Mahar Thukamain Education Service

Mahar Thukamain Education Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mahar Thukamain Education Service, Tutor/Teacher, Yangon.

02/11/2023

Order ID - MHS 778
Grade - Grade 8
Subject - English & Maths
Place - ရေကျော်၊ ပုဇွန်တောင်
Times - တစ်ပတ် ၄ရက်
တစ်ရက် ၁နာရီခွဲ
Fees - 80000MMK/ Months

Order လက်ခံလိုပါက
Mahar Thukamain Education Service page messenger သို့
- order SS သို့မဟုတ် order ID
- Teacher ID
- CV form
- အတွေ့အကြုံအကျဉ်း တို့နှင့်တကွ လာရောက်လျောက်ထားနိုင်ပါတယ်ရှင်။

02/11/2023

Tr ရသွားပါပြီ

Order ID - MHS 777
Grade - Grade 11
Subject - Chemistry
Place - အိုးဘိုလမ်း၊ ကြည့်မြင်တိုင်
Times - တစ်ပတ် ၂ရက်
တစ်ရက် ၂နာရီ
Fees - 200000MMK/ Months
(ကျောင်းသား ၅ဥိး သင်ပါမည်)

Order လက်ခံလိုပါက
Mahar Thukamain Education Service page messenger သို့
- order SS သို့မဟုတ် order ID
- Teacher ID
- CV form
- အတွေ့အကြုံအကျဉ်း တို့နှင့်တကွ လာရောက်လျောက်ထားနိုင်ပါတယ်ရှင်။

02/11/2023

Tr ရသွားပါပြီ

Order ID - MHS 776
Grade - Grade 11
Subject - Maths
Place - အိုးဘိုလမ်း၊ ကြည့်မြင်တိုင်
Times - တစ်ပတ် ၂ရက်
တစ်ရက် ၂နာရီ
Fees - 200000MMK/ Months
(ကျောင်းသား၅ဦးသင်ပါမည်)

Order လက်ခံလိုပါက
Mahar Thukamain Education Service page messenger သို့
- order SS သို့မဟုတ် order ID
- Teacher ID
- CV form
- အတွေ့အကြုံအကျဉ်း တို့နှင့်တကွ လာရောက်လျောက်ထားနိုင်ပါတယ်ရှင်။

02/11/2023

🍀ဆရာ၊ဆရာမများအား မဟာသုခမိန် ပညာရေး ဝန်ဆောင်မှုနှင့် လက်တွဲရန် လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်

🔸Government Courses
🔸International Courses
🔸Language Courses
🔸Computer Courses စသည့်ဘာသာရပ် များကိုသင်ကြားလိုသော ဆရာ ၊ဆရာမ များအားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။

🔸cb သို့ CV Form နှင့် ဘွဲ့လက်မှတ်များပေးပို့၍လျှောက်ထားနိုင်ပါသည်။

🔸လျှောက်ထားလိုပါက

အမည်

ပညာအရည်အချင်း

ကျွမ်းကျင်ဘာသာရပ်

သင်ကြားမှုအတွေ့အကြုံ

လက်ရှိသင်ကြားနေသောအတန်း

သင်ကြားနိုင်သောအတန်းနှင့်ဘာသာရပ်

သင်ကြားနိုင်သည့်ပုံစံ (Online or Offline )

သင်ကြားနိုင်သည့်အချိန်

မြို့နယ် ၊လိပ်စာ ၊ ဖုန်းနံပတ် တို့ကို
ပေးပို့၍လျှောက်ထားနိုင်ပါသည်။

🔸 Agency Service Fees အနေဖြင့် first month ၏(40%)ဖြစ်ပါတယ်ရှင်

🔸ဆရာမိဘ တိုက်ရိုက်ရှင်း လစာပေးချေမှုပုံစံသတ်မှတ်ထားပါတယ်ရှင်။

02/11/2023

🍀ဖေဖေမေမေတို့ရဲ့သားသားမီးမီးလေးတွေ ပညာရေး အတွက် အနီးကပ် သင်ကြားပေးဖို့ ဆရာ/ ဆရာမတွေ လိုအပ်လာပြီဆိုရင်

🍀Offline သင်ချင်တာလား Online သင်ချင်တာလား Group လိုက်သင်ချင်တာလား
လူကြီးမင်းတို့ နှစ်သက်ရာသင်ကြားမှု ပုံစံအတွက် ကျွန်မတို့ရဲ့ Education Service မှ အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါပြီရှင်

🍀2023-2024 ပညာသင်နှစ်အတွက် သားသားမီးမီးတို့ရဲ့ ပညာရေးကို အနီးကပ်ကြီးကြပ် သင်ကြားပေးဖို့အတွက် ကျ‌မတို့ရဲ့ မဟာသုခမိန် Education Service မှ အရည်အချင်းပြည့်ဝသော စာသင်နှစ်အတွေ့အကြုံရှိ ဆရာ၊ဆရာမများနဲ့ ချိတ်ဆက်ပေးပါရစေရှင့်

KG to Grade 12 ( အစိုးရသင်ရိုး)
International School Course
IGCSE, GED, SAT
Computer Course
Languages .......စသည့် ဘာသာရပ်တွေကို ခေါ်ယူသင်ကြားနိုင်ဖို့အတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါပြီရှင့်

🍀ကျွန်မတို့ဆီမှ ရရှိနိုင်တဲ့ဝန်ဆောင်မှုလေးတွေကတော့

💯အရည်အချင်း ပြည့်ဝသော ဆရာ /ဆရာမများနှင့်ရွေးချယ် ချိတ်ဆက်ပေးခြင်း

အစမ်း၂ချိန်သင်ပြီး မိမိတို့နှစ်သက်မှရှေ့ဆက် သင်ယူနိုင်ခြင်း

သင်ကြားရန် အချိန်နှင့် သင်တန်းကြေး ညှိ၍ သင်ကြားနိုင်ခြင်း

ကလေးများ၏ပညာရေးအတွက် လိုအပ်သည်များ ဆွေးနွေးတိုင်ပင်နိုင်ခြင်း
စသည့် ဝန်ဆောင်မှုများကို လူကြီးမင်းတို့ဘက်မှ အခကြေးငွေ တစ်စုံတစ်ရာ ကုန်ကျမှုမရှိဘဲယူဆောင်နိုင်ပါပြီရှင့်

ဆက်သွယ်ခေါ်ယူလိုပါက

Page Messenger မှတဆင့် သော်လည်းကောင်း ☎️09-950207987 သို့ လည်းကောင်း
ဆက်သွယ်နိုင်ပါတယ်ရှင်

#မဟာသုခမိန်_ပညာရေးဝန်ဆောင်မှု

30/08/2023

Tr ရသွားပါပြီ

Order ID - MHS 775
Grade - Year - 8 (IS)
Subject - All Subjects
နေရာ - မြောက်ဒဂုံ (၃၂ရပ်ကွက်)
အချိန် - တစ်ပတ် ၄ရက်
တစ်ရက် ၁နာရီခွဲ
လစာ - 250000 MMK

Order လက်ခံလိုပါက
မဟာသုခမိန် Education Service page messenger သို့
- order SS သို့မဟုတ် order ID
- Teacher ID
- CV form
- အတွေ့အကြုံအကျဉ်း တို့နှင့်တကွ လာရောက်လျောက်ထားနိုင်ပါတယ်ရှင်။

05/06/2023

နိုင်ငံခြား ကျောင်းသွားတက်ဖို့ ဗီဇာလျှောက်မလို့ ဆိုပြီး မနေ့က ညီငယ်တစ်ယောက် ဆွေးနွေးတိုင်ပင်ဖို့ အိမ်ရောက်လာတယ်။ သူက မာစတာ တက်မယ်ပေါ့။ တက်တက်ကြွကြွရှိတယ်။ လုပ်ချင် ကိုင်ချင်စိတ် ရှိတယ်။ ပြဿနာက မြန်မာနိုင်ငံက ပညာရေးစနစ်ဟာ နိုင်ငံတကာတန်းဝင် မဟုတ်တော့ မာစတာတန်းလျှောက်ရင် အခက်အခဲ အများကြီး ရှိတယ်။ မြန်မာနိုင်ငံက ကျောင်းသားအများစုဟာ တက္ကသိုလ်ပြီးသွား၊ ကျောင်းပြီးသွား၊ ဘွဲ့လက်မှတ်ရ၊ ဘွဲ့နှင်းသဘင်မှာ ဓာတ်ပုံလှလှရိုက်၊ အိမ်မှာ ချိတ်ဖို့ ဓာတ်ပုံကောင်းကောင်း တစ်ပုံသာ ရသွားတယ်၊ တက္ကသိုလ်တစ်ခုရဲ့ သွင်ပြင်လက္ခဏာ အနှစ်သာရကို တစ်ခုမှ မသိသွားကြဘူး။

ပြဿနာ နံပတ် (၁) Transcript ဆိုတာကို ဘာမှန်း မသိကြဘူး။

နိုင်ငံခြားတက္ကသိုလ်မှာ မာစတာ တက်မယ်ဆိုရင် Transcript တောင်းတယ်။ မြန်မာပြည်က ကျောင်းသားအများစုဟာ Transcript နဲ့ ဘွဲ့လက်မှတ်ကို အတူတူလို့ ထင်နေကြတယ်။ ဘွဲ့လက်မှတ်က degree certificate ဖြစ်တယ်။ Transcript မဟုတ်ဘူးဆိုတာကို အများကြီး ရှင်းပြရတယ်။

Transcript ဆိုတာ အမှတ်စာရင်း ဖြစ်တယ်။ မြန်မာပြည်က တက္ကသိုလ်တွေက အမှတ်စာရင်း မထုတ်ပေးမဟုတ်ဘူး။ ထုတ်ပေးတယ်။ သိရသလောက် လိုအပ်မှ၊ လာတောင်းမှ ထုတ်ပေးတာမျိုး။ ထုတ်ပေးရင်လည်း GPA ကို စနစ်တကျ ထွက်ချက်ထားတာ မပါဘူး။ GPA 2 ဆိုပြီး ရှိသမျှ ဘာသာရပ်တိုင်းကို 2 နဲ့ ထည့်ပေးထားတာ 3 နဲ့ ထည့်ပေးထားတာ။ 4 နဲ့ ထည့်ပေးထားတာတွေ ရှိတယ်။ 2 နဲ့ ထည့်ပေးလို့ကတော့ သွားပြီ။ နိုင်ငံခြား တက္ကသိုလ်တွေက GPA ကောင်းမှ ကျောင်းသားတော်တယ်လို့ သတ်မှတ်တာ။ အောက်စဖို့တို့ ကမ်းဘရစ်တို့ ဆိုရင် GPA 3.8 ဆိုမှ လက်ခံတာ။

ပြဿနာ နံပတ် (၂) GPA ဆိုတာကို တက္ကသိုလ်ဘဝ ဘာမှ မသိခဲ့ဘူး။

Grade point average ကို အတိုကောက် ခေါ်တာ။ semester တစ်ခုချင်း (သို့) trimester တစ်ခုချင်း GPA တွေကို ပေါင်းပြီး နောက်ဆုံးမှာ CGPA ထုတ်ပေးကြတယ်။ CGPA ဆိုတာ Cumulative GPA. နောက်ဆုံးပေါင်း GPA.

GPA ဆိုတာ credit hour ကို အခြေခံပြီး တွက်ချက်တယ်။ ကျောင်းသားရဲ့ အမှတ် A, B, C ကို အခြေခံပြီး ကျောင်းသားကို GPA 4 ပေးမလား၊ 3 ပေးမလား ပရော်ဖက်ဆာက ဆုံးဖြတ်တယ်။ ကျောင်းက စာရင်းပြုပြီး Transcript မှာ ထည့်ပေးထားတာ။

ပြဿနာ နံပတ် (၃) Recommendation letter ကို ဗမာပြည်က ကျူတာတွေ၊ လက်ချရာတွေ၊ ပရော်ဖက်ဆာတွေ မပေးကြ (သို့) မပေးတတ် ကြဘူး။

ကျောင်းသားက ကျောင်းလျှောက်မယ်ဆိုရင် ပရော်ဖက်ဆာဆီက recommendation letter လိုတယ်။ မြန်မာလို အလွယ်ပြောရင် ထောက်ခံစာပေါ့။ ကျောင်းသားတစ်ယောက် သွားတောင်းသတဲ့။ စာရေးပေးလိုက်တယ်။ ကျောင်းသား မောင်ဘယ်သူကို ကျွန်တော် ထောက်ခံပါသည် ဆိုပြီး တစ်ကြောင်းတည်း ရေးပေးလိုက်ပါသတဲ့။ မရပါဘူး။ recommendation letter ဆိုတာ ကျောင်းသားရဲ့ ပညာ အရည်အသွေးကို အကဲဖြတ် ရေးပေးရတာ။ ဘယ်နားမှာ တော်တယ်။ ဘယ်နားမှာ ညံ့တယ် အသေးစိတ် ရေးပေးရတာ။

ပြဿနာ နံပတ် (၄) မြန်မာပြည်က တက္ကသိုလ်တွေ အခုထက်ထိ email မသုံးဘူး။

ကျူတာတွေ၊ လက်ချရာတွေ၊ ပရော်ဖက်ဆာတွေ အလုပ်အတွက် email မသုံးကြဘူး။ ကျောင်းသားတစ်ဦးက ဆရာ့ဆီက recommendation လာတောင်းတယ်။ သူ့ email နဲ့ ကျောင်းသို့ ပို့ပေးဖို့ကို မလုပ်ချင် (သို့) မလုပ်တတ်ကြဘူး။ အလုပ်ရှုပ်တယ်လို့ ထင်ကြတယ်။ ဆိုတော့ ကျောင်းသားတွေ တိုင်ပတ်ကုန်တယ်။ ဒါတွေက ဆရာတွေ လုပ်ပေးရမယ့် တာဝန်တစ်ခုထဲမှာ ပါတယ်။ email နဲ့ လှမ်းပို့တတ်ရမယ်။​ အလွယ်လေးရယ်။

ပြဿနာ နံပတ် (၅) SoP ဆိုတာ မသိ၊ မရေးတတ်ကြ။

Statement of Purpose ကို မသိကြဘူး။ မရေးတတ်ကြဘူး။ ကျောင်းလျှောက်ရင် ဘာကြောင့် ဒီမေဂျာကို ရွေးရတယ်။ ကျောင်းပြီးရင် ဘာလုပ်မယ် ဆိုတဲ့ SoP ကို မရေးတတ်ကြဘူး။ ဒါတွေက အသက်ကြီးမှ သင်ပေးဖို့ တော်တော် ခက်တယ်။ ငယ်ငယ်တုန်းက essay ရေးပါ ဆိုတော့ I am Maung Maung, my father's name is U Ba, My mother
s name is Daw Mya နဲ့ ကြီးလာတော့ SoP ရေးဖို့ တော်တော်ခက်သွားပါတယ်။

ပြဿနာ နံပတ် (၆) plagiarism ကို နားမလည်ဘူး။

plagiarism ကို မြန်မာကျောင်းသားတွေ မသိဘူး။ အများစုပေါ့။ ကျောင်းမှာ မသင်ရဘူး။ plagiarism ကို ရှောင်ဖို့ citation လုပ်ရတယ်။​ reference လုပ်ရတယ်။ မသိဘူး။ နိုင်ငံခြားတက္ကသိုလ်တွေမှာ စာခိုးချလို့ မရဘူး။ ကျောင်းထုတ်ခံရမယ်။ စာကို မခိုးချဘဲ စာရေးတတ်ဖို့ နိုင်ငံခြားတက္ကသိုလ်တွေမှာ တစ်နှစ်လောက် train ပေးတယ်။

မြန်မာကျောင်းသားတွေ ကျောင်းလျှောက်ရင် အခက်အခဲတွေက အများကြီးပါ။ အဓိကက ကိုယ့်နိုင်ငံရဲံ ပညာရေးက နိုင်ငံတကာနဲ့ အဆက်ပြတ်နေတော့ ကျောင်းသားတွေဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ အခုနောက်ပိုင်းကတော့ private ကျောင်းတွေ ပေါ်လာတော့ (ဒါပေမယ့် စျေးကြီး)၊ ကျောင်းသားတွေက သိတော့ သိလာကြပါပြီ။ ဒါပေမယ့် အများစုကြီးက သိမနေဘူး။ နိုင်ငံခြား ကျောင်းလျှောက်ရင် ဒါလေးတွေတော့ သိထားသင့်ပါတယ်။

04/06/2023

လူတိုင်းသိချင်နေကြတဲ့ အစိုးရ Grade 12 ပညာရေး နဲ့ နိုင်ငံတကာ ပညာရေး International School ဘာကွာလဲ၊ ဘယ်ကို ထားသင့်လဲ တဲ့။

အရင်ကတည်းက မြန်မာ့ ပညာရေး ဟာ ဆယ်တန်း (Grade 11 နဲ့ ညီမျှ − တနည်း GCE O level ) ပဲရှိခဲ့တာပါ။

ခုတော့ စနစ်သစ် သင်ရိုးသစ်နဲ့ အစိုးရကျောင်းတွေမှာလည်း Grade 12 (နိုင်ငံတကာ GCE A level နဲ့ ညီမျှ) အထိ တက်ရောက်နိုင်ပါပြီ။

K 12 (Kindergarten to Grade 12) ပညာရေးလို့လည်း တချို့က ခေါ်ကြတာပေါ့။

International School တွေမှာ သင်ကြတဲ့ အများစု စနစ်ကို နည်းနည်းရှင်းပြပါမယ်။

ကမ္ဘာမှာ ပညာရေးစနစ် အသုံးများဆုံးဖြစ်တဲ့ UK ပညာရေးစနစ်ကျတော့ Primary (Year1 to 6) − Secondary - Year 7 -9 IGCSE O level (Year10-11), IGCSE A level (Year 12 to 13) ဆိုပြီး ရှိကြတယ်၊ မြန်မာ အင်တာနေရှင်နယ်စကူးလ်တွေ အများစု ကလည်း ယူကေ သင်ရိုးနဲ့ Awarding ကို ယူကြတာများတယ်။

အပြည့်အစုံပြောရရင် ယူကေ(အင်္ဂလန်) ပညာရေးမှာက Primary ပိုင်းမှာ

၁) EYFS(Early Years Foundation Stage) အသက် ၃ နှစ်ကနေ ၅ နှစ်
၂) Key Stage 1 (KS1) အသက် (၅−၇) အတန်းအနေနဲ့က (Year 1-2)
၃) Key Stage 2 (KS2) အသက် (၇−၁၁) အတန်းအနေနဲ့(Year 3-6)

Secondary ပိုင်းမှာကျတော့

၁) Key Stage 3 (KS3) အသက် (၁၁−၁၄) အတန်း(Year 7-9)
၂) Key Stage 4 (KS4) အသက် (၁၄−၁၆) အတန်း(Year 10-11)
ဒီနေရာမှာ အများစုကြားဖူးကြတဲ့ IGCSE ဆိုတာ Year 10-11 ပါ။

IGCSE မှာ စာမေးပွဲတွေ ရှိသလိုꩻ တချို့ဘာသာရပ်တွေက ယခင်စနစ်ဟောင်း မြန်မာ ဆယ်တန်း နဲ့ တူကြပါတယ်။ ဥပမာ English, Maths, Physics, Chemistry, Bio တို့လို ဘာသာရပ်တွေက တူကြတယ်။ သင်ရိုးမတူပေမယ့် အခြေခံသဘောတရားတွေက အတူတူပါပဲ။

အဆင့်မြင့်ပညာရေး(Higher Education) ဖြစ်တဲ့ တက္ကသိုလ်(University) ကြီးတွေကိုမတက်ခင် နောက်ထပ် Further Education ဆိုပြီး ရှိပါသေးတယ်။ တချို့ကလည်း Sixth Form College လို့ ခေါ်ကြတယ်။ ဒီထဲ မှာ A level လည်းပါတယ်။ တချို့ကလည်း Level 3 Diploma ဆိုပြီးတက်လေ့ရှိတယ်။

ဒါပြီးမှ သာ (၃)နှစ်တန်း (England, Wales, Northen Ireland) တက်ရတဲ့ တက္ကသိုလ်ကို ဆက်တက်လို့ရကြတယ် (စကော့တလန်မှာတော့ (၄)နှစ်တက်ရပါတယ် ။ တချို့ကလည်း IGCSE ပြီးတာနဲ့ တက်လို့ရလားမေးကြတယ်။ တက်လို့မရတာမဟုတ်ပါဘူး။ တက္ကသိုလ်တွေကပဲ University Foundation course လိုမျိုးတက်ခိုင်းပြီး မှ ပထမနှစ်( Level 4) ကို တက်ခွင့်ပြုကြတဲ့သဘောပါပဲ။
−−−

အင်တာနေရှင်စကူးလ်ကလည်း ပုံမှန်အားဖြင့် A level အပါအဝင်ဆိုရင် K12 ပညာရေးပါပဲ။

မြန်မာအစိုးရꩻ ပုဂ္ဂလိက ကျောင်းတွေနဲ့ အင်တာနေရှင်နယ်ကျောင်းတွေ ဘာကွာလဲဆိုရင်

၁)
သင်ရိုးနဲ့ သင်ကြားမှုပုံစံ (Curriculum & Teaching Methodology), စစ်ဆေးမှုပုံစံ (Assessment) တွေ မတူကြသလိုꩻ နိုင်ငံတကာတက္ကသိုလ် တွေနဲ့ ချိတ်ဆက်ထားတဲ့ Awarding Body( အသိမှတ်ပြုလက်မှတ်ထုတ်ပေးတဲ့အဖွဲ့အစည်း) တွေ ကွာပါလိမ့်မယ်။

၂)
မြန်မာကျောင်းတွေက ဘာသာရပ်အားလုံးကို spoken language အနေနဲ့ မြန်မာလိုပြောပြီးသင်ကြားတယ်၊ အင်တာနေရှင်နယ်စကူးလ်တွေကတော့ အင်္ဂလိပ်လို ပြောသင်ကြတယ်။

၃) အထက်တန်းအဆင့်ပြီးကြတဲ့အခါ ပြည်တွင်းကျောင်းတွေမှာ တက်ရင် မသိသာပေမယ့်၊ နိုင်ငံတကာကျောင်း (ကောလိပ်၊ တက္ကသိုလ်) တွေ ကို ဆက်တက်တဲ့အခါ မြန်မာကျောင်းတက်ထားတဲ့ကလေးက Lauguage Barrier ဘာသာစကား အဟန့်အတားဖြစ်ကြတာများတယ်

−−−−−−−

မြန်မာကျောင်းတက်တဲ့သူတွေအနေနဲ့အားသာချက်တွေလည်းရှိပါတယ်။

၁)
ပြည်တွင်း ဆေးတက္ကသိုလ်လိုမျိုး ဆေးပညာနဲ့ပါတ်သက်ရင်တော့ မြန်မာကျောင်းပြီးတဲ့သူတွေက အခွင့်အလမ်း ပိုသာပါတယ်။

၂)
Free education ဖြစ်တဲ့အတွက် (အစိုးကျောင်းပိုင်းကို ဆိုလိုပါသည်) ပညာရေးကုန်ကျစရိတ် အရမ်းသက်သာပါတယ။

၃)
ပြည်တွင်း စနစ်ဟောင်း ဆယ်တန်း သို့မဟုတ် Grade 12 ပြီးရင်လည်း နိုင်ငံတကာ ကျောင်းတွေကို အင်္ဂလိပ်စာ အရည်အချင်း လက်မှတ်တစ်ခုခု ပြနိုင်ရင် ဆက်တက်နိုင်ပါတယ်။

−−−−−−−−

အင်တာနယ်ရှင်စကူးလ် တက်တဲ့သူတွေအတွက်

၁)
သင်ရိုး၊ သင်ကြားမှုပုံစံနဲ့ နိုင်ငံတကာ အသိမှတ်ပြုမှု ကျယ်ပြန့်ပါတယ်။

၂)
အနည်းဆုံးကမ္ဘာသုံး ဘာသာစကား ကျွမ်းကျင်စွာပြောနိုင်သလိုꩻ ကျောင်းသားဗဟိုပြုချဉ်ကပ်သင်ကြားနည်း( Student-centred approach) ပုံစံကြောင့် ကျောင်းသားအများစုက ကိုယ်တိုင်တည်ဆောက်နိုင်စွမ်းရည် သို့မဟုတ် ကိုယ်တိုင်မှီခိုနိုင်စွမ်းကောင်းကြတယ်။

၃)
အခြေခံပညာရေးကနေ တက္ကသိုလ်ပညာရေးအထိ ကုန်ကျစရိတ်များပြီး လူလတ်တန်းနဲ့အထက် မိသားစုများသာ တတ်နိုင်တဲ့ပညာရေးပါ။

၄)
တတ်နိုင်တဲ့မိသားစုတွေအတွက် နိုင်ငံတကာ အဆင့်မြင့်တက္ကသိုလ်တွေအထိ စိတ်ကူးယဉ်နိုင်သလိုꩻ နက်ဝပ် ကျယ်ပြောစွာ ခြေဆန့်နိုင်တဲ့ အခွင့်အရေးများပါတယ်။

−−−−−−−−−
ပိုက်ဆံတတ်နိုင်ရင် ဈေးကြီးတာက ပိုကောင်းတာမှန်ပေမယ့်
အစိုးရ (ပုဂ္ဂလိက) ဖြစ်ဖြစ် အင်တာနေရှင်နယ်စကူးလ်ဖြစ်ဖြစ် ယေဘူယျအားဖြင့်တော့ ပြုစုပျိုးထောင်မယ့် မိဘ က အခရာပါပဲ။

အင်တာနေရှင်နယ်စကူးလ်တွေကို မတတ်နိုင်လို့ဆိုပြီးလည်း စိတ်ဓါတ်ကျစရာမလိုသလို၊ မမီရာတွေကို မျှော်ပြီး စိတ်ဆင်းရဲနေလို့မှ မရတာ။

ကိုယ်ထားနိုင်တဲ့ကျောင်းမှာ ထားပြီး အပိုဆောင်း ပညာတွေ ပြင်ပကနေ တကယ်ထိရောက်ꩻ တတ်မြောက်အောင် သင်ယူနိုင်ဖို့ က အရေးကြီးပါတယ်။ ဥပမာ အိုင်တီ၊ ဘာသာစကား

ကျောင်းကောင်းတွေ နဲ့ ဝန်းကျင်ကောင်းတာတွေ ကတော့ အစောကပြောသလို ကိုယ်က ငွေကြေးတတ်နိုင်လို့ သားသမီးပညာရေးကို မကြည့်နိုင်ရင်တောင် ကလေး ၁၀၀ မှာ ၈၀ လောက်က ပညာရေးကောင်း ခံစားရမယ်။ (ဥပမာ စင်ကာပူ၊ ယူကေ၊ အမေရိကား လိုမျိုး ဝန်းကျင်ကောင်း)

ကျောင်းက မကောင်း၊ ကိုယ့်နေရာဒေသက မကောင်းရင်တော့ ကလေးတစ်ရာမှာ (၈၀)လောက်က ပညာကောင်းရဖို့သိပ်ခက်ကြတယ်။ ဒီလိုမျိုးနေရာမှာတော့ မိဘက သိပ်အရေးကြီးလာတယ်။ ကိုယ့်ကလေးကို ကိုယ်ဆွဲထုတ်နိုင်ဖို့ ကိုယ်တိုင်က သိုင်းရ ဝိုင်းရ အားစိုက်ရတော့တယ်။

တကယ်တော့ ပညာရေးကောင်း ဆိုတာထက် မိဘ ကလည်း အမြော်အမြင်ရှိရှိ နဲ့သားသမီးကလည်း လိုချင်စိတ် ပြင်းပြရင်၊ တောင်ကြီး ဘယ်လောက်ဝေးဝေး၊ ဇွဲစိတ်ဆန္ဒ ပြင်းတဲ့သူအတွက်တော့ နီးပါတယ်။

ဘယ်လောက်ကောင်းတဲ့ပညာရေးဖြစ်ဖြစ် ကိုယ်တိုင်က လိုလိုချင်ချင် မဖြစ်ရင် သို့မဟုတ် တကယ့်လက်တွေ့ဘဝတွေနဲ့ ကင်းကွာနေရင် သို့မဟုတ် Life-balance မဖြစ်ရင် အလကားပါပဲ။

ဆက်ပါအုံးမယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon