ဂရုစိုက်နေထိုင်ကြပါ
မေတ္တာဖြင့် Step Computer Training Center
STEP Computer Training Center
Computer Training Center
22/02/2020
Advanced Excel Special Class
++++++++++++++++++++++
ရုံးသမားနှင့် ဝန်ထမ်းများအတွက်
ရုံးချိန်လွတ် (စနေ- တနင်္ဂနွေ သီးသန့်)
တစ်တန်းလျှင် (၄) ဦးသာ လက်ခံသည်။
10:00 Am to 12:00 Pm
1:00 Pm to 3:00 Pm
= မတ်လ (7) ရက်နေ့ တန်းခွဲသစ် စမည်။
ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။
☎ 09421135688, 09428029021, 09458422128
21/02/2020
ကွန်ပျူတာနှင့် ပတ်သက်ပြီး အကူအညီ
လိုအပ်သူများအတွက်
+++++++++++++++++++++++++++++++++++
STEP Computer Training Center ကို သတိရပါ...
==================================
>>>ဤပို့စ်ကို တဆင့် တဆင့် များများ ရှယ်ပေးခြင်းဖြင့်
မျှဝေ လက်ဆင့်ကမ်းပေးနိုင်ပါသည်။
11/02/2020
https://www.fontspace.com/category/frames
Frames Fonts - Download 237 free styles Find the best 237 free fonts in the Frames style. Every font is free to download and preview for your projects.
26/01/2020
18/01/2020
16/01/2020
ကွန်ပျူတာမှာ usb သုံးခွင့်ပိတ်ထားနည်း
+++++++++++++++++++++++++
(၁) RUN >>> REGEDIT ကိုခေါ်ပါ။
(၂) HKEY_LOCAL_MACHINE >>> SYSTEM >>>
CURRENT CONTROL SET>>>CONTROLကိုသွားပါ။
(၃) RIGHT CLICK >>> NEW >>> KEY ပြုလုပ်ပါ။
(၄) KEY NAME ကို StorageDevicePolicies ဟုပေးပါ။
(၅) USB အသုံးပြုခွင့်ပိတ်လိုလျှင် KEY VALUE ကို 1 ဟုရိုက်ပါ။အသုံးပြုခွင့်ပေးလိုလျှင် 0 ဟုရိုက်ပါ။
16/01/2020
ရသေ့နှင့် အဘွားအို
+++++++++++
ရသေ့တစ်ပါးသည် မြစ်ကမ်းပါး၌ ကျောင်းသင်္ခမ်း ဆောက်လုပ်၍ နေထိုင်လေသည်။ တောအုပ်အနီး မြစ်ကမ်းပါးနေရာဖြစ်၍ အလွန်တရာ လှပသာယာသည်။ ရသေ့သည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိနေသည်။ သို့သော်လည်း ရသေ့အတွက် အနှောင့်အယှက်တစ်ခု ရှိနေသည်။
တောအုပ်အတွင်းမှ ကျေးငှက်တိရစ္ဆာန်များသည် ရသေ့၏ ကျောင်းသင်္ခမ်းသို့ လာရောက်ပြီး အနှောင့်အယှက် ပေးကြလေသည်။ ရသေ့ကြီး လစ်သည်နှင့် တစ်ပြိုင်နက် ရသေ့ကြီး စိုက်ပျိုးထားသည့် သစ်ပင်ပန်းပင်များကို ဖျက်ဆီးပစ်ကြလေသည်။ ထို့ကြောင့် ရသေ့သည် စိတ်ချ လက်ချ နေရသည် မရှိပေ။
တစ်နေ့သ၌ ရသေ့သည် တိုင်းပြည်အတွင်းရှိ ဘုရားဌာနများသို့ ဘုရားဖူးထွက်သွားလေသည်။ ဘုရားဖူး သွားရင်းနှင့် ရသေ့သည် အခြားသူတော်မြတ်များနှင့်လည်း ဆုံရကြုံရလေသည်။ ဘုရားဖူးခရီးသွားရင်းနှင့် တစ်နေ့တွင် ရသေ့သည် ရွာတစ်ရွာ အနီးသို့ ရောက်သွားလေသည်။ ထိုရွာအနီး၌ လယ်တောယာတောများ ပျံ့ပျူးတည်ရှိ နေပေသည်။ လယ်တောယာတောများတွင် ကောက်ပဲ သီးနှံများ ဖြစ်ထွန်းနေသည်ကိုလည်း တွေ့ရလေသည်။
လယ်တောတစ်ခုတွင် အဘွားအိုတစ်ယောက် စပါးခင်းစောင့်နေသည်ကို ရသေ့ တွေ့မြင်ရလေသည်။ စပါးခင်းကို အဘွားအို စောင့်နေသော်လည်း စပါးနှံများကို ငှက်တစ်အုပ် စားနေကြသည်။
စပါးနှံများကို ငှက်တွေစားနေသော်လည်း မတုန် မလှုပ်နေသည့် အဘွားအိုကို မြင်ရသောအခါ ရသေ့သည် ကြည့်မနေနိုင်တော့ပေ။ အဘွားအိုအနီး ကပ်သွားပြီး…
“အဘွားကြီး ဒီမှာထိုင်ပြီး ဘာလုပ်နေတာလဲ။ အဘွားကြီး လယ်ထဲက စပါးနှံတွေ ငှက်စားလို့ ကုန်တော့မယ်။ မမြင်ဘူးလား”
ဟု မေးလိုက်သည်။
အဘွားအိုသည် ရသေ့အား တအံ့တသြနှင့် ကြည့်ပြီး ချိုသာစွာပင် ပြန်ပြောလေသည်။
“ငှက်တွေလည်း လူတွေလိုပဲ အစာ စားချင်ကြမှာပေါ့။ သနားစရာ သူ့ခမျာတွေ ဘယ်အရပ်က ရောက်လာကြတယ် မသိဘူး။ သူတို့စားလို့ ဘယ်လောက် ကုန်သွားမှာလဲ သူတို့ဝမ်းဗိုက်ကို ကြည့်ပါဦး။ ဘယ်လောက် ကြီးလို့လဲ…”
အဘွားအို ပြောသောစကားကို ကြားရသောအခါ ရသေ့သည် အဘွားအိုကို တအံ့တသြ ကြည့်နေလေသည်။ ထိုခဏ၌ ရသေ့သည် သူ့ကျောင်းသင်္ခမ်းကို သတိ ရလာလေသည်။ သူ့ကျောင်းသင်္ခမ်းသို့ လာကြသော ကျေးငှက်တိရစ္ဆာန်များကိုလည်း သတိရလာလေသည်။ သို့သော်လည်း ထိုကျေးငှက် တိရစ္ဆာန်များအပေါ် ထားသည့် သူ၏ စိတ်သဘောထားသည် ပြောင်းလဲသွားလေသည်။ ကျေးငှက် တိရစ္ဆာန်များအပေါ်တွင် ဒေါသအစား မေတ္တာ စိတ်၊ ကရုဏာစိတ် ပေါ်လာလေသည်။
အဘွားအိုသည် ရသေ့ကို မျက်စိဖွင့်ပေး လိုက်လေသည်။
(ပါရၚဂူ)
16/01/2020
လက်ဖြူနှင့် လက်မည်း
+++++++++++++++
ရှေးရှေးတုန်းက ဓာရာတိုင်းပြည်တွင် ဘုရင်တစ်ပါး ရှိသည်။ ဘုရင်၏ အမည်မှာ ဘောဇဟု ခေါ်သည်။ ကဗျာဆရာများထဲတွင် လည်းကောင်း၊ တရားရှင်မျာထဲတွင် လည်းကောင်း၊ ဒါနရှင်ထဲတွင် လည်းကောင်း၊ ဓနရှင်များထဲတွင် လည်းကောင်း၊ လေးသည်တော်များ ထဲတွင် လည်းကောင်း သူနှင့်တူသူ အခြားဘုရင်မရှိဟု ပြောဆိုကြသည်။
ဘောဇဘုရင်၏ ရက်ရောမှု၊ ပြည်သူပြည်သားများ အပေါ်တွင် ထောက်ထားညှာတာမှုများနှင့် ပတ်သတ်၍ ဇာတ်လမ်းအတ္ထုပတ္တိများစွာ ရှိလေသည်။ ဘောဇဘုရင်သည် ကံတော်ကုန်ခါနီး၌ သူ၏ အမတ်ကြီးကို အပါးသို့ ခေါ်၍…
“အမတ်ကြီး၊ ကျုပ်ကွယ်လွန်သွားတဲ့ အခါမှာ တစ်ခုခု လုပ်ရလိမ့်မယ်”
ဟု ပြောလေသည်။
“ဘာလုပ်ရမလဲ အရှင်မင်းကြီး၊ အမိန့်တော် ချမှတ်ပါ”
အမတ်ကြီးက အားတက်သရော ပြန်လျှောက်ထား လေသည်။
“ကျုပ် ရုပ်ကလာပ်ကို သုသာန်သင်္ချိုင်းသို့ ဖုတ်ကြည်း မီးသင်္ဂြိုဟ်ရန် ဆောင်ကြဉ်းသွားတဲ့အခါမှာ ကျုပ်လက်တစ်ဖက်ကို အဖြူရောင် ဆိုးထားပြီး ကျန်တဲ့ လက်တစ်ဖက်ကို အနက်ရောင် ဆိုးထားရမယ်။ ပြီးတော့ လက်နှစ်ဖက်ကို အပြင်ဘက်မှာ ထုတ်ပြပြီး ရုပ်ကလာပ်ကို သယ်ဆောင်သွားရမယ်”
ဘုရင်ကြီး၏ ထူးထူးဆန်းဆန်း အမိန့်ကို ကြားရသောအခါ အမတ်ကြီးသည် ဘုရင်မင်းကြီး စိတ်မှ မှန်ရဲ့လားဟူ၍ စဉ်းစားမိလေသည်။ ဘုရင်မင်းကြီး ဘာကြောင့် ထိုကဲ့သို့သော ထူးထူးဆန်းဆန်း အမိန့်မျိုးကို မိန့်မှာရသနည်းဟု မတွေးတတ်အောင် ဖြစ်နေလေသည်။
ထို့ကြောင့် အမတ်ကြီးက…
“အရှင်မင်းကြီး၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ဤကဲ့သို့ မိန့်ပါသနည်း”
ဟူ၍ ဘုရင်မင်းကြီးအား ပြန်လည်လျှောက်ထားလိုက်သည်။
ထိုအခါ ဘောဇဘုရင်က ဤသို့ ပြန်လည်မိန့်ကြား လေသည်။
“အပြင်ထုတ်ပြထားတဲ့ လက်ချည်းတွေ့ရတဲ့အခါ ဘုရင်ဖြစ်ဖြစ်၊ သူတောင်းစားဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ယောကျာ်းဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် ဘယ်သူမဆို ကွယ်လွန်တဲ့ အခါမှာ ဤလူ့ဘဝ လူ့လောကက ဘာပစ္စည်းမှ သယ်ဆောင်သွားလို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြည်သူပြည်သား လူအများ သိစေလိုတဲ့အတွက် လက်ကို အပြင်ထုတ်ပြခိုင်းရတာဖြစ်တယ်။ လာတဲ့အခါမှာလည်း လက်ချည်းပဲ လာကြရတယ်။ ပြန်သွားတဲ့အခါ ကျတော့လည်း လက်ချည်းပဲ ပြန်သွားကြရတယ်။ လက်တစ်ဖက်ကို အဖြူရောင်ဆိုးထားပြီး ကျန်လက် တစ်ဖက်ကို အနက်ရောင်ဆိုးခိုင်းတာကတော့ လူတွေဟာ ကွယ်လွန်သွားတဲ့အခါမှာ ကိုယ်နှင့် တစ်ပါတည်း ပါသွားတဲ့အရာဟာ လူ့ဘဝမှာ ပြုလုပ်ခဲ့ကြတဲ့ ကောင်းမှု (အဖြူရောင်)နဲ့ မကောင်းမှု (အနက်ရောင်)သာ ဖြစ်တယ်ဆိုတာကို သိစေလိုတဲ့အတွက် ဖြစ်တယ်”
ဘောဇဘုရင် ကံကုန်သွားသောအခါ၌ ဘုရင့် အမတ်ကြီးသည် ဘုရင်မင်းကြီး မိန့်မှာထားသည့်အတိုင်း ပြုလုပ်ဆောင်ရွက်လေသည်။
(ပါရဂူ)
15/01/2020
Windows 32 bit နဲ့ 64 bit ကွာခြားချက်
===========================
Windows, Macintosh, Linux စတဲ့ Computer OS (operating system) တွေမှာ 32 bit နဲ့ 64 bit ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါတယ်။ တစ်ကယ်တော့ 32 bit တို့ 64 bit တို့ဆိုတာ computer ရဲ့ CPU (central processing unit) က အချက်အလက်တွေကို ဘယ်လို ကိုင်တွယ်သလဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ 64 bit OS တွေက RAM (Random Access Memory) များများကို ကိုင်တွယ် ဖြေရှင်းနိုင်ပြီးတော့ 32 bit ထက်ပို စွမ်းဆောင်ရည် မြင့်ပါတယ်။
ဒါဆိုရင် ရှိသမျှ computer တွေအားလုံး 64 bit တင်လိုက်ရတော့မလား?
အဲလိုလည်း မဟုတ်ပါဘူး။ စွမ်းဆောင်ရည် ပိုမြင်တဲ့ 64 bit ကို တင်မယ်ဆိုရင် 64 bit ကို မောင်းနှင်ပေးနိုင်တဲ့ CPU နဲ့မှ ဖြစ်ပါမယ်။ မရှားပေမယ့် စက်တိုင်းမှာ 64 bit run လို့မရပါဘူး။ ဒါကြောင့် 64 bit မမောင်းနှင်နိုင်တဲ့ computer မှာ 64 bit မတင်သင့်ပါဘူး။
ဒါဆို 64 bit မောင်းနှင်နိုင်တဲ့စက် ဟုတ်/မဟုတ် ဘယ်လိုစစ်မလဲ?
၁။ ဘာနည်းပညာမှ မလိုဘဲ စစ်ဆေးနည်းကတော့ ဆိုင်တွေမှာ စဝယ်ဝယ်ချင်း တင်ထားတဲ့ OS version ကိုအသုံးပြုတာ အကောင်းဆုံးပါပဲ။ ဝယ်တုန်းက 32 bit တင်ထားတယ်ဆိုရင် ပြန်တင်တဲ့အခါမှာလည်း 32 bit တင်ပါ။ ဝယ်တုန်းက 64 bit တင်ထားရင် ပြန်တင်တဲ့အခါ 64 bit ပဲတင်ပါ။
၂။ “မဟုတ်သေးပါဘူး၊ နည်းပညာကျကျ သိချင်တာ” ဆိုရင်တော့ အလွယ်နညး် တစ်ခုကတော့ ကိုယ့်ရဲ့ Windows မှာ (Mac, Linux မရပါ) SecurAble ဆိုတဲ့ software လေးတစ်ခုတင်ပြီး စစ်ကြည့်လို့ရပါတယ်။ Download လုပ်ရတာလည်း file size မကြီးပါဘူး။ Download လုပ်ပြီး run လိုက်တဲ့အခါ
32 Maximum Bit Length
ဒီလိုပေါ်ရင် 32 bit အထိပဲ တင်လို့ရပါမယ်။
64 Maximum Bit
Length
ဒီလိုပေါ်ရင်တော့ 64 bit windows တင်လို့ရပါတယ်။
၃။ ဒီ tool download လုပ်ဖို့ အဆင်မပြေဘူးဆိုရင်တော့ Control panel ကိုသွားပါ။ View by မှာ Small icons ကို ရွေးပြီး Performance Information and Tools ကို နှိပ်ပါ။ အောက်ကပုံမှာကြည့်ပါ။
Windows control panel
ပေါ်လာတဲ့ထဲမှာမှ View and print detailed performance and system information ဆိုတာကို နှိပ်ပါ။
ပုံမှာပြထားတဲ့အတိုင်း 64-bit capable မှာ Yes လို့ ပေါ်ရင် 64 bit တင်လို့ရပါတယ်။ 64 bit တင်ထားပြီးသားဆိုရင် 64bit capable နေရာမှာ ဘာမှပေါ်မှာ မဟုတ်ပါဘူး။ ဒီလောက်ဆိုရင် 32 bit နဲ့ 64 bit ကွာခြားချက်လေးတွေ အကြမ်းဖျင်းတော့ သိသွားပါပြီ။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon
11231
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |