SEM Kidventure

SEM Kidventure Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SEM Kidventure, Education, No. 20, 9 Miles, Pyay Road, Township, Yangon.

15/08/2026

Morning Circle Time 🌅 🎶

13/08/2026

It’s story time! 🕰️
Sharing is Caring ❤️

🦠"ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ဖို့ တို့အတူဂရုစိုက်ကြစို့” 🦠လက်ရှိ ရာသီဥတု အပြောင်းအလဲကာလများတွင် မသန့်ရှင်းသော အစားအစာန...
12/08/2026

🦠"ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ဖို့ တို့အတူဂရုစိုက်ကြစို့” 🦠

လက်ရှိ ရာသီဥတု အပြောင်းအလဲကာလများတွင် မသန့်ရှင်းသော အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်တတ်သည့် ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားမှု များပြားလာသည်ကို တွေ့ရှိရတာကြောင့် SEM (စံ) Private School မှ ကလေးငယ်များရဲ့ ကျန်းမာရေးအတွက် အထူးဂရုပြု လိုက်နာရန် အချက်များကို သတိပေး နှိုးဆော်အပ်ပါတယ် 👋✨

ကျောင်းသား၊ ကျောင်းသူလေးများ ရောဂါဘယာကင်းဝေးပြီး ကျန်းမာရွှင်လန်းစွာ စာသင်ကြားနိုင်ဖို့အတွက် အောက်ပါ အခြေခံ သန့်ရှင်းရေး အလေ့အကျင့်ကောင်းများအား အိမ်မှာရော ကျောင်းမှာပါ ပူးပေါင်းလုပ်ဆောင်ပေးကြပါရန် အသိပေးချင်ပါတယ်-

🧼 ၁။ အပြင်စာနှင့် ယင်နားစာများ မစားကြရန်

👉လမ်းဘေးတွင် ရောင်းချသော မသန့်ရှင်းသည့် အပြင်စာများ၊ ယင်ကောင်နားနေသည့် အစားအစာများနှင့် မသန့်ရှင်းသော ရေခဲမုန့်/ဖျော်ရည်များကို ဝယ်ယူစားသောက်ခြင်းမှ အထူးရှောင်ကြဉ်ရပါမည်။

👉ကျောင်းသို့ လာရောက်သည့်အခါ အိမ်မှချက်ပြုတ်ပေးလိုက်သော သန့်ရှင်းလတ်ဆတ်သည့် မုန့်/ထမင်းဘူးများနှင့် ရေဘူးများကိုသာ ယူဆောင်လာကြရန် တိုက်တွန်းအပ်ပါသည်။

🧼 ၂။ အိမ်သာမှ ထွက်လာတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်

👉အိမ်သာမှ ထွက်လာသည့်အခါ၊ မုန့်မစားမီနှင့် စာသင်ခန်းထဲ မဝင်မီ အချိန်တိုင်းတွင် လက်ကို ဆပ်ပြာ/လက်ဆေးဂျယ်လ်များဖြင့် စက္ကန့် (၂၀) ကြာ စနစ်တကျ စင်ကြယ်အောင် ဆေးကြောသည့် အလေ့အကျင့်ကို ပြုလုပ်ကြရပါမည်။

🔰SEM Private School တွင်လည်း စာသင်ခန်းများ၊ အိမ်သာများနှင့် ကစားကွင်း ပတ်ဝန်းကျင်များကို စနစ်တကျ ပိုးသတ်သန့်ရှင်းရေး ပြုလုပ်ပေးလျက်ရှိပြီး၊ ကလေးများ အိမ်သာမှထွက်လာတိုင်း Hand Wash သုံးပြီး လက်ဆေးသည့် အလေ့အကျင့်ရအောင် ဆရာ/ဆရာမများမှ အနီးကပ် ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပါတယ်။

🔰ကျောင်းသား၊ ကျောင်းသူလေးများ အားလုံး ဝမ်းပျက်ဝမ်းလျော ရောဂါအန္တရာယ်မှ ကင်းဝေးပြီး ကျန်းမာသန့်ရှင်းသော ခန္ဓာကိုယ်ဖြင့် ပျော်ရွှင်စွာ ပညာသင်ယူနိုင်ကြပါစေကြောင်း SEM ကျောင်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ 🚀❤️

✅ Learn, Share, Love and Grow. Future Begins Here.

☎️ Phone: 09 898 875 557
📍 လိပ်စာ: အမှတ် (၂၀)၊ စော်ဘွားလမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်။

02/08/2026

PreKG Class : Outdoor Activity 🌿🪴

🌕 မွန်မြတ်လှသော ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့) တွင် မင်္ဂလာအခါသမယအပေါင်းနှင့် အေးချမ်းသာယာရှိကြပါစေ။ 🕯
29/07/2026

🌕 မွန်မြတ်လှသော ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့) တွင် မင်္ဂလာအခါသမယအပေါင်းနှင့် အေးချမ်းသာယာရှိကြပါစေ။ 🕯


28/07/2026

🕺Circle Time with Ram Sam Sam 💃


📖ပုံပြင်တစ်ပုဒ် ဖတ်ပြရုံတင် မဟုတ်ပါဘူး... Story Telling Time က သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ဘာကြောင့် ဒီလောက် အရေး...
24/07/2026

📖ပုံပြင်တစ်ပုဒ် ဖတ်ပြရုံတင် မဟုတ်ပါဘူး... Story Telling Time က သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ဘာကြောင့် ဒီလောက် အရေးကြီးတာလဲ? 📖✨

"ကလေးကို ပုံပြင်ပြောပြတာ၊ စာအုပ်ဖတ်ပြတာက ပျော်စရာကောင်းရုံတင်မကဘဲ သူတို့ရဲ့ အနာဂတ် ပညာရေးအတွက် အခြေခံအုတ်မြစ် ဖြစ်တယ်ဆိုတာ မေမေတို့ သိပြီးပြီလား?" 🤔💭

SEM Kidventure ရဲ့ သင်ခန်းစာတွေမှာ ထည့်သွင်းထားတဲ့ Story Telling Time ဟာ ရိုးရိုးပုံပြင်နားထောင်တာထက် ပိုတဲ့ သင်ယူမှုတန်ဖိုးများစွာ ပါဝင်နေပါတယ်။

ကလေးတစ်ယောက်ရဲ့ အသက် (၂) နှစ်ခွဲမှ (၅) နှစ်အတွင်း ဦးနှောက်ဖွံ့ဖြိုးမှု 90% ဖြစ်ပေါ်နေချိန်မှာ ပုံပြင်ပြောပြခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လဲဆိုတာ ကြည့်လိုက်ရအောင်👇

🧠 Story Telling Time ရဲ့ နောက်ကွယ်က သိပ္ပံနည်းကျ အကျိုးကျေးဇူး (၅) မျိုး -
1️⃣ Vocabulary & Language Expansion (ဝေါဟာရကြွယ်ဝခြင်း)

2️⃣ Imagination & Critical Thinking (စိတ်ကူးဉာဏ်နှင့် တွေးခေါ်မှု)

3️⃣ Focus & Active Listening (အာရုံစူးစိုက်မှု မြင့်မားလာခြင်း)

4️⃣ Emotional Intelligence & Empathy (စာနာနားလည်တတ်သော စိတ်ထား)

5️⃣ Love for Reading (စာဖတ်ချင်စိတ် အစပျိုးခြင်း) စတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

ငယ်စဉ်ကတည်းက ပုံပြင်စာအုပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့တဲ့ ကလေးငယ်တွေဟာ ကြီးပြင်းလာတဲ့အခါ စာဖတ်ခြင်းကို မြတ်နိုးတဲ့ Lifelong Learner (တစ်သက်တာ သင်ယူသူ) တွေ ဖြစ်လာကြပါလိမ့်မယ်။

SEM ရဲ့ Cambridge EYFS စနစ်မှာတော့ တီချယ်တွေက ပုံပြင်ပြောတဲ့အခါ စာအုပ်ကို ဖတ်ပြရုံတင်မကဘဲ Puppet (ရုပ်သေး) တွေ၊ Flashcards တွေ၊ Visual props တွေနဲ့ အသံဟန်ပန်မျိုးစုံ အသုံးပြုပြီး Interactive Storytelling ပုံစံနဲ့ စနစ်တကျ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ 🥰

📩 သင့်ကလေး၏ အစောပိုင်းအရွယ် ဘာသာစကားနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ဆွေးနွေးတိုင်ပင်ရန်

အခုပဲ SEM ရဲ့ Inbox (Messenger) သို့ လာရောက်မေးမြန်းနိုင်သလို

📞 ၀၉ ၈၉၈၈၇၅၅၅၇ သို့လည်း တိုက်ရိုက်ဖုန်းခေါ်ဆို စုံစမ်းနိုင်ပါတယ်။

📍 SEM Kidventure Preschool
Learn, Share, Love & Grow. Future Begins Here

24/07/2026
🇲🇲🥀 (၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို လေးမြတ်စွာ ဂါရဝပြု အောက်မေ့အပ်ပါသည်။ 🇲🇲🥀၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်...မြန်မာ့သမိုင်းတ...
19/07/2026

🇲🇲🥀 (၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို လေးမြတ်စွာ ဂါရဝပြု အောက်မေ့အပ်ပါသည်။ 🇲🇲🥀

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်...
မြန်မာ့သမိုင်းတစ်လျှောက် ဘယ်တော့မှ မေ့ပျောက်လို့မရနိုင်တဲ့ နေ့တစ်နေ့။ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထု လွတ်လပ်ရေး ရရှိစေရန်အတွက် မိမိတို့၏ အသက်၊ သွေး၊ ချွေး တို့ကို ပေးဆပ်စွန့်လွှတ်သွားခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးအား SEM ကျောင်းမိသားစုမှ လေးနက်တည်ငြိမ်စွာဖြင့် ဦးညွှတ်အောက်မေ့ ဂါရဝပြုအပ်ပါသည်။ 🌟

#အာဇာနည်နေ့

15/07/2026

ကလေးတွေရဲ့ တစ်နေ့တာကို ပျော်ရွှင်စရာအကောင်းဆုံးနဲ့ စွမ်းအင်အပြည့်ဆုံး ဘယ်လိုစတင်မလဲ?" ☀️🌈

SEM မှာတော့ မနက်ခင်းတွေမှာ ကလေးတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို တစ်ပြိုင်နက် နိုးကြားတက်ကြွလာစေဖို့အတွက် Nursery၊ Pre-KG နဲ့ KG အတန်းစုံက သားသားမီးမီးတို့အားလုံး စုပေါင်းပြီး "Music and Movement" အချိန်လေးကို ပျော်ပျော်ပါးပါး ပြုလုပ်ခဲ့ကြပါတယ် 🎵✨

#စံ #ကိုယ်ပိုင်ကျောင်း

Address

No. 20, 9 Miles, Pyay Road, Township
Yangon
MAYANGONE

Opening Hours

Monday 08:30 - 04:30
Tuesday 08:30 - 04:30
Wednesday 08:30 - 04:30
Thursday 08:30 - 04:30
Friday 08:30 - 04:30
Saturday 09:00 - 12:30

Telephone

+959898875558

Website

Alerts

Be the first to know and let us send you an email when SEM Kidventure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share