T-TechNet

T-TechNet

Share

Training for Networking & Cyber Security

24/04/2022

HTML
Hypertext Markup Language ဆိုတာက Web Browser ပေါ်မှာ Content တွေကို ပြပေးဖို့ အတွက် သုံးတဲ့ Standard Language ပဲဖြစ်ပါတယ်…
ဒီ Language ကိုအသုံးပြုပြီးတော့ ကိုယ်လိုချင်တဲ့ Webpage တွေကို ပုံဖေါ်ပေးလို့ ရပါတယ်…
စစချင်းမှာ HTML ရေးဖို့အတွက် html ဆိုတဲ့ extension ကိုအသုံးပြုပြီးတော့ create လုပ်ရပါတယ်… ပြီးရင်ကြိုက်နှစ်သက်ရာ Editor တခုခုကို အသုံးပြုပြီးတော့ HTML code တွေကို ရိုက်ထည့်ရပါမယ်…
အောက်ကvideo ထဲမှာတော့ Visual Studio Code (VS code) ကိုအသုံးပြုထားပါတယ်…
နောက်ပြီး အဲဒီ video ထဲမှာ ပြထားတဲ့အတိုင်း လိုက်လုပ်ကြည့်ကြမယ်နော်…
အခုကစပြီးတော့ HTML Code ကို အနည်းငယ်ရှင်းပြပါမယ်
HTML ဖိုင်တွေက ဆိုပြီး စတင်ကြေငြာပေးရပါတယ်… အဓိပ္ပါယ်ကတော့ ဒါသည် HTML Document ဖြစ်ကြောင်းကို Browser သိအောင် ပြောပြခြင်းသာ ဖြစ်ပါတယ်… အဲဒီနောက်မှာ tag တွေက Keyword သဘောမျိုးပါ… ရည်ရွယ်ချက်ကတော့ Browser ကို Content တွေပြသပေးရာမှာတော့ ဘယ်လိုပုံစံမျိုးနဲ့ ပြသပေးရမယ်ဆိုတာပါ (ဥပမာ . စာပုဒ်၊ ပုံ၊ ခေါင်းစဉ် စသည်)
HTML tag မှာဆိုရင်တော့ အပိုင်းအားဖြင့် ၃ ပိုင်းပါပါတယ်…
Opening tag
Content
Closing tag
တို့ပဲ ဖြစ်ပါတယ်…
Video ထဲမှာပါတဲ့ ပထမဆုံး tag ဖြစ်တဲ့ … ကတော့ HTML Document ရဲ့ root ပဲဖြစ်ပါတယ်… နဲ့ လို tag တွေကလွဲလို့ ကျန် HTML code တွေနဲ့ Content တွေတော်တော်များများကို ဒီ tag ထဲမှာထည့်ရေးရမှာပါ…
နောက်မှာပါတဲ့ … တော့ metadata (data တွေအကြောင်းကို ညွှန်းဆိုထားတဲ့ data လို့ အလွယ်ပြောကြပါစို့) ကိုဒီနေရာမှာ Browser သိအောင် ပြောပြရတာပါ…
အဲဒီနောက်မှာတော့ … tag လာပါတယ်… body လို့ပြောတဲ့အတိုင်းပါပဲ… ဒီအထဲမှာ စာတွေ ပုံတွေ သီချင်းတွေ ဗွီဒီယိုတွေ အစရှိသဖြင့် Content တွေကို ထည့်သွင်းရေးရပါတယ်… ဒီ tag မှာ အခြားသော tag တွေအများကြီး ထည့်သွင်းရေးရတာပါ…
နမူနာအနေနဲ့တော့ … tag နဲ့ … tag ပဲ ထည့်သွင်းပြထားပါတယ်… … ဆိုတာကတော့ paragraph ကို ရည်ညွှန်းတာပါ…
… ဆိုတာကတော့ စာလုံးရဲ့ size ကို ရည်ညွှန်းတာပါ… h1, h2, h3, h4, h5 and h6 စသဖြင့် အမျိုးမျိုး ပြောင်းလဲပြီး စမ်းသပ်ကြည့်လို့ ရပါတယ် …
ဒီမှာတော့ HTML intro လေးကို ဒီမှာပဲ ရပ်နားပါရစေ…
နောက် post တွေမှာလည်း ကျန်တဲ့ အပိုင်းတွေကို ဆက်လက် ရှင်းပြမှာမို့လို့ Like & Share လုပ်ထားကြဖို့ မမေ့ကြပါနဲ့ ဦးဗျ…

09/04/2022

Webpage

📕 Webpage ဆိုတာ ဘာကိုပြောတာပါလဲ
ဒီမေးခွန်းလေးကို ဖြေချင်ရမယ်ဆိုရင်တော့ Webpage ဆိုတာ စာအုပ်တအုပ်ရဲ့ စာမျက်နှာ လို့ပဲ အလွယ်တကူတင်စားကြပါစို့.....
ဒါဆို စာအုပ် ရှိရမှာပေါ့ အဲဒီစာအုပ်ကိုကျတော့ Website လို့ခေါ်ပါတယ် .....
ဒါဆိုရင် အဲဒီစာမျက်နှာပေါ်မှာ ဘာတွေကိုပြသပေးလို့ရမလဲ?
🏞️ စာတွေပုံတွေ ပြသပေးတာမျိုး ... movie တွေ music တွေ သီချင်းတွေကို play ခိုင်းတာမျိုး တွေ လုပ်ခိုင်းလို့ရပါတယ် .... ( အခုလိုပြသပေးမယ့်အရာတွေကို content လို့ ခေါ်ကြပါစို့ .... )
🌏 ဒီလိုမျိုး လုပ်ဆောင်ချက်တွေ ရရှိဖို့ဆိုရင်တော့ Firefox တို့ Google Chrome တို့လို Browser software တွေနဲ့ Computer ... Tablet ... Smart phone စတဲ့ device တွေပေါ်မှာ Webpage တွေကို ဖွင့်ကြည့်ရပါတယ် ...

🖥️ ဒီနေရာမှာ စဉ်းစားစရာလေး တခုရှိလာပါတယ် ... Webpage တွေကို ပြသပေးမယ့် device တွေက ဒီနားလေးမှာ ပုံ ဒီနားလေးမှာ စာဆိုတာလေးတွေကို ဘယ်လိုလုပ်သိသွားတာပါလဲ? ဒီအတိုင်း အလိုလို သိသွားတာပါလား? ... မဟုတ်ပါဘူးဗျာ ... Web programming တခုခုကို အသုံးပြုပြီးတော့ Webpage တွေကို design and create လုပ်ရပါတယ် ... အဲဒီလိုလုပ်ပြီးတဲ့အခါမှာတော့ Browser တွေက interpretation လုပ်ပြီး device တွေနားလည်မယ့် ပုံစံကို ပြောင်းပေးပါတယ် ... ဒီလိုနားလည်သွားတဲ့အခါမှသာ Webpage မှာပေါ်စေချင်တဲ့ content တွေကို ပြသပေးမှာ ဖြစ်ပါတယ် ...
🔧 ဒါဆိုရင် Web Programming ဆိုတာက ဘာတွေပါလဲ? ... ဒီနေ့ခေတ်မှာ အသုံးများတဲ့ Technology တွေ Language တွေက အများကြီး ရှိပါတယ် ... အသုံးများတာတွေကတော့ JavaScript ... PHP ... Ruby … HTML ... CSS (ဒီနေရာမှာ HTML, CSS တို့ကို Programming Language မဟုတ်ဘူးလို့ ငြင်းကြတဲ့သူတွေလည်း ရှိပါတယ်) စသဖြင့် အများအပြားရှိပါတယ် ... ဒီအထဲကမှ Core Technology ဖြစ်တဲ့ HTML CSS တို့ကိုပဲ အသုံးပြုပြီး အောက်က ဗွီဒီယိုလေးမှ ပြထားတဲ့ Webpage ကို Design and Create လုပ်ထားတာပါ ...
👍 ဒီလိုတွေ ပြုလုပ်ဖို့ ခက်ခဲပါသလားဆိုရင် အများကြီး မခက်ခဲပါဘူး ... ဒီလို Webpage လှလှလေးကို ဘယ်လိုတွေ လုပ်ရမယ်ဆိုတာ တပိုင်းချင်း ပြသပေးမှာဆိုတော့ ကျွန်တော်တို့ရဲ့ ဒီ Page လေးကို Like and See First လုပ်ထားကြဖို့ မမေ့ပါနဲ့ဗျ 🙏🙏🙏


23/07/2021

ဩဂုတ်လ ပထမ အပါတ်ထဲမှာ အတန်းလေး တခု စပြီးဖွင့်ပါမယ်..
သင်တန်းကတော့
Routing and Switching Technology ဖြစ်ပါတယ်…. ရည်ရွယ်ချက်ကတော့ အောက်ပါ Learning Objectives တွေကို ရရှိစေချင်တာဖြစ်ပါတယ်…..
Learning Objectives:
1. Plan, design and implement to use effective and efficient IP addressing and subnetting based on combinations of the techniques; Variable Length Subnet Mask (VLSM), Network Address Translation (NAT) and Dynamic Host Configuration Protocol (DHCP).
2. Configure a router connecting a local network to the Internet.
3. Analyze, configure, implement, and verify access control lists to filter packets as per a set of predefined local policies for Internet access.
4. Configure and evaluate the major characteristics of the most used routing protocols (Inttra Domain and Inter Domain); Routing Information Protocol (RIP) and the Open Shortest Path First (OSPF).
5. Use TCP/IP utilities and tools to troubleshoot the issues that are caused by the misconfiguration and misconnection.
6. Configure and administer a layer 2 with redundant cabling and possibly with functional groupings based on Virtual LANs (VLANs).
7. Configure and administer inter-switch VLANs on Ethernet switches and activate inter-VLAN routing on router.
8. Identify the key characteristics of common wide area networking (WAN) configurations and technologies like Frame Relay and Point to Point Protocol (PPP).

သင်ကြားမယ့် Course Outline များဟာ ဆိုရင်တော့…

Introduction to Networks
• The network, configuring a network operating system
• Application layer, transport layer
• Network protocols and communications
• Network layer
• IP addressing, subnetting IP networks
• Network access
• Ethernet
II. Routing and Switching Essentials
• Routing concepts
• Static routing, dynamic routing
• Switched networks
• Switch configuration
• VLANS
• Access control lists
• DHCP
• NAT
III. Scaling Networks
• LAN design
• Scaling VLANs
• Spanning tree protocols
• Etherchannel and HSRP
• Dynamic routing
• EIGRP
• Single-area OSPF
• Multi-area OSPF
• BGP
IV. Connecting Networks
• WAN concepts
• Point-to-Point connections
• Branch connections
• Access control lists
• Network security and monitoring
• Quality of service
• Network evolution, network troubleshooting
တို့ဖြစ်ပါတယ်။ သင်ကြားရာမှာတော့ Online Class အနေဖြင့်သင်ကြားပြီး စုစုပေါင်း နာရီ ၄၀ (Theory and Practical) သင်ကြားမှာ ဖြစ်ပြီး Hands-on Exercises များ ပြုလုပ်ခြင်း၊ Case Study များအသုံးပြု၍ လေ့လာခြင်းများ နှင့် လက်တွေ့လုပ်ငန်းခွင်များတွင် ကျွန်တော် တွေ့ကြုံခဲ့သော Issues များကို ဖြေရှင်းခြင်းများ စုပေါင်းပြုလုပ်ခြင်းများ ပါဝင်မည်ဖြစ်ပါတယ်…
ဒါကြောင့် နောက်မကျစေဘဲ အမြန် Register လုပ်ဖို့ Messenger မှတဆင့် ဆက်သွယ်ပေးကြပါ …………….

27/01/2021

ပြီးခဲ့တဲ့ Post မှာက WAN အကြောင်းကို ပြောပြခဲ့ပြီး ဒီ Post မှာတော့ ကျန်တဲ့ Metropolitan Area Networks (MANs) အကြောင်းကို ပြောပါ့မယ်
အခု MANs အကြောင်း စပြောပြပါ့မယ်… MAN ကတော့ LAN အကြီးစားလို့ ပြောရမလိုပါပဲ… ဒါပေမယ့် MAN က မြို့တော်ကြီး တမြို့ ဒါမှမဟုတ် ဧရိယာကြီးမားသော နယ်နမိတ်တခု ကို လွှမ်းခြုံနိုင်ပါတယ်…
ပြောရရင်တော့ ရန်ကုန်မြို့တော်လို မန္တလေးမြို့တော်လို မြို့တွေအတွင်းချိတ်ဆက်ခြင်း ဒါမှမဟုတ် တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း ချိတ်ဆက်ခြင်းမျိုးတွေကို ဆိုလိုတာပါ…. MAN ဆိုတာ LAN ထက်ကြီးပြီး WAN ထက်တော့ သေးပါတယ်….

***နေ့စဉ် တင်မယ့် Knowledge Sharing များကို သိရှိနိုင်ဖို့ Like & See First လုပ်ထားကြဖို့ မမေ့ကြနဲ့နော်။

26/01/2021

ပြီးခဲ့တဲ့ Post မှာက LAN အကြောင်းကို ပြောပြခဲ့တာပါ ဒီ Post မှာတော့ WAN အကြောင်းကို ဆက်လက်ပြောပြပါမယ်
Wide Area Networks (WANs) ဆိုတာကတော့ ကြီးမား ကျယ်ပြန့်လှသော ပထဝီ ဧရိယာ အကျယ်အဝန်း အပေါ်မှာ ချိတ်ဆက်ထားခြင်းကို ခေါ်ပါတယ်။ WAN တခုမှာ LAN များစွာနှင့် MAN များကို ချိတ်ဆက်ထားပြီး မတူညီသော ဒေသတွင် နေထိုင်ကြသောသူများကြား အချင်းချင်း ကွန်ပြူတာများ၊ မိုဘိုင်းဖုန်းများကို အသုံးပြုပြီး ဆက်သွယ်နိုင်ရန်အတွက် အထောက်အကူပြုပါတယ်။ WAN ကို များသောအားဖြင့် Internet Service Providers (ISPs) များက တည်ဆောက်ပြီး ISPs များကလည်း အချင်းချင်း ပြန်လည် ချိတ်ဆက်ထားကြပါတယ်။ အဲဒီနောက်မှ ကျောင်းများ၊ အစိုးရ ဒါမှမဟုတ် Public ကို ပြန်လည် Service ပေးပြီး သူတို့ရဲ့ WAN ကို ချိတ်ဆက်စေကာ တခြား နေရာများမှာ ရှိတဲ့ လူများကို ဆက်သွယ်ခြင်း Service များကို အသုံးပြုခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။ ဥပမာပေးရရင် ဒီနေ့အများစု အသုံးပြုနေတဲ့ FTTH များမှတဆင့် Facebook တို့ Google တို့ကို အသုံးပြုခြင်းများ ဖြစ်ပါတယ်။

***နေ့စဉ် တင်မယ့် Knowledge Sharing များကို သိရှိနိုင်ဖို့ Like & See First လုပ်ထားကြဖို့ မမေ့ကြနဲ့နော်။

Photos from T-TechNet's post 23/01/2021

ယနေ့ ကမ္ဘာတလွှားမှာ လူအများဟာ အခြေအနေအရ New Normal Life နဲ့ ရှင်သန်ဖို့ရာအတွက် ကြိုးစားကြရပါတယ်။ တချို့လုပ်ငန်းများဟာဆိုရင် လုပ်ငန်း လုပ်ဆောင်ခြင်း သဘောသဘာဝတွေ ပြောင်းလဲလာပြီး Work From Home ဆိုပြီး ဖြစ်လာနေကြပါတယ်။ ဒီအခြေအနေမှာတော့ ပညာသင်ကြားရေးပဲဖြစ်ဖြစ်၊ လူမှုရေးဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ် စသဖြင့် နယ်ပယ်အသီးသီးမှာ IT နည်းပညာများကို မဖြစ်မနေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြရပါတယ်။ အဲဒီလို အခြေအနေ ဖြစ်လာတော့ လူအများစုဟာ IT နည်းပညာများနဲ့ မရင်းနှီးကြတာကို ကျွန်တော့်အနေနဲ့ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော် နှစ် ၂၀ကျော် လေ့လာလိုက်စားလာတဲ့ IT နည်းပညာများကို စိတ်ဝင်စားသော ကျောင်းသားလူငယ်များသာ မကပဲ လူအများ အလွယ်တကူ သိရှိပြီး အသုံးချနိုင်ရန်အတွက် Knowledge Sharing လုပ်လိုသော စိတ်ကူး ပေါ်ပေါက်လာပါတယ်။ အဲဒါကြောင့် အခု Page လေးကို တည်ထောင်ပြီးတော့ ကျွန်တော့် စိတ်ကူးကို အကောင်အထည်ဖေါ်ခြင်းဖြစ်ပါတယ်။
အခုပထမဆုံး Post မှာတော့ Computer Networking ကို စတင်လေ့လာလိုသူများ သာမက စိတ်ဝင်စားသူတိုင်းအတွက် ရည်ရွယ်ပါတယ်။ ဒါကြောင့်မို့လို့ Networking နှင့် ပါတ်သက်၍ သိသင့်သိထိုက်သော အရာများကို ရှင်းလင်းလွယ်ကူစွာသိနိုင်အောင် ရှင်းပြထားပါတယ်။
Network ဆိုသည်မှာ အဘယ်နည်း
ပထမဦးဆုံးအနေနဲ့တော့ Network ကို စတင် အဓိပ္ပါယ်ဖွင့်ဆိုပြချင်ပါတယ်။ “Network ဆိုသည်မှာ ကွန်ပြူတာ နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုသော ကွန်ပြူတာများကို Information များအား sharing လုပ်နိုင်သော ကြားခံ တခုခုကို အသုံးပြု၍ ချိတ်ဆက်ထားခြင်းကို ခေါ်ပါသည်” ဟု အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ ဒီနေရာမှာ တဆက်တည်း ပြောစရာရှိတာကတော့ အခုဖွင့်ဆိုချက်သည် ယေဘုယျ ဖွင့်ဆိုချက်သာ ဖြစ်ပါတယ်။ Network တခုကို မြင်သာအောင် ပြောရရင် မိုဘိုင်းဖုန်း တလုံးကနေ Hotspot လွှင့်ပြီးတော့ Labtop သို့မဟုတ် Wireless Adapter တပ်ဆင်ထားသော Desktop Computer တလုံးကနေ ပြန်လည် ချိတ်ခြင်းကလည်း Network တခုကို တည်ဆောက်လိုက်ခြင်းဖြစ်ပါတယ်။
Network လို့ပြောလိုက်တာနဲ့ သူ့မှာ အမျိုးအစားတွေ အများကြီး ကွဲပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အမျိုးအစားတွေ အများကြီးထဲကမှ အခြေခံကျတဲ့ Network အမျိုးအစားတွေကို ပြောပြမှာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ Local Area Networks (LANs) အကြောင်းကို စတင် ပြောပြပါ့မယ်။
Local Area Networks (LANs) မှာ အိမ်တလုံးအတွင်း၊ ရုံးတရုံးအတွင်း၊ ပရဝုဏ်တခုအတွင်း၊ အဆောက်အဦးတခုအတွင်း အစရှိတဲ့ တည်နေရာ တခုမှာ တည်ရှိနေသော ကွန်ပြူတာများ၊ မိုဘိုင်းဖုန်းများ အစရှိတဲ့ ပစ္စည်းများကို အတူတကွ ချိတ်ဆက် အသုံးပြုခြင်းကို ခေါ်ပါတယ်။ LAN တခုသည် အိမ်တလုံးထဲမှာ တည်ဆောက်ခြင်းမှစပြီး လုပ်ငန်းများ၊ ကုမ္ပဏီကြီးများအတွက် တည်ဆောက်ခြင်းများ ရှိနိုင်သဖြင့် အရွယ်အစားအားဖြင့် အသေးငယ်ဆုံးမှ ကြီးမားသော Network အရွယ်အစားအထိ အမျိုးမျိုးရှိနိုင်ပါသည်။ ဒါကြောင့်မို့လို့ LAN တခုအကြောင်း ပြောဆိုရာတွင် အရွယ်အစားကို ပြောခြင်းထက် သူ့ရဲ့ သွင်ပြင်လက္ခဏာတခုဖြစ်တဲ့ “ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်းများကို တခုတည်းသော အတိုင်းအတာ အကန့်အသတ်ရှိသော ဧရိယာအတွင်း၌ ချိတ်ဆက်ခြင်း” ဟုသာ ပြောဆိုကြပါသည်။ ပုံ များမှာ LAN များ ဥပမာ ပြထားခြင်းဖြစ်ပါသည်။
နောက်ရက်များမှာ Wide Area Networks (WANs) အကြောင်းကို ဆက်လက် ရေးသားပါမည်။
***နေ့စဉ် တင်မယ့် Knowledge Sharing များကို သိရှိနိုင်ဖို့ Like & See First လုပ်ထားကြဖို့ မမေ့ကြနဲ့နော်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00