FMEC - First Steps Montessori Education Center

FMEC - First Steps Montessori Education Center

Share

“The child is both a hope and a promise for mankind.”

17/04/2025

📣Job Vacancy ( အလုပ်လျှောက်လွှာခေါ်ယူခြင်း)

🏫 FMEC ( First Steps Montessori Education Center)
အမှတ် ၄၉၁ ၊ မနော်ဟရီလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်တွင် တာဝန်ထမ်းဆောင်ရန်အတွက် Main Teacher နှင့် Assistant Teacher များ အလိုရှိပါသည်။

🟦Main Teacher for Preschoolers (1) Posts
Requirements
✓တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိထားပြီးသူ (သို့) တက္ကသိုလ်တက်ရောက်နေဆဲဖြစ်သူ။
✓ Classroom Language ကို E to E ကောင်းစွာပြောဆိုနိုင်သူ
✓ ECCD / Child Psychology Diploma/ Certificate ရရှိထားပြီးသူ
✓ Montessori Curriculum အကြောင်းကောင်းစွာသိရှိနားလည်ပြီးသူ၊ Certificate ရရှိထားသူ၊ Lesson Plan ရေးဆွဲနိုင်သူ။
✓စဉ်ဆက်မပြတ်သင်ယူလိုစိတ်ရှိသူ။
✓ကလေးများအပေါ် အထူးချစ်ခင်ပြီး စိတ်ရှည်သည်းခံနိုင်သူ။
✓အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ။
🔵 Assistant Preschool Teacher (1) post
Requirements
🔹တက္ကသိုလ်ကျောင်းတက်နေဆဲ (သို့) ဘွဲ့မရရှိသေးသူ။
🔹 မူကြိုပညာရေးအထူးစိတ်ဝင်စားသူ။
🔹ကလေးချစ်တတ်ပြီး စိတ်ရှည်သည်းခံနိုင်မှုရှိသူ။
🔹 စဉ်ဆက်မပြတ် သင်ယူလေ့လာချင်စိတ်ရှိသူ။
🔹 သင်တန်းများတက်ရောက်နိုင်သူ။
🔹 အကျင့်စာရိတ္တကောင်းမွန်ပြီး စည်းကမ်းလိုက်နာနိုင်သူ။
♦️လစာညှိနှိုင်းနိုင်ပါသည်။
*မှတ်ချက်။ကလေးလေးများအပေါ်စိတ်ရှည်ပြီးအမှန်တကယ်ချစ်တတ်သူဖြစ်ရမည်။ မူကြိုအတွေ့အကြုံမရှိသူများလည်းဝင်ရောက် လျှောက်ထားနိုင်သည်။ စဉ်ဆက်မပြတ် သင်ယူချင်သော စိတ်ရှိသူ ဦးစားပေးမည်။
အသေးစိတ်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စိတ်ပါဝင်စား၍ လျှောက်ထားလိုပါက မိမိ၏ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြင့် (Viber:09 403450578,09454694516 Telegram: 09454694516 (သို့) [email protected] သို့ CV Form များအား (15.5.25)ရက်နေ့နောက်ဆုံးထားပေးပို့ လျှောက်ထားနိုင်ပါသည်။ Messenger မှတဆင့်လည်း ပေးပို့နိုင်ပါသည်။
Interview ဖြေဆိုရန်အတွက် ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ပါသည်။

Photos from FMEC - First Steps Montessori Education Center's post 13/10/2024

💐Semi Virtual Training ဖြစ်ပေမယ့် ကလေးလေးတွေရဲ့ ဦးနှောက်အလုံးစုံဖွံ့ဖြိုးစေဖို့ Activity တိုင်း Game တိုင်းနဲ့ Brain Gym Exercise တွေကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ပေးတဲ့ဆရာဆရာမတို့ကိုကျေးဇူးအထူးတင်ပါတယ်ရှင်💐
🪻မေမေဖေဖေဆရာဆရာမနဲ့ကလေးပြုစုစောင့်ရှောက်သူများအတွက်နောက် Batch တစ်ခုကို November လမှထပ်မံဖွင့်လှစ်ပေးသွားမယ့်အကြောင်းလည်းကြိုတင်အသိပေးပါရစေရှင်🪻
Brain Development ( Holistic Brain Development) Training for Teachers 🧠
Sandar Oo
Montessori Education Center

05/10/2024

ယနေ့ October 5 ရက်နေ့တွင် ကျရောက်သော World Teachers' Day တွင် ကျွန်မတို့ ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ များ အပါအဝင် ကမ္ဘာပေါ်ရှိ ပဲ့ကိုင်ရှင် ဆရာဆရာမ များအား ရိုသေလေးစားဖြင့် ဂါရဝ ပြု ကန်တော့အပ်ပါသည်။

Photos from FMEC - First Steps Montessori Education Center's post 19/09/2024

Brain Development (Holistic Brain Development) Training for Parents and Teachers
virtual Training
YNMC ရဲ့ founder Tr.စုစုလှိုင်၊ Happy Garden ရဲ့ Founder Tr.မြတ်နိုးနဲ့တကွ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးကြသော ဆရာဆရာမတစ်ဦးချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင် ❤️❤️❤️

31/08/2024

HAPPY BIRTHDAY, DR. MONTESSORI! (Born August 31, 1870)

Thank you for your amazing contributions to the nurturing and education of children around the world!

26/05/2024

📢Hi-Five International Montessori Education Center မှ ကျောင်းအပ်လက်ခံနေပါပြီရှင်

08/05/2024

📣Job Vacancy ( အလုပ်လျှောက်လွှာခေါ်ယူခြင်း)📣

Hi-Five international Montessori Education Center ( အမှတ် ၁၀၅၊ တိုက်-၂၊ ပါရမီလမ်း လှိုင်မြို့နယ်၊ ပါရမီစိန်ဂေဟာအနီး)တွင် တာဝန်ထမ်းဆောင်ရန်အတွက် Class Teacher နှင့် Assistant Teacher များ အလိုရှိပါသည်။

🟧Class Teacher for Preschoolers (2) Posts

Requirements

v တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိထားပြီးသူ (သို့) တက္ကသိုလ်တက်ရောက်နေဆဲဖြစ်သူ။

v English Language ကိုကောင်းစွာပြောဆိုနိုင်သူ

v ECCD / Child Psychology Diploma/ Certificate ရရှိထားပြီးသူ

v Montessori Curriculum အကြောင်းကောင်းစွာသိရှိနားလည်ပြီးသူ၊ Certificate ရရှိထားသူ၊ Lesson Plan ရေးဆွဲနိုင်သူ။

v စဉ်ဆက်မပြတ်သင်ယူလိုစိတ်ရှိသူ။

v ကလေးများအပေါ် အထူးချစ်ခင်ပြီး စိတ်ရှည်သည်းခံနိုင်သူ။

v အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ။

v ကျန်းမာရေးကောင်းမွန်သူ။

🟨 Assistant Preschool Teacher (1) post

Requirements

v တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိထားပြီးသူ (သို့) တက္ကသိုလ်တက်ရောက်နေဆဲဖြစ်သူ။

v မူကြိုပညာရေးအထူးစိတ်ဝင်စားသူ။

v ကလေးချစ်တတ်ပြီး စိတ်ရှည်သည်းခံနိုင်မှုရှိသူ။

v စဉ်ဆက်မပြတ် သင်ယူလေ့လာချင်စိတ်ရှိသူ။

v သင်တန်းများတက်ရောက်နိုင်သူ။

v အကျင့်စာရိတ္တကောင်းမွန်ပြီး စည်းကမ်းလိုက်နာနိုင်သူ။


*မှတ်ချက်။ မူကြိုအတွေ့အကြုံမရှိသူများလည်းဝင်ရောက်လျောက်ထားနိုင်သည်။ ကျား၊ မ မရွေး လျောက်ထားနိုင်သည်။ စဉ်ဆက်မပြတ် သင်ယူချင်သော စိတ်ရှိသူ ဦးစားပေးမည်။

စိတ်ပါဝင်စား၍ လျှောက်ထားလိုပါက မိမိ၏ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြင့် (09-796412745 Viber , Telegram , Whatapp(သို့) [email protected] သို့ CV Form များအား (15.5.24)ရက်နေ့နောက်ဆုံးထားပေးပို့ လျှောက်ထားနိုင်ပါသည်။ Messenger မှတဆင့်လည်း ပေးပို့နိုင်ပါသည်။ Interview ဖြေဆိုရန်အတွက် ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ပါသည်။

19/04/2024

"ကလေးများရဲ့စိတ်ခံစားချက်ကိုနားလည်လက်ခံခြင်းဖြင့်အပြုအမူများကိုပြောင်းလဲစေခြင်း"

🟪အရွယ်ရောက်ပြီး လူသားများအနေနဲ့အမျိုးမျိုးသောစိတ်ပိုင်းဆိုင်ရာခံစားချက် များ (Feelings and Emotions) ကြောင့် အပြုအမူ (Behavior) အမျိုးမျိုးဖြစ်ပွားလေ့ရှိကြပါတယ်။ ကောင်းမွန်တဲ့စိတ်ခံစားချက်များကြောင့်ကောင်းမွန်တဲ့အပြုအမူတွေဖြစ်ပေါ်စေသလို မကောင်းတဲ့စိတ်ခံစားချက်တွေကြောင့်ဆိုးဝါးတဲ့အပြုအမူတွေကို ပြုမူဆောင်ရွက်မိစေပါတယ်။
🔷ကလေးလေးတွေမှာလည်းဒီနည်းအတိုင်းပါပဲ စိတ်ခံစားချက်အမျိုးမျိုးကြောင့် ကောင်းမွန်တဲ့အပြုအမူရောဆိုးဝါးတဲ့အပြုအမူကိုပါပြုမူတတ်ကြပါတယ်။ အရွယ်ရောက်ပြီးသူတွေနဲ့ကွာခြားချက်ကတော့ တချို့သောအပြုအမူတွေဟာဆိုးဝါးတဲ့အပြုအမူပါဆိုတာကိုသူတို့ကိုယ်တိုင်မသိရှိကြပါဘူး။ တခါတလေမှာတော့ကိုယ့်ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့အတွက်ဆိုးဝါးတဲ့အပြုအမူတွေကိုဆောင်ရွက်မိတတ်ကြသလိုတခါတလေမှာတော့ကိုယ်ခံစားနေရတဲ့စိတ်ခံစားချက်ကို ဖော်ထုတ်မပြောပြတတ်တာကြောင့် ဆိုးဝါးတဲ့အပြုအမူတွေကိုလုပ်ဆောင်မိတာဖြစ်ပါတယ်။
🟪ကျွန်မအပါအဝင် မိဘနဲ့ကလေးပြုစုပျိုးထောင်သူအများစုဟာ ကလေးရဲ့ဆိုးဝါးတဲ့အပြုအမူတွေကိုရပ်တန့်အောင် ပြောင်းလဲသွားအောင်ကြိုးစားမိကြပါတယ်။ဒါပေမယ့်အပြုအမူရဲ့နောက်ကွယ်က ကလေးခံစားနေရတဲ့ခံစားချက်ကိုစဉ်းစားပေးနိုင်မှုနည်းပါးခဲ့ပါတယ်။
🔷ကလေးလေးနဲ့ဈေးဝယ်ထွက်ရင်း ကလေးကပြေးလွှားခုန်ပေါက်တာ၊ ပစ္စည်းတွေကိုကိုင်ကြည့်တဲ့အခါ၊ စကားတွေအကျယ်ကြီးပြောနေတဲ့အခါ ကလေးလေးပျော်ရွှင်နေလို့ စိတ်လှုပ်ရှားနေလို့ စူးစမ်းလေ့လာချင်နေလို့ အခုလိုပြုမူနေတာပါလားလို့အရင်မတွေးမိဘဲ " ဘာလို့လျှောက်ပြေးနေရတာလဲ၊ ဘာလို့လျှောက်ကိုင်နေတာလဲ၊ ငြိမ်ငြိမ်လေးလိုက်လာလို့မရဘူးလား၊ အဲ့လိုပုံစံမျိုးဆိုနောက်တစ်ခါမခေါ်တော့ဘူး" ဆိုတဲ့စကားမျိုးပြောဆိုမိတတ်ပါတယ်။
🟪ကလေးလေးဂျီပြီး‌ငိုယိုသောင်းကျန်းနေတဲ့အချိန်မှာလည်းဒီလိုပါပဲ ကလေးငိုယိုသောင်းကျန်းတာရပ်တန့်သွားစေဖို့အဓိကထားပြောဆိုဆောင်ရွက်မိလေ့ရှိပါတယ်။
ကလေးနဲ့လမ်းသွားရင်းအသိမိတ်ဆွေတွေနဲ့ဆုံတဲ့အခါ ကလေးကိုနှုတ်ဆက်လို့ ကလေးက ဘာမှပြန်မပြောရင် ဘာမှပြန်မတုံ့ပြန်ရင်လည်း " နှုတ်ဆက်လိုက်လေ အိမ်မှာဆိုနားကိုညည်းနေတာပဲ လူရှေ့ရောက်ရင်ဘာသံမှမထွက်တော့ဘူး"ဆိုတာမျိုးနဲ့ကလေးရဲ့အပြုအမူကိုပြောင်းလဲဖို့ကြိုးစားမိပါတယ်။ ( နှုတ်ဆက်တဲ့မိတ်ဆွေကိုအားနာစိတ်နဲ့၊ကိုယ့်ကလေးကိုတမျိုးမြင်သွားမှာစိုးတဲ့ကိုယ့်ရဲ့အတ္တစိတ်လည်းပါနိုင်ပါတယ်)
🔷 တကယ်တော့ကျွန်မတို့ဟာကလေးလေးတွေရဲ့ခံစားချက်ကိုမကြည့်ဘဲ ကလေးရဲ့အပြုအမူပြောင်းလဲရေးကိုသာအဓိက‌ထားပြီးကြိုးစားနေမိခြင်းဖြစ်ပါတယ်။
🟪ရလဒ်အနေနဲ့ကတော့ ကလေးကမိဘကိုမလွန်ဆန်နိုင်လို့ အပြုအမူပြောင်းလဲရင်တောင် နောက်ကွယ်ကစိတ်ခံစားချက်ကမပြောင်းလဲဘဲပိုပြီးကြီးမားလာနိုင်ပါတယ်။ တချို့ကလေးလေးတွေမှာတော့ ပိုမိုဆိုးဝါးတဲ့အပြုအမူတွေကိုဆောင်ရွက်လာပြီး ကလေးနဲ့မိဘ၊ ကလေးပြုစုပျိုးထောင်သူကြားဆက်ဆံရေးမှာကြည်နူးခိုင်မာခြင်းတွေကျဆင်းသွားနိုင်ပါတယ်။
🔷ကျွန်မတို့အရွယ်ရောက်ပြီးသူတွေစိတ်ဖိစီးတဲ့အခါ၊ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေမကောင်းတဲ့အခါ ကျွန်မတို့ဘေးမှာ နှလုံးသားနဲ့နားထောင်ပြီးနှစ်သိမ့်ပေးတဲ့သူ၊ ကိုယ်ချင်းစာနားလည်ပေးတဲ့သူကို လိုအပ်သလို ကလေးလေးတွေအတွက်လည်း သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို စာနာနားလည်မှုပေးဖို့လိုအပ်ပါတယ်။
🟪ဒါဟာဆိုးဝါးတဲ့အပြုအမူတွေကိုလက်ခံပေးတာမဟုတ်ဘဲ ခံစားချက်ကိုနားလည်လက်ခံပေးခြင်းသာဖြစ်ပါတယ်။ ခံစားချက်ကိုနားလည်လက်ခံပြီးမှ ဆိုးဝါးတဲ့အပြုအမူတွေအစား သင့်လျော်မှန်ကန်တဲ့အပြုအမူတွေကိုဆောင်ရွက်စေဖို့လမ်းညွှန်ပြသရမှာဖြစ်ပါတယ်။
🔷 ကလေးလေးတွေရဲ့စိတ်ခံစားချက်ကိုအရင်နားလည်လက်ခံပြီးမှ ကလေးရဲ့အပြုအမူ‌‌ ပြောင်းလဲစေဖို့‌ ဆောင်ရွက်ခြင်းအားဖြင့် ကလေးလေးတွေက မိဘနဲ့ကလေးပြုစုပျိုးထောင်သူတွေရဲ့ချစ်ခြင်းမေတ္တာကိုခံစားမိစေပြီးဆက်ဆံရေးပိုမိုကောင်းမွန်မှာဖြစ်ကြောင်း အကြံပြုဆွေးနွေးပါရစေရှင်။
Sandar Oo
(Hi-Five International Montessori Education Center)

01/04/2024

🤗 Hello! 🤗

🌿ဖေဖေ၊မေမေတို့‌ရေ ကျောင်းဖွင့်တဲ့အချိန်ကာလကိုရောက်တော့မယ်နော်
ဘာလိုလိုနဲ့ ကိုယ့်မျက်စိအောက်က ချစ်စရာဘေဘီလေးတောင် ကျောင်းကိုပို့ရမယ့်အရွယ်ကိုရောက်လာပြီ။
ကလေးလေးကို အိမ်ကနေခွဲခွာပြီးကျောင်းပို့ရမှာမို့ အစစအရာရာအဆင်ပြေပါ့မလားဆိုတဲ့အတွေးနဲ့ပူပန်နေကြပြီလား။
☘️လှိုင်မြို့နယ် မှာရှိတဲ့ Hi-Five International Montessori Education Center ) မှကလေး‌များရဲ့ပညာ‌ရေးအတွက်အကောင်းဆုံးအခြေခံအုတ်မြစ်‌ ကောင်းများကိုဖန်တီးပေးပြီးအနာဂတ်ကာလမှာ ဘက်စုံကဏ္ဍစုံအတွက်ပညာရှင်များပေါ်ထွန်းလာစေဖို့ ၊ မိဘတွေ နေနဲ့ သားသားမီးမီးတို့အတွက် စိုးရိမ်ပူပန်စရာမလိုအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပြုစုပျိုးထောင်‌ ပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါရစေရှင်။

🏠Hi-Five International Montessori Education Center မှ အသက် (၂.၅ နှစ်မှ ၆ နှစ်အရွယ်) Preschooler သားသားမီးမီးတို့အတွက်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံနွေးထွေးတဲ့သင်ယူမှု ဝန်းကျင်ကိုဖန်တီးပေးပြီး Dr.Maria Montessori ရဲ့ Method ကိုအခြေခံကာစနစ်တကျပြုစု ပျိုးထောင်ပေးမှာဖြစ်ပါတယ်

📋သင်ရိုးအနေနဲ့ မွန်တက်ဆိုရီ သတ်မှတ်ခဲ့တဲ့ ဧရိယာ ၅ခုဖြစ်တဲ့

1.Practical Life Skill (လက်တွေ့ဘဝ)

2.Sensorial (အထိအတွေ့ )

3. Mathematics(သင်္ချာ)

4. Language (ဘာသာစကား) နဲ့

5. Culture (အလေ့အထ) တို့အပေါ်မှာအခြေခံပြီး

➕ထပ်ဆောင်းအနေနဲ့

1. Phonics

2. Whole Brain Development Training and Brain Gym

3. Control of Movement

4. Arts and Crafts

5. Moral Development

6. Storytelling

7. Fine Motor skills

8. Gross Motor skills

9. Science Activities

10.Music and Movement

တို့ကို စနစ်တကျလေ့ကျင့်ထားတဲ့ ပြီး မွန်တက်ဆိုရီနည်းလမ်းနဲ့သင်ကြားရာမှာ အတွေ့အကြုံရှိတဲ့ဆရာ၊ဆရာမ တွေနဲ့အတူ အရည်အသွေးပြည့်မှီ စုံလင်တဲ့ သင်ထောက်ကူပစ္စည်း (Materials) ပေါင်းများစွာနဲ့ အလုပ်တွေ လုပ်ရင်း ကလေးလေးတွေဟာစာသင်နေမှန်းမသိအောင် သင်ကြားခွင့်ရပြီးဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။

📑သင်ကြားမှုအတွက်သင်ထောက်ကူကို မွန်တက်ဆိုရီ အတွက်သီးသန့်ထုတ်တဲ့ပစ္စည်းတွေကို အသုံးပြုထားပြီး Dr. Maria Montessori ကိုယ်တိုင် လေ့လာသုတေသန လုပ်ပြီး တီထွင်ခဲ့တဲ့ သင်ကြားရေး ကိရိယာတွေဖြစ်ပါတယ်။ ကလေးတွေ အကောင်းဆုံးသင်ယူနိုင်အောင် တီထွင်ထားတဲ့ သင်ကြားရေးကိရိယာတွေဖြစ်တာကြောင့် ကလေးတွေရဲ့ လေ့လာသင်ယူမှုမှာ တိုးတက်မှုပုံစံက အလွန်ထိရောက်မှုရှိမှာဖြစ်ပါတယ်။

🏡 Hi-Five International Montessori Education Center မှာ ကလေးလေးတို့အတွက် အောက်ပါ အတန်းလေးတွေ ဖွင့်လှစ်ထားရှိပါတယ်။

🐣Pre Nursery (2.5 -3 years)
🐤Nursery (3-4 years)
🐥Pre Kindergarten (4-5 years)

အသေးစိတ်သိရှိလိုပါက ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ၊ ကျောင်းသို့လူကိုယ်တိုင်လာရောက်စုံစမ်း မေးမြန်းခြင်းဖြင့်ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ရှင့်

🏡 ကျောင်းလိပ်စာ

Hi-Five International Montessori Education Center

တိုက် (၂) ပထမထပ်၊ ပါရမီလမ်း၊ လှိုင်မြို့နယ်။

(ပါရမီစိန်ဂေဟာအနီး၊ ရတနာသိုက်စိန်ရွှေရတနာဆိုင်နှင့်မျက်စောင်းထိုး)

☎️-09- 796412745, 09-403450578,09-797040308

Photos from Montessori with Amy's post 28/03/2024
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


105, Building 2, Parami Road, Hlaing Township. (Near Parami Sein Gay Har )
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00