10/01/2023
Hey everyone! Wishing you all Happy New Year!!!
Are you looking to improve your interview skills and English conversation for a job abroad? We are offering an amazing course for those looking to improve their interview preparation and common English conversation skills. This is a great opportunity to brush up on your communication skills in order to make the best impression during interviews or other important conversations work in foreign countries like Dubai.
Course includes:
- Do's and don'ts during interview
- Attire (What you should wear at the interview)
- Useful conversation phrases
- Most common Interview Questions and answers
- Practice time
- Knowledge sharing & Consultation
You can choose time frame as your schedule and contact about detail in Page CB and write "Interest" in comment. Our team will get you back soon.
***Bonus: Prepare Professional CV for Every Attendants!!!
So Let's Sign up today and take advantage of this unique learning opportunity!
Happy New Year!!! အားလုံးပဲ မင်္ဂလာရှိတဲ့နှစ်သစ်လေး ဖြစ်ပါစေ.. ကျွန်မ တို့ LNEC မှ New Year Course အနေဖြစ် ဒူဘိုင်းနိုင်ငံ နှင့် တခြားသောနိုင်ငံ ကြီးများအတွက် အလုပ်အကိုင်သွားရောက်ရှာဖွေ ကြမယ့် မိတ်ဆွေ တို့အတွက် Interview Preparation & Useful English Conversation Course ကို ဖွင့်လှစ်ပေးထားပါတယ်။
Course မှာ ပါဝင်မယ့် အချက် များကတော့
- Do's and don'ts during interview
- Attire (What you should wear at the interview)
- Useful conversation phrases
- Most common Interview Questions and answers
- Practice time
Bonus အနေဖြင့် တက်ရောက်လာကြတဲ့ သင်တန်းသားများအတွက် Professional CV များပြင်ဆင်ပေးပါတယ်။
Knowledge sharing & Consultation:
- Sharing and consulting about currrent updated issues and situation in U.A.E
ဒူဘိုင်းသွားပြီး နေထိုင် အလုပ်အကိုင်ရှာကြမယ့် မိတ်ဆွေတို့အတွက် လိုအပ်မယ့် အရာတွေကို လွတ်လပ်စွာ ဆွေးနွေးမေးမြန်း အကြံဥာဏ်များ ရယူနိုင်မယ့် Section တွေနဲ့ အတူ ပါဝင်မှာမို့
အခုပဲ Register လုပ်လိုက်ကြရအောင်!!!
08/04/2022
ကိုယ့်အားကိုယ်ကိုးတတ်တဲ့ကလေးလေး
ဘယ်မိဘမဆို ကိုယ့်ရင်သွေးလေးတွေကိုရင်ခွင်ပိုက်အရွယ်လိုပဲ အမြဲပြုစုယုယချင်ကြတာပါ။ ဒါပေမဲ့ ကလေးတို့ ရှေ့ဆက်ပြီး လောကလမ်းပေါ် ရဲရဲလျှောက်နိုင်ဖို့၊ အထူးသဖြင့် အခုလို မရေရာမှုတွေများနေတဲ့ ခေတ်ကာလမှာ ကိုယ့်ရင်သွေးတွေကို အသက်ရွယ်အလိုက် ကိုယ့်အားကို ကိုးတတ်ဖို့
Life skill ကို အထူးသင်ကြားပေးဖို့ လိုအပ်လာပါပြီ။ ကိုယ့်အားကို ကိုးတတ်တဲ့ ကလေးဟာ လောကကို အလှဆင်တဲ့ ပန်းနဲ့ ပမာတူပါတယ်။ ကိုယ့်ကြမ္မာ
ကိုယ်ဖန်တီးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မိဘများ လေ့လာနိုင်ဖို့ ကလေးငယ်များအတွက် သင်ကြားပေးရမယ့် life skill တချို့ကို ပြောပြပေးချင်ပါတယ်။
၁။ ဆုံးဖြတ်ခွင့်ပေးပါ
ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်က သိပ်အရေးပါပါတယ်။ တစ်ခါတလေ မိဘရဲ့အမိန့်ဟာ ကလေးရဲ့ ဆုံးဖြတ်နိုင်စွမ်းကို ရိုက်ချိုးတတ်တာကြောင့် ကလေးတွေကို အန္တရာယ်မဖြစ်စေမယ့် ကိစ္စမျိုးမှာ ဆုံးဖြတ်ခွင့်ပေးသင့်ပါတယ်။ ဥပမာ ဘောင်းဘီပြာဝတ်မလား၊ ဘောင်းဘီနီဝတ်မလား စသဖြင့် ရွေးချယ်ခွင့်ပေးရပါမယ်။ ရွေးချယ်တဲ့အခါမှာလည်း မိဘက ကလေးကို စိတ်ရှည်စွာ လုံလောက်တဲ့ အချိန်ပေးရပါမယ်။ နောက်ဆက်တွဲအကျိုးဆက်ကိုလည်း ရှင်းပြပေးသင့်ပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာပြီး အရေးကြီးဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
၂။ အိမ်မှုကိစ္စမှာ ပါဝင်ခွင့်ပေးပါ
မိဘတွေက သားသမီးကို ငယ်သေးတယ်လို့ ထင်တဲ့ အစွဲတွေကြောင့် အိမ်မှုကိစ္စတွေ မလုပ်ခိုင်းတတ်ပါဘူး။ ခုမှသင်ခါစ ကလေးရဲ့ အကူအညီဟာ မိဘအတွက် ဝန်ပိုတယ်လို့လည်း မှတ်ယူတတ်ပါတယ် ။ အမှန်တော့ အသက်အရွယ်အလိုက် ထမင်းဟင်း ချက်တာ၊ ပန်းကန်ဆေးတာ၊ အဝတ်လျှော်တာ စတာတွေ တတ်မြောက်ထားမှသာ နောင်တစ်ချိန် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဟင်းရွက်သင်တာ၊ ကြမ်းတိုက်တာ စတဲ့ အိမ်အလုပ်တွေမှာ မိသားစု ပျော်စရာအချိန်လေးတွေ ဖန်တီးနိုင်သလို ကလေးငယ်ရဲ့ အာရုံငါးပါးကို နှိုးဆွပေးရာလည်းရောက်ပါတယ်။ ငယ်ရွယ်စဉ်မှာ အာရုံငါးပါးနိုးကြားနေမှသာ ဦးနှောက်ထဲက နူရွန်ဆဲလ်တွေ ချိတ်ဆက်နိုင်ပြီး ကျောင်းစာမှာရော နေ့စဉ်ဘဝမှာပါ လေ့လာနိုင်စွမ်းကောင်းမှာပါ။
၃။ ကိုယ်ပိုင်ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခွင့်ပေးပါ
ရေတွက်ခြင်းဟာ အခြေခံသင်္ချာဖြစ်သလို ငွေကြေးစီမံခန့်ခွဲခြင်းရဲ့ အစလည်းဖြစ်ပါတယ်။ ငွေကြေးတန်ဖိုးကို နားလည်အောင် ကိန်းဂဏန်းနဲ့မိတ်ဆက်ပေးဖို့ အရေးကြီးပါတယ်။ ဘဏ်စနစ် အသုံးပြုတာ ကိုလည်း အသက်အရွယ်အလိုက် ရှင်းပြပေးသင့်ပါတယ်။ ငွေကြေးတန်ဖိုးကို သိထားမှသာ ဖြုန်းတီးခြင်း မရှိဘဲ တိုးပွားအောင် ဆောင်ရွက်နိုင်စွမ်းရှိမှာပါ။ ငွေစုတာ၊ needs and wants ကို ခွဲခြားပြတာ စတာတွေကို ဈေးဝယ်ထွက်တမ်းကစားခြင်း၊ ပုံပြင်တွေ ဖတ်ပြပေးခြင်းဖြင့် သင်ပေးနိုင်ပါတယ်။ မုန့်ဖိုးကို ကလေးကိုယ်တိုင် စီမံခန့်ခွဲတတ်ပါစေ။
၄။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ် မြင့်တက်အောင်ပံ့ပိုးပေးပါ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူဟာ ဘယ်လို အခက်အခဲနဲ့ ကြုံကြုံ ရင်ဆိုင်နိုင်သလို ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်းရှိတတ်ပါတယ်။
ကလေးရဲ့ အောင်မြင်မှုသေးသေးလေးကို တခုတ်တရ အသိအမှတ်ပြုတာ၊ အားကစားလုပ်ခွင့်ပေးတာ၊ သဘာဝတရားနဲ့ နီးစပ်ခွင့်ပေးတာ၊ ခရီးအတူထွက်တာ၊ ချစ်တယ်လို့ ပြောပေးတာတွေက ကလေးငယ်ရဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်ကို တိုးပွားစေပါတယ်။ ဒီလိုစိတ်ခွန်အားမျိုးကို အချိန်ပေးပြီး ပျိုးထောင်ယူရပါမယ်။
၅။ ကိုယ်ပိုင်ပြဿနာဖြေရှင်းနိုင်စွမ်းရှိအောင်
လေ့ကျင့်ခွင့်ပေးပါ
လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြပါတယ်။ ဖြေရှင်းနိုင်စွမ်းပေါ်မူတည်ပြီး ရှေ့ဆက်နိုင်ကြသူတွေ ရှိသလို လဲပြိုသွားသူလည်း ရှိပါတယ်။ ဒါကြောင့် ပြဿနာဖြေရှင်းနိုင်စွမ်းကို ကလေးဘဝကတည်းက လေ့ကျင့်ပေးရပါမယ်။ အနိမ့်အမြင့်မတူညီတဲ့ တန်းကို ဖြတ်ကျော်ခိုင်းတာ၊ ဝင်္ကဘာကနေ ထွက်ပေါက်ဆီ သွားခိုင်းတာ ၊ အဝတ်အစားအထက်အောက် တွဲစပ်ခိုင်းတာ၊ မျှဝေသုံးစွဲတတ်အောင်သင်ပေးတာ စသဖြင့် ပြဿနာဖြေရှင်းနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးနိုင်ပါတယ်။
မိဘတွေအနေနဲ့ ကလေးငယ်စဉ်တည်းက life skill သင်ပေးတယ်ဆိုတာ ကလေးအနာဂတ်အတွက် အချိန်ရော လူရော ရင်းနှီးမြှုပ်နှံနေတာပဲမို့ စိတ်မပျက်ဘဲ ဖြည်းဖြည်းချင်း နှစ်နဲ့ချီ အချိန်ယူရပါမယ်။ ဒါမှသာ ကိုယ့်ကလေးဟာ ဘဝအချို့အကွေ့တိုင်းကို ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်မှာပါ။
23/03/2022
Fun English Speaking Club by LNEC!!!
The Learning Nest Education Centre မှ ယခုဆိုရင် English pre-intermediate level ရှိတဲ့ မည်သူမဆို ပါဝင်နိုင်ရန် ရည်ရွယ်ပြီး English Speaking Club ကိုဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။
ဒီ အတန်းလေးရဲ့ ရည်ရွယ်ချက်ကတော့
✅English စကားကို confident ရှိရှိနဲ့လွယ်ကူစွာပြောတတ်လာစေရန်
✅International company များနှင့် နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ရန် ရည်ရွယ်ထားသူများ
✅Monthly speaking club ဖြစ်တဲ့အတွက် အဂ်လိပ်စကားအတွက် ပုံမှန်လေ့ကျင့်ရန် Speaking partner ရှာနေသူများအတွက် သင့်လျော်တဲ့ အတန်းလေးဖြစ်ပါတယ်။
သင်ကြားမယ့်ပုံကတော့
✅Discussion on topics
✅Talk shows
✅Debates
✅Competitions
နှင့်တခြား စိတ်ဝင်စားဖွယ် Activities များဖြင့် သင်ကြားသွားမှာဖြစ်တဲ့အတွက်ကြောင့် မြန်မြန် စာရင်းပေးထားလိုက်တော့နော်။
Class Details
📆Starting Date: 7 April 2022
⏰Time: Every Thurs & Fri (7:30 PM to 9:00 PM)
🏫Class Size:15
💻Teaching Tools: Zoom Class
အသေးစိတ်စုံစမ်းမေးမြန်းချင်ရင်တော့ -09261594151 or chat box ကို ဆက်သွယ်လိုက်ပါရှင့်။
Join our English Speaking Club for fun!
Fun English Speaking Club by LNEC!!!
English Speaking Club will be opening soon for pre-intermediate level by The Learning Nest Education Centre.
The main objective of opening this club are:
✅To speak English fluently
✅Those who are working at International Companies and who planned to go abroad.
✅This is a monthly speaking club. So, it is suitable for the one who is looking for a partner to speak with.
Teaching method:
✅Discussion on topics
✅Talk shows
✅Debates
✅Competitions
And many other activities. So, please register now to elevate your English speaking skills.
Class Details
📆Starting Date: 7 April 2022
⏰Time: Every Thurs & Fri (7:30 PM to 9:00 PM)
🏫Class Size:15
💻Teaching Tools: Zoom Class
For more detail, pls inquire at 09261594151 or page CB.
Join our English Speaking Club for fun!
16/03/2022
✅ အသက် 5 နှစ်မှ 7 နှစ်ထိ သားသားမီးမီး တို့အတွက် ငယ်စဥ်မှစလို့ English Grammar ကို ပိုင်နိုင်စွာ သင်ကြားချင်ပါသလား?
✅ Grammar Rules တွေ ၊ New words တွေကို ကလေးများ သိရှိ နားလည်စေရန် များစွာသော activities များ ၊ Games များဖြင့် ကလေးငယ်များ Play & Learn ပျော်ရွှင်စွာ သင်ကြားချင်တယ်ဆိုရင်တော့ The Learning Nest Education Centre မှ ဖွင့်လှစ်သင်ကြားမယ့် Online Grammar Class လေးကို Join ဖို့ ဖိတ်ခေါ်ပါတယ် ရှင့်။
✅Casco Grammar 1 to 4 နှင့် Grammar Tutor စာအုပ်များအပြင် များစွာသော Exercise များ ဖြင့် သင်ကြားသွားမှာ ဖြစ်တဲ့အတွက် သားသားမီးမီး တွေ ရဲ့ Grammar Skill ကတော့ အရမ်းတိုးတက်လာမှာတော့ သေချာ ပါတယ်ရှင့်။
Class Detail:
Duration - (5) Months
Time -
(Class A)- Mon, Tues & Wed - 1:00 PM to 2:00 PM
(Class B)- Tues, Wed & Thurs - 9:30 AM to 10:00 AM
Teaching Tools- Zoom Class
အတန်း တစ်တန်း ကို လူဦးရေ (၁၀) ဦးစီ သာ လက်ခံမှာ ဖြစ်ပါတယ်။ Text Books များကို Delivery Service များ ဖြင့် အိမ်အရောက် ပိုဆောင်ပေးမှာ ဖြစ်ပါတယ်။ ပို့ဆောင်ခ ကို စာအုပ်ရတဲ့အချိန်မှာ Deli ကို ပိုဆောင်ခ ပေးရမှာ ဖြစ်ပါတယ်။ Delivery Service မရောက်သော မြို့များအတွက် ကားဂိတ်မှ ပိုရမည် ဆိုပါက ကျောင်း မှ ကားဂိတ်သို ပိုဆောင်ခ ၂၀၀၀ ကျပ်ကိုပါ တပါတည်း ပေးသွင်းရမည် ဖြစ်ပါတယ်။
အသေးစိတ်စုံစမ်းမေးမြန်းချင်ရင်တော့ -09261594151 or chat box ကို ဆက်သွယ်လို့ရပါတယ်။
ကိုယ့်ကလေးရဲ့ အနာဂတ် လှပကောင်းမွန်ဖို့ English Language Foundation ကို Learning Nest နဲ့ အခိုင်အမာတည်ဆောက်လိုက်ပါ။
11/03/2022
***International Phonetic Alphabet (IPA) Class for Adult (Batch-2)
International Phonetic Alphabet (IPA)ဆိုတာဘာလဲ?
IPA ဆိုတာ 19th Century နှောင်းပိုင်းကတည်းက အသံထွက်တွေကို မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ထွက်နိုင်အောင် International Phonetic Association က standard တခု အဖြစ် သတ်မှတ်ထားတဲ့ latin script အသံထွက် alphabet လေးတွေပဲ ဖြစ်ပါတယ်။
***IPA ကို သိကျွမ်းခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမလဲ?
1. အသံထွက်တွေကို မှန်မှန်ကန်ကန်နဲ့ ပီပီသသ ထွက်ဆိုနိုင်မယ်။
2. အသံထွက်မှန်ကန်တဲ့ အတွက်ကြောင့် နိုင်ငံခြားသားများနဲ့ ပြောဆိုရတဲ့အခါမှာ ပိုပြီး impressed ဖြစ်ပြီး ပို အဆင်ပြေစေမယ်။
3. Listening skills မှာ သိသိသာသာ တိုးတက်လာစေမှာ ဖြစ်ပါတယ်။
4. ဒါအပြင် သားသားမီးမီးတို့ Phonics သင်ကြားရေးတွင်လဲ ကောင်းမွန်စွာ support လုပ်ပေးချင်တဲ့ မိဘများအတွက်လဲ တကယ်ကိုအကျိုးများစွာရရှိစေပါတယ်။
💻အတန်းချိန်လေးကတော့
Duration - (1) Month
Class Size-(30)
Starting Date: 21.03.2022
Time - Mon & Wed - 7 PM to 8 PM
Teaching Tools- Zoom Class
Fees -20,000 MMK
အတန်းမအပ်ခင် အောက်ပါအချက်များကိုသေချာဖတ်ပေးပြီးမှသာ စာရင်းပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။
1. အတန်းပုံမှန်တက်ရောက်ရန်(ကျောင်းတက်ချိန် အားလုံးပြည့်မှသာ Certificate ထုတ်ပေးမည်)။
2. သင်ခန်းစာများကို တီချယ်နှင့်အတူ သေချာလိုက်ပါလုပ်ဆောင်ရန်။
3. အတန်းချိန် ပြင်ပ Self study လုပ်ဆောင်ရန်နှင့် လက်တွေ့ Apply လုပ်ရန်။
ဒါကြောင့် စိတ်ဝင်စားတဲ့ သူများဒီ Post ရဲ့ comment မှာ IPA လို့ရေးခဲ့ပေးပါ။ ကျွန်မတို့ဘက်မှ ဆက်သွယ်လာပေးပါ့မယ်။ ဒါ့အပြင်ဖုန်း-09261594151 or chat box ကို ဆက်သွယ်လို့ရပါတယ်။
ကိုယ့်ရဲ့ အနာဂတ် လှပကောင်းမွန်ဖို့ English Language Foundation ကို Learning Nest နဲ့ အခိုင်အမာတည်ဆောက်လိုက်ပါ။
07/03/2022
✅ အသက် 5 နှစ်မှ 7 နှစ်ထိ သားသားမီးမီး တို့အတွက် ငယ်စဥ်မှစလို့ English Grammar ကို ပိုင်နိုင်စွာ သင်ကြားချင်ပါသလား?
✅ Grammar Rules တွေ ၊ New words တွေကို ကလေးများ သိရှိ နားလည်စေရန် များစွာသော activities များ ၊ Games များဖြင့် ကလေးငယ်များ Play & Learn ပျော်ရွှင်စွာ သင်ကြားချင်တယ်ဆိုရင်တော့ The Learning Nest Education Centre မှ ဖွင့်လှစ်သင်ကြားမယ့် Online Grammar Class လေးကို Join ဖို့ ဖိတ်ခေါ်ပါတယ် ရှင့်။
✅Casco Grammar 1 to 4 နှင့် Grammar Tutor စာအုပ်များအပြင် များစွာသော Exercise များ ဖြင့် သင်ကြားသွားမှာ ဖြစ်တဲ့အတွက် သားသားမီးမီး တွေ ရဲ့ Grammar Skill ကတော့ အရမ်းတိုးတက်လာမှာတော့ သေချာ ပါတယ်ရှင့်။
Class Detail:
Duration - (5) Months
Start Date: 21.02.2022
Time - Mon, Tues & Wed - 1:00 PM to 2:00 PM
Teaching Tools- Zoom Class
အတန်း တစ်တန်း ကို လူဦးရေ (၁၀) ဦးစီ သာ လက်ခံမှာ ဖြစ်ပါတယ်။ Text Books များကို Delivery Service များ ဖြင့် အိမ်အရောက် ပိုဆောင်ပေးမှာ ဖြစ်ပါတယ်။ ပို့ဆောင်ခ ကို စာအုပ်ရတဲ့အချိန်မှာ Deli ကို ပိုဆောင်ခ ပေးရမှာ ဖြစ်ပါတယ်။ Delivery Service မရောက်သော မြို့များအတွက် ကားဂိတ်မှ ပိုရမည် ဆိုပါက ကျောင်း မှ ကားဂိတ်သို ပိုဆောင်ခ ၂၀၀၀ ကျပ်ကိုပါ တပါတည်း ပေးသွင်းရမည် ဖြစ်ပါတယ်။
အသေးစိတ်စုံစမ်းမေးမြန်းချင်ရင်တော့ -09261594151 or chat box ကို ဆက်သွယ်လို့ရပါတယ်။
ကိုယ့်ကလေးရဲ့ အနာဂတ် လှပကောင်းမွန်ဖို့ English Language Foundation ကို Learning Nest နဲ့ အခိုင်အမာတည်ဆောက်လိုက်ပါ။
05/03/2022
Learning Nest ရဲ့ စာဖတ်သူ ဖေဖေ၊ မေမေတို့ရေ
ကလေးလေးတွေ ကြီးပြင်းလာတာနဲ့အမျှ ငါ့ကလေးက သူများကလေးတွေနဲ့ တန်းတူဖွံ့ဖြိုးမှုရှိရဲ့လား။ ဖွံ့ဖြိုးဖို့အတွက် ငါလုပ်ပေးနေတာတွေက မှန်မှမှန်ရဲ့လားဆိုတာမျိုး စိုးရိမ်စိတ်ဖြစ်မိကြလားနော်။
ဒီလိုစဉ်းစားမိနေကြတဲ့မိဘတွေအတွက် အိမ်မှာနေရင်း ငွေလည်းမကုန်ဘဲ အတူတူလေ့ကျင့်ပေးနိုင်မယ့်
activity လေးတွေကို Learning Nest က မျှဝေပေးလိုက်ပါတယ်။
1.ကိုယ်ခန္ဓာဖွံ့ဖြိုးမှု/ကာယဖွံဖြိုးမှု (Physical Development)
ဒီအရွယ်ကလေးတွေမှာ ခန္ဓာကိုယ်ကို လှုပ်ရှားကစားလေး ပိုမိုသန်မာလာလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကာယကြံ့ခိုင်စေဖို့ဆိုရင် -
✅ Block ဒါမှမဟုတ် lego လေးတွေနဲ့ တည်ဆောက်စေမယ်။
✅ သူတို့တစ်နိုင် ရေပုံး၊ လွယ်အိတ် စတာတွေကို ကိုယ်တိုင်သယ်ယူစေမယ်။
✅ ဖိနပ်စီးတာ၊ အင်္ကျီ ဇစ်တပ်တာ စတာတွေကို ကိုယ်တိုင်လုပ်စေမယ်။
✅ ဂျုံနဲ့အရုပ်ကလေးတွေ လုပ်ခိုင်းမယ်။
2.အသိအမြင်ဖွံ့ဖြိုးမှု (Cognitive Development)
Left brain က လည်း အလုပ်ပိုလုပ်လာတာကြောင့် ဆက်စပ်တွေးခေါ်တတ်လာပြီမို့ အသိမြင်ဖွံဖြိုးမှုကို ပိုအားကောင်းလာအောင်ဆိုရင် -
✅Puzzle လေးတွေဆက်ခိုင်းမယ်။ Puzzle လေးတွေ ဝယ်ပေးတဲ့အခါ အပိုင်း ၃ ပိုင်း၊ ၄ ပိုင်းပါတဲ့အရုပ်လေးတွေနဲ့ စဆော့ပေးပါ။ သူတို့ရဲ့ပထမဆုံးအတွေ့အကြုံမှာ ငါ လုပ်နိုင်တယ် ဆိုတဲ့ အောင်မြင်စိတ်လေးကိုခံစားဖို့ လိုပါတယ်။
✅ အရောင်၊ ပုံသဏ္ဍာန်၊ အကောင်လေးတွေ၊ အသီးလေးတွေကို ရေတွက်စေမယ်။ တူရာစုစေမယ်။
✅ စာအုပ်ဖတ်တဲ့အခါ နောက် ဘာဆက်ဖြစ်မလဲဆိုတဲ့မေးခွန်းမျိုးမေးပေးမယ်။
3. ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု (Emotional Development)
ဒီအရွယ်လေးတွေဟာ စိတ်ခံစားချက်တွေကိုလည်း ပိုပြီးခံစားတတ်လာကြပါပြီ။ ဒါကြောင့် ခံစားမှုဆိုင်ရာမှာလည်း ပိုမိုနားလည်ဖွံဖြိုးလာစေဖို့ -
✅ စိတ်ကူးပုံဖော်ကစားနည်းတွေဖြစ်တဲ့
ဟင်းချက်တမ်း၊ ဆရာဝန်လုပ်တမ်း၊ စက်ချုပ်တမ်း စတာတွေ ကစားစေမယ်။
✅ ပုံဆွဲတာ၊ အရောင်ခြယ်တာ စတဲ့ ဖန်တီးမှုမျိုးတွေ လုပ်ခိုင်းမယ်။
✅ စာအုပ်လေးတွေ ဖတ်ပြရင်း သူတို့ခံစားချက်လေးတွေကို ပြောစေမယ်။
အခု ပြောပြသွားတဲ့ activity တိုင်းဟာ တန်ဖိုးနည်းပြီး ရလဒ်ကြီးတယ်ဆိုတာ သတိထားမိမယ်ထင်ပါတယ်။ ကလေးတစ်ယောက် သင်ယူမှုဖြစ်စေဖို့ စျေးကြီးတဲ့ကစားစရာတွေကို အမြဲဝယ်ပေးဖို့ မလိုပါဘူး။ နေ့စဉ် အချိန်လေး နည်းနည်းပေးပြီး ကိုယ့်မှာရှိတဲ့အရာတွေနဲ့ ကလေးနဲ့အတူတူသာ ရည်ရွယ်ချက်ရှိရှိ ကစားပေးဖို့လိုတာပါ။ ကလေးတစ်ယောက်ရဲ့ဖွံဖြိုးမှုအတွက် တစ်ရက်၊ တစ်မနက် ကူညီပေးရုံနဲ့မရပါဘူး။ ပုံမှန်တစ်သမတ်တည်း လုပ်ပေးသွားနိုင်ဖို့က အရေးကြီးဆုံးပါပဲ။
ဒီလောက်ဆို မေမေ၊ဖေဖေ တို့လဲ ကိုယ့်ရဲ့သားသားမီးမီး လေးတွေ ရဲ့ Physical, Cognitive and Emotional Development တိုးတက်မှုလေးတွေရအောင် ပြုလုပ်နိုင်တဲ့ Activities လေးတွေ ကိုသိသွားပြီဆိုတော့ နောက်တပတ်မှာ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု (Social Development) နှင့် စာရိတ္တဖွံ့ဖြိုးမှု (Moral Development) ပိုင်းလေးတွေ အတွက် Activities လေးတွေ ပြောပြပေးမယ်နော်။
Learning Nest ရဲ့ မိဘတွေကရော ကလေးဖွံ့ဖြိုးမှုအတွက် လတ်တလောလုပ်ဖြစ်နေတဲ့ activity လေးတွေရှိမယ်ဆိုရင် ပြောပြခဲ့ပါဦး။
22/02/2022
Thank you to everyone who participated in the IPA 1st batch which was started yesterday. We had fun learning phonetics through IPA. We appreciated that you all are learning enthusiastically and passionately. We believed that you all will be master in pronunciation after this course. See you!