PM Training Center - Sanchaung Branch

PM Training Center - Sanchaung Branch Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PM Training Center - Sanchaung Branch, Education, No(20)D, Room (101)A, 1st Floor, The Corner of Central Road & Thiri Mingalar Street (Beside of Asia Royal Hospital), Sanchaung Township, Yangon.

🎓 IGCSE ပြီးသွားပြီ... သင့်ရဲ့ အိပ်မက်က ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်လဲ? ✈️​IGCSE O Level ပြီးဆုံးသွားပြီဆိုတာနဲ့ ကျောင်းသားတ...
15/07/2026

🎓 IGCSE ပြီးသွားပြီ... သင့်ရဲ့ အိပ်မက်က ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်လဲ? ✈️

​IGCSE O Level ပြီးဆုံးသွားပြီဆိုတာနဲ့ ကျောင်းသားတွေရော၊ မိဘတွေအတွက်ပါ နောက်ထပ်ရင်ခုန်စရာ အကောင်းဆုံး ခရီးစဉ်တစ်ခု စတင်ပါပြီ။ ဒါပေမယ့် လမ်းကြောင်းတွေ အများကြီးထဲကမှ ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် ပညာရေးလမ်းကြောင်းကို ဘယ်လို ရွေးချယ်ကြမလဲ?🤔

​ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် နိုင်ငံတကာ အသိအမှတ်ပြု Programme (၄) ခုကို ရွေးချယ်နိုင်ဖို့ PM Training Centre မှ မျှဝေပေးလိုက်ပါတယ်ရှင့် ✨

​၁။ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေကို ရည်မှန်းထားသူများအတွက် (A Level)
စိန်ခေါ်မှုတွေကို သဘောကျတယ်။ Academic ပိုင်းကို အခြေခံကစပြီး သေချာနက်နက်ရှိုင်းရှိုင်း လေ့လာချင်တယ်။ UK အပါအဝင် ကမ္ဘာ့အကောင်းဆုံး (Top Universities) တွေကို First Year ကနေ တိုက်ရိုက် ဝင်ခွင့်ရချင်တယ်ဆိုရင်တော့ A Level က သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။

​၂။ ကနေဒါနိုင်ငံမှာ ပညာသင်ဖို့ အိပ်မက်မက်နေသူများအတွက် (OSSD)
စာမေးပွဲကြီး တစ်ခုတည်းကိုပဲ အားမကိုးဘဲ နေ့စဉ် ကြိုးစားမှု (Assignments, Projects) တွေကိုပါ အမှတ်ပေးတဲ့ Flexible ဖြစ်တဲ့ သင်ကြားရေးစနစ်ကို သဘောကျတယ်ဆိုရင် OSSD (Ontario Secondary School Diploma) ကို ရွေးချယ်ပါ။ ကနေဒါနိုင်ငံမှာ ဆက်လက် ပညာသင်ယူချင်သူတွေအတွက် အသင့်တော်ဆုံး လက်မှတ်တစ်ခု ဖြစ်ပါတယ်။

​၃။ အချိန်တိုအတွင်း တက္ကသိုလ်ကို လျှောက်လှမ်းချင်သူများအတွက် (NCUK)
Foundation တစ်နှစ်တည်းနဲ့ အချိန်ကုန် သက်သာစွာ သင်ယူပြီး UK နဲ့ အခြား နိုင်ငံတကာက NCUK Partner Universities တွေကို တိုက်ရိုက် ကူးပြောင်းချင်တယ်ဆိုရင်တော့ NCUK International Foundation Year က အကောင်းဆုံး လမ်းကြောင်းတစ်ခုပါ။

​၄။ ကိုယ်သွားချင်တဲ့ တက္ကသိုလ် သေချာရှိနေသူများအတွက် (University Foundation)
ကိုယ့်စိတ်ထဲမှာ တက်ရောက်ချင်တဲ့ တက္ကသိုလ်က တိတိကျကျ ရှိနေပြီးသားဆိုရင်တော့ အဲဒီတက္ကသိုလ်ရဲ့ University Foundation Programme ကို တိုက်ရိုက် တက်ရောက်တာက အသေချာဆုံးပါပဲ။ ပြီးတာနဲ့ သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ First Year ကို တန်းတက်ရုံပါပဲ။

​💡 မရွေးချယ်ခင် ခဏလေး စဉ်းစားကြည့်ရအောင်🧐
​လမ်းကြောင်းတွေ ရွေးချယ်ပြီးမှ ကိုယ်သွားချင်တဲ့ တက္ကသိုလ်ရဲ့ Requirement နဲ့ မကိုက်ညီလို့ အချိန်ထပ်ကုန်တာမျိုး မဖြစ်ရလေအောင် အောက်ပါအချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားဖို့ အကြံပေးချင်ပါတယ်ရှင့်🤗

​မိမိ သွားရောက်ချင်တဲ့ နိုင်ငံနှင့် တက္ကသိုလ်
​ကျောင်းသားအတွက် အချိန်ပေးနိုင်မှုနှင့် မိသားစု Budget
​မိမိရွေးချယ်မည့် Programme သည် လိုချင်သော တက္ကသိုလ် ဝင်ခွင့် (Admission) နှင့် ကိုက်ညီမှု ရှိ/မရှိ😉

​🎯 ပညာရေးလမ်းကြောင်းဆိုတာ အနာဂတ်အတွက် အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုပါ။ ဆုံးဖြတ်ရ ခက်ခဲနေတယ်ဆိုရင်တော့ အချိန်မရွေး ဆက်သွယ် တိုင်ပင်နိုင်ဖို့ PM Training Centre က အသင့်ရှိနေပါတယ်နော်😊

​📞 IGCSE O Level အပြီး ဆက်တက်ရမည့် လမ်းကြောင်းများအတွက် အသေးစိတ် ဆွေးနွေးလိုပါက Page Messenger (သို့) အောက်ပါ လိပ်စာများသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်ရှင်🥰

​🏫 Venue (1): Building (214), Corner of Insein Road & Parami Road, Near Pagoda Road Bus stop, Hlaing Township, Yangon.

🏫 Venue (2): Building No. (20D), A(101), Aung Chan Ward, Central Road, Thirimingalar Road (Beside of Asia Royal Hospital), Sanchaung Township.

​

13/07/2026

📌 အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု - PM ရဲ့ IGCSE / GED Course အတန်းသစ်

"START LEARNING. GAIN SOMETHING." ✨

ပညာရေးဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ လောကကြီးထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်ဖို့ အကောင်းဆုံးနဲ့ အခိုင်မာဆုံးသော လက်နက်တစ်ခုပါပဲ။ သင့်ရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေက နိုင်ငံတကာအဆင့်မီ ပညာရေးလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ ဖြစ်နေတယ်ဆိုရင်... သင့်အတွက် အချိန်တိုအတွင်း ထိရောက်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်စေမည့် ခြေလှမ်းတစ်ခုကို လမ်းညွှန်ပေးပါရစေရှင့်😊

ပညာရေးအနာဂတ်အတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ PM မှ IGCSE / GED COURSE အတန်းသစ်ကို ဩဂုတ်လ (August) ဒုတိယပတ် မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ 🚀

💡 ဘာကြောင့် PM ရဲ့ IGCSE / GED အတန်းကို ရွေးချယ်သင့်တာလဲ?
၁။ ထိရောက်မြန်ဆန်တဲ့ ၆ လတာကာလ (6 Months Class): အချိန်ကုန်သက်သာပြီး စနစ်တကျ ပြင်ဆင်ထားတဲ့ Curriculum ကြောင့် ၆ လအတွင်းမှာ ဘာသာရပ်များကို ပိုင်ပိုင်နိုင်နိုင် လေ့လာဆည်းပူးနိုင်မှာ ဖြစ်ပါတယ်။
၂။ အဓိကကျသော ဘာသာရပ်များကို အခြေခံမှစ၍ သင်ကြားပေးခြင်း: နိုင်ငံတကာစာမေးပွဲတွေမှာ မရှိမဖြစ်လိုအပ်ပြီး အောင်မြင်မှုကို အာမခံမယ့် ဘာသာရပ်ကြီး (၄) ခု ဖြစ်တဲ့ - 📚 English 📚 Mathematics 📚 Science 📚 RLA (Reasoning Through Language Arts) တို့ကို ထိထိရောက်ရောက် သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။
၃။ စနစ်ကျသော အချိန်ဇယား: တနင်္လာနေ့မှ ကြာသပတေးနေ့အထိ (Monday to Thursday) အပတ်စဉ် ပုံမှန်တက်ရောက်ရမှာဖြစ်လို့ သင်ယူမှုမပြတ်တောက်ဘဲ Continuous Learning ကို ရရှိစေမှာ ဖြစ်ပါတယ်။

#💰 အထူးသက်သာသော သင်တန်းကြေးနှင့် အစီအစဉ်ကောင်းများ
သင်တန်းကြေး: တစ်လလျှင် ၃ သိန်းကျပ် သာ ကျသင့်မှာဖြစ်လို့ ရရှိမယ့် ပညာရေးအရည်အသွေးနဲ့ ယှဉ်ရင် အလွန်တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

#💵 အထူးပရိုမိုးရှင်း (Referral Program): မိမိသူငယ်ချင်း၊ မိတ်ဆွေကို လမ်းညွှန်ပေးပြီး အတန်းတက်ရောက်စေပါက အောင်မြင်စွာ စာရင်းသွင်းပြီးတိုင်း ၅၀,၀၀၀ ကျပ် ပြန်လည်ရရှိမည့် Cashback အစီအစဉ်လည်း ရှိပါတယ်။ (ပညာရပ်ချင်းလည်း ဝေမျှ၊ ဆုကြေးလည်း ရယူလိုက်ပါ!)

📅 ဖွင့်လှစ်မည့်အချိန်နှင့် နေရာ
# Opening Date: ဩဂုတ်လ ဒုတိယပတ် (August - Second Week) -> Coming Soon!
📍 ကျောင်းလိပ်စာ: အမှတ် (၂၀ဃ) ၊ အခန်း (A-101) ၊ ဗဟိုလမ်းမကြီးပေါ် (အာရှတော်ဝင်ဆေးရုံအနီး) ၊ သီရိမင်္ဂလာလမ်းသွယ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

"အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အချိန်ဆွဲမနေပါနဲ့တော့။"🤗

အတန်းသစ်အတွက် လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံး စုံစမ်းစာရင်းသွင်းပြီး သင့်ရဲ့ အနာဂတ်အောင်မြင်မှုခရီးစဉ်ကို PM နဲ့အတူ အခုပဲ စတင်လိုက်ပါ။ 🤝

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့်ဖြစ်စေ၊ ကျောင်းသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်☺
Let's JOIN NOW! ✨

12/07/2026

🌟 𝐒𝐮𝐧𝐝𝐚𝐲 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠: 𝐏𝐞𝐚𝐫𝐬𝐨𝐧 𝐄𝐝𝐞𝐱𝐜𝐞𝐥 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐆𝐂𝐒𝐄 (𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐚𝐬 𝐚 𝐒𝐞𝐜𝐨𝐧𝐝 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞) အကြောင်း သိကောင်းစရာ! 📚✨

🇬🇧အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအနေနဲ့ သင်ယူနေကြတဲ့ ကျောင်းသား/သူများအတွက် အလွန်အရေးပါတဲ့ 𝐏𝐞𝐚𝐫𝐬𝐨𝐧 𝐄𝐝𝐞𝐱𝐜𝐞𝐥 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐆𝐂𝐒𝐄 𝐢𝐧 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐚𝐬 𝐚 𝐒𝐞𝐜𝐨𝐧𝐝 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 ရဲ့ 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐎𝐯𝐞𝐫𝐯𝐢𝐞𝐰 ကို ဒီနေ့ 𝐒𝐮𝐧𝐝𝐚𝐲 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 မှာ မျှဝေပေးလိုက်ပါတယ်ရှင်။🤗🤗🤗

💥ဒီဘာသာရပ်က ဘာတွေပါဝင်ပြီး ဘယ်လိုမျိုး အမှတ်ပေးစနစ်နဲ့ သွားလဲဆိုတာ အနှစ်ချုပ်ကြည့်ရအောင် -
🏗 𝐂𝐨𝐮𝐫𝐬𝐞 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞
👉𝐔𝐧𝐢𝐭𝐬: ဘာသာရပ်တစ်ခုလုံးကို အပိုင်း (၄) ပိုင်း (𝐔𝐧𝐢𝐭 𝟒 - 𝐑𝐞𝐚𝐝𝐢𝐧𝐠, 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐖𝐫𝐢𝐭𝐢𝐧𝐠, 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠) ခွဲခြားထားပါတယ်။
👉𝐌𝐨𝐝𝐮𝐥𝐚𝐫 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭: စာမေးပွဲတွေကို တွဲဖြေလို့ရသလို၊ အဆင်ပြေသလို ခွဲဖြေလို့လည်းရတဲ့ 𝐌𝐨𝐝𝐮𝐥𝐚𝐫 စနစ်ဖြစ်ပါတယ်ရှင်။
👉𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭: စာမေးပွဲပုံစံက 𝐏𝐚𝐩𝐞𝐫-𝐛𝐚𝐬𝐞𝐝 စနစ်ဖြစ်ပြီး၊ 𝐏𝐞𝐚𝐫𝐬𝐨𝐧 𝐄𝐝𝐞𝐱𝐜𝐞𝐥 ဘက်မှ စနစ်တကျ စစ်ဆေးပေးမှာပါနော်
👉⚖️ 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 𝐖𝐞𝐢𝐠𝐡𝐭𝐢𝐧𝐠 (အမှတ်ပေးစနစ်)
ဘာသာရပ်တစ်ခုစီတိုင်းကို (၅၀) မှတ် အပြည့်သတ်မှတ်ထားပြီး၊ အလုံးစုံ 𝐆𝐫𝐚𝐝𝐞 အတွက် (၂၅%) စီ တူညီစွာ အလေးပေးထားပါတယ်ရှင့်

📖𝐑𝐞𝐚𝐝𝐢𝐧𝐠: 𝟏 𝐡𝐨𝐮𝐫
🎧𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠: ~𝟒𝟓 𝐦𝐢𝐧𝐮𝐭𝐞𝐬
📝𝐖𝐫𝐢𝐭𝐢𝐧𝐠: 𝟏 𝐡𝐨𝐮𝐫 𝟏𝟓 𝐦𝐢𝐧𝐮𝐭𝐞𝐬
🗣️𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠: 𝟐𝟐-𝟐𝟑 𝐦𝐢𝐧𝐮𝐭𝐞𝐬 (𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 𝟏𝟎 𝐦𝐢𝐧𝐬 ပါဝင်)

🗺 𝟓 𝐂𝐨𝐫𝐞 𝐓𝐨𝐩𝐢𝐜 𝐀𝐫𝐞𝐚𝐬 (အဓိက လေ့လာရမည့် ခေါင်းစဉ်များ)
---------------------
စာမေးပွဲအတွက် အဓိကထား လေ့လာရမည့် ခေါင်းစဉ် (၅) ခုရှိပါတယ်ရှင် -
✨𝐌𝐲𝐬𝐞𝐥𝐟 & 𝐎𝐭𝐡𝐞𝐫𝐬: ကိုယ်ပိုင်အကြောင်းအရာများ၊ မိသားစုနှင့် သူငယ်ချင်းများ။
✨𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐢𝐬𝐦: ခရီးသွားခြင်း၊ နေရာဒေသများနှင့် သွားလာရေး။
✨𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧: ပညာရေး၊ ကျောင်းနေမှုနှင့် နည်းပညာ (𝐈𝐂𝐓)။
✨𝐄𝐦𝐩𝐥𝐨𝐲𝐦𝐞𝐧𝐭: အလုပ်အကိုင်၊ အချိန်ပိုင်းအလုပ်နှင့် အနာဂတ်အစီအစဉ်များ။
✨𝐆𝐥𝐨𝐛𝐚𝐥 𝐈𝐬𝐬𝐮𝐞𝐬: ပတ်ဝန်းကျင်၊ ညီမျှမှုနှင့် မီဒီယာအကြောင်းအရာများ။

💡 𝐓𝐫. 𝐏𝐡𝐲𝐮 ရဲ့ အကြံပြုချက် ဘာသာရပ်တစ်ခုချင်းစီရဲ့ 𝐒𝐤𝐢𝐥𝐥 (၄) ခုလုံးကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်ရှင်။ အထူးသဖြင့် စာမေးပွဲမေးခွန်းပုံစံများကို 𝐌𝐨𝐜𝐤 𝐓𝐞𝐬𝐭 များနှင့်အတူ စနစ်တကျ လေ့ကျင့်သွားခြင်းက 𝐁𝐚𝐧𝐝 𝐒𝐜𝐨𝐫𝐞 အမြင့်ဆုံးရရှိဖို့ သော့ချက်ပါပဲရှင်။

📽️ဒီဗီဒီယိုလေးကို ကြည့်ပြီးနောက်မှာတော့ 𝐏𝐞𝐚𝐫𝐬𝐨𝐧 𝐄𝐝𝐞𝐱𝐜𝐞𝐥 𝐄𝐒𝐋 ဘာသာရပ်အကြောင်း ပိုမိုရှင်းလင်းသွားမယ်လို့ မျှော်လင့်ပါတယ်ရှင်။ ဒီ 𝐂𝐨𝐮𝐫𝐬𝐞 နဲ့ပတ်သက်ပြီး ပိုမိုသိချင်တာလေးတွေ ရှိရင် 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ မေးခဲ့ပေးပါဦးနော်။ 𝐏𝐌 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞 ရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ရှင်။
#𝐏𝐌𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠𝐂𝐞𝐧𝐭𝐫𝐞 #𝐒𝐮𝐧𝐝𝐚𝐲𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠 #𝐈𝐆𝐂𝐒𝐄 #𝐄𝐝𝐞𝐱𝐜𝐞𝐥 #𝐄𝐧𝐠𝐥𝐢𝐬𝐡𝐀𝐬𝐀𝐒𝐞𝐜𝐨𝐧𝐝𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 #𝐈𝐄𝐋𝐓𝐒 #𝐒𝐭𝐮𝐝𝐲𝐓𝐢𝐩𝐬 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠 #𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫

🇩🇪 German Class (Basic + A1) သင်တန်းအပ်နှံမှုများ လက်ခံနေပါပြီ!​"German စာ ဘယ်လိုစသင်ရမလဲ?" လို့ စဉ်းစားနေပါသလား?ကျွန်ုပ...
11/07/2026

🇩🇪 German Class (Basic + A1) သင်တန်းအပ်နှံမှုများ လက်ခံနေပါပြီ!
​"German စာ ဘယ်လိုစသင်ရမလဲ?" လို့ စဉ်းစားနေပါသလား?
ကျွန်ုပ်တို့ရဲ့ Basic + A1 သင်တန်းတွေက သင့်အတွက် အကောင်းဆုံးအစပြုခြင်း ဖြစ်စေမှာပါနော်😉

​သင်တန်းနဲ့ ပတ်သက်တဲ့
​သင်တန်းကြေး
​သင်တန်းချိန်
​သင်ကြားမယ့်ပုံစံ
တို့ကို အသေးစိတ် သိရှိလိုပါက အောက်ပါ Link ကို နှိပ်ပြီး Messenger ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

​Address - PM Language Center

No. 20 - D, 1st Floor, Baho Road & Thiri Mingalar Street, Sanchaung Township, Yangon. (Near Asia Royal Hospital)

📍Google Map link 👇

https://maps.app.goo.gl/uQGDfL48FdEpCh1eA?g_st=ic
☎️ ဖုန်း - 09777133560
- 09402053930

​သင်ယူလိုစိတ်ရှိသူတိုင်းကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်ရှင့်🤝

🎯 IGCSE English မှာ Grade A ရဖို့... စာတွေအများကြီး ကျက်နေရုံနဲ့တင် မလုံလောက်တော့ပါဘူး!​ကျောင်းသားအများစု IGCSE English ...
10/07/2026

🎯 IGCSE English မှာ Grade A ရဖို့... စာတွေအများကြီး ကျက်နေရုံနဲ့တင် မလုံလောက်တော့ပါဘူး!
​ကျောင်းသားအများစု IGCSE English ဖြေတဲ့အခါ Summary Writing မှာ အမှတ်လျော့တာ၊ Time Management မမှီဘဲ အချိန်မလောက်ဖြစ်ရတာတွေဟာ Technique မရှိလို့ပဲ ဖြစ်ပါတယ်နော်🥰

​ဒီလိုအခက်အခဲတွေကို အပိုင်အနိုင် ကျော်လွှားပြီး Exam ခန်းထဲမှာ ယုံကြည်မှုအပြည့်နဲ့ Grade A/A* ဆွတ်ခူးနိုင်ဖို့ PM Training Center (Sanchaung) ရဲ့ IGCSE Tr Phyu က စနစ်တကျ လမ်းညွှန်ပေးဖို့ အသင့်ရှိနေပါပြီရှင့် ✨

​🚀 PM Training Center (Sanchaung) မှာ ဘာတွေ ထူးထူးခြားခြား လေ့လာရမလဲ?😎

​Summary & Essay Writing မဟာဗျူဟာ: ကျောင်းသားအများစု အမှတ်လျော့လေ့ရှိတဲ့ Summary နဲ့ Writing အပိုင်းတွေကို လိုရင်းတိုရှင်းနဲ့ အမှတ်ပြည့်ရအောင် ရေးသားနည်းဗျူဟာများ။
​Real Exam Techniques: စာမေးပွဲခန်းထဲမှာ အချိန်ကို ဘယ်လိုအမိအရ စီမံခန့်ခွဲမလဲဆိုတဲ့ 'လှျို့ဝှက်ချက်' တွေကို အသေးစိတ် လေ့ကျင့်ပေးခြင်း။
​Personalized Care: အတန်းထဲမှာ စာမလိုက်နိုင်မှာ၊ နောက်ကျကျန်ခဲ့မှာတွေကို လုံးဝပူစရာမလိုဘဲ ဆရာ/ဆရာမများက တစ်ဦးချင်းစီအလိုက် သေချာဂရုစိုက်ပေးခြင်း။

​🎒 Campus တွင်သာ လူကိုယ်တိုင် စနစ်တကျ သင်ယူရမည့် ပုံစံများ (Campus Only)

တက်ရောက်နိုင်မည့် ပုံစံအကျိုးကျေးဇူး
🏫 On Campus ClassCampus ထဲမှာ အတန်းဖော်တွေနဲ့အတူ တက်ကြွစွာ အပြန်အလှန် ဆွေးနွေးသင်ယူနိုင်မည့် အတန်း
👤 On Campus (Private Class)မိမိရဲ့ အားနည်းချက်ကို ဆရာမနှင့် အနီးကပ် သီးသန့် အသေအချာ ပြုပြင်ချင်သူများအတွက် အတန်း
👥 On Campus (Group Class)သူငယ်ချင်းချင်း စုပြီး စာမေးပွဲအတွက် တိုင်ပင်ဆွေးနွေးရင်း ထိရောက်စွာ တက်ရောက်နိုင်မည့် အတန်း

​"ထူးချွန်တဲ့ Result ဆိုတာ မှန်ကန်တဲ့ လမ်းပြမြေပုံ (Technique) ရှိခြင်းကနေ စတင်ပါတယ်။" အိမ်မှာတင် စာကျက်နေမယ့်အစား Sanchaung Campus မှာ ခုကတည်းက လာရောက်ပြင်ဆင်လိုက်ပါနော်🤝

​📞 ဆက်သွယ်ရန်နှင့် လိပ်စာ
​🏫 Sanchaung Campus Venue:
Building No. (20D), A(101), Aung Chan Ward, Central Road, Thirimingalar Road (Beside of Asia Royal Hospital), Sanchaung Township.
​

08/07/2026

#𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫 🚀 Roadmap to A: 2027 IGCSE English ပြောင်းလဲမှုများကို ကျော်ဖြတ်မယ်!*
​2027 Intake ကို ရည်မှန်းထားတဲ့ ကျောင်းသားများအတွက်... 💡😊

Cambridge ကနေ ထုတ်ပြန်ထားတဲ့ IGCSE English (0500) ရဲ့ Syllabus အသစ်ဟာ ကျောင်းသားတွေရဲ့ ဖန်တီးနိုင်စွမ်းကို ပိုမိုစိန်ခေါ်လာပါပြီ✊

​ဒါကို ဘယ်လိုရင်ဆိုင်မလဲ?
၁။ နောက်ဆုံးထွက် 6th Edition ကို ကိုင်တွယ်ခြင်း - သင်ရိုးညွှန်းတမ်းနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ စာအုပ်တွဲတွေကို အသုံးပြုပါ။
၂။ Practice makes Perfect - Coursebook နဲ့ Workbook ကို မျှမျှတတ လေ့ကျင့်ပါ။
၃။ Expert Guidance - စာမေးပွဲပုံစံအသစ်ကို ကျွမ်းကျင်တဲ့ ဆရာ/ဆရာမတွေရဲ့ လမ်းညွှန်မှုရယူပါ။

​Tr. Phyu က ဗီဒီယိုထဲမှာ လမ်းညွှန်ပေးထားတဲ့အတိုင်း Syllabus အသစ်ကို PM Training Centre မှာ အကောင်းဆုံး ပြင်ဆင်လိုက်ပါနော်🥰

​📩 အတန်းချိန်များအတွက် အခုပဲ CB မှာ စုံစမ်းလိုက်ပါ!🤗
✨ Start Learning, Gain Something!
​

05/07/2026

✨ 𝐒𝐮𝐧𝐝𝐚𝐲 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦✨
📚 𝐈𝐆𝐂𝐒𝐄 𝐄𝐒𝐋 𝐑𝐞𝐚𝐝𝐢𝐧𝐠 မှာ 𝐆𝐫𝐚𝐝𝐞 ကောင်းကောင်းရဖို့ စာဖတ်ရုံတင် မလုံလောက်ပါဘူး... 🗣️ 𝐀𝐜𝐭𝐢𝐯𝐞 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 က ဘယ်လောက်အရေးကြီးလဲ?
မင်္ဂလာရှိလှတဲ့ တနင်္ဂနွေနေ့လေးမှာ 🌟 𝐈𝐆𝐂𝐒𝐄.𝐓𝐫𝐏𝐡𝐲𝐮 𝐏𝐚𝐠𝐞 ရဲ့ စာမျက်နှာကနေ မိဘများနှင့် ကျောင်းသား/သူ အားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ 🥰

ဒီနေ့မှာတော့ 𝐓𝐫. 𝐏𝐡𝐲𝐮 ရဲ့ ကျောင်းမှ ဆရာ 𝐄𝐫𝐢𝐜 ရဲ့ 𝐋𝐢𝐯𝐞 𝐂𝐥𝐚𝐬𝐬 အတန်းထဲက 🎬 𝐂𝐈𝐄 𝐈𝐆𝐂𝐒𝐄 𝐄𝐒𝐋 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 ဗီဒီယိုဖိုင်လေးတစ်ခုနဲ့အတူ ကျောင်းသားတွေ 𝐑𝐞𝐚𝐝𝐢𝐧𝐠 စွမ်းရည် တိုးတက်ဖို့အတွက် အရေးကြီးဆုံး လျှို့ဝှက်ချက်တစ်ခုကို 🔑 မျှဝေပေးချင်ပါတယ်ရှင်။

💡 ဗီဒီယိုထဲက လက်တွေ့သင်ကြားမှု ဗဟုသုတ (𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠)
ဗီဒီယိုထဲမှာ ကျောင်းသားတွေဟာ 𝐂𝐲𝐩𝐫𝐮𝐬 နိုင်ငံက 🇨🇾 "𝐒𝐨𝐦𝐚 𝐀𝐤𝐫𝐢𝐭𝐨𝐧" ဆိုတဲ့ 𝐈𝐧𝐝𝐞𝐩𝐞𝐧𝐝𝐞𝐧𝐭 𝐘𝐨𝐮𝐭𝐡 𝐆𝐫𝐨𝐮𝐩 အကြောင်းကို ဖတ်ရှုနေကြတာ ဖြစ်ပါတယ်။ စာဖတ်ပြီးတာနဲ့ ဆရာ 𝐄𝐫𝐢𝐜 က ကျောင်းသားတွေကို "𝐖𝐡𝐚𝐭 𝐡𝐚𝐯𝐞 𝐲𝐨𝐮 𝐠𝐨𝐭 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐩𝐚𝐬𝐬𝐚𝐠𝐞𝐬?" ဆိုပြီး ချက်ချင်း အမေးအဖြေလုပ်ကာ 🧠 စာပိုဒ်ထဲက (𝐂𝐨𝐫𝐞 𝐂𝐨𝐧𝐜𝐞𝐩𝐭) ကို ကိုယ်ပိုင်ဦးနှောက်နဲ့ မတွေးတွေးအောင် ဆွဲထုတ်ပေးပါတယ်။
ကျောင်းသားတွေဖြစ်တဲ့ 𝐊𝐢𝐫𝐢 နဲ့ 𝐁𝐫𝐲𝐚𝐧 တို့ကလည်း မိမိတို့ နားလည်သလောက်ကို အင်္ဂလိပ်လို ယုံကြည်မှုရှိရှိနဲ့ 💬 ချက်ချင်း ပြန်လည်ဆွေးနွေး (𝐀𝐜𝐭𝐢𝐯𝐞 𝐏𝐚𝐫𝐭𝐢𝐜𝐢𝐩𝐚𝐭𝐢𝐨𝐧) လုပ်နေကြတာကို မြင်တွေ့ရမှာပါရှင်။ 👀
𝐈𝐆𝐂𝐒𝐄 𝐄𝐒𝐋 𝐑𝐞𝐚𝐝𝐢𝐧𝐠 ဟာ စာကို ဖတ်ပြီး အဖြေရုံတင်မကဘဲ
* 🌍 ကမ္ဘာ့အမြင် (𝐆𝐥𝐨𝐛𝐚𝐥 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬)
* 🔍 အရေးကြီးအချက်အလက်ကို ရှာဖွေနိုင်စွမ်း (𝐒𝐜𝐚𝐧𝐧𝐢𝐧𝐠 & 𝐒𝐤𝐢𝐦𝐦𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬)
* 🤔 ဝေဖန်ပိုင်းခြားတွေးခေါ်မှု (𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠) တွေကိုပါ စာမေးပွဲစံနှုန်းအတိုင်း တောင်းဆိုတာ ဖြစ်ပါတယ်ရှင်။
🔥 မှားမှာမကြောက်နဲ့... အသုံးချတတ်ဖို့က ပထမ
> 🛑 "𝐃𝐨𝐧'𝐭 𝐛𝐞 𝐚𝐟𝐫𝐚𝐢𝐝 𝐭𝐨 𝐦𝐚𝐤𝐞 𝐦𝐢𝐬𝐭𝐚𝐤𝐞𝐬!"
>
အင်္ဂလိပ်စာ လေ့လာတဲ့နေရာမှာ အသံထွက်မှားမှာ၊ စာလုံးပေါင်းမှားမှာကို လုံးဝ မကြောက်ပါနဲ့။ ဗီဒီယိုထဲက သူငယ်ချင်းတွေလိုပဲ ဆရာမရဲ့ လမ်းညွှန်မှုအောက်မှာ မိမိစိတ်ထဲရှိတာကို ယုံကြည်မှုရှိရှိ ထုတ်ဖော်ဆွေးနွေးတတ်တဲ့ အလေ့အကျင့်ကသာ 🙌 ကလေးတို့ရဲ့ 𝐁𝐚𝐧𝐝 𝐒𝐜𝐨𝐫𝐞 ကို အမြင့်ဆုံးအထိ ဆွဲတင်ပေးသွားမှာပါရှင်။ 📈 ဆရာမကလည်း အမြဲတမ်း ပံ့ပိုးကူညီပေးဖို့ အသင့်ရှိနေပါတယ်! ❤️
🎯 𝐈𝐆𝐂𝐒𝐄.𝐓𝐫𝐏𝐡𝐲𝐮 ကျောင်းမှ ထိရောက်တဲ့ သင်ကြားမှုစနစ်
ကျွန်မတို့ 𝐈𝐆𝐂𝐒𝐄.𝐓𝐫𝐏𝐡𝐲𝐮 အတန်းတွေမှာ ဆရာမတစ်ယောက်တည်း စာအုပ်ဖတ်ပြပြီး စာချရုံသက်သက် (𝐏𝐚𝐬𝐬𝐢𝐯𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠) ပုံစံမျိုး လုံးဝ (လုံးဝ) မဟုတ်ပါဘူးရှင်။ 🙅‍♀️
* 💬 𝐋𝐢𝐯𝐞 𝐐&𝐀 𝐒𝐞𝐬𝐬𝐢𝐨𝐧𝐬 များ: သင်ခန်းစာအလိုက် ကျောင်းသားတစ်ဦးချင်းစီ ပါဝင်ဆွေးနွေးရမယ့် စနစ်။
* ✍️ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐳𝐞𝐝 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤: အတန်းပြီးရင်လည်း မိမိတို့ရဲ့ တာဝန်ပေးချက် (𝐀𝐬𝐬𝐢𝐠𝐧𝐦𝐞𝐧𝐭𝐬) တွေကို 𝐂𝐥𝐚𝐬𝐬 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 ကနေတစ်ဆင့် ဆရာမကိုယ်တိုင် သေသေချာချာ တစ်ယောက်ချင်းစီ စစ်ဆေးအကြံပြုပေးတဲ့စနစ်။ 🔎
ဒါကြောင့် ကလေးတွေအနေနဲ့ လမ်းကြောင်းမှန်ပေါ်မှာ အချိန်မပုတ်ဘဲ ထိရောက်တဲ့ 𝐑𝐞𝐬𝐮𝐥𝐭 ကောင်း တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ရရှိမှာ သေချာပါတယ်ရှင်။ 💯🚀

အနာဂတ်လမ်းကြောင်းအတွက် အထိရောက်ဆုံး ပြင်ဆင်မှုတွေကို 𝐈𝐆𝐂𝐒𝐄.𝐓𝐫𝐏𝐡𝐲𝐮 အတန်းများနှင့်အတူ အခုပဲ လက်တွဲစတင်လိုက်ပါရှင်။ 🤝✨

📍 𝐈𝐆𝐂𝐒𝐄.𝐓𝐫𝐏𝐡𝐲𝐮
🏢 𝐕𝐞𝐧𝐮𝐞 (𝟏): အမှတ်(၂၁၄)၊ အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့်၊ ဘုရားလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်။

🏢 𝐕𝐞𝐧𝐮𝐞 (𝟐): အမှတ် (၂၀ဃ) ၊ အခန်း(၁၀၁)၊ ဗဟိုလမ်းမကြီးပေါ် (အာရှတော်ဝင်ဘေးလမ်း)၊ သီရိမင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်။
ရုံးဖုန်းများဖြစ်သော —
📞 𝟎𝟗𝟐𝟔𝟔𝟔𝟔𝟐𝟔𝟎𝟏
📞 𝟎𝟗𝟐𝟔𝟔𝟔𝟔𝟐𝟔𝟎𝟐
📞 𝟎𝟗𝟒𝟎𝟐𝟎𝟓𝟑𝟗𝟑𝟎
📞 𝟎𝟗𝟕𝟕𝟕𝟏𝟑𝟑𝟓𝟔𝟎 တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ ☎️

#𝐈𝐆𝐂𝐒𝐄 #𝐈𝐆𝐂𝐒𝐄𝐄𝐒𝐋 #𝐑𝐞𝐚𝐝𝐢𝐧𝐠𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 #𝐒𝐮𝐧𝐝𝐚𝐲𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠 #𝐈𝐆𝐂𝐒𝐄𝐓𝐫𝐏𝐡𝐲𝐮 #𝐓𝐫𝐏𝐡𝐲𝐮 #𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫 #𝐀𝐜𝐭𝐢𝐯𝐞𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠

🎓 နိုင်ငံတကာတက္ကသိုလ်တွေဆီ တိုက်ရိုက်သွားမယ့် 𝗜𝗚𝗖𝗦𝗘 ပညာရေးလမ်းကြောင်း 🎓​IGCSE (International General Certificate of Seco...
05/07/2026

🎓 နိုင်ငံတကာတက္ကသိုလ်တွေဆီ တိုက်ရိုက်သွားမယ့် 𝗜𝗚𝗖𝗦𝗘 ပညာရေးလမ်းကြောင်း 🎓

​IGCSE (International General Certificate of Secondary Education) ဆိုတာ အသက် (၁၄) နှစ်ကနေ (၁၆) နှစ်အရွယ် လူငယ်တွေအတွက် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အထက်တန်းအောင်လက်မှတ် ဖြစ်ပါတယ်။ UK အခြေစိုက် Cambridge International Examinations (CIE) နဲ့ Pearson Edexcel ဆိုပြီး Curriculum (၂) မျိုးရှိကာ အင်္ဂလိပ်ဘာသာကို အခြေခံပြီး သင်ကြားရတာဖြစ်ပါတယ်။

​ဒီ Exam Board (၂) ခုဟာ အနည်းငယ်သာ ကွာခြားချက်ရှိပြီး နှစ်ခုလုံးက နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးကို ပေးစွမ်းနိုင်တာမို့ မိမိနှစ်သက်ရာကို လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။

​📚 IGCSE ရဲ့ Level (၂) ခုအကြောင်း သိကောင်းစရာ

​IGCSE မှာ အဓိကအားဖြင့် Level (၂) ခု ရှိပါတယ်။

​၁။ O Level (Ordinary Level): မြန်မာနိုင်ငံရဲ့ ဆယ်တန်းအောင်လက်မှတ် (သို့) UK ပညာရေးစနစ်ရဲ့ Secondary Education နောက်ဆုံးနှစ်နဲ့ ညီမျှပါတယ်။ အသက် (၁၄ မှ ၁၆) နှစ် ဝန်းကျင်၊ ၈ တန်း သို့မဟုတ် ၉ တန်း အောင်မြင်ထားသူတွေ တက်ရောက်ဖို့ အသင့်တော်ဆုံးပါ။ အချိန် (၁၂) လမှ (၂၄) လအတွင်း ကြာမြင့်နိုင်ပြီး မိမိစိတ်ဝင်စားရာ ဘာသာရပ် (၅) ခုမှ (၉) ခုအထိ ရွေးချယ်သင်ယူနိုင်ပါတယ်။

​၂။ A Level (Advanced Level): O Level အောင်မြင်ပြီးနောက် တက္ကသိုလ်ဝင်ခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေအတွက် ဆက်လက်တက်ရောက်ရမယ့် အဆင့်ဖြစ်ပါတယ်။ အချိန် (၂) နှစ်ဝန်းကျင် ကြာမြင့်နိုင်ပြီး မိမိအားသန်ရာ ဘာသာရပ် (၃) ခုမှ (၅) ခုအထိ ရွေးချယ်နိုင်ပါတယ်။

​📝 ဘာသာရပ်တွေကို ဘယ်လိုရွေးချယ်မလဲ?

​IGCSE မှာ ဘာသာရပ်ပေါင်း (၄၀) ကျော်ကို အဓိက Group (၅) ခု ခွဲခြားထားပါတယ်။

​Group I: Languages

​Group II: Humanities & Social Sciences

​Group III: Sciences

​Group IV: Mathematics

​Group V: Creative & Professional

​နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်အတွက် English, Science နဲ့ Maths တို့ကို အဓိကထားပြီး အနည်းဆုံး (၅) ဘာသာမှ (၆) ဘာသာအထိ ဖြေဆိုအောင်မြင်ရန် လိုအပ်ပါတယ်။ ဘာသာရပ် (၆) ခုထက်ပိုပြီး ဖြေဆိုအောင်မြင်ထားပါက ပညာသင်ဆု (Scholarship) တွေနဲ့ Top Ranked University တွေ လျှောက်ထားရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။

​🎯 အနာဂတ် ရည်မှန်းချက်အလိုက် ရွေးချယ်သင့်တဲ့ ဘာသာရပ်များ

​Engineering နယ်ပယ်အတွက် 👨‍🔧: Biology, Chemistry, Physics, Math (B), Further Pure Math, English as a Second Language (ESL).

​ဆေးပညာ (Medicine) နယ်ပယ်အတွက် 👨‍⚕️: Biology, Human Biology, Chemistry, Physics, Math (B), Further Pure Math, ESL.

​Business နှင့် Arts နယ်ပယ်အတွက် 🧑‍💼: Chemistry, Physics, Math (B), Further Pure Math, ESL, Business (သို့မဟုတ်) Art & Design.

​ဘာရွေးရမလဲ မသေချာသေးသူများအတွက် (General) 🤷‍♂️: Business, Economics, Chemistry, Physics, Math (B), ESL.

​💡 ဆင်တူယိုးမှား ဘာသာရပ်များရဲ့ ကွာခြားချက်

​ESL နှင့် EFL: ESL (English as a Second Language) က Four Skills ကို အဓိကထားပြီး ဘာသာစကားကျွမ်းကျင်မှုကို မြှင့်တင်ပေးပါတယ်။ EFL (English as a First Language) ကတော့ တွေးခေါ်ပိုင်းဆိုင်ရာ (Critical & Analytical Skill) ကိုပါ အလေးပေးလို့ အင်္ဂလိပ်စာ အခြေခံကောင်းပြီး ပိုမိုနက်ရှိုင်းစွာ လေ့လာချင်သူတွေအတွက် ဖြစ်ပါတယ်။

​E Maths နှင့် A Maths: E Maths က အခြေခံသင်္ချာဖြစ်ပြီး A Maths ကတော့ ပိုမိုခက်ခဲနက်ရှိုင်းပါတယ်။ A Level ဆက်တက်မယ့်သူတွေဆိုရင်တော့ A Maths ကို မဖြစ်မနေ ယူသင့်ပါတယ်။

​ICT နှင့် Computer Science: ICT က ရုံးသုံး Software များ၊ Web ရေးနည်းအခြေခံနဲ့ Network အကြောင်းတွေကို သင်ပေးပါတယ်။ Computer Science ကတော့ Software Engineering, Data Analysis စတဲ့ နည်းပညာပိုင်းကို သေချာလေ့လာချင်သူတွေအတွက်ပါ။

​Business, Economics နှင့် Accounting: Business မှာ စီမံခန့်ခွဲမှု၊ ဈေးကွက်ရှာဖွေရေးနဲ့ HR ပိုင်းကို လေ့လာရပြီး၊ Economics ကတော့ စီးပွားရေးသီအိုရီတွေကို ပိုမိုအသေးစိတ် လေ့လာရပါတယ်။ Accounting ကတော့ တွက်ချက်မှုပိုင်းဖြစ်ပြီး LCCI Level 2 အဆင့်နဲ့ ညီမျှပါတယ်။

​📊 IGCSE Grading System

​IGCSE အမှတ်ပေးစနစ်ကို 9-1 (A*-G) နဲ့ သတ်မှတ်ပါတယ်။

​Grade 9-7 = A* - A

​Grade 6-4 = B - C

​Grade 3-2 = D - G

​အောင်မှတ် (Pass Grade) ကို "C" (အမှတ် 60% - 65%) လို့ သတ်မှတ်ထားပြီး ဆေးကျောင်း (Medical Pathway) သွားမယ့်သူတွေကတော့ အနည်းဆုံး Grade B နဲ့အထက် ရရှိဖို့ လိုအပ်ပါတယ်။

​🙋‍♀️ ဘယ်သူတွေ တက်ရောက်နိုင်လဲ?

​(၈) တန်း၊ (၉) တန်း၊ (၁၀) တန်း ကျောင်းသား/သူတွေအပြင် တက္ကသိုလ်ကျောင်းသားများ၊ ဘွဲ့လွန်တက်နေသူများနဲ့ လုပ်ငန်းခွင်ဝင်နေသူများပါ အသက်အရွယ်မရွေး ဖြေဆိုနိုင်ပါတယ်။

​✨ PM Training Center San Chaung နဲ့အတူ IGCSE ခရီးစဉ်ကို စတင်လိုက်ပါ

​နိုင်ငံတကာအဆင့်မီ သင်ကြားရေးအတွေ့အကြုံတွေနဲ့အတူ သင့်ရဲ့ IGCSE ပန်းတိုင်ကို အရောက်လှမ်းဖို့ PM Training Center San Chaung မှ နွေးထွေးစွာ ကြိုဆိုနေပါတယ်။

​အတန်းတွေအကြောင်း အသေးစိတ် သိရှိလိုပါက Page Messenger မှတစ်ဆင့်ဖြစ်စေ၊ အောက်ပါ ဖုန်းနံပါတ်များသို့ဖြစ်စေ၊ သင်တန်းကျောင်းသို့ လူကိုယ်တိုင်ဖြစ်စေ လာရောက်စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီ။ 🤝

​📍 သင်တန်းကျောင်းလိပ်စာ:

PM Language Center

No. 20 - D, 1st Floor, Baho Road & Thiri Mingalar Street, Sanchaung Township, Yangon. (Near Asia Royal Hospital)

📍Google Map link 👇

https://maps.app.goo.gl/uQGDfL48FdEpCh1eA?g_st=ic

​☎️ ဆက်သွယ်ရန်ဖုန်း:

09 777 133 560 / 09 402 053 930 ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰

​

Study In Germany (Exclusive Seminar) ✅ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စဉ်းစားတဲ့အခါ ပညာရေးစနစ်ကောင်းမွန်ပြီး လူနေမှုအ...
04/07/2026

Study In Germany (Exclusive Seminar)

✅ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စဉ်းစားတဲ့အခါ ပညာရေးစနစ်ကောင်းမွန်ပြီး လူနေမှုအဆင့်အတန်းမြင့်မားတဲ့ ဂျာမနီနိုင်ငံက မဖြစ် မနေထည့်စဉ်းစားသင့်တဲ့ ရွေးချယ်စရာတစ်ခုပါပဲ။

✅ လာမယ့် ၈ ရက်နေ့မှာတော့ FAI နဲ့ PM Training Center တို့ ပူးပေါင်းပြီး "Study in Germany” ဆိုတဲ့ Exclusive Seminar တစ်ခုကိုပြုလုပ်ပေးသွားဖို့ရှိပါတယ်။

✅ ဒီ Seminar တက်ရောက်တဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ဂျာမနီနိုင်ငံမှာ ကျောင်းသွားတက်ဖို့အတွက် သိထားသိတဲ့ အကြောင်းအရာမှန်သမျှကို အခမဲ့ဆွေးနွေးနိုင်မယ့်အပြင် ကိုယ်သိလိုရာကိုလည်း စိတ်ကြိုက်မေးမြန်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

✅ ကိုယ်တိုင်မလာရောက်နိုင်တဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း Zoom ကနေ တိုက်ရိုက်ပါဝင်ဆွေးနွေးနိုင်ဦးမှာနော်။

✅ ဂျာမနီမှ မဟုတ်ဘဲ ကိုယ်စိတ်ဝင်စားတဲ့ တခြားနိုင်ငံတွေအကြောင်းကိုလည်း အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်မှာပဲ ဖြစ်လို့ အရောက်လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

📌 Register Here:
https://forms.gle/WAFg4vquPw52pZULA

📌 Seminar Detail
Date: 8th July 2026 (Wednesday)
Time: 12:30 PM
Location: အမှတ် (၂၀ဃ) ၊ အခန်း(၁၀၁)၊ ဗဟိုလမ်းမကြီးပေါ် (အာရှတော်ဝင်ဘေးလမ်း)၊သီရိမင်္ဂလာလမ်း၊စမ်းချောင်းမြို့နယ်

📌 Join Zoom Meeting
https://us06web.zoom.us/j/9775500520?pwd=H3eShAECyhLrOfjsYxDpfwlzNDDZ15.1&omn=85951903659

Meeting ID: 977 550 0520
Passcode: FAI@2023

02/07/2026

💡 Edexcel IGCSE English အတွက် EFL နဲ့ ESL ဘယ်ဟာက သင့်ကလေးနဲ့ အကိုက်ညီဆုံးဖြစ်မလဲ? 💡
​IGCSE စာမေးပွဲအတွက် ပြင်ဆင်နေကြတဲ့ ကျောင်းသား/သူတွေနဲ့ မိဘတွေကြားမှာ အမြဲတမ်း ဆွေးနွေးဖြစ်ကြတဲ့ အကြောင်းအရာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ "English ဘာသာရပ်ကို EFL (First Language) ယူသင့်လား? ဒါမှမဟုတ် ESL (Second Language) ပဲ ယူသင့်လား?" ဆိုတာပါပဲ။ 🤔

​များသောအားဖြင့် အောက်ပါအကြောင်းရင်းတွေကြောင့် ဘာသာရပ်ကို မှားယွင်းရွေးချယ်မိတတ်ကြပါတယ် -
❌ ပိုကောင်းမယ်ထင်ပြီး ရွေးချယ်မိတာ🤯
❌ သူငယ်ချင်းတွေယူလို့ အဖော်လိုက်ယူမိတာ☹
❌ လက်ရှိတက်နေတဲ့ကျောင်းမှာ EFL တစ်ခုတည်းသာ ရွေးချယ်ခွင့်ရှိတာ😩

​⚠️ ဘာသာရပ်ရွေးချယ်မှု မှားယွင်းသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာနိုင်လဲ?
ကလေးရဲ့ အမှန်တကယ် Language Level ကို သေချာမဆန်းစစ်ဘဲ ရွေးချယ်လိုက်တဲ့အခါ စာမေးပွဲ Intake ကို အချိန်မီ မဖြေဆိုနိုင်တာ၊ ရလဒ်မကောင်းလို့ နောက်ကျမှ ESL ကို ပြန်ပြောင်းရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးတွေ ကြုံလာရတဲ့အခါ ကလေးရဲ့ တန်ဖိုးရှိတဲ့ အချိန် (၁) နှစ်ကနေ (၁) နှစ်ခွဲလောက်အထိ အလဟဿ ဆုံးရှုံးသွားရပါတယ်။

​✨ IGCSE.TrPhyu မှ ဘယ်လိုကူညီပေးနိုင်မလဲ?
Edexcel IGCSE စာမေးပွဲတွေမှာ အချိန်မပုတ်ဘဲ Intake တစ်ခါတည်းနဲ့ Result ကောင်းကောင်းထွက်ဖို့ဆိုရင် အစကတည်းက မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့က အဓိကပါပဲ။ ဒါကြောင့် PM Training Centre မှာ သင်တန်းမစတင်မီ ကျောင်းသား/သူ တစ်ဦးချင်းစီရဲ့ အင်္ဂလိပ်စာ အရည်အချင်းကို အရင်ဆုံး သေချာဆန်းစစ်ပေးပြီးမှ အသင့်တော်ဆုံး ဘာသာရပ်ကို ရွေးချယ်နိုင်အောင် တိုင်ပင်ဆွေးနွေးပေးပါတယ်ရှင့်😊

​သင့်ကလေးရဲ့ IGCSE ပညာရေးခရီးစဉ်အတွက် အကောင်းဆုံး လမ်းညွှန်မှုတွေကို ရယူချင်တယ်ဆိုရင်တော့ အခုပဲ IGCSE.TrPhyu (PM Training Center) ထံ ဆက်သွယ်လိုက်ပါရှင်😉

​📍 IGCSE.TrPhyu (PM Training Centre)
💥 Venue (1): အမှတ်(၂၁၄)၊ အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့်၊ ဘုရားလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်။
💥 Venue (2): အမှတ် (၂၀ဃ) ၊ အခန်း(၁၀၁)၊ ဗဟိုလမ်းမကြီးပေါ် (အာရှတော်ဝင်ဘေးလမ်း)၊ သီရိမင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်။
​📞 ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သော ဖုန်းနံပါတ်များ -
09266662601
09266662602
09402053930
09777133560

Address

No(20)D, Room (101)A, 1st Floor, The Corner Of Central Road & Thiri Mingalar Street (Beside Of Asia Royal Hospital), Sanchaung Township
Yangon
11111

Telephone

+959459185226

Website

Alerts

Be the first to know and let us send you an email when PM Training Center - Sanchaung Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to PM Training Center - Sanchaung Branch:

Shortcuts

Share

Category