Shin Rai International Vocational College

Shin Rai International Vocational College Learn in Finland,
Go to Europe and all over the world.

Shin Rai International Institute is the first vocational institution recognized by the Government of Republic of the Union of Myanmar and the Government of the Republic of Finland, the 1st institute to bring the Finnish education system to Southeast Asia

အတာသင်္ကြန် ကျောင်းပိတ်ရက် ကြေညာခြင်း နှင့် နှစ်သစ်ကူးဆုမွန််ကောင်း 💦Shin Rai International Vocational College မှ ကျောင်...
10/04/2026

အတာသင်္ကြန် ကျောင်းပိတ်ရက် ကြေညာခြင်း နှင့် နှစ်သစ်ကူးဆုမွန််ကောင်း 💦
Shin Rai International Vocational College မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများအားလုံး ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်အခါသမယတွင် ဘေးဘယာဝေးကွာပြီး အေးချမ်းပျော်ရွှင်ကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

သင်္ကြန်ပိတ်ရက်နှင့် ကျောင်းပိတ်ရက်အဖြစ် ဧပြီလ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ သတ်မှတ်ထားရှိပြီး အဆိုပါ ရက်များအတွင်း Academic ဝန်ဆောင်မှုများကို ခေတ္တ ရပ်နား ထား ပြီး ဧပြီလ (၂၀) ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

သင်္ကြန်ပိတ်ရက်အတွင်း မိသားစု၊ သူငယ်ချင်းများနှင့်အတူ စိတ်အပန်းပြေ ပျော်ရွှင်နိုင်ပြီး ဘေးအန္တရာယ်ကင်းဝေးကြပါစေကြောင်း၊ အတာရေနှင့်အတူ အညစ်အကြေးများ ဆေးကြောသန့်စင်ကာ နှစ်သစ်တွင် စိတ်သစ်ကိုယ်သစ်ဖြင့် အောင်မြင်မှုအသစ်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Shin Rai International Vocational College မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး ကြိုးစားချင်တဲ့လူငယ်တွေအတွက် မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်းကြီး (𝐌𝐏𝐓𝐀)နှင့် 𝐒𝐡𝐢𝐧...
01/04/2026

အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး ကြိုးစားချင်တဲ့လူငယ်တွေအတွက် မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်းကြီး (𝐌𝐏𝐓𝐀)နှင့် 𝐒𝐡𝐢𝐧 𝐑𝐚𝐢 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐒𝐑𝐈𝐕𝐂) တို့မှ ပူးပေါင်းပြီး Mayလ ပထမပတ်တွင် ဖွင့်လှစ်မည့် 𝐍𝐮𝐫𝐬𝐞-𝐀𝐢𝐝 သင်တန်း (𝐅𝐮𝐥𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 Batch - 5) ကိုလျှောက်ထားနိုင်ပါပြီ...

ဒီသင်တန်းကြီးမှာ ကျွမ်းကျင်စွာတတ်မြောက်နိုင်ဖို့ စာတွေ့လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီး SRIVC မှပေးအပ်သော အသိမှတ်ပြုလက်မှတ်ပေးအပ်မယ့်အပြင် ပြည်တွင်းအလုပ်အကိုင်များပါ ရှာဖွေပေးသွားမှာဖြစ်ပါတယ်။🥰

ဒါကြောင့် သင်က အသက် ၁၇နှစ် မှ ၃၅နှစ် အတွင်းဖြစ်ပြီး၊ အခြေခံပညာ အလယ်တန်းနဲ့ ညီမျှတဲ့ ပညာအရည်အချင်းလည်းရှိရုံတင်မကဘဲ တက်ရောက်ထားတဲ့ပညာရပ်ဖြင့် အမှန်တကယ် အလုပ်လုပ်ကိုင်လိုတဲ့သူတွေထဲက အကြောင်းအမျိုးမျိုးကြောင့် သင်တန်းကြေး အခက်အခဲရှိသူများကို ဦးစားပေးခေါ်ယူသွားမှာဖြစ်လို့

https://forms.gle/tRgNiki48V3hL3Z39 👈🏻👈🏻👈🏻
မှာ အချက်အလက်များ မှန်ကန်စွာဖြည့်စွက်ပြီး Aprilလကုန် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါပြီ ...

💛 ရွေးချယ်ခံရသူများအား ကျောင်းမှဆက်သွယ်မည်ဖြစ်ပြီး interview ဖြေဆိုရမည်ဖြစ်ပါသည်။

💛 အတန်းတစ်တန်းတွင် သင်တန်းသား ၁၁ ဦးသာ လက်ခံသင်ကြားပေးမှာ ဖြစ်တဲ့အတွက် အမြန်ဆုံးပါဝင်လျှောက်ထားကြဖို့ ဖိတ်ခေါ် ပါတယ်ရှင်

For more details, contact us during office hours at the following numbers: 📲 09 404 000 808, 09 880 915 492


အနာဂတ်မျိုးဆက်သစ်တွေကို ပျိုးထောင်ပေးဖို့ ကျွန်ုပ်တို့နဲ့ လက်တွဲလိုက်ပါ! 🎓လူငယ်တွေရဲ့ အနာဂတ်အတွက် အသက်မွေးဝမ်းကျောင်းပညာ...
19/03/2026

အနာဂတ်မျိုးဆက်သစ်တွေကို ပျိုးထောင်ပေးဖို့ ကျွန်ုပ်တို့နဲ့ လက်တွဲလိုက်ပါ! 🎓
လူငယ်တွေရဲ့ အနာဂတ်အတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ကြားပေးနေတဲ့
Shin Rai International Vocational College မှာ တက်ကြွလန်းဆန်းပြီး တာဝန်ထမ်းဆောင်လိုသူများကို အောက်ပါရာထူးနေရာများအတွက် ဖိတ်ခေါ်အပ်ပါတယ်။

ဝန်ထမ်းအလိုရှိသည်-

၁။ Digital Marketing Executive (၁ ဦး)
၂။ Student Affairs Executive (၁ ဦး)
၃။ Cleaner (၁ ဦး)

________________________________________

၁။ Digital Marketing Executive (၁ ဦး)

ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။ (Marketing ဘွဲ့ သို့မဟုတ် Diploma ရရှိထားသူ ဦးစားပေးမည်)။
Social Media Platforms (Facebook, TikTok, LinkedIn) များတွင် Content ရေးသားခြင်းနှင့်
Marketing Campaign များ ပြုလုပ်နိုင်ရမည်။ စကားပြောပြေပြစ်ရမည်၊ လူအများရှေ့တွင် ရှင်းလင်းတင်ပြနိုင်စွမ်းရှိရမည်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်း (Education Sector) တွင် Marketing အတွေ့အကြုံ အနည်းဆုံး (၁-၂) နှစ် ရှိသူ ဖြစ်ရမည်။ Graphic Design (Canva) သို့မဟုတ် Video Editing အခြေခံရှိပါက ပိုမိုဦးစားပေးမည်။

________________________________________

၂။ Student Affairs Executive (၁ ဦး)

ဘွဲ့ / ဒီပလိုမာ တခုခုရရှိထားသူ ဖြစ်ရမည်။
စိတ်ရှည်သည်းခံတတ်သူ၊ ကူညီလိုစိတ်ရှိသူ (Empathy) နှင့် ပြဿနာများကို အေးအေးဆေးဆေး
ဖြေရှင်းနိုင်သူ ဖြစ်ရမည်။ Microsoft Office (Word, Excel, PowerPoint) ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ ကျောင်းသားမှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းနိုင်ရမည်။ ကျောင်းသားများ၊ မိဘများနှင့် လုပ်ဖော်ကိုင်ဖက်များအကြား ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ရမည်။ ကျောင်းတွင်းပွဲလမ်းသဘင်များနှင့် Activities များကို ဦးဆောင်ကျင်းပပေးနိုင်သူ ဖြစ်ရမည်။

________________________________________

၃။ Cleaner (၁ ဦး)

ကျောင်းဝန်းအတွင်း သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ဖြစ်စေရန် ထိန်းသိမ်းရမည်။ သန့်ရှင်းရေးလုပ်ငန်း အတွေ့အကြုံရှိသူ ဖြစ်ရမည်။ ရိုးသားကြိုးစားပြီး အလုပ်အပေါ် တာဝန်ယူမှုရှိရမည်။ ကိုယ်လက်ကြံ့ခိုင်ပြီး ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
ကျောင်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ပြီး အချိန်တိကျသူ ဖြစ်ရမည်။
ကျောင်းပရိဘောဂများနှင့် ပစ္စည်းကိရိယာများကို ဂရုတစိုက် ကိုင်တွယ်နိုင်သူ ဖြစ်ရမည်။

________________________________________

လျှောက်ထားရန် အချက်အလက်များ
မိမိလျှောက်ထားလိုသော ရာထူးအမည်ကို ဖော်ပြ၍ CV Form ကို အောက်ပါအတိုင်း ပေးပို့နိုင်ပါသည်။
• 📧 Email: [email protected]
• 💬 Viber: 09 799 657 909
• 📅 နောက်ဆုံးလျှောက်ထားရမည့်ရက်: 31. March. 2026

အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး ကြိုးစားချင်တဲ့လူငယ်တွေအတွက် မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်းကြီး (𝐌𝐏𝐓𝐀)နှင့် 𝐒𝐡𝐢𝐧...
05/02/2026

အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး ကြိုးစားချင်တဲ့လူငယ်တွေအတွက် မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်းကြီး (𝐌𝐏𝐓𝐀)နှင့် 𝐒𝐡𝐢𝐧 𝐑𝐚𝐢 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐒𝐑𝐈𝐕𝐂) တို့မှ ပူးပေါင်းပြီး မတ်လ ပထမပတ်တွင် ဖွင့်လှစ်မည့် 𝐍𝐮𝐫𝐬𝐞-𝐀𝐢𝐝 သင်တန်း (𝐅𝐮𝐥𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 Batch - 4) ကိုလျှောက်ထားနိုင်ပါပြီ...

ဒီသင်တန်းကြီးမှာ ကျွမ်းကျင်စွာတတ်မြောက်နိုင်ဖို့ စာတွေ့လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီး SRIVC မှအသိမှတ်ပြုလက်မှတ် Certificateပေးအပ်မယ့်အပြင်၊ ပြည်တွင်းအလုပ်အကိုင်များနှင့် ပြည်ပအလုပ်အကိုင်များကိုပါ အလုပ်အကိုင်ရှာဖွေရေး Agency များနှင့်ချိတ်ဆက်၍ ရှာဖွေပေးသွားမှာပဲဖြစ်ပါတယ်။🥰

ဒါကြောင့် သင်က အသက် ၁၇နှစ် မှ ၃၅နှစ် အတွင်းဖြစ်ပြီး၊ အခြေခံပညာ အလယ်တန်းနဲ့ ညီမျှတဲ့ ပညာအရည်အချင်းရှိပြီး လက်ရှိတက်ရောက်ထားတဲ့ပညာရပ်ဖြင့် အမှန်တကယ် အလုပ်လုပ်ကိုင်လိုတဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းကြေး အခက်အခဲရှိသူတွေကို ဦးစားပေးခေါ်ယူသွားမှာဖြစ်လို့

https://forms.gle/tRgNiki48V3hL3Z39 👈🏻👈🏻👈🏻
မှာ အချက်အလက်များ မှန်ကန်စွာဖြည့်စွက်ပြီး မတ်လ ဒုတိယပတ်ကို နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါပြီ ...

💛 ရွေးချယ်ခံရသူများအား ကျောင်းမှဆက်သွယ်မည်ဖြစ်ပြီး lnterview ဖြေဆိုရမည်ဖြစ်ပါသည်။

💛 အတန်းတစ်တန်းတွင် သင်တန်းသား ၁၅ ဦးသာ လက်ခံသင်ကြားပေးမှာ ဖြစ်တဲ့အတွက် အမြန်ဆုံးပါဝင်လျှောက်ထားကြဖို့ ဖိတ်ခေါ် ပါတယ်ရှင်

For more details, contact us during office hours at the following numbers: 📲 09 404 000 808, 09 880 915 492

မြန်မာနိုင်ငံပုဂ္ဂလိက သက်​မွေးပညာအသင်းမှ ကြီးမှူးကျင်းပ​သော 'Annual  General Meeting 2025 and TVET Award Ceremony 2026 E...
02/02/2026

မြန်မာနိုင်ငံပုဂ္ဂလိက သက်​မွေးပညာအသင်းမှ ကြီးမှူးကျင်းပ​သော 'Annual General Meeting 2025 and TVET Award Ceremony 2026 Event' ကို Shin Rai International Vocational College (SRIVC)မှ တာဝန်ရှိသူများတက်​ရောက်ခြင်း အမှတ်တရ မှတ်တမ်းဓာတ်ပုံ


International Vocational College (SRIVC)

နိုင်ငံတကာမှာ ခေါင်းမော့ရင်ကော့လို့ ပညာရှင်အဖြစ် ဝင်ငွေကောင်းကောင်းရနိုင်စေဖို့ Shin Rai International Vocational Colleg...
11/01/2026

နိုင်ငံတကာမှာ ခေါင်းမော့ရင်ကော့လို့ ပညာရှင်အဖြစ် ဝင်ငွေကောင်းကောင်းရနိုင်စေဖို့ Shin Rai International Vocational College မှ ဂဟေဆက် Fluxed Cored Arc Welding ကျွမ်းကျင်သင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ...

ဂဟေဆက် Welding ပညာရပ်နဲ့ ပတ်သတ်ပြီး အခြေခံမရှိသေးသူတွေကနေစလို့ စနစ်တကျသင်ကြားပြသပေးမဲ့အပြင် နိုင်ငံတကာက သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတွေကိုပါ စာတွေ့လက်တွေ့ သင်ကြားပြသပေးမှာပဲဖြစ်ပါတယ်။

Fluxed Cored Arc Welding Course မှာတော့
Welding Safety
Tools and Equipment
Welding Setup
Flux Cored Arc Welding (Up to 3G)
Oxy-fuel Cutting

စတဲ့ ဘာသာရပ်တွေကို အတွေ့အကြုံရှိ ဝါရင့်သင်တန်းဆရာများမှ စာတွေ့ ၊ လက်တွေ့ သင်ကြားပေးသွားမှာဖြစ်လို့ ခုပဲအပ်နှံလိုက်တော့နော်...

⏰ သင်တန်းတက်ရမည့်အချိန် - 9:00 AM - 4:00 PM
⏰ သင်တန်းတက်ရမည့်ရက် - တနင်္လာ-သောကြာ
🗓️ သင်တန်းကာလ - ၂၁၀ နာရီ / ၇ ပတ်

For more details, contact us during office hours at the following numbers:
📲09 404 000 808, 09 880 915 492

လူငယ်တွေအတွက် နိုင်ငံတကာအဆင့်မီ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးမဲ့ Housekeeping Operation သင်တန်းသစ်ကို Shin Rai...
08/01/2026

လူငယ်တွေအတွက် နိုင်ငံတကာအဆင့်မီ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးမဲ့ Housekeeping Operation သင်တန်းသစ်ကို Shin Rai International Vocational College မှာ စတင်ဖွင့်လှစ်ပါတော့မယ်နော်

Shin Rai International Vocational College ရဲ့ Housekeeping Operation Course မှာ လိုအပ်တဲ့ ဗဟုသုတတွေ၊ လက်တွေ့အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုတွေကို သင်ကြားပေးမဲ့အပြင်

🟨Housekeeping Principle
🟩Housekeeping Application
🟦Cleaning Guest rooms & Public area Daily Operations
🟪Laundry Operations စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းပြီးဆုံးသွားပါကလည်း Internship (3) Months လုပ်ကိုင်နိုင်ဖို့လည်း စီစဉ်ပေးထားပါတယ်။

⏰ သင်တန်းတက်ရမည့်အချိန် - 9:00AM to 3:00PM
🗓️ သင်တန်းတက်ရမည့်ရက် - Wednesdayto Friday
🗓️ သင်တန်းကာလ - 1.5 months (6 week)

For more details, contact us during office hours at the following numbers:
09 404 000 808, 09 880 915 492

🌸ဂျပန်မြေမှာ ပညာသင်ဖို့ ပြင်ဆင်နေတဲ့သူတွေအတွက် 2026 ခုနှစ် ဂျပန်နိုင်ငံသို့ အလုပ်/ ကျောင်းဖြင့် ပညာသင်သွားလိုသူများအတွက်...
07/01/2026

🌸ဂျပန်မြေမှာ ပညာသင်ဖို့ ပြင်ဆင်နေတဲ့သူတွေအတွက် 2026 ခုနှစ် ဂျပန်နိုင်ငံသို့ အလုပ်/ ကျောင်းဖြင့် ပညာသင်သွားလိုသူများအတွက် Japanese Language Class များကို Shin Rai International Vocational College မှာ ဖွင့်လှစ်နေပြီနော်...📣📣

Shin Rai International Vocational College မှာဆို

1. N5 သင်တန်း (၃လ၊ တပတ် ၅ ရက်)

*စမည့်ရက် - ၁၂. ၁. ၂၀၂၆ (တနင်္လာ)
*အချိန် - နေလည် ၂နာရီ 〜 ၄နာရီ
*နေ့ - တနင်္လာ 〜 သောကြာ
*သင်တန်းကြေး - ၂သိန်း ၆သောင်းကျပ်
အသုံးပြုမည့်ဖတ်စာအုပ်များ

တပတ်တကြိမ် ဂျပန်လူမျိုးဆရာ မှ စကားပြောသင်ပေးပါမည်။

2.🌺N3 မေးခွန်းဟောင်းသင်တန်း
(၃လ တပတ် ၅ ရက်) သဒ္ဒါ၊ reading၊ Kanji၊ မေးခွန်းဟောင်း၊ နှင့် နေ့စဉ်သုံးဂျပန်စကားပြောလေ့ကျင့်ခြင်း

*စမည့်ရက် - ၁၂. ၁. ၂၀၂၆ (တနင်္လာ)
*အချိန် - မနက် ၉နာရီ 〜 ၁၁နာရီ
*နေ့ -တနင်္လာ 〜 သောကြာ
*သင်တန်းကြေး - ၆သောင်းကျပ်
(မေးခွန်းဟောင်း ၁၀ စုံအပါ)
တပတ်တကြိမ် ဂျပန်လူမျိုးဆရာ မှ စကားပြောသင်ပေးပါမည်။

3. N2 သင်တန်း (၃လ၊ တပတ် ၅ ရက်)
သဒ္ဒါ၊ reading၊ Kanji၊ မေးခွန်းဟောင်းနှင့် နေ့စဉ်သုံးဂျပန်စကားပြောလေ့ကျင့်ခြင်း

*စမည့်ရက် - ၁၂. ၁. ၂၀၂၆ (တနင်္လာ)
*အချိန် - ၁၂ နာရီ 〜 ၁၄ နာရီ
*နေ့ - အင်္ဂါ၊ ကြာသပတေး၊ စနေ
*သင်တန်းကြေး - ၂သိန်း၈သောင်းကျပ်
အသုံးပြုမည့်ဖတ်စာအုပ်များ
Shin kan sen (Grammer ၊ Reading) Kanjimaster ၊ 3Question paper
တပတ်တကြိမ် ဂျပန်လူမျိုးဆရာမှ စကားပြောသင်ပေးပါမည်။


4. 🌸ဂျပန်သို့သွားတော့မည့် သူများအတွက်
နေ့စဉ်သုံးနှင့် ဝန်ဆောင်မှု့ဆိုင်ရာဂျပန်အခြေခံစကားပြောသင်တန်း (သင်တန်း ၁လခွဲ တပတ် ၃ရက်)

*စမည့်ရက် - ၁၂. ၁. ၂၀၂၆ (တနင်္လာ)
*အချိန် - ၁၂ နာရီ 〜 ၁၄ နာရီ
*နေ့ - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
*သင်တန်းကြေး - ၁သိန်း၂သောင်းကျပ်
ဂျပန်လူမျိုးဆရာ ကိုယ်တိုင်စကားပြောသင်ပေးပါမည်။

ဒါကြောင့် ဂျပန်စာဆို အခြေခံက စတင်ပြီး နေ့စဉ်စကားပြောဆိုဆက်ဆံနိုင်တဲ့ထိ သင်ကြားပြသပေးသွားမှာဖြစ်လို့ 2026 မှာ ဂျပန်နိုင်ငံသို့ အရောက်လှမ်းချင်တဲ့သူတွေ တက်ရောက်သင့်တဲ့ အတန်းလေးပဲဖြစ်ပါတယ်။

ဒါကြောင့် ခုပဲ Shin Rai International Vocational College ရဲ့ ဂျပန်စာအတန်းသစ်တွေကို အပ်နှံလိုက်တော့နော် ...

For more details, contact us during office hours at the following numbers:

HotLine:📱09 880 915 498

Hospitality ပိုင်းကို စိတ်ပါဝင်စားသူတွေအတွက် Service ပိုင်းကို ပြည့်ပြည့်စုံစုံနဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်း...
05/01/2026

Hospitality ပိုင်းကို စိတ်ပါဝင်စားသူတွေအတွက် Service ပိုင်းကို ပြည့်ပြည့်စုံစုံနဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ဖို့ Shin Rai International Vocational College ရဲ့ Food & Beverage Service Class

Shin Rai International Vocational College ရဲ့ Food & Beverage Service Class တွေမှာ ASEAN အသိအမှတ်ပြု သင်ရိုးညွှန်းတမ်းနဲ့အတူ စာသင်နှစ် ၁၀နှစ်ကျော် အတွေ့အကြုံရှိသော ASEAN Tourism Master Trainer ရဲ့ သင်ကြားပေးမှု၊ စာတွေ့/လက်တွေ့ အဆင့်မီ Lab ခန်းများ ထားရှိပေးပြီး ပြည့်စုံစွာ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

သင်တန်းတက်ရမည့်အချိန် - 9:00AM to 3:00PM
သင်တန်းတက်ရမည့်ရက် - Wednesday to Friday
သင်တန်းကာလ - 108 hours (6 weeks)

For more details, contact us during office hours at the following number: 📲09 404 000 808 ,09 880 915 492



အနာဂတ်ခရီးလမ်းဖြောင့်ဖြူးလို့ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ Health Care Assistant သင်တန်းကို Shin Rai International Vocation...
27/12/2025

အနာဂတ်ခရီးလမ်းဖြောင့်ဖြူးလို့ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ Health Care Assistant သင်တန်းကို Shin Rai International Vocational College မှာ တက်ရောက်နိုင်ပါပြီ....

Shin Rai International Vocational College မှာ Health Care Assistant သင်တန်းကို On Campus (Weekend)(၁၈၀)နာရီ နဲ့ On Campus & Hybrid Class (၇၂၀)နာရီ စသဖြင့် ရွေးချယ်နိုင်ပါတယ်။

Health Care Assistant on Campus (Weekend) အတန်းမှာဆိုရင်တော့ Basic Nursing Care နဲ့
English for Nursing ဘာသာရပ်တွေကို သင်ကြားပေးမှာဖြစ်ပြီး

On Campus & Hybrid Class (၇၂၀)နာရီ မှာဆိုရင်တော့ Basic for Health Care Assistant, Anatomy and Physiology, Basic Nursing Care နဲ့ English for Nursing စတဲ့ ဘာသာရပ်တွေကို ပြည်တွင်းရောပြည်ပမှာပါ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိအောင် အဆင့်မီ Lab ခန်း ၊ သင်ရိုးညွှန်းတမ်းများနဲ့ သင်ကြားပေးလျက်ရှိပါတယ်။

Health Care Assistant on Campus (Weekend)
⏰ သင်တန်းတက်ရမည့်အချိန် - မနက် ၉နာရီ မှ ညနေ ၄နာရီ
🗓️သင်တန်းတက်ရမည့်ရက် - စနေ၊ တနင်္ဂနွေ
⏰ သင်တန်းကာလ -၁၈၀ နာရီ / ၁၂ ပတ်

Health Care Assistant Hybrid Class (On Campus & Online)

⏰ သင်တန်းတက်ရမည့်အချိန်- မနက် ၉နာရီ မှ ညနေ ၄နာရီ (ရုံးဖွင့်ရက်)
- မနက် ၉နာရီ မှ နေ့လည် ၁၂နာရီ (စနေ)
- ည ၇နာရီ မှ ည ၉နာရီ (Online)
🗓️ သင်တန်းတက်ရမည့်ရက် - ကြာသပတေး မှ စနေနေ့ (On Campus)
- တနင်္လာ မှ ဗုဒ္ဓဟူး (Online)
⏰ သင်တန်းကာလ - ၇၂၀ နာရီ / ၂၄ ပတ်

Health Care Assistant (On Campus) Class
⏰ သင်တန်းတက်ရမည့်အချိန်- မနက် ၉နာရီ မှ ညနေ ၄နာရီ
🗓️ သင်တန်းတက်ရမည့်ရက် - တနင်္လာ မှ သောကြာ
⏰ သင်တန်းကာလ - ၇၂၀ နာရီ / ၂၄ ပတ်

For more details, contact us during office hours at the following number:📲09 404 000 808, 09 880 915 492

မင်္ဂလာပါ။ ဂျာမနီကို အလုပ်နဲ့ ကျောင်းတက်ဖို့ စိတ်၀င်စားသူများ အတွက် ကြိုးစားခွင့် ရှိသေးကြောင်း သတင်းကောင်းလေးတခု ပြောပြ...
23/12/2025

မင်္ဂလာပါ။ ဂျာမနီကို အလုပ်နဲ့ ကျောင်းတက်ဖို့ စိတ်၀င်စားသူများ အတွက် ကြိုးစားခွင့် ရှိသေးကြောင်း သတင်းကောင်းလေးတခု ပြောပြချင်ပါတယ်။

ဇန်န၀ါရီလ ၁၂ ရက် ၂၀၂၆ မှာ စတင်မယ့် Program အတွက် နောက်ဆုံး လျှောက်လွှာတင်ရမယ့် ရက်ကို
ဇန်န၀ါရီလ ၄ ရက် ၂၀၂၆ အထိ တိုးမြှင့်လိုက်ပါကြောင်း၊ သတင်းကောင်းလေးပါ နော်။
အသေးစိတ် မေးမြန်းစုံစမ်းလိုပါရင် Viber Number : +9594020800, +959880915484 ကိုဆက်သွယ်ပေးပါနော်။

Address

No. 150 B, New University Avenue Road, Bahan
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 00:00

Telephone

+959404000808

Alerts

Be the first to know and let us send you an email when Shin Rai International Vocational College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Shin Rai International Vocational College:

Shortcuts

Share

Category