04/09/2026
ကလေးတို့အတွက် သင်ယူခြင်းဆိုတာ စာသင်ခန်းထဲမှာသာမက 🎶 သီချင်း၊ 📖 ပုံပြင်၊ 🎨 Arts & Crafts၊ 🎭 သရုပ်ဖော်ကစားခြင်း စတဲ့ ပျော်ရွှင်စရာ လှုပ်ရှားမှုလေးတွေကနေတစ်ဆင့်လည်း အသိပညာနဲ့ အတွေ့အကြုံကောင်းများ ရရှိစေခြင်းဖြစ်ပါတယ်ရှင်။ 🌈💚
✨ ဒီတစ်ပတ်မှာလည်း အတန်းအလိုက် သင်ယူခဲ့ကြတဲ့ အကြောင်းအရာလေးတွေကို မိဘအုပ်ထိန်းသူများ သိရှိနိုင်စေရန် မျှဝေပေးလိုက်ပါတယ်ရှင့်။ 🥰📚
🐣 ၁။ Foundation (1)
🦋 ဒီတစ်ပတ်မှာတော့ “ဥမှပေါက်သော တိရစ္ဆာန်များ” အကြောင်းကို လေ့လာခဲ့ကြပါတယ်။ 🥚 ကြက်၊ ဘဲ၊ ငှက်နဲ့ လိပ်ပြာတို့ဟာ ဥမှစတင်ပြီး ဘယ်လိုကြီးပြင်းလာကြသလဲဆိုတာကို ကလေးတို့နားလည်လွယ်အောင် စူးစမ်းလေ့လာခဲ့ကြပါတယ်။ 🐥🦆🐦🦋
🎵 “Fly, Fly the Butterfly”၊ “ဘဲဖြူလေးတွေ ဂတ်ဂတ်ဂတ်”၊ “တ” ကဗျာ၊ “A Phonics Song” တို့ကို ပျော်ရွှင်စွာ သီဆိုရွတ်ဆိုခဲ့ကြပါတယ်ရှင့်။ 🎶
📖 “ဘဲရုပ်ဆိုးမလေး” ပုံပြင်လေးကို နားထောင်ခဲ့ကြပြီး 🎭 ကြက်၊ ဘဲ၊ ငှက်၊ လိပ်ပြာတို့ရဲ့ ပုံစံများကို သရုပ်ဖော်ကစားခြင်းဖြင့် သင်ယူခဲ့ကြပါတယ်။ 🥰
🎨 ထို့အပြင် Arts and Crafts လေးများမှတစ်ဆင့်လည်း ကလေးတို့ရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးခဲ့ပါတယ်။ 🌸
🌷 ၂။ Foundation (2)
🤝 ဒီတစ်ပတ်မှာတော့ “Manners – ကျင့်ဝတ်များ” ခေါင်းစဉ်အောက်မှာ နှုတ်ဆက်ခြင်းနှင့် စကားပြောစကားဆို ယဉ်ကျေးမှု ကို အဓိကထား လေ့လာခဲ့ကြပါတယ်။ “မင်္ဂလာပါ”၊ “ဟုတ်ကဲ့”၊ “ကျေးဇူးတင်ပါတယ်”၊ “တောင်းပန်ပါတယ်”၊ “ကျေးဇူးပြုပြီး” စတဲ့ ယဉ်ကျေးသော စကားလေးတွေကို နေ့စဉ်ဘဝမှာ သင့်လျော်စွာ အသုံးပြုတတ်စေရန် လေ့ကျင့်ပေးခဲ့ပါတယ်ရှင့်။
🎵 “ယဉ်ကျေးလိမ္မာ”၊ “လူ့ယဉ်ကျေး”၊ “ယ” ကဗျာ၊ “E Phonics Song” တို့ကို ပျော်ရွှင်စွာ သီဆိုရွတ်ဆိုခဲ့ကြပြီး “ယဉ်ကျေးလိမ္မာ” ကဗျာအတိုင်း သရုပ်ဖော်ကစားခြင်း၊ ဆေးရောင်ခြယ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ “ကျေးညီနောင်” ပုံပြင်လေးမှတစ်ဆင့်လည်း နားထောင်ခြင်းနှင့် စာရိတ္တကောင်းများကို လေ့လာခဲ့ကြပါတယ်။
🚗 ၃။ Foundation (3) KG
🌍 ဒီတစ်ပတ်မှာတော့ “သယ်ယူပို့ဆောင်ရေး (Transportation)” ခေါင်းစဉ်နဲ့ ကျောင်းသို့လာရောက်ပုံကို ဆွေးနွေးပြီး 🚗 ကုန်းကြောင်း၊ 🚤 ရေကြောင်း၊ ✈️ လေကြောင်း သွားယာဉ်များကို စိတ်ဝင်စားဖွယ် လေ့လာခဲ့ကြပါတယ်။
🎵 “မီးရထားကြီး”၊ “ခရီးသွားကြမယ်”၊ “Head & Shoulders” တို့ကို ပျော်ရွှင်စွာ သီဆိုလှုပ်ရှားခဲ့ကြပြီး 🎨 ယာဉ်ပုံဆွဲခြင်း၊ 🔊 ယာဉ်အသံများကို နားထောင်လေ့လာခြင်းနဲ့ 🧩 ယာဉ်များအကြောင်း ပဟေဠိဝှက်တမ်းကစားခြင်းတို့ကိုလည်း စိတ်ဝင်စားစွာ ပါဝင်ခဲ့ကြပါတယ်။ 📖 “ဝက်ကလေးသုံးကောင်” ပုံပြင်လေးကိုလည်း နားထောင်ခဲ့ကြပါတယ်။
💚 သားသားမီးမီးတို့ရဲ့ သင်ယူမှုလေးတွေ ပိုမိုမှတ်မိပြီး နေ့စဉ်ဘဝထဲမှာ ပြန်လည်အသုံးချနိုင်စေရန် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း အိမ်မှာ ကလေးတို့နဲ့အတူ စကားပြောဆွေးနွေးခြင်း၊ 🎵 သီချင်းနှင့် ကဗျာလေးတွေ ပြန်ဆိုခြင်း၊ 📖 ပုံပြင်လေးတွေ ပြန်လည်ပြောပြခြင်းတို့ဖြင့် ပျော်ရွှင်စွာ လေ့ကျင့်ပေးကြပါဦးရှင့်။
📌 မိသားစုဝင်များအားလုံးအတွက် ပျော်ရွှင်စရာ၊ နွေးထွေးစရာ အားလပ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။
ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။
☎️09954279017