20/04/2026
အခုလက်တလော အကိုအောင်ကို လာမေးတာတခုရှိပါတယ် ။ GED ဖြေထားလို့ အဲ့တာနဲ့ ထိုင်ဝမ် မှာ Language School / တက္ကသိုလ်လာတက်လို့ရလား ဆိုတာ ။ တကယ်ဆိုရင် ရပါတယ်နော် ။ 🌟🌟🌟🌟
GED (General Educational Development) ကိုဖြေကြတဲ့ ကျောင်းသားတွေဟာ US Pathway အရ ၁၂ တန်းနဲ့ ညီမျှတာမို့ ကျောင်းတော်တော်များများကလက်ခံလျက်ရှိပါတယ် ။ အဲ့ထဲမှာ လက်ခံတဲ့ ကျောင်းတွေကို ပြောရမယ်ဆိုရင်တော့
National Taiwan University (Rank 1) ,
National Central University (Rank 5)
National Cheng Chi University (Rank 14),
Yuan Ze University (Rank 21),
Ming Chuan University (Rank 31)
အစရှိသည်တို့က GED နဲ့ လျှောက်ကြတဲ့ မြန်မာကျောင်းသူကျောင်းသားတွေကို ခေါ်ယူနေတာလည်းရှိကြပါတယ် ။
*******
တချို့သူတွေကလည်း ပြောမှာပေါ့ ၊ အကိုအောင် ၊ အရင်တုန်းက GED မရဘူးလို့ပြောတာ အခုက ရသွားတာလား ဆိုတာပါ ။
ဟုတ် ၊ အစကတည်းလက်ခံထားပြီးသားပါ ၊ တကယ်တော့ ကျွန်တော်တို့က GED သာမကပဲ ကျန်တဲ့ စာရွက်စာတမ်းတွေပါတင်ရလို့ ကျောင်းလျှောက်ဖို့အဆင်မပြေတာလို့ ပြောခဲ့ရတာနော် ။ အဲ့တာတွေက ဘာတွေလဲဆိုတော့
1️⃣ ၁၀ တန်း (Year 10) အမှတ်စာရင်း
2️⃣ ၁၁ တန်း (Year 11) အမှတ်စာရင်း
3️⃣ ၁၂ တန်း (Year 12) အမှတ်စာရင်း
4️⃣ အထက်တန်းကျောင်းပြီးစီးကြောင်း Diploma (High School Diploma)
အဲ့ ၄ ခု ရှိရင် ကျွန်တော်တို့ တက္ကသိုလ် ကျောင်းတွေ ၊ Language School တွေကို လာလျှောက်လို့ရပါပြီ ။ အဲ့တာလေးတွေကို ပြင်ဆင်ပြီးပြီဆိုရင်လည်းပဲအကိုအောင်ဆီ ဆက်သွယ်ပြီး ကျောင်းအတူတူလျှောက်လို့ရပါပြီ ။
📩 အကယ်၍ကိုယ် က Language School နဲ့ 2026 June / September Intake အတွက် လျှောက်ထားချင်တဲ့သူဆိုရင်တော့ လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ပြီး #အကိုအောင် (Taiwan EduLab by Aung) ဆီသို့ ပေးပို့နိုင်ပါသည်။ စာရွက်စာတမ်းအဆင်ပြေပါက ကျောင်းလျှောက်ပြီး ၁ ပတ်အတွင်း ကျောင်းခေါ်စာ (Admission Letter) ကိုလည်းရရှိနိုင်ပါတယ်နော် ။
📬 Facebook – fb.me/taiwanedulab
💬 Messenger – m.me/taiwanedulab
✨ Taiwan မှာ ပညာသင်ယူပြီး အနာဂတ်အခွင့်အလမ်းများကို ဖွင့်လှစ်လိုက်ပါ။
© Taiwan EduLab by Aung
20/04/2026