Your Baymax

Your Baymax

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Your Baymax, Personal coach, Yangon.

29/02/2024

နောက် 4နှစ် 2028ရောက်ရင်....💌

အခုထက်ပိုကောင်းတဲ့လူဖြစ်ချင်တယ်🤍

ဒီနှစ်တွေအတွင်း ကိုယ့်ကြောင့်နဲ့ တစ်ယောက်ယောက်ကို
အ‌နှောက်အယှက်ဖြစ်စေတာမျိုး‌၊
ထိခိုက်နစ်နာသွားစေတာမျိုး၊
မျက်ရည်ကျမိစေတာမျိုး မလုပ်မိဖို့ ၊ မရှိစေဖို့ရယ်

မိဘအတွက် စိတ်ချမ်းသာစေခဲ့တဲ့သားသမီးတစ်ယောက်

သူငယ်ချင်းတွေအတွက်သူငယ်ချင်းကောင်းတစ်ယောက်

ကိုယ့်အနားကလူတွေအတွက်အနွေးဓာတ်ပေးနိုင်တဲ့လူတစ်ယောက်

လူတိုင်းအတွက်ပေးကမ်းနိုင်တဲ့လက်တစ်စုံ

ဘယ်ကိစ္စနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် နောင်တမရှိအောင်အကောင်းဆုံးကြိုးစားခဲ့တဲ့လူတစ်ယောက်

Overthinkingတွေမရှိသလောက်နည်းပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားပြီးချစ်တတ်တဲ့လူတစ်ယောက်

စိတ်လေးအေးချမ်းပြီး အကြည်ဓာတ်လေးရှိနေမယ့်
လူတစ်ယောက်

ကိုယ့်ရည်မှန်းချက်လေးတွေပြည့်အောင်ကြိုးစားနိုင်ခဲ့တဲ့လူတစ်ယောက်

နောက်4နှစ်နေလို့ ဒီစာလေးပြန်တက်ရင် ဒီနှစ်တွေအတွင်းမှာ ငါဒီလိုလူလေးဖြစ်ခဲ့ပါလားဆိုပြီးကျေနပ်ရလောက်တဲ့အထိ
အဲ့လိုလူတစ်‌ယောက်ဖြစ်အောင်ကြိုးစား‌နေထိုင်ရမယ်❤️

လူပီသတဲ့ လူတော် လူကောင်းမှာ လူတော်မဖြစ်ရင်တောင် နွေးထွေးတဲ့လူကောင်းတော့ဖြစ်ချင်တယ်❤️

31/12/2023

ဘာလိုလိုနဲ့ 2023ရဲ့ နောက်ဆုံးရက်ကိုတောင်

ရောက်လာပြီနော်

သူငယ်ချင်းတို့အတွက်

2023က ဘယ်လိုနှစ်တစ်နှစ်ဖြစ်ခဲ့လဲ?

အဆင်ပြေခဲ့တဲ့ကိစ္စတွေရော

အဆင်မပြေခဲ့တဲ့ကိစ္စတွေရော

ကိုယ့်ဖက်ကမှားခဲ့တဲ့ကိစ္စတွေရော

ကိုယ့်အပေါ်မကောင်းတဲ့လူတွေရော

အမျိုးမျိုးကြုံတွေ့ကောင်း ကြုံတွေခဲ့ကြမှာပေါ့။

ကိုယ့်ဘက်က မှားခဲ့တဲ့ကိစ္စလေးတွေရှိရင်

2023မကုန်ခင် စာလေးတစ်စောင်ပို့ပြီး

မှားခဲ့ကြောင်း ပြောလိုက်ပါ။

ခွင့်လွှတ်တာ မလွှတ်တာက တစ်ဖက်လူအပိုင်း၊

နောင်တမရအောင်လုပ်သင့်တာလုပ်ရမှာက

ကိုယ့်အပိုင်းပါပဲ။

ပြီးရင်တော့ တစ်ဖက်လူခွင့်လွှတ်သည်ဖြစ်စေ၊

မလွှတ်သည်ဖြစ်စေ 2023မှာပဲ ထားခဲ့လိုက်ကြရအောင်

(ကိုယ့်ဘက်ကလုပ်သင့်တာလုပ်ပြီးသွားပြီမို့)

ပြီးရင်တော့ ...

2023မှာ မှားခဲ့တဲ့အရာတွေကို သင်ခန်းစာယူပြီး

2024မှာတူညီတဲ့အမှားမျိုး ထပ်မဖြစ်အောင် နေကြမယ်။

ကျွန်မအတွက်တော့ 2023က သင်ခန်းစာယူစရာ‌‌ေတွ

လည်း များခဲ့တဲ့နှစ်ဖြစ်သလို

တန်ဖိုးထားရတဲ့နေရာလေးတစ်ခုနဲ့

မြတ်နိုးရတဲ့လူတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့

နှစ်တစ်နှစ်လည်းဖြစ်တယ်။

ပြီးတော့ 25နှစ်ပြည့်တဲ့နှစ်လည်းဖြစ်ခဲ့တယ်။

မထင်မှတ်ထားတဲ့လမ်းကြောင်းတွေအပေါ်

စ လျှောက်ခဲ့တဲ့နှစ်တစ်နှစ်လည်းဖြစ်တယ်။

တစ်ဖက်လူအပေါ် အထင်လွဲပြီး မှားယွင်းစွာ

ဆက်ဆံခဲ့မိတဲ့အချိန်တွေလည်းရှိတယ်။

ကိုယ့်ဘေးနားအမြဲတမ်းရှိစေချင်လို့ ဆွဲ ထားရင်

ကိုယ့်ဘက်က toxicဆန်မိသွားတာမျိုးလည်းရှိတယ်။

လူတစ်ယောက်ကိုဘယ်လိုချစ်ရမလဲဆိုတာလည်း

2023ကသင်ပေးသွားတယ်။

2023မှာ အဖက်ဖက်ကနေ သင်ခန်းစာတွေ

လုံလုံလောက်လောက်ရခဲ့ပြီးပြီမို့

2024မှာ ကိုယ့်အပေါ်ကောင်းတဲ့အရာတွေ

ကိုယ့်ဘေးနားရှိပေးတဲ့လူတွေကိုတန်ဖိုးထားပြီး

ပိုကောင်းတဲ့လူအဖြစ်ပြန်ဆုံကြမယ်နော်❣

2024မှာ ပိုကောင်းတဲ့စာလေးတွေရေးရင်း

pageလေးကိုလည်း သေချာလေး runအုံးမယ်😁

ဒီနေ့မွေးနေ့ရှင်လေးတွေအတွက်လည်း

Happy Birthday 🎂 & Happy New Year ပါနော်🎉❣

See u 2024❣🍀

_your baymax_

30/07/2023

တစ်ယောက်ယောက်က အဆင်မပြေဘူးလို့
ပြောလာတဲ့အခါ
ခဏပါ...မနက်ဖြန် ပိုကောင်းတဲ့အရာတွေဖြစ်လာမှာပါလို့မပြောချင်ဘူး
မျှော်လင့်ချက်တွေထားပြီး ဖြစ်မလာခဲ့ရင်
ပိုခံစားရတယ်မဟုတ်လား။

ဒါပေမယ့် ဘယ်အရာကမှ မမြဲဘူးလေ။
မိုးရွာပြီးရင်တော့
ကြည်လင်နေတဲ့ ကောင်းကင်ကြီးကိုတွေ့ရအုံးမှာပဲ။

တခါတလေဆို
သက်တန့်လေးတောင် ပေါ်လာပြီး
ပို လှ သွားသေးတယ် မဟုတ်လား။

မိုးရွာတာက ဘယ်တော့ပြီးမလဲတော့
ကျိန်းသေမပြောတတ်ပေမယ့်
မိုးတိတ်သွားတဲ့တစ်နေ့တော့ မင်းအတွက်လည်း
သက်တန့်လေး ပေါ် လာအုံးမှာပါ🌈

_your baymax

10/06/2023

မင်းလည်းပင်ပမ်းနေလောက်ရောပေါ့

မင်းလျှောက်လာတာ လမ်းတဝက်တောင် ရောက်လာပြီပဲ

လျောက်လာတဲ့လမ်းတစ်လျှောက်

မင်းမှာလည်းအခက်အခဲတွေရှိခဲ့မှာပေါ့

တော်လိုက်တာ...

တစ်နေ့နေ့မှာတော့

မင်းရည်ရွယ်ထားတဲ့ပန်းတိုင်ကို ရောက်မယ်လို့

ကိုယ်ယုံတယ်

ဆက်ကြိုးစားပါ ကလေးရေ

ဒီ‌တစ်ညတော့

ရှေ့လျှောက်မယ့်လမ်းအကြောင်းမတွေးဘဲ

ပင်ပမ်းမယ့်အတွေးတွေမတွေးဘဲ

‌သီချင်းလေးနားထောင်ပြီး

နှစ်နှစိခြိုက်ခြိုက် အိပ်ပါတော့ကွယ်

မင်းက ငါ့ထက် အများကြီး တော်ပြီး တာဝန်ကျေပါတယ်❣

baymax

10/06/2023

စမ်းတဝါးဝါးနဲ့ လျှောက်နေတဲ့လမ်းပဲ

ကိုယ့်လမ်းကိုယ်‌ ဖောက်နေရတာမို့

ရှေ့ဆက်သွားမယ့်နေရာမှာ

ဆူးရှိလားလည်းမသိသလို

ချိုင့်ခွက်ရှိမလားလည်းမသိဘူး

လျှောက်နေပေမယ့်

ရှေ့ဆက်သွားရင် လမ်းဆက်ရှိပါ့မလားတောင်

တခါတလေ မရေရာဘူးရယ်

ချိုင့်ထဲ လဲကျလည်း ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထရမှာပဲ

ဆူး ဆူး လည်း ဆူးထွင်းပြီးအနာခံပြီးဆက်လျောက်ရမှာပဲ

ကိုယ်ရွေးထားတဲ့လမ်းပဲ

ဒီလမ်းကိုရွေးလိုက်ကတည်းက ရှိတာဆိုလို့

ငါလုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုတစ်ခုရယ်

ငါမရရ ရ အောင်လုပ်မယ်ဆိုတဲ့ စိတ် ရယ်

ပိုင်ဆိုင်တာဆိုလို့လည်း ဒီ ၂ခုအပြင်မရှိသလို

နောက်လှည့်ကြည့်လို့လည်း အားကိုးစရာ ကိုယ့်စိတ်အပြင် မရှိဘူးရယ်....

09/05/2023

ကိုယ်အမုန်းဆုံးအရာကို
ကိုယ်တန်ဖိုးထားရတဲ့သူတွေဆီကရရှိလိုက်တဲ့ ခံစားချက်.

တချို့သော သူတွေကိုက
ကိုယ့်ကိုယ်ကို နာကျင်စေဖို့ ဆုံတွေ့ရတာထင်ပါတယ်

ဝဋ်ကြွေးလို့တော့ မသတ်မှတ်ချင်ဘူး
ကိုယ် ထ ထွက်လာရင် ရတာပဲမှတ်လား🍀

07/05/2023

စိတ်တွေလည်းမပျော်တော့ဘူး...

ဘယ်သူ့ကိုမှလည်း မလိုတော့ဘူး...

ငါဆိုတာလည်းရှိမနေချင်တော့ဘူး..........

baymax

31/03/2023

တခါတလေကျတော့လည်း

အားလုံးကိုထားပြီး

ဟိုး...အဝေးကြီးကို ထွက်သွားချင်ရဲ့

သံယောဇဉ်လေးတွေဖြတ်မရလို့သာ😥

29/03/2023

Timingမကိုက်ခြင်းတွေပါပဲ💔

လွဲချော်ခဲ့တဲ့အချိန်တွေပါပဲ
မင်းချစ်တုံးက ငါကမာနကြီးနေမိပြီး
မင်းမချစ်တော့မှ
ငါက မင်းမှ မင်းဖြစ်နေမိတာမျိုး

မင်းချစ်ကြောင်းတွေဖော်ပြနေတုံးက
မခံစားမိဘဲ
မင်းအေးစက်သွားတော့မှ
မင်းအချစ်တွေကို ခံစားမိတဲ့ငါပါပဲ

ဘယ်သူမှားလဲဆို
ငါမှားပါတယ်
လွဲဖူးသမျှ အရာတွေထဲမှာ
ဒီတစ်ခါလွဲတာ အဆိုးဆုံးပဲ
နှလုံးသားတစ်ခုလုံး နာကျင်ရပါတယ်💔

_your baymax_

26/03/2023

မလှမ်းမကမ်းလေး
လှမ်းကြည့်ရင်မြင်နိုင်မယ့် အကွာအဝေးလေး...
လှမ်း‌‌ ပြောရင် စကားသံလေးတွေ ကြား နိုင်လောက်မယ့်
အကွာအဝေး‌မျိုး‌လေးမှာပဲ နေပေးပါ...

အနီးဆုံးကို လှမ်းမလာနိုင်ရင်တောင်
အဝေးဆုံးကိုတော့ ထွက်မသွားပါနဲ့...
ငေးကြည့်ရင် ပျော်နေလား ၊ ငိုနေလား
ရှင်းလင်းစွာမြင်ရမယ့် ရပ်ဝန်းလေးမှာတော့
နေပေးပါ...နော်❣

baymax

24/03/2023

အပူလှိုင်းတွေ ဖြတ်
အအေးလှိုင်းတွေ ဖြတ်တုန်းကလည်း
အချစ်လှိုင်း က မဖြတ် ခဲ့ဘူး😑

အခု လ နဲ့ ကြယ် နဲ့ နီးပြန်တော့လည်း
မင်းနဲ့ငါက မနီးပြန်ဘူး🥺

baymax

23/02/2023

မေတ္တာနဲ့လည်း နွယ်ပါတယ်💌
သစ္စာနဲ့လည်း ချည်ပါမယ်❣️
ခင်ဗျားဘက်ကသာ သေချာရင်...
အချိန်‌တွေဘယ်လောက်ကြာကြာ စောင့်နိုင်ပါတယ်❤️

baymax

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon