Department of Zoology, University of Yangon

Department of Zoology, University of Yangon

Share

Zoology Specialization

Photos from Department of Zoology, University of Yangon's post 11/12/2025

ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနရှိ Wildlife Laboratory, Applied Entomology Laboratory, Microscopy Laboratory, Microbiology Laboratory နှင့် Molecular Biology Laboratory များတွင် Zoology, Botany, Microbiology, Environmental Science, Environmental Studies and Chemistry specialization မှ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ Practical Classes များမတိုင်ခင် သတ္တဗေဒဌာနသို့ Lab Visit လာရောက်စဥ် သတ္တဗေဒဌာန ပါမောက္ခ/ ဌာနမှူး မှ Laboratory safety နှင့် ပတ်သတ်သည့် ဆောင်ရန် ရှောင်ရန် များနှင့် စည်းမျဥ်းစည်းကမ်းများအား Presentation ဖြင့်ရှင်းပြပြီးနောက် Laboratory အသီးသီးမှ Laboratory တာဝန်ခံ ပါမောက္ခဆရာမကြီးများနှင့် ဆရာ၊ ဆရာမများမှ Laboratory အသီးသီးရှိ chemical အမျိုးအစားနှင့်အမည်များ၊ စက်ပစ္စည်းအမည်များနှင့်အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းသင်ကြားပေးနေခြင်းဖြစ်ပါသည်။

09/05/2024

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ရန်ကုန်တက္ကသိုလ်၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနတွင် ပေါင်းစပ်အင်းဆက်သိပ္ပံဒီပလိုမာ👩‍🎓 (Diploma in Integrated Insect Science) ဒီပလိုမာသင်တန်းကို ၁-၆-၂၀၂၄ မှစတင်၍ဖွင့်လှစ်မည်ဖြစ်ပါသည်။ 🦋🕷🐜🐞🐝

အရည်အချင်းကိုက်ညီသူများအနေဖြင့် ရုံးချိန်အတွင်း လျောက်လွှာများထုတ်ယူလျောက်ထားနိုင်ပါသည်။ 📝👨‍🎓


#သတ္တဗေဒဌာနရန်ကုန်တက္ကသိုလ်

07/07/2023

🍀🌿🌵Practical session for Zoology, Botany and Environmental Science undergraduate students at Fisheries and Conservation Biology laboratory, Fisheries and Aquaculture, University of Yangon 🐠🐟🐬

Photos from Department of Zoology, University of Yangon's post 04/07/2023

ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကျောင်းသားကျောင်းသူများအား သင်ကြားလျက်ရှိသော Mammalogy, Ornithology ဘာသာရပ်များအတွက် အထောက်အကူဖြစ်စေသော Taxidermy ပညာရပ်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ပညာရှင်များက သင်တန်းများပို့ချပြီး ပံ့ပိုးပေးခဲ့ပါတယ်။
👩‍🏫🐁🦅👨‍🏫

Photos from Department of Zoology, University of Yangon's post 14/03/2023

🏆 Southeast Asian Ministers of Education Regional Centre for STEM Education (SEAMEO STEM-ED) မှကျင်းပပြုလုပ်သော STEM Project Competition တွင် ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ project (၂) ခုက မြန်မာနိုင်ငံကိုယ်စားပြု 🇲🇲 ဆုနှစ်ဆုကို ဆွတ်ခူးရရှိခဲ့ရာ (၁၀-၃-၂၀၂၃) တွင် Pullman Bangkok King Power Hotel, Bangkok, Thailand 🇹🇭 တွင်ကျင်ပခဲ့သောဆုချီးမြှင့်ပွဲသို့ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများနဲ့ project leader ဆရာမများကဆုလက်ခံရယူခဲ့ပါတယ်။ 🏆 🏆

Photos from Department of Zoology, University of Yangon's post 22/02/2023

University of Malaya မှ Senior Research Officer, Dr Chen Chee Dhang မှ ရန်ကုန်တက္ကသိုလ်သတ္တဗေဒဌာနတွင် Entomology နှင့်ဆက်စပ် ပညာရပ်များ၊ သုတေသနများအတွက် Special lecture များ ပို့ချပေးလျက်ရှိပါတယ်။

Photos from SEAMEO STEM-ED's post 15/02/2023

🏆🏆🏆
Congratulations to the 30 winners. The list can be found in the images attached to this post.SEAMEO STEM-ED
Southeast Asian Ministers of Education Regional Centre for STEM Education (SEAMEO STEM-ED) မှကျင်းပပြုလုပ်သော STEM Project Competition တွင် ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာန project (၂) ခုက မြန်မာနိုင်ငံကိုယ်စားပြု ဆုနှစ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
🎉🎉🎉

https://m.facebook.com/story.php?story_fbid=567074095465129&id=100064876299504&mibextid=Nif5oz

Photos from Department of Zoology, University of Yangon's post 14/01/2023

2022-2023 ပညာသင်နှစ် ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာန သတ္တ​ဗေဒနှင့် ငါးလုပ်ငန်းပညာ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို University of Yangon, Centre for Research and Innovation တွင် (၁၀-၁-၂၀၂၃) ကကျင်းပခဲ့ပါတယ်။

Photos from Department of Zoology, University of Yangon's post 27/12/2022

ရန်ကုန်တက္ကသိုလ် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပခဲ့ရာ သတ္တဗေဒဘာသာရပ်မှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပါတယ်။

🦒 ရန်ကုန်တက္ကသိုလ် ၊ သတ္တဗေဒဘာသာရပ်သို့ ကျောင်းပြောင်းတက်ရောက်လိုသူများအတွက် ကျောင်းအပ်ခွင့် (၃) ရက်သာကျန်ပါတော့တယ် 🐘
🐯 ရန်ကုန်တက္ကသိုလ် ၊ သတ္တဗေဒဘာသာရပ်သို့ ကျောင်းပြောင်းတက်ရောက်လိုသူများအတွက် ကျောင်းအပ်ခွင့်/ ကျောင်းပြောင်းခွင့်ကို (၃၀-၁၂-၂၀၂၂) ထိတိုးမြှင့်သက်မှတ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 🦓

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address


Department Of Zoology, University Of Yangon, University Avenue Road, Kamayut Township
Yangon
11041