22/03/2025
📌 ယခုနှစ် Grade 12 (English) မေးခွန်းကို နောင်လာမည့် ကလေးများအတွက် သုံးသပ်ချက်
ယခုနှစ် Grade 12 (English) မေးခွန်း၏ မေးမြန်းခဲ့ပုံ အနေအထားအရ
1. Four Skills + Thinking Skills + Translation Skills + General Knowledge + Vocabularies + Grammar အခြေခံ မပါလာခဲ့ကြသောကလေးများ၊
2. Revision ပေးထားသည့် သင်ခန်းစာများကိုသာ ကျက်မှတ်ခဲ့ကြပြီး တစ်ပွဲတိုး ဖြေဆိုတတ်ခဲ့ကြသောကလေးများ၊
3. မိဘကကျက်ခိုင်း၍ တာဝန်အရသာ ကျက်ခဲ့ကြသောကလေးများ၊
4. Textbook နှင့် လေ့ကျင့်ခန်းစာအုပ် အနည်းငယ်ကိုသာ လေ့ကျင့်ခဲ့ကြသောကလေးများ၊
5. ကျောင်းစစ်၊ ကျူရှင်စစ်စာမေးပွဲများတွင် အမှတ်ကောင်းခဲ့သည်ကို ဂုဏ်ဆာ၍ မိမိကိုယ်ကိုယ်အထင်ကြီးလွန်းခဲ့ကြသောကလေးများ စသည်တို့အတွက် လွန်စွာမှပင် အခက်အခဲရှိနိုင်ကြောင်း မီးမောင်းထိုးပြသွားခဲ့ပါသည်။