05/04/2026
Summer Learning &
English Grammar and Writing Class (2026) တက်ရောက်နေသော ကျောင်းသား ကျောင်းသူလေးတွေ မှတ်တမ်းလေးတင်ရင်း စဉ်းစားမိပါတယ်...
သူတို့လေးတွေမှာလည်း ဆရာမရှင်းပြတဲ့
Grammar Rules တွေ မှတ်လိုက်
Sentence တွေ ရေးလိုက်
Listening တွေ နားထောင်လိုက်
Speaking လေးတွေ ပြောလိုက်
Group Discussion တွေ လုပ်လိုက်
Test တွေ ဖြေလိုက်နဲ့
ကိုယ့်ဆီတက်လို့ အေးဆေး ပေါ့ပေါ့လေး တက်ရတယ်ကို မရှိဘူး ...
ကျောင်းသူလေးတစ်ယောက်က ပြောရှာပါတယ်
''ဒီတီချယ်က အနားသိပ်မပေးတက်ဘူးနော် စာမကျက်ခိုင်းတဲ့ နေ့ကို မရှိဘူး'' တဲ့လေ😆
သြော်!! ကလေးတို့ကို ရစေချင်လို့...နားလည်စေချင်လို့ပါလို့...သင်ယူခွင့်ရတဲ့အချိန်လေး အကျိုးရှိစေချင်လို့ပါလို့... ပြောပြလိုက်ရတယ်...😀