Kei no Kokoro

Kei no Kokoro

Share

Speaking Class+ Workplace Essentials = Success in Japan! 💪🌸

24/04/2026

無~不~未~ နဲ့ ပတ်သက်ပြီး ရောနေရင်
Part 3

23/04/2026

無~不~未~ နဲ့ ပတ်သက်ပြီး ရောနေရင်
Part 2

22/04/2026

စာမေးပွဲမှာ အနည်းဆုံး ၁ပုဒ်တော့ ပါမယ့်
接頭語、接尾語🇯🇵

不~無~未~ နဲ့စတဲ့ vocab တွေ မျက်စိလည်နေတုန်းပဲလား❓

5mins တည်းနဲ့ 接頭語တွေထဲက တစ်ခုရဲ့ အဓိပ္ပါယ်ရော၊ အသုံးပြုပုံရော၊
ဥပမာစာကြောင်းတွေရော
တစ်ခါတည်း ပိုင်နိုင်သွားအောင်
လေ့လာလိုက်မယ်ဆိုရင်
စာမေးပွဲမှာ အလကားရမယ့် အမှတ်တွေ
အပိုင်ပဲနော်👀

ဒီနေ့ကတော့ 接頭語(prefix) part 1
不~ (မ~)

ကျက်ပြီးသွားရင်လည်း 例文လေးတွေ
တစ်ခုစီလောက် ရေးပေးသွားကြပါဦးနော် ✍️

13/11/2025

အရေးမကြီးပါဘူး၊ အသေးအမွှားလေးပါဆိုပြီး
အမှုမဲ့ အမှတ်မဲ့ ထားလိုက်ပေမယ့်
လက်တွေ့မှာ တကယ် အရေးပါတဲ့ အချက်တွေကို
ပြောပြမယ်ဆိုရင် သိချင်လား 🥰

———————————————————

🔺ဂျပန်လူမျိုးတွေက အချိန်တွေ ပြောတဲ့အခါမှာ
24時間帯လို့ ခေါ်တဲ့ 1:00~24:00 ပုံစံနဲ့ ပြောကြပါတယ်။
ဥပမာ နေ့လည် 2နာရီဆိုရင် 14:00နာရီ ။
午前午後(Am/Pm) ခွဲပြီး 1:00~12:00ပုံစံနဲ့လည်း ပြောကြပေမယ့်
24時間帯ကို သိထားပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရင် impression ပိုကောင်းပါတယ်။

🔺ဂျပန်လူမျိုးတွေက နေ့စွဲ၊ ရက်စွဲ တွေကို ရေးတဲ့အခါ၊ ပြောတဲ့အခါ ခုနှစ်၊လ၊ရက် အစဉ်တိုင်း ရေးကြ၊ပြောကြပါတယ်။
ဥပမာ ဒီနှစ်ရဲ့ ခရစ္စမတ်နေ့ဆိုပါစို့ ၊ 2025年12月25日 ဒီလို ပုံစံမျိုးပါ။

🔺ဂျပန်လူမျိုးတွေက ခန္ဓာကိုယ်အလေးချိန်ကို kg(ကီလိုဂရမ်)၊ အရပ်အမောင်းကို cm (စင်တီမီတာ) နဲ့ တွက်ပါတယ်၊ ဖိနပ်ဆိုဒ်ကိုတော့ ဂျပန်standardနဲ့ ရေတွက်တဲ့ size ကိုပဲ သုံးပါတယ်နော်။
ကိုယ်တွေဆီမှာတော့ ဝိတ်ဆိုရင် ပေါင်၊ အရပ်ဆိုရင် ပေနဲ့လက်မ၊ ဖိနပ်ဆိုဒ်ဆိုရင် 35~44 လို့ အသုံးများကြပေမယ့်
ဂျပန်သွားမယ်ဆိုရင်
မိမိ weight, height, shoe size ကို ဂျပန်မှာသုံးတဲ့ ရေတွက်ပုံတွေနဲ့ ကြိုတင်သိထားရင်
ပိုအဆင်ပြေပါလိမ့်မယ်နော်

———————————————————
ဂျပန်ရောက်မှ သိရတာထက် မသွားခင်တည်းက
သိထားခြင်းက မိမိအား professional ဆန်စေတဲ့ အချက်တွေကို Kei no Kokoro ကနေ
ထပ်ပြီး ထပ်ပြီး တင်ပေးသွားမှာမို့

Stay engagedနော် 🇯🇵

10/03/2025

雑談(ざつだん)しよう🇯🇵

雑談(ざつだん)ဆိုတာ မြန်မာလိုဆို စကားစမြည်ပြောခြင်း ဘိုလိုဆို chatting ပေါ့ 💬

日本といえば?日本の印象は?日本を選ぶ理由は?
ဂျပန်လို့ ပြောလိုက်ရင် ဘာကို ပြေးမြင်ယောင်မိလဲ၊
ဘာကြောင့် ဂျပန်ကို ရွေးချယ်ရတာလဲ လို့ ဂျပန်လူမျိုးတွေဆီက မေးခံရရင်

富士山、桜、温泉、ラーメン
ဖူဂျီတောင်၊ဆာကူရာ၊ရေပူစမ်း၊ရာမန် လို့ပဲ ရိုးရိုးကြီး ဖြေတာထက် အောက်ကလိုမျိုးလေး ဖြေပြီး စကားဝိုင်းကို ဆက်ကြမယ်

🔺日本のカスタマーサービスはすごく丁寧で親切です。
ဂျပန်ရဲ့ ကာစတမ်မာဆားဗစ်က အရမ်းယဉ်ကျေးပျူငှါပြီး သဘောကောင်းကြတယ်။

🔺道にゴミ箱がないのに、道がきれいです。
အမှိုက်ပုံးတွေထားထားပေးခြင်းမရှိပေမယ့်လည်း လမ်းမတွေဟာ အရမ်းသန့်ရှင်းလှပနေတယ်။

🔺公共交通が便利で、車を運転しなくてもいいです。
Public transportation က အရမ်းအဆင်ပြေတဲ့အတွက် ကိုယ်ပိုင်ကားမရှိလည်း ဘယ်နေရာမဆို အဆင်ပြေပြေသွားလို့ရတယ်။

🔺新幹線に乗ればどこにでもすぐ行けます。
ကျည်ဆန်ရထားစီးရုံနဲ့ ဂျပန်ရဲ့ဘယ်နေရာဖြစ်ဖြစ် ချက်ချင်းထသွားလို့ရနိုင်တယ်။

🔺日本の家はコンパクトで可愛らしくて、居心地がいいです。
ဂျပန်ရဲ့ အိမ်လေးတွေက ကျစ်ကျစ်လစ်လစ်နဲ့ ချစ်စရာကောင်းပြီး စိတ်သက်သောင့်သက်သာရစေတယ်။

🔺ほとんどの場所は静かで落ち着くから好きです。
နေရာတော်တော်များများဟာ ဆိတ်ငြိမ်ပြီး စိတ်အေးချမ်းစေတယ်။

🔺子供が1人で歩ける位安全な国です。
ကလေးငယ်လေး တစ်ယောက်တည်း အပြင်သွားလည်း အန္တရာယ်ကင်းပြီး လုံခြုံတဲ့ နိုင်ငံဖြစ်တယ်။

အစရှိသဖြင့်ပေါ့နော်….

雑談တွေလုပ်တဲ့ခါ ကိုယ်ပြောချင်တာပဲ ပြောပြီး ငြိမ်သွားတာမျိုးမဟုတ်ဘဲ တစ်ဖက်လူရဲ့စကားနားထောင်ပြီး အလိုက်အထိုက် 相槌(あいづち)လုပ်ပေးရင် လေကြောပိုဖြောင့်တာပေါ့ 🐶

そうなんだ!
へえ
なるほどね!
確かに!
すごいね!
えっ、本当に?
面白そう!

တို့ ဘာတို့လိုပေါ့လေ💮

Photos from Kei no Kokoro's post 16/10/2024

📍むさしの森珈琲

15/10/2024

色とりどりの花を眺めながら、
コーヒーを飲んで本を読む瞬間は、最高!!
🌹🌷🌻☕️📖📚

03/07/2022

ဒီနေ့ JLPT စာမေးပွဲကြီး ဖြေနိုင်ကြရဲ့လားဗျို့ ? 📣
စာမေးပွဲဖြေပြီးပြီဆိုတော့ အောင်စာရင်းထွက်ဖို့ပဲ ကျန်တော့တာပေါ့နော် 🤭

‌အောင်စာရင်းထွက်တဲ့နေ့မှာတော့ အဖွဲ့ 4ဖွဲ့ ကွဲသွားမယ်ထင်တယ်နော် 👀
- အောင်တဲ့သူ
- ကျတဲ့သူ
- အောင်တဲ့သူတွေကို ချီးကျူးစကားပြောမယ့်သူ
- ကျတဲ့သူတွေကို အားပေးစကားပြောမယ့်သူ
ယူတို့ရော ဘယ်အဖွဲ့ကလဲ? 😜

ကဲ ဒါဖြင့် ဂျပန်လို တစ်ဖက်လူကို ဂုဏ်ပြုတဲ့အခါ おめでとうございます!
ဂုဏ်ပြုခံရတဲ့သူကလည်း ありがとうございます。
အားပေးစကားပြောတော့လည်း だいじょうぶ!
ဆိုပြီး သုံးတာတွေက ပျင်းစရာကောင်းတယ်လေနော် အဲ့ဒီအစား ဘယ်လိုလေးတွေ သုံးလို့ရလဲဆိုတာ ပြောပြပေးသွားမယ်နော် 🍀

ဘယ်လိုချီးကျူးကြမလဲ?💛

- Aさん、すごいですね!おめでとうございます!
  Aさん‌ရေ တော်လိုက်တာ Congratulations ပါ
- さすがAさん!おめでとうございます!
  ဒါမှ တို့ A စံကွ Congratulations ပါနော်
- N4ごうかく 、おめでとうございます!
  N4အောင်သွားတာ Congratulations ပါ

ဘယ်လိုတုန့်ပြန်ကြမလဲ?😊

- ぜんぜん、そんなことないですよ。
  でも、ありがとうございます。
  မဟုတ်ရပါဘူးရှင် ဘာပဲဖြစ်ဖြစ်
  ကျေးဇူးတင်ပါတယ်နော်
- まだまだなんです。これからもがんばります。
  ကျွမ်းကျင်ဖို့လိုပါသေးတယ်။
  အခုစပြီး‌တော့လည်း ပိုကြိုးစားပါမယ်
- ありがとうございます。せんせいのおかげさまで
  ကျေးဇူးတင်ပါတယ်ရှင့် ၊ ကျေးဇူးတွေကြောင့်ပါ။
(ဆရာ၊ဆရာမတွေနဲ့ ပြောတဲ့အခါ)

ဘယ်လိုအားပေးကြမလဲ?💪

- おつかれさま、よくがんばったね
  ပင်ပန်းသွားပြီ အကောင်းဆုံးကြိုးစားခဲ့တာပဲလေ
- いつもおうえんしてることをわすれないでね!  
  အမြဲတမ်းအားပေးနေတယ်ဆိုတာ မမေ့နဲ့နော်
- ファイト!
  Fighting

အောင်စာရင်းထွက်တိုင်း သုံးရမယ့် phrase လေးတွေမို့ သဘာဝကျကျလေးပြောတတ်အောင် မှတ်ထားနော်😉







17/02/2022

🙋‍♀️やっほー

ဂျပန်လို ကျေးဇူးတင်ပါတယ်ဆိုတဲ့
🙇‍♀️ありがとうございます(arigatou gozaimasu) လို့
ပြောခံရရင် ဂျပန်စာလေ့လာနေသူ အများစု ပြန်ဖြေကြတာက
🙅‍♀️どういたしまして(dou itashi mash*te)

🎌လက်တွေ့မှာတော့ ဂျပန်လူမျိုးတွေက どういたしましてလို့ ပြန်မဖြေကြပါဘူးနော် ❌

🧚‍♀️ဒါဆို ဂျပန်ဆန်ဆန် ဘယ်လို တုန့်ပြန်ကြမလဲ?🧚‍♀️

いえいえ 
no problem
ကိစ္စမရှိပါဘူး။

とんでもないです 
don’t mention it
ရပါတယ် ကျေးဇူးတင်စရာမလိုပါဘူးနော်။

こちらこそ
Thank you too
ဒီကလည်း ကျေးဇူးတင်ပါတယ်။

よかった
I’m glad that I could be your help
ကူညီပေးရလို့ ဝမ်းသာပါတယ်။

ぜんぜん
Not at all
ဟာ မဟုတ်တာ ရပါတယ်။

🤷‍♀️ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို သဘာဝကျတဲ့ ဂျပန်စကားနဲ့ တုန့်ပြန်ဖို့ どういたしましてကို ခေါက်လိုက်တော့နော်💃🏼




Photos from Kei no Kokoro's post 03/02/2022

🌻N5 level မှာ မဖြစ်မနေ သိထားသင့်တဲ့ အမေးစကားလုံး (WH question) 🌻




01/02/2022

🎋ဂျပန်မြေကို ခြေမချဖူးသေးလည်း ဂျပန်စကားကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ယုံကြည်မှုရှိရှိပြောနိုင်တဲ့ နည်းလမ်း ၅ ခု✨

❓ဂျပန်စာလေ့လာနေသူတစ်ယောက် အနေနဲ့ ဝေါဟာရ‌ တွေ သဒ္ဒါတွေ ပိုင်နိုင်ပေမယ့် စာကြောင်းတည်ဆောက်ရာမှာ အချိန်ကြာတာ၊ တစ်ဖက်လူပြောတာကို နားလည်ပေမယ့် ကိုယ်ပြန်ပြောချင်တဲ့အရာကို ချက်ချင်းပြန်မပြောနိုင်တာ စတဲ့ ပူပန်မှုတွေ ခံစားဖူးကြလား ❓

🔺အဲ့ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်နိုင်ငံမှာ ရောက်နေတဲ့ ဂျပန်လူမျိုးတွေနဲ့ ခင်မင်ပေါင်းသင်းတာ၊ စကားပြောလေ့ကျင့်တာ၊ လက်တွဲအလုပ်လုပ်တာ အပြင် အောက်ပါအချက်၅ချက်နဲ့လည်း လေ့ကျင့်ရင်း ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်🔺

1️⃣🌸ဂျပန်လူမျိုးတွေရဲ့ လေယူလေသိမ်းကို တုပ ပြောဆိုတာ
ဂျပန် drama ကြည့်ခြင်း၊ podcastနားထောင်ခြင်းတို့က listeningစွမ်းရည်ကို တိုးတက်စေတဲ့ အပြင် ဇာတ်ကောင်တွေရဲ့ ပြောစကားကို pause ⏸️လုပ်လိုက် ပြောဟန်ဆိုဟန်ကို အတုယူပြောလိုက် လုပ်ခြင်းက ဂျပန်စကားကို သွက်သွက်ပြောဆိုနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

2️⃣🌸အတွေးထဲပေါ်လာသမျှ စကားလုံးတွေကို ဂျပန်လို ဘာသာပြန်ကြည့်တာ
ဂျပန်စာလေ့လာတာမကြာသေးတဲ့သူတွေနဲ့ ဝေါဟာရ သဒ္ဒါမပိုင်နိုင်တဲ့သူတွေအတွက်တော့ ဒီနည်းလမ်းက နည်းနည်းခက်ခဲနိုင်ပေမယ့် ဂျပန်စာကို ကြိုးစားကျက်မှတ်နေသူ နဲ့ ဝေါဟာရသဒ္ဒါပိုင်နိုင်သူအဖို့တော့ ဂျပန် စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်ဖို့ အသုံးဝင်ပါတယ်။

3️⃣🌸ဂျပန်လို ဘာသာပြန်ကြည့်တာတင်မဟုတ်ဘဲ တစ်ယောက်တည်း စကားပြန်ပြီး အသံထွက်‌ပြောဆိုကြည့်တာ
ပြောကျင့်ဖို့အကောင်းဆုံးနေရာကတော့ အိမ်မှာဆိုရင် မှန်ရှေ့မှာ၊ ရေချိုးခန်းထဲမှာ တစ်ယောက်တည်း ပြောကြည့်လို့ရသလို ညနေခင်း လေ့ကျင့်ခန်းလုပ်ရင်း လမ်းလျှောက်ရင်းနဲ့ နားကြပ်တပ်ပြီး တစ်ယောက်တည်း ပြောကြည့်တာ (ဘေးလူမြင်ရင်လည်း ဖုန်းပြောနေပါတယ်ပေါ့ 🤪)

4️⃣🌸Shadowing လုပ်တာ (မိမိကြားရတာကို ထပ်ကြပ်မကွာလိုက်ပြောခြင်း)
ဒီနည်းလမ်းက နံပါတ်၁အချက် တုပပြောဆိုခြင်း ဆိုတာနဲ့ ပုံစံခပ်ဆင်ဆင်ပေမယ့် Shadowingက ကိုယ်ကြည့်နေတဲ့ dramaနားထောင်နေတဲ့podcastတွေကို pause ⏸️မလုပ်တော့ဘဲ ထပ်ကြပ်မကွာ ဆက်တိုက်လိုက်ပြောကြည့်တာကို ဆိုလိုတာပါ။ စစချင်းမှာတော့ ခက်ခဲတယ်ထင်ရပေမယ့် စိတ်ရှုပ်မသွားပဲ ကိုယ်ကြိုက်တဲ့ ဇာတ်ကား သို့မဟုတ် ဇာတ်ကောင်ရဲ့ ပြောစကားတွေကို shadowingလုပ်မယ်ဆိုရင်တော့ ပျင်းစရာလည်းမကောင်းတော့ဘူးပေါ့နော်။

5️⃣🌸သင်ပြီးသမျှကို များများလေး လက်တွေ့အသုံးချကြည့်တာ
ဂျပန်စကားကို ဂျပန်လူမျိုးတွေလို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်တဲ့သူတွေဟာ မိမိသင်ယူလိုက်သမျှ စကားလုံးကို ချက်ချင်းလက်ငင်းအသုံးချတတ်တဲ့သူတွေချည်းပါပဲ၊ ဒါကြောင့် သင်ယူလိုက်ရမျှ အရာတွေကို မှတ်စုထဲ မှတ်ထားတဲ့inputချည်းပဲ မဟုတ်ဘဲ လက်တွေ့ဆန်တဲ့အသုံးချမှု outputပါ ထုတ်ကြည့်ကြည့်ပါနော်။

💁‍♀️ဒီအချက် ၅ ချက်ထဲက မိမိနဲ့အဆင်ပြေမယ့် နည်းလမ်းတွေကို အသုံးပြုပြီး ဂျပန်စကားကို သဘာဝကျကျနဲ့ နှုတ်သွက်လျှာသွက်ဖြစ်အောင် လေ့ကျင့်ကြ‌ရအောင်နော်💕




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon