Mix247 Myanmar - App

Mix247 Myanmar - App Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mix247 Myanmar - App, Education Website, Yangon.

21/06/2022

မချစ်တော့ဘူးလို့ ညာမယ်
အခန်းကျဉ်းလေးထဲ ကြိတ်ငိုမယ်
မာနလေးတခုနဲ့ မင်းသတင်းတွေကို
အဝေးက နားစွင့်မယ်
ဒီလောက်ပဲ တတ်နိုင်တဲ့ ဒီသံသရာမှာ
ငါမပိုင်တဲ့ ငါ့ရဲ့ ကြယ်လေး လင်းလတ်နေတာပဲ
မြင်ချင်ပါတယ်...

(Daffodils)

21/06/2022

အစွဲလမ်းသိပ်မကြီးပါနဲ့
လူတွေကအချိန်တိုင်း
ပြောင်းလဲတတ်တော့
သံယောဇဉ်ကြီးတဲ့သူ
အစွဲလမ်းကြီးတဲ့သူက
ပိုပြီးနာကျင်ရတယ်။

တစ်ခုခုဆို
မျှော်လင့်ချက်တွေ
လူတိုင်းအပေါ် မထားမိပါစေနဲ့
ကိုယ်ထင်သလိုဖြစ်မလာနိုင်တဲ့အခါ
ကိုယ်ပဲပိုနာကျင်ရပါမယ်။

ပြတ်သားသင့်တယ်ထင်ရင်
ပြတ်သားပါ မပြတ်သားနိုင်တဲ့အခါ
အကြိမ်ကြိမ် နာကျင်ရမှာက
ကိုယ်တိုင်ပဲမဟုတ်လား?

Org writer

21/06/2022

💏 ပါရမီဖြည့်ဖက် 💏

ကိုယ်လိုအပ်လို့ သူ့ကိုချစ်တာထက်
သူ့ လိုအပ်ချက်တွေကို
ဖြည်းဆည်းပေး နိုင်ဖို့အတွက်
သူ့ကို ချစ်ရင် ပိုမှန်ပါလိမ့်မယ်။

သူ့အားနည်းချက်ကို
လက်ညိုးထိုး အပြစ်ဖွဲ့ဖို့ထက်
လက်ခံ နိုင်အောင် ကြိုးစားနေခြင်းက
သူ့အတွက် ပါရမီဖြည့်ပေးခြင်းမျိုးပါ။

ပါရမီဖြည့်ခြင်းမှာ
ယောက်ျား၊မိန်းမရယ်လို့
မခွဲခြားထားပါဘူး
တစ်ယောက်နဲ့တစ်ယောက်
လဲနေရင် တွဲကူလို့
အေးအတူ ၊ပူအမျှ
ဖေးမရင်းက ဘဝတစ်ခုကို
သာယာစွာ လျှောက်လှမ်းနိုင်ခြင်းမျိုးပါ။

သူမှားတယ်၊ငါမှန်တယ်လို့
အပြစ်ဖွဲ့နေတာထက်
အမှားကို အမှန်ပြင်ပေးခြင်းဖြင့်
တစ်ဦးနဲ့တစ်ဦး နားလည်မှု ကိုယ်စီထား
မှသာလျှင် သာယာတဲ့
ဘဝခရီးကို အတူတူဖြတ်သန်းနိုင်မှာပဲ
ဖြစ်ပါတယ်။

MayHsu.....
7.8.2019

21/06/2022

မပျော်တဲ့ ဘဝဆိုတာ ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့် ပျော်အောင်နေတတ်ရတာက
ကိုယ့်အပိုင်းပါ...

မပျော် တဲ့ နေရာဆိုတာ ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့် တော်ရာမှာ နေတတ်ရမှာက
ကိုယ့်အပိုင်းပါ...

ဘဝ...ဘဝ...လို့ထိုင်ငြီးနေမယ့်အစား
ရတုန်းရခိုက် လူ့ဘဝလေးမှာ
ပျော်အောင် နေကြည့်လိုက်တဲ့အခါ ...

နာကျင်စရာဆိုတာလဲ မေ့လာမယ်

ဝမ်းနည်းလို့ မျက်ရည်ကျရတဲ့ နေ့တွေလဲနည်းလာမယ်...

စိတ်ညစ်လို့ လောကကြီးကို အပြစ်တင်နေတာတွေလဲ လျော့လာမယ်...

ချစ်သူနဲ့ အဆင်မပြေတိုင်း ငိုတတ်တဲ့အကျင့်တွေပျောက်လာမယ်...

အလုပ်ထဲ ပြဿနာတွေ ဖြစ်လာတိုင်း ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်လာမယ်....

မိသားစုမောင်နှတွေအပေါ် အချိန်တွေအများကြီးပေးပြီး မေတ္တာတွေ မျှဝေနိုင်မယ်...

အပျော်တွေ ဖလှယ်ပြီး ပီတိတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ်...

အရင်တုန်းကထက် ကုသိုလ်တွေ ပိုလုပ်လာမယ်
စိတ်တည်ငြိမ်မှုတွေ ပိုခံစားခွင့်ရလာမယ်...

တစ်ကယ်တော့ ဘယ်လို စိတ်ညစ်စရာတွေနဲ့ကြုံကြုံ စိတ်ထားတတ်ဖို့ပဲ လိုတယ်မဟုတ်လား...
ဒါဆိုရင် ဒီနေ့ကစပြီး ပျော်အောင်နေကြည့်လိုက်ပါ...

#လေးစားစွာဖြင့်

21/06/2022

ဖောက်ပြန်တတ်တဲ့ စိတ်ရှိတဲ့လူတစ်ယောက်ကို
ဘယ်လို အရာတွေနဲ့ပဲ ချည်နှောင်ထားပါစေ
အဲ့ဒီ့လူရဲ့ နဂိုဗီဇ ကိုထိန်းချုပ်နိုင်ဖို့ခဲယဉ်းတယ်။

တစ်ဦးတစ်ယောက်ကိုချစ်မိရင် တစ်သက်လုံး
ရိုးမြေကျရမယ်ဆိုတဲ့စိတ်မရှိသ၍
သားသမီးဘယ်နှစ်ယောက်ရှိရှိ ၊ ချစ်သူသက်တမ်းဘယ်လောက်ကြာကြာ
ဖောက်ပြန် မှုကို စက္ကန့်ပိုင်းအတွင်းပြုလုပ်ဖို့ဝန်မလေးတတ်ကြဘူး။

လူချင်းဝေးနေပြီး အချစ်တွေတည်မြဲနေတယ်ဆိုတာ
နှစ်ယောက်စလုံးရဲ့ နှလုံးသား ထဲမှာ
ဖောက်ပြန်တတ်စိတ်ကင်းဝေးနေတာကြောင့်ဖြစ်တယ်။

လူချင်းနီးပြီးနှလုံးသားချင်းဝေးကွာသွားတာတွေက
တစ်ယောက် ကိုတစ်ယောက် သစ္စာမဲ့ကြလို့ပဲဖြစ်တယ်။

နီးချင်းဝေးချင်းဆိုတာထက် နှလုံးသားချင်းထပ်တူကြပြီး
ဖောက်ပြန်တတ်တဲ့စိတ်ကင်းဝေးတယ်ဆိုရင်
သကြားမင်းဆင်းဖြတ်တောင်ပြတ်ကြမှာမဟုတ်ဘူး။

Crd.....poe

21/06/2022

အမှတ်ရစရာတွေ များများမသိမ်းဆည်းထားတာ
ပိုကောင်းပါတယ် ၊ မင်းမှတ်ဉာဏ်တွေထဲပဲ သိမ်းထားလိုက်။ ဒါဆို မင်းမရှိတော့ရင်...မင်းနဲ့အတူ ပျောက်ဆုံးသွားမှာပဲ။

ဘယ်သူ့ကိုမှ ကိုယ့်ကို သတိတရရှိနေဖို့ အမှတ်တရတစ်ခုခု ချန်ထားတာမျိုးမလုပ်ချင်စမ်းပါနဲ့။
သူသာ သတိတရရှိတတ်ရင် မင်းဟာ သူရဲ့အမှတ်တရတစ်ခုလုံးပါပဲ။

-အယ်လီယာ-

Address

Yangon

Alerts

Be the first to know and let us send you an email when Mix247 Myanmar - App posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share