and other desired products by the cultivation of certain plants and the raising of domesticated animals (livestock).
For example, fields of study may include: Agricultural Economics, Agricultural Education, Fisheries Management, Food Science, Natural Resources Economics, Agricultural Business/Management, Agronomy/Crop Science, Animal Science, Entomology, Botany/Horticulture, Plant Pathology, etc.

Get an insight into Plant Pathology!
Plant Pathology is the science of diagnosing and managing plant diseases caused by pathogens (infectious diseases) and environmental conditions (physiological factors).

The mentioned fields of study are reference points and individuals interested in any fields of study that are critical to Myanmar’s development are encouraged to apply. Applicants can apply for any subject as long as they can explain their motivations, career goals and the resulting impact on the development of the country.


For more information: [email protected]

17/12/2022

Here u go

https://www.facebook.com/100063605952251/posts/602620595201467/?mibextid=Nif5oz

[English Text Below]

လင်ကွန်းပညာသင်ဆုအစီအစဉ်က အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအထူးအေဂျင်စီ (USAID) ရဲ့ ရည်မှန်းချက်ပန်းတိုင်နှင့်အညီ ကဏ္ဍစုံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်ကနေ ဦးဆောင်လမ်းပြပေးခြင်းဖြင့် လူငယ်လူရွယ်တွေရဲ့ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုစွမ်းရည်ကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါတယ်။

ဖော်ပြပါဘာသာရပ်တွေကတော့ ပညာရပ်နယ်ပယ်တွေထဲမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ အထူးပြုဘာသာရပ်တွေပဲဖြစ်ပါတယ်။ အမေရိကန်တက္ကသိုလ်တွေက သတ်မှတ်ခေါ်ဆိုထားတဲ့ ဘာသာရပ်တွေက ကိုယ့်နိုင်ငံတွေရဲ့ အသုံးအနှုန်းတွေနဲ့ မတူဘဲ ကွဲပြားနိုင်တာကို သတိပြုမှတ်သားထားဖို့ လိုအပ်ပါတယ်။

(ပညာရပ်နယ်ပယ် / ဘာသာရပ်နယ်ပယ်)
စိုက်ပျိုးမွေးမြူရေးပညာ၊ စီးပွားရေး၊ ဘောဂဗေဒ၊ ပညာရေး၊ ပတ်ဝန်းကျင်သိပ္ပံပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ သတင်းအတတ်ပညာ၊ ဥပဒေပညာ၊ စိတ်ပညာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ၊ ပြည်သူ့ကျန်းမာရေးဘာသာရပ် အစရှိတဲ့ဘာသာရပ်တွေဖြစ်ပါတယ်။

အထက်ပါပညာရပ်နယ်ပယ်တွေက ကိုးကားစရာအချက်အနေနဲ့ ဖော်ပြထားတာဖြစ်ပြီး မိမိတို့ရဲ့ စိတ်ပါဝင်စားမှု၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် အကျိုးသက်ရောက်မှုများကို ပြည့်စုံစွာရှင်းလင်းဖော်ပြနိုင်သရွေ့ စိတ်ပါဝင်စားတဲ့ မည်သည့်ပညာရပ်နယ်ပယ်ကိုမဆို လျှောက်ထားဖို့ တိုက်တွန်းပါတယ်။

The Lincoln Scholarship Program will achieve USAID’s goal of improving the technical competencies and enhancing the leadership potential of the next generation of leaders to guide Myanmar along a path of inclusive socio-economic development. Listed below are the most common specializations and degrees within the fields of study. Please note that the manner in which US institutions classify or name an area of study might differ from your home country.

(Fields of Study)
Agriculture, Business, Economics, Education, Environmental Science, International Relations, Journalism, Law, Psychology, Public Administration, Public Health, etc.

The above-mentioned fields of study are reference points and individuals interested in any fields of study that are critical to Myanmar’s development are encouraged to apply.

Applicants can apply for any subject as long as they can explain their motivations, career goals and the resulting impact on the development of the country.


For more information: [email protected]

09/11/2022

Scholar လျှောက်ကြပါ

UWC Scholarship Entry 2023 is open!
မြန်မာကျောင်းသူကျောင်းသားများအတွက် နှစ်စဉ်နှစ်တိုင်း ပညာသင်ဆုပေးလေ့ရှိတဲ့ UWC IB Diploma Scholarship စတင် လျှောက်လို့ရပါပြီ။

United World College ဆိုသည်မှာ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ် ဖြစ် ပေါ်လာရန်အတွက် ပညာရေးအားဖြင့် မတူကွဲပြား ယဉ်ကျေးမှုရှိတဲ့ လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စေဖို့ အကောင်ထည်ဖော် ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ UWC သည် တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း (၁၈) နိုင်ငံတွင် ကျောင်းရှိပြီး (၁၈၁) နိုင်ငံမှ ကျောင်းသားပေါင်း တစ်သောင်းကျော် ကို နှစ်စဉ် မွေးထုတ် ပေးလျက်ရှိပါတယ်။

ပညာသင်ဆု အမျိုးအစား အနေနဲ့ -
1️⃣ All inclusive scholarship
2️⃣ Up to Fully Funded
3️⃣ Partial Scholarship စသဖြင့်ရှိပါတယ်။

ပညာသင်ဆုကို လျှောက်ဖို့အတွက် လိုအပ်ချက်တွေကတော့ -
၁။ မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
၂။ လျှောက်ထားသူသည် ၁.၉.၂၀၀၄ - ၃၁.၁၂.၂၀၀၇ အတွင်း မွေးဖွားသူဖြစ်ရပါမယ်။
၃။ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်စာမေးပွဲ Grade -10 (သို့) တိုင်းရင်းသားလူမျိုးစု၏အထက်တန်းပညာရေး (သို့) နိုင်ငံတကာအသိအမှတ်ပြု GED (သို့) IGCSE ၁၁/၁၂ တန်းပြီးမြောက်ထားသူ ဖြစ်ရပါမယ်။
၄။ English skills အသင့်အတင့် ရေးသားပြောဆိုနိုင်သူဖြစ်ရပါမယ်။ (English Proficiency Test Scores များရှိရန်မလိုပါ)
၅။ လျှောက်လွှာတင်ရန် Personal email address ရှိရပါမယ်။

- လျှောက်လွှာတင်ရန် apply.uwc.org/prog/mm မှာ Register လုပ်ပြီး လျှောက်ထားနိုင်ပါတယ်။

Myanmar National Committee မှ ပညာသင်ဆုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်လက်များကို မျှဝေပေးသွားမှာ ဖြစ်တဲ့အတွက် စိတ်ပါ၀င်စားသူမည်သူမဆို အောက်ပါလင့်ခ်တွင် ဖောင်ဖြည့်ပြီး တက်ရောက်နိုင်ပါတယ်။

📝 Registration link:
https://us06web.zoom.us/webinar/register/WN_dMzm9uoARYmtq0oqfDgJvw

📆 Date: November 24, 2022 (Thursday)
🕒 Time: 3:00 PM (Myanmar Time)

Email: [email protected], [email protected]
Website : mm.uwc.org
Phone: +959 42111 7906 / +959 79998 2148/ +959 9560 42735

07/10/2022

Announcement 📢

English UMN INSTITUTE မှအတန်းများအားလုံး 8/9/10 သီတင်းကျွတ်ရက်များပိတ်ပါတယ်
ကျန်ရက်များကိုပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
"HappyThadingyut "to you all.🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔

18/08/2022

ပြီးခဲ့တဲ့တပတ်ကကိုယ်‌တွေ Italy scholar သွားတုန်းကခင်မင်ရတဲ့ညီမလေးတစ်ယောက်ကအမရေ တဲ့သူ့အသိကလေးတစ်ယောက် Europe မှာပညာသွားသင်မှာ ကို minor အနေနဲ့ ပြင်သစ်သို့ဂျာမန်ကို တခုခုယူရမယ်လို့ပါတယ်တဲ့အဲ့ဒါဘာဘာသာယူရမှန်းမသိလို့အကြံပေးပါအုံးဆိုလို့သိသ‌ေလာက်ဆွေးနွေးပြီးအကြံပေးလိုက်ပါတယ်။
French & German က အတော်လေးကွာပါတယ်
German က belong to Indo European language family ဖြစ်ပြီးFrench က Latin အုပ်စုထဲကပါ။(ဒီ့ထက်အသေးစိတ်ကတော့ဆိုင်ရာဆိုင်ရာဆရာ/ဆရာမတွေပိုသိပါလိမ့်မယ်)
လူမျိုးတစ်မျိုးရဲ့ဖြတ်သန်းခဲ့ရတဲ့History ၊ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေပေါ်မှုတည်ပြီးသူတို့ရဲ့တွေးခေါ်ပုံ၊ပြုမှုနေထိုင်ပုံတွေကလည်းကွာသွားပါတယ် ၊ကိုယ် တွေကTourism sector မှာနှစ်ပေါင်း ၂၅နှစ်ကျော် Tourist guide,Tour leader, Cruise Director positions တွေနဲ့ လူမျိုးပေါင်းစုံ‌ တွေ့ခဲ့တော့ ဘယ်လူမျိုးကဘာ၊ဘယ်လိုအထာရှိတယ်ဆိုတာကတော့စကားခဏ‌ေပြာတာနဲ့အသာလေးသိနေ၊မှန်းတတ်နေပြီလေ၊၁၀၀%‌ တော့မမှန်နိုင်‌ ပေမယ့်အ‌ တွေ့အကြုံ ကစကား‌ ပြော တော့မှားခဲပါတယ်။အဲ့ဒီအတွက်သူငယ်ချင်းညီမလေးကို‌သူ့မေးခွန်းမဖြေခင်ကျောင်းတက်မယ့်ခလေးရဲ့ character ကဘယ်လိုမျိုးလဲလို့မေးလိုက်ပါတယ်......
သူ့ရဲ့အဖြေပေါ်မှုတည်ပြီး တော့ သူနဲ့နီးစပ်မယ့် ၊အဆင်ပြေမယ့် Minor ဘာသာကိုရွေးလို့ရသွားပါတယ် ၊ပြီးတော့တက်ရမယ့်ကျောင်း၊ဆရာသို့ဆရာမ Contact info တွေပါတခါတည်းပေးလိုက်ပါတယ်။
ကျောင်းတွေ၊info တွေပေးနိုငိတယ် ဆိုတာကလည်းကိုယ့်လိုပဲ Language field ထဲမှာအကြာကြီးမြုပ်နှံပြီးဘယ်သူကဘယ်လောက်experiencesရှိတယ် ၊ဘယ်မှာလေ့လာခဲ့တယ်၊ခုတော့ စာသင်နေတယ်စသဖြင့်သိသလောက်ညွှန်းပေးပါတယ်။
များသောအားဖြင့်တော့အသိ၊မိတ်‌ေဆွ၊သူငယ်ချင်းtourism နယ်ပယ်ထဲ Guide တွေဆိုရင်လဲဘာသာစကားကျွမ်းကျင်ယုံတခုတည်းမဟုတ်ပဲအဲ့ဒီလူမျိုး‌ေတွရဲ့ ယဉ်ကျေးမှု့၊စိတ်နေသဘောထား၊အမှုအကျင့် ၊နိုင်ငံ့ရဲ့အကြောင်းစသဖြင့်အသေးစိတ်ပြောပြနိုင်ပါတယ်၊များသောအားဖြင့်ဆိုင်ရာနိုင်ငံတွေမှာနေပြီးစာလုပ်ခဲ့၊နေထိုင်ခဲ့တာမို့လို့ခုမှစပြီးလေ့လာမယ့်ကျောင်းသား/သူအတွက်အများကြီးအ‌ ထောက်အကူရပါတယ်။
Languageတ ခုကိုလေ့လာတဲ့နေရာမှာ culture &traditions ကိုနားလည်ရင်အများကြီးရှေ့ရောက်ပါတယ်။
အဲ့ဒီတော့ ဘာဘာသာ‌ေလ့လာရင်ကောင်းမလဲဆိုရင်‌ေတာ့ကိုယ့်ကိုကိုသေချာပြန်မေးပါ။
၁/ဘာအတွက်သင်တန်းတက်မှာလဲ
၂/တက်ပြီးရင်ဘာလုပ်လို့ရနိုင်လဲ
၃/အချိန်ဘယ်လောက်ရင်းနှီးမြုပ်နှံနိုင်မလဲ
၄/budget ကရော
စသဖြင့်ပြန်မေးပါ
အားလုံး goal clear ဖြစ်ပြီဆိုရင်တော့စလို့ရပါပြီ။
ဘယ် Level မှာအချိန်ဘယ်လောက်ရင်းနှီးရမလဲဆိုတာနဲ့ပတ်သက်လို့ post တင်ထားကိုပြန်ဖတ်လို့ရအောင် first comment မှာ link ချထားပေးပါတယ်။
အလုပ်တခု၊ဆုံးဖြတ်ချက်တခုချတော့မယ်ဆို အကူအညီရအောင်တန်ဖိုးရှိတဲ့method လေးတခုမျှဝေချင်ပါတယ်။
American travel company ကAnnual training မှာအမြဲပါပါတယ်
(Friends list ထဲက သင်တန်းတူတူတက်ခဲ့တော့သူ‌ေတွ‌ေတာ့သိပြီးသားပါ)
ကိုယ်တွေကတော့ကိုယ့်ဘာသာBe Smart လို့ပေးထားပါတယ်။
တကယ်တော့ SMART ပါ
SMART: S- sustainable
M-Measurable
A-attainable
R-Realistic
T-Timely
တို့ဖြစ်ပါတယ်။အခုပြောထားတဲ့အချက်တွေနဲ့ကိုယ်ချထားတဲ့goal ကကိုက်ညီသလားဆန်းစစ်ကြည့်ပါ။
Crd:Oversea Adventure Travel(OAT)
အားလုံးပဲမှန်ကန်တဲ့ပန်းတိုင်တွေကိုချမှတ်နိုင်ပါစေ

Cheers
Tin Pa Pa Min
English & Italian language instructor

13/08/2022

အတန်းမှာ‌ထဲမှာမေးထားတဲ့မေးခွန်းလေးအားလုံးသိအောင်ဒီမှာပဲဖြေပေးပါမယ်။သိပြီးသားဆိုကျော်သွားပေးပါ။
ခေါင်းစဉ်ကိုတော့-အုံဖွ Language လို့ပေးထားပါတယ်။

CEFR
(Common European Framework of Reference for Languages)လို့ခေါ်ပါတယ် ။
တစ်ဦးတစ်ယောက်ချင်းစီ သို့ learners တွေရဲ့ skill အရ သတ်မှတ်ထားတဲ့Level လို့လွယ်လွယ်ပြောလို့ရပါတယ်
အဓိကကတော့Level 3 ခုရှိပါတယ် A,B,C ပါ
ပြီးရင် Level တခုစီမှာsub level ထပ်ခွဲပါတယ်
A Level မှာA1,A2
B Level မှာ B1,B2
C Level မှာ C1,C2
ဆိုပြီးတော့ပါ။

အဲ့ဒါဆိုရင်ဒီမှာမေးစရာရှိလာတာက Level A1ဆိုတာဘာလဲ၊ဘယ်လောက်ထိအချိန်‌ေပး‌ေလ့လာရမလဲဆိုတာပါ။
အချိန်ဘယ်လောက်သတ်မှတ်ထားလဲမဖြေခင်Level A1မှာ ထပ်ခွဲထားပါသေးတယ်
အဲ့ဒါကA1.1, A1.2 ဆိုပြီးပါ။အခုပြောတဲ့level တခုချင်းစီကိုအကြမ်းဖျင်း တခုကို 38hrs လေ့လာဖို့သတ်မှတ်ထားပါတယ် ။အဲ့တော့ကာဒီLevel 2 ခုလုံးပြီးပြီဆိုရင်A1level complete ဖြစ်ပါပြီ။
*တစ်ချို့ EU နိုင်ငံတွေမှာ‌ေတာ့sub level အနည်းငယ်ကွာခြားမှု့ရှိတာလည်းရှိပါတယ်*
A1 level complete (complete beginners)ဖြစ်ရင်အခြေခံနေ့စဉ်သုံးစကားတွေနားလည်မယ်၊ကိုယ့်ဘာသာမိတ်ဆက်နိုင်မယ် ၊မေးခွန်းလေးတွေမေးနိုင်မယ် ၊Myself လောက်ကိုပြောနိုင်မယ်၊အခြားသူတွေနဲ့communication ရိုးရိုးလေးပြောနိုင်မယ် ၊တဖက်ကဖြေးဖြေးနှင့်မှန်မှန်ပြောရင်နားလည်နိုင်ပါမယ်။
ပြီးရင်A2 ပါ
A2 level မှာလည်းsub level ထပ်ခွဲပါတယ်။A2.1&A2.2ပါ။
ဒီLevel မှာတော့ beginners မဟုတ်တော့ပဲ basic knowledge တွေစသိလာပါပြီ၊ နေ့စဉ်သုံးနေကျစကားတွေ၊အလုပ်အ‌ေကြာင်း၊မိသားစုအ‌ေကြာင်း၊ဈေးဝယ်ခြင်း၊နေ့စဉ်အလေ့အထစသဖြင့် ဖြေးဖြေးမှန်မှန်ပြောနိုင်လာပါပြီ။ဒီမှာလည်းပဲlevelတခုစီကို38hrs လေ့လာဖို့အချိန်ယူရပါမယ်။
ပြီးရင်တော့ next level ကB1ပါ။
B1မှာsub level 3 ခုထပ် ခွဲပါတယ်၊B1.1,B1.2,B1.3ဆိုပြီးပါ။
ဒီlevel ကဆရာသေးသေးလေးဖြစ်လာပါပြီ၊lower Intermediate ပေါ့
အဲ့ဒီစကားပြောတဲ့နိုင်ငံမှာအေးဆေးsurviveလုပ်လို့ရပါပြီ။ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ရည်မှန်းချက်တွေ၊အိပ်မက်တွေ၊topic တွေ၊jokes တွေ၊situationတွေကိုရှင်းပြတတ်လာပါပြီ။
ပြီးရင်တော့B2ပါ။
B2က B 2.1,B 2.2,B 2.3 သူလည်းsub level 3 ခုပါပဲ
အပေါ်မှာပြောထားသလိုပဲတစ်ချို့EU နိုင်ငံတွေမှာsub level တစ်ချို့ပျောက်နေနိုင်ပါတယ်။
B2 completed ဆိုရင်တော့ upper intermediate level ရောက်ပါပြီ
စာကြောင်းတွေကို repeat မလုပ်တော့ပဲကျစ်ကျစ်လစ်လစ်နဲ့ပြောနိုင်ပါပြီ။special topic တွေကိုစပြီးဆွေးနွေးနိုင်ပါပြီအရမ်းကြီးစဉ်းစားစရာအားထုတ်စရာမလိုပဲrespond ပြန်နိုင်ပါပြီ၊fluent user ဖြစ်ပါပြီ။
C1 LevelမှာC1.1,C1.2,C1.3ခွဲပါတယ်
သူက Higher language skill
ဆရာအဆင့်ရောက်ပါပြီ။
ပြီးရင်C2
သူကတော့အားလုံးခန့်မှန်းသလိုNative speaker Level ရောက်သွားတာပါ။

Language တွေအတွက်certificate exam တွေဖြေလို့ရပါတယ်
ဥပမာ
English အတွက်ဆိုအားလုံးသိတဲ့အတိုင်း IELTS, TOEFL
French အတွက်ဆို Alliance Franc,sis
Spain အတွက်ဆိုInstituto de Cervantes
German အတွက်ဆိုGoethe-Institute
နဲ့ Italian language အတွက်က‌ေတာ့နှစ်‌ေနရာရှိပါမယ် CELI (Perugia)နဲ့CILS (Siena)တို့ရှိပါတယ်။

စာလည်းရှည်သွားလို့ရပ်တော့မယ်
တခုပဲအုံဖွ-language လို့အမည်ပေးထားတာက language တခုသင်ယူဖို့အတွက်အချိန်၊သင်ယူနိုင်မယ့်အခွင့်အ‌ေရးလူအင်အား၊ငွေအင်အားစိုက်ထုတ်ရပါတယ်။ အုံဖွဆိုပြီးမရပါဘူးလို့ပြောရင်း....
ဒီနေ့တော့တော်သေးပြီ

English &အီတလီစာသင်ယူချင်ရင်တော့

Myanmar မှာတေလစဉ်သင်တန်းတွေဖွင့်နေပါတယ်
Cheers
Tin Pa Pa Min

05/07/2022

Exam ကိုစာမေးပွဲမှန်းမသိအောင်စစ်ထားတယ် 😂😂🥰🥰

29/05/2022

Proverb of the day

"An apple a day keeps the doctor away"
လွယ်လွယ်လေးနော်၊ဖြေကြည့်ပါအုံး

28/05/2022

Proverb of the day
"No matter where you throw or shoot the spear, gravity will always bring it back to the ground "
ဆင်တူတဲ့မြန်မာစကားပုံရေးပါ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
1118