SMART Japanese Language Center

SMART Japanese Language Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SMART Japanese Language Center, Language school, Yangon.

05/10/2022

ကြိုးစားချင်စိတ်ရှိတဲ့လူငယ်၊လူရွယ်တွေကိုပြောချင်တာက

🔴တွေဝေမနေနဲ့

ဆုံးရှုံးရမှာကြောက်လို့
လုပ်ငန်းသေးသေးလေးကို စမလုပ်ခဲ့ရင် ကမ္ဘာကျော်လုပ်ငန်းရှင်ကြီး ဂျက်မား ဆိုတာရှိလာမှာမဟုတ်သလို

အကြိမ်ကြိမ်ကျရှုံးလို့စိတ်ဓာတ်ကျပီး
ရပ်နေခဲ့ရင် သောမတ်အက်ဒီဆင် ဆိုတာလဲရှိလာမှာမဟုတ်ဘူး

အသွားနှေးလို့ ရပ်နေတဲ့လိပ်မရှိဘူး အဓိက ကသွားနေဖို့ပဲ

တစ်နေ့ပန်းတိုင်ရောက်လိမ့်မယ်

ထောက်ပံ့ပေးမဲ့နောက်ခံအင်းအားနည်းတဲ့ကိုယ်တွေလိုလူငယ်လေးတွေက ကိုယ်လျှောက်ရမဲ့လမ်းကို ကိုယ်ကိုယ်တိုင်စဖောက်မှရမယ်

အဲ့တော့ တွေဝေမနေနဲ့ကြောက်ရွံ့မနေနဲ့
ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကိုဖြေးဖြေးမှန်မှန်လေးစလုပ်ကြည့်ပါ

(ကိုယ်ပိုင်လုပ်ငန်းဆိုတဲ့နေရာမှာ
လမ်းဘေး မုန့်ရောင်းတာကအစ online shop လုပ်တာအဆုံး ကိုယ်ဝါသနာပါရာ လုပ်ငန်းလေးစလုပ်ကြည့်ပါ)

စလျှောက်ကြည့်ပါ ဆက်လျှောက်ရမဲ့လမ်းဖြောင့်လေးကိုမြင်တွေ့ရပါလိမ့်မယ်
ဆုံးရှုံရမှာကြောက်ရွံ့နေတဲ့စိတ်လေးကို နည်းနည်းလျှော့ပီး စလျှောက်ဖို့တော့လိုတာပေါ့။

24/09/2022

🌹🌹ကြိုးစားချင်စိတ်ရှိတဲ့လူငယ်၊လူရွယ်တွေကိုပြောချင်တဲ့ အချက် (၂)ချက်🌹🌹

1️⃣တွေဝေမနေနဲ့

ဆုံးရှုံးရမှာကြောက်လို့
လုပ်ငန်းသေးသေးလေးကို စမလုပ်ခဲ့ရင် ကမ္ဘာကျော်လုပ်ငန်းရှင်ကြီး ဂျက်မား ဆိုတာရှိလာမှာမဟုတ်သလို
အကြိမ်ကြိမ်ကျရှုံးလို့စိတ်ဓာတ်ကျပီး
ရပ်နေခဲ့ရင် သောမတ်အက်ဒီဆင် ဆိုတာလဲရှိလာမှာမဟုတ်ဘူး

2️⃣အသွားမနှေးနဲ့

အသွားနှေးလို့ ရပ်နေတဲ့လိပ်မရှိဘူး အဓိက ကသွားနေဖို့ပဲ
တစ်နေ့ပန်းတိုင်ရောက်လိမ့်မယ်
ထောက်ပံ့ပေးမဲ့နောက်ခံအင်းအားနည်းတဲ့
ကိုယ်တွေလိုလူငယ်လေးတွေက ကိုယ်လျှောက်ရမဲ့လမ်းကို ကိုယ်ကိုယ်တိုင်စဖောက်မှရမယ်

💁အဲ့တော့ တွေဝေမနေနဲ့ကြောက်ရွံ့မနေနဲ့
ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကိုဖြေးဖြေးမှန်မှန်လေးစလုပ်ကြည့်ပါ

💁(ကိုယ်ပိုင်လုပ်ငန်းဆိုတဲ့နေရာမှာ
လမ်းဘေး မုန့်ရောင်းတာကအစ online shop လုပ်တာအဆုံး ကိုယ်ဝါသနာပါရာ လုပ်ငန်းလေးစလုပ်ကြည့်ပါ)

💁စလျှောက်ကြည့်ပါ ဆက်လျှောက်ရမဲ့လမ်းဖြောင့်လေးကိုမြင်တွေ့ရပါလိမ့်မယ်
ဆုံးရှုံရမှာကြောက်ရွံ့နေတဲ့စိတ်လေးကို နည်းနည်းလျှော့ပီး စလျှောက်ဖို့တော့လိုတာပေါ့

22/09/2022

💖မင်း လုပ်နိုင်ပါတယ်💖

💪ဘဝ ရဲ့ အဆင်မပြေမှုတွေကြား ပိတ်မိနေလားစိတ်ဓာတ် မကျလိုက်ပါနဲ့။💪

🌟 တချို့အရာတွေက ဖောက်ထွက်ဖို့ အချိန်လိုသလို။

🌟 တချို့အရာတွေက ကိုယ့်ရဲ့ သည်းခံစိတ်ရှည်မှုကို စမ်းသပ် လိုက်တာလည်း ဖြစ်နေတတ်တယ်။
အားတင်းထားပါ။ 💖မင်း လုပ်နိူင်ပါတယ်💖

💘ကိုယ် အရမ်းမြတ်နိူးရတဲ့
လူ တစ်ယောက်ကို သေကွဲ ၊ ရှင်ကွဲ ခွဲလိုက်ရလို့ အရမ်းခံစားနေရလား
ဘဝကို အရှုံးမပေးလိုက်ပါနဲ့
ရေစက်ဆိုတာ တစ်ဖက်တည်းက
တန်ဖိုးထားရုံနဲ့
တည်မြဲနေတတ်တာ မဟုတ်သလို။
အရာအားလုံးက သူ မထားခဲ့လည်း အချိန်တန်ရင် ကိုယ်က ထားခဲ့ရမှာချည်းပါပဲ ဖြေသိမ့်ပါ။💘
💖မင်း လုပ်နိူင်ပါတယ်💖

💁ကိုယ့်ဘဝကို စိတ်ပျက်နေလား
စိတ်မပျက် လိုက်ပါနဲ့။
ဖိနပ် မရှိတိုင်း ငိုနေရင် ခြေထောက် မရှိတော့တဲ့ သူတွေကို အားနာလိုက်ပါ။
အထီးကျန်လွန်းလို့ စိတ်ဓာတ်ကျနေမိရင်
မိဘမဲ့ ကလေးငယ်တွေကို အားနာလိုက်ပါ။
ခံစား ရလွန်းလို့ မခံစားနိူင်ဘဲ ဖြစ်နေရင် မသန်စွမ်းသူတွေရဲ့ ဘဝကို မျက်နှာပူလိုက်ပါ။
ကိုယ့်ဘဝကို ကိုယ်ပိုင်ချင်ရင်ကိုယ့်ရဲ့ ဘဝကို ကိုယ်ကိုယ်တိုင်ပဲ အကောင်းဆုံး ရုန်းထရပါလိမ့်မယ်။ ကြိုးစားပါ။💁
💖 မင်း လုပ်နိူင်ပါတယ်။💖

💝လောကမှာ ကြီးမားလွန်းတဲ့ အရှက်ကွဲမှုကြောင့်
လူတောမတိုးရဲသလို ဖြစ်နေလား။
လူဆိုတာ အမှားအယွင်း အပြစ် ကင်းစင်သူ ဆိုတာ အရမ်းရှားပါတယ်။ အပြစ် အနာ /အဆာ
အနည်းနဲ့အများပဲ ကွာခြားတာပါ။
ကိုယ့်ရဲ့ အားနည်းချက်ကို အမြဲတွေးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေတာကကိုယ့်ဘဝကို အရှုံးပေးနေရုံတင်မကဘဲကိုယ့်ရဲ ့ကျေးဇူးရှင် မိဘနှစ်ပါးကိုယ့်ကြောင့်ကြီးမားစွာထိခိုက်သွားစေနိူင်ပါတယ်။💝

💗ကိုယ့်ရဲ့စိတ်ကို
အမြဲ အကျဉ်းချနေမယ့်အစား ကိုယ့်ရဲ ့မိဘမျက်နှာကို ထောက်ထားရင်
ရုန်းထွက်ဖို့ ကြိုးစားလိုက်ပါတော့။
လူ့ဘဝမှာ အရှက် သိက္ခာဆိုတာ အသက်ထက် အရေးကြီးတယ်ဆိုပေမယ့်။
ရှင်လျက်နဲ့ ဘဝသေနေတာက အရှက်ကွဲလိုက်တာထက်
ပိုဆိုးနေတတ်ပါတယ်။
ဖြစ်နိူင်ရင် မြန်မြန်ရုန်းထပြီး ကိုယ့်အတွက် မဟုတ်ရင်တောင်မှ ကိုယ့်မိသားစု / ကိုယ်နိုင်ငံ အတွက် ကိုယ့်ရဲ့ ရှင်သန်မှုကို အကျိုးရှိရှိ အသုံးချပါ။💗
💖 မင်း လုပ်နိူင်ပါတယ်။💖

🌹 သူငယ်ချင်း ဘာကိုပဲလုပ်လုပ် / ဘာတွေပဲဖြစ်ဖြစ်
ဘယ်လို အရာတွေပဲကြုံကြုံ
ဘယ်လို စိတ်ဖိစီးမှုတွေပဲ ခံစားနေရပါစေ။
💖 "ငါ လုပ်နိူင်ပါတယ်💖လို့ စိတ်ထဲက ခိုင်ခိုင်မာမာခံယူပြီး ကြိုးစားပါ။🌹

💐💐 မင်း ဘဝက .....
တစ်ရက်ပြီးတစ်ရက် /တစ်နှစ်ပြီးတစ်နှစ်
အများက အားကျ လေးစားလောက်တဲ့
ဘဝတစ်ခုကို ပိုင်ဆိုင်နိူင်တယ်ဆိုတာ ဗေဒင် မေးစရာမလိုအောင် မှန်နေပါလိမ့်မယ်💐💐

💖သူငယ်ချင်း မင်းလုပ်နိုင်ပါတယ်💖

အခုလိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

Crd

18/09/2022

🎀ယနေ့ လူငယ်များအတွက် ဖတ်စေချင်🎀
---------------------------

🌺အသုံးမကျတဲ့လူ မဖြစ်စေနဲ့🌺
---------------------

🔴အသက် ၃၅ နှစ် ပြည့်တဲ့အချိန်ထိ ခင်ဗျားဟာ တီဗီလေး ကက်ဆက်လေး တစ်လုံးတောင် မပိုင်သေး တဲ့အခါ ဘယ်သူမှ ခင်ဗျားကို သနားနေလိမ့်မယ် မထင်နဲ့။

🔴စျေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် ခင်ဗျား ကျရှုံးခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။ ကလေးကွက်နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။

🔴ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့အခါရော။ ဘယ်သူကမှ ခင်ဗျားကို စာနာလို့့ ဆိုပြီးတော့ ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

🔴မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။ ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ ဆိုပြီးတော့ ခင်ဗျားမိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့။

🔴မိသားစု ဆင်းရဲလို့ မချမ်းသာလာတာပေါ့။ ဟုတ်သလား။ အသိပညာ မဆင်းရဲ စမ်းပါနဲ့။ ဆင်ခြေတွေ အလီလီပေးနိုင်တဲ့ အတွက် ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့ ပိုက်ဆံလာပေးတုန်း။ မပေးဘူးနော်။

🔴ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။

Crd

အခုလိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
လူသားအားလုံး ဘဝခရီးအဆင်ပြေချော့မွေ့ကြပါစေ။

17/09/2022

အားလုံးမင်္ဂလာနံနက်ခင်းပါ🌞
သာယာသောနေ့သစ်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ🌺 အလုပ်အကိုင်တွေအဆင်ပြေကြပါစေ🌺

17/09/2022

#လူငယ်တိုင်းဖတ်သင့်တဲ့ အချက် (၁၅) ချက် "

၁။မလိမ်ပါနဲ့

လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။
ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊
မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။

၂။လှည့်စား၊သစ္စာမဖောက်ပါနဲ့

အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလို
ဖြစ်တတ်တယ်။

၃။မမုန်းပါနဲ့

ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။
ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။

၄။စိတ်မပူပါနဲ့

ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။
အကောင်းမြင်တတ်အောင် ကြို းစားပါ။
လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။
ပြသနာ အစိတ်မပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။

၆။အမြင့်ဆုံးမှန်းပါ

ခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။
အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာ
ရှင်သန်ခြင်းအရသာ တစ်မျိုးပဲ။

၇။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါ

ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲ
နာကျင်တတ်တယ်။
ပြီးတော့ တစ်ဖက်သားကိုလဲ မျော်လင့်ချက်တွေပေးပြီး
ပြန်မရုတ်သိမ်းပါနဲ့။
အကြီးမားဆုံး ရန်သူကို သင်ရတတ်တယ်။

၈။ရိုးစင်းစွာ ရှင်သန်ပါ

တန်ဖိုးကြီး နာရီ၀တ် ၊ ကားစီးနိုင်မှ လူရာ၀င်တာ မဟုတ်ဘူး။
ရထားတဲ့ဘ၀ကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။
ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။
ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။

၉။များများပေးကမ်းပါ

ဒါဟာ လူ့ကျင့်၀တ်တစ်မျို းဖြစ်တယ်။
ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့
မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။

၁၀။အမြဲတမ်းပြုံးပါ

ဒါဟာ ပတ်၀န်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။

၁၁။လက်မလျှော့နဲ့

ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်။
စတဲ့ခရီးကို အဆုံးထိသွားနိူင်အောင်ကြို းစားပါ။
ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။

၁၂။လက်လွှတ်တတ်ပါ

ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကို
တွေ့မှာမဟုတ်ဘူး။

၁၃။အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ

လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘ၀ကို
နှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာ
နောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။

၁၄။ဝေဖန်ခြင်းကို လက်ခံတတ်ပါ

တဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။
သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အမှားကို ထောက်ပြတတ်တယ်။

၁၅။အချိန်ကို နေရာပေးပါ၊
မစောင့်ပါနဲ့

အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။
ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။
တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာ
ပို ပီပြင်လာပါလိမ့်မယ်။

Credit

Photos from SMART Japanese Language Center's post 16/09/2022

Crd ပါဆရာ

14/09/2022

ခေတ်အခါမကောင်းတဲ့လောကကြီးမှာ အကောင်းဆုံးအသက်ရှင်ရပ်တည်ဖို့အ‌တွက်
လုပ်စရာရှိတာလည်း လုပ်ပါ...!💪💪

📝📝လေ့လာစရာကိုလည်း တစ်ဖက်က ရပ်မထားဘဲဆက်လက်လေ့လာသင်ကြားကြရအောင်

စာမေးပွဲတွေရှိလာခဲ့ရင်၊ ဂျပန်ကိုသွားလို့ရလာတဲ့အခါမှာ အဆင်သင့်ဖြစ်နေအောင် ဂျပန်စာကိုရပ်ပစ်မထားဘဲ ဆက်လက်လေ့လာနေကြပါ။📝📝

💖ဗိုလ်ချုပ်အောင်ဆန်းဟာ
အင်္ဂလိပ်စာ လေ့လာတာသက်သက်
နိုင်ငံရေး လေ့လာတာသက်သက်
တော်လှန်ရေးကို သက်သက်
လုပ်သွားတာမဟုတ်ပါ။
အကုန်လုံး တပြိုင်နက်တည်း
လုပ်သွားတာပါ။
အိမ်ထောင်ပြုကလေး သုံးယောက်
ဖခင်ပါ ဖြစ်သွားတဲ့အပြင် နိုင်ငံအတွက်
တာဝန်ကျေတာထက် ပိုအောင်လည်း
ဆောင်ရွက်ခဲ့ပါတယ်။💖

🎀မနက်ဖြန်အတွက်မစိုးရိမ်ပါနဲ့ ...
တော်လှန်ရေးအတွက် နိုင်ရာ တာဝန်ကို လုပ်နေသလို လေ့လာစရာတစ်ခုခု
ကျန်းမာရေး ဘာသာရေးတစ်ခုခု လုပ်ကို လုပ်ရမယ့် အရာကို နာရီသတ်မှတ်ပြီး လုပ်ပါ။

ခံစားနေရလည်းလုပ်စရာရှိတာကိုလုပ်ပါ။
ကြေကွဲနေလည်း လုပ်စရာရှိတာကို လုပ်ပါ။
အနာဂတ်တွေဝေဝါးနေလည်း လုပ်စရာရှိတာကို လုပ်ပါ။🎀

🌐ဘာသာစကား/အတတ်ပညာတစ်ခုခုလေ့လာပါ။
စာဖတ်ပါ။
အားကစားလုပ်ပါ။

စိတ်အာရုံ သွင်းလို့ မရဘူးဆိုပြီး
ဘာမှမလုပ်ပဲ ထိုင်မနေပါနဲ့ ။

အားလုံးကို တပြိုင်နက်တည်း
ကြိုးစားလုပ်ပါ။
ဒီအချိန်က ကိုယ့်ကိုယ်ကိုယ် ပြင်စရာရှိတာပြင်ဖို့ အခွင့်ကောင်းပါ။
အိမ်မှာနေရင်း အလေ့ကျင့်ကောင်းလေးတွေ မွေးပါ။

🥰ပျော်တဲ့အချိန်လေးလဲ ပျော်ပါ ။
တစ်ချိန်လုံးငိုမနေပါနဲ့နော်...
လူစိတ်ရှိသူတိုင်း
guilty ဖြစ်နေကြပါတယ်။

ကိုယ်လုပ်ပေးနိုင်တာလေးအပေါ်
[အနည်းဆုံး အမှန်တရားဘက်က
ရပ်တည်နေတာဆိုတာလေးကိုဖြစ်ဖြစ်] မုဒိတာပွားပြီး ကြိုးစား ပြုံးကြည့်ပါ။

Positive energy နဲ့ စိတ်အားထက်သန်စွာ မျှော်လင့်ရင် ဘာမဆို ဖြစ်နိုင်ပါတယ်။

🔴အလကားနေရင်း ဘာလုပ်ရင် လုပ်ပြန်ပြီ
ထိုင် blame နေတဲ့သူတွေနဲ့လဲ ဝေးဝေးနေပါ။
Facebook မှာဆို unfriend တာ unfollow တာ တစ်ခုခုလုပ်ပါ။

သင့်ဘဝအတွက်အကျိုးရှိစေမယ့်အရာလေးတွေအမြဲပြောပြပေးသွားမှာမို့လို့ page လေးကို like and follow လုပ်ဖို့မမေ့နဲ့ဦးနော်

Crd

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon