Exposure

Exposure Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Exposure, Education, Yangon.

Batch 1After first week 1st discussion
11/10/2020

Batch 1
After first week
1st discussion

ExposureCinematography and video camera Technique Foundation Training Course  Alert # သင်တန်းစရန် ၅ရက်သာလိုပါတော့သည်။သင်...
30/09/2020

Exposure

Cinematography and video camera Technique

Foundation Training Course

Alert #

သင်တန်းစရန် ၅ရက်သာလိုပါတော့သည်။

သင်တန်းစဖို့၅ရက်ပဲလိုတော့သလို

သင်တန်းအပ်ဖို့လဲ၅ရက်ပဲလိုပါတော့တယ်။

Covid ကာလ Discount အနေနဲ့

50% 30% တွေ မကျန်တော့ပေမယ့်လည်း

ကျောင်းသားတွေရဲ့တောင်းဆိုချက်အရ

50% discount အတွက်

အစီစဥ်လေးတွေရှိနေပါသေးတယ်။

ဒါက​တော့ giveaway အစီစဥ်ပဲဖြစ်ပါတယ်။

Giveaway ရရှိမယ့်သူတွေဟာ

50% သင်တန်းကြေးကင်းလွတ်ခွင့်ရရှိမှာဖြစ်ပြီးတော့

၅သောင်းကျပ်ဖြင့်သာ Online Class ကို Join ခွင့်ရမှာပဲဖြစ်ပါတယ်။

Exposure

Cinematography and video camera Technique

ရုပ်ရှင်ရိုက်ကူးဖန်တီးမှုအနူပညာသင်တန်းနှင့် ကင်မရာပညာ ဗီဒီယိုအခြေခံရိုက်ကူးမှုသင်တန်း အကြောင်းကို အပြည့်အစုံသိရှိချင်တယ်ဆိုရင်တော့

အောက်က Link မှာဝင်ကြည့်ပေးပါ။

https://www.facebook.com/106041927898739/posts/115238690312396/

သင်ကြားပြသပေးမယ့်ဆရာရဲ့ Profile ကိုသိချင်ရင်တော့

အောက်က Link မှာဝင်ကြည့်ပေးပါ။

https://m.facebook.com/story.php?story_fbid=126942152475383&id=106041927898739

Giveaway မှာပါဝင်နိုင်မယ့်နည်းလမ်း

ယခု Post ကို Like and Share လုပ်ရမှာပဲဖြစ်ပါတယ်။

Share လုပ်တဲ့အခါ Hashtag လေးရေးသားပြီး

ဝါသနာတူ သူငယ်ချင်း၂ယောက်ကို Tag တွဲပေးရမှာပဲဖြစ်ပါတယ်။

Hashtag ကတော့

ဆိုပြီးရေးသားပေးရမှာပဲဖြစ်ပါတယ်။

Shareထားတဲ့သူတွေထဲက ၅ယောက်ကို

Random ပြန်လုပ်ပြီး နောက်၃ရက် (3.10.2020)

စနေနေ့ ညနေမှာ ပြန်လည်ရွေးချယ်ဖော်ပြသွားမှာပဲဖြစ်ပါတယ်။
Like and share ကတော့ စနေနေ့ ညနေ၄နာရီထိသာ အကျုံးဝင်မှာပဲဖြစ်ပါတယ်။
ကဲ... ကိုဗစ်ကာလမှာ အပြင်လည်းထွက်စရာမလိုပဲ ကားခမကုန် လူမပင်ပန်း ရောဂါကူးစက်ဖို့ကြောက်စရာမလိုပဲ ကိုယ့်အိမ်မှာပဲ ရုပ်ရှင်ရိုက်ကူးဖန်တီးမှုနှင့် ကင်မရာပညာ ဗီဒီယိုအခြေခံရိုက်ကူးမှုသင်တန်းကို တက်ရောက်နိုင်ပါပြီ။

ဒါ့အပြင်ကိုယ့်ကံကိုစမ်းကြည့်ချင်တယ်ဆိုရင်တော့

အခုပဲ Giveaway မှာပါဝင်ဖို့တိုက်တွန်းလိုက်ပါတယ်။

အိမ်မှာနေရင်းအကျိုးလဲရှိဗဟုသုတလည်းရမယ့်အပြင်

အတတ်ပညာတခုကိုအချိန်တိုတွင်းမှာတတ်မြောက်ဖို့အတွက်ကတော့ Exposure သင်တန်းကတာဝန်ယူပါရစေ။

သင်တန်းသားတွေက ဇွဲရှိရှိစိတ်ဝင်တစားနဲ့ ယုံယုံကြည်ကြည် သင်ကြားဖို့တာဝန်ယူပေးကြပါ။
Unicode

Exposure

Cinematography and video camera Technique

Foundation Training Course

Alert #







50% discount အတွက်






Exposure












Hashtag ကတော့









Zawgyi code

ExposureCinematography and video camera Technique Foundation Training Course(ရုပ်ရှင်ရိုက်ကူးဖန်တီးမှုအနူပညာသင်တန်းနှင့်...
23/09/2020

Exposure

Cinematography and video camera Technique

Foundation Training Course

(ရုပ်ရှင်ရိုက်ကူးဖန်တီးမှုအနူပညာသင်တန်းနှင့် ကင်မရာပညာ ဗီဒီယိုအခြေခံရိုက်ကူးမှုသင်တန်း)

သင်ကြားပြသပေးမည့်ဆရာအားမိတ်ဆက်ခြင်း

ရုပ်ရှင်ရိုက်ကူးဖန်တီးမှုအနုပညာသင်တန်းနှင့် ကင်မရာပညာ ဗီဒီယိုအခြေခံရိုက်ကူးမှုသင်တန်းမှာ စာတွေ့လက်တွေ့ပါဝင်သင်ကြားပြသပေးမည့်ဆရာအား မိတ်ဆက်ပေးချင်ပါတယ်။

ဆရာဦးရွှေမိုးဦး

(Director of Photography)

ဆရာဦးရွှေမိုးဦးဟာဆိုရင် အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)ကနေ ကထိကရာထူးနဲ့အငြိမ်းစားယူထားသူတဦးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို

👉၁၉၈၅-၁၉၈၆ ခုနှစ်ကနေစတင်ပြီးတော့ video cameraတွေစတင်ဝင်ရောက်လာချိန်ကစလို့ video စတင်ရိုက်ကူးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

👉၁၉၉၄ ခုနှစ်မှာတော့ မြဝတီရုပ်မြင်သံကြား ရုပ်သံလိုင်းရဲ့

ကင်မရာဌာနမှာ အကြီးတန်း cameraman အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြဝတီရုပ်မြင်သံကြား ရဲ့ အပတ်စဥ် (၁ )အကြီးတန်းကင်မရာမန်းအဖြစ်တာဝန်ထမ်းဆောင်စဥ်မှာလည်း

-တပ်မတော်ဂုဏ်ပြုရုပ်ရှင်ဇာတ်ကားပေါင်းများစွာ

-ဇာတ်လမ်းတို ဇာတ်လမ်းရှည်

-မှတ်တမ်းရုပ်ရှင်

-Live show များ

-နိုင်ငံတော်အခမ်းအနားများစွာ

-ရုပ်ရှင်အကယ်ဒမီပေးပွဲများ

-ဆို က ရေး တီး အခမ်းအနားများ

-Sea games ( Asian Summit) ပွဲများ အစရှိတဲ့

အနူပညာအခန်းကဏ္ဏနှင့် နိုင်ငံ့အခမ်းအနားပွဲပေါင်းများစွာမှာ
လက်တွေ့ပါဝင်ထမ်းဆောင်ခဲ့ပါတယ်။
အကြီးတန်းစီနီယာ cameraman အဖြစ် ဂျူနီယာပေါင်းများစွာနှင့်အတူလက်တွဲပါဝင်လုပ်ဆောင်ခဲ့ပြီးတဲ့နောက်

👉၂၀၀၉ ခုနှစ်မှာ အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်သို့ ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ရဲ့

ရုပ်ရှင်နှင့်ပြဇာတ် ဌာနမှာ သင်ရိုးညွှန်းတမ်းများရေးဆွဲရင်း

ရုပ်ရှင်ပညာမဟာတန်း ပထမအပတ်စဥ်ကိုဖြေဆိုအောင်မြင်ခဲ့ပါသေးတယ်။ ထိုသို့တာဝန်ထမ်းဆောင်ရင်း ကင်မရာဘာသာရပ်အပြင် ကျန်ဆက်စပ်ဘာသာရပ်တွေဖြစ်တဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ တည်းဖြတ်နှင့် သရုပ်ဆောင်မေဂျာ များကို သင်ကြားလေ့လာရင်း အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မှာ ၁၀ နှစ်တာ တာဝန်ထမ်းဆောင်ရင်း အငြိမ်းစားယူခဲ့ပါတယ်။

Camera Section head အနေနဲ့လည်းတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အခုလက်ရှိမှာလည်း camera workshops များ အပြင်သင်တန်းကျောင်းများ အပြင် online class တွေကိုလည်း စာတွေ့လက်တွေ့ပြသပေး​နေပါတယ်။

စာတွေ့ရောလက်တွေ့ပါအတွေ့အကြုံများစွာရှိတဲ့အပြင်

လက်ရှိမှာလည်းနယ်ကကျောင်းသားတွေရဲ့ တောင်းဆိုမှုကြောင့် Exposure သင်တန်းကျောင်းကြီးရဲ့ Founder တစ်ဦးအဖြစ်တမျိုး ဆရာအဖြစ်တဖုံ တာဝန်ယူသင်ကြားပြသပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

Exposure

Cinematography and video camera Technique

Foundation Training Course

(ရုပ်ရှင်ရိုက်ကူးဖန်တီးမှုအနူပညာသင်တန်းနှင့် ကင်မရာပညာ ဗီဒီယိုအခြေခံရိုက်ကူးမှုသင်တန်း)

သင်ကြားပြသပေးမည့်ဆရာအားမိတ်ဆက်ခြင်း

ရုပ်ရှင်ရိုက်ကူးဖန်တီးမှုအနူပညာသင်တန်းနှင့် ကင်မရာပညာ ဗီဒီယိုအခြေခံရိုက်ကူးမှုသင်တန်းမှာ စာတွေ့လက်တွေ့ပါဝင်သင်ကြားပြသပေးမည့်ဆရာအား မိတ်ဆက်ပေးချင်ပါတယ်။

ဆရာဦးရွေမိုးဦး

(Director of Photography)

ဆရာဦးရွှေမိုးဦးဟာဆိုရင် အမျိုးသားယဉ်ကျေးမှုနှင့်အနူပညာတက္ကသိုလ် (ရန်ကုန်)ကနေ ကထိကရာထူးနဲ့အငြိမ်းစားယူထားသူတဦးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို

👉၁၉၈၅-၁၉၈၆ ခုနှစ်ကနေစတင်ပြီးတော့ video cameraတွေစတင်ဝင်ရောက်လာချိန်ကစလို့ video စတင်ရိုက်ကူးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

👉၁၉၉၄ ခုနှစ်မှာတော့ မြဝတီရုပ်မြင်သံကြား ရုပ်သံလိုင်းရဲ့

ကင်မရာဌာနမှာ အကြီးတန်း cameraman အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြဝတီရုပ်မြင်သံကြား ရဲ့ အပတ်စဉ် (၁ )အကြီးတန်းကင်မရာမန်းအဖြစ်တာဝန်ထမ်းဆောင်စဉ်မှာလည်း

-တပ်မတော်ဂုဏ်ပြုရုပ်ရှင်ဇာတ်ကားပေါင်းများစွာ

-ဇာတ်လမ်းတို ဇာတ်လမ်းရှည်

-မှတ်တမ်းရုပ်ရှင်

-Live show များ

-နိုင်ငံတော်အခမ်းအနားများစွာ

-ရုပ်ရှင်အကယ်ဒမီပေးပွဲများ

-ဆို က ရေး တီး အခမ်းအနားများ

-Sea games ( Asian Summit) ပွဲများ အစရှိတဲ့

အနူပညာအခန်းကဏ္ဏနှင့် နိုင်ငံ့အခမ်းအနားပွဲပေါင်းများစွာမှာ
လက်တွေ့ပါဝင်ထမ်းဆောင်ခဲ့ပါတယ်။
အကြီးတန်းစီနီယာ cameraman အဖြစ် ဂျူနီယာပေါင်းများစွာနှင့်အတူလက်တွဲပါဝင်လုပ်ဆောင်ခဲ့ပြီးတဲ့နောက်

👉၂၀၀၉ ခုနှစ်မှာ အမျိုးသားယဉ်ကျေးမှုနှင့်အနူပညာတက္ကသိုလ်သို့ ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမျိုးသားယဉ်ကျေးမှုနှင့်အနူပညာတက္ကသိုလ်(ရန်ကုန်) ရဲ့

ရုပ်ရှင်နှင့်ပြဇာတ် ဌာနမှာ သင်ရိုးညွှန်းတမ်းများရေးဆွဲရင်း

ရုပ်ရှင်ပညာမဟာတန်း ပထမအပတ်စဉ်ကိုဖြေဆိုအောင်မြင်ခဲ့ပါသေးတယ်။ ထိုသို့တာဝန်ထမ်းဆောင်ရင်း ကင်မရာဘာသာရပ်အပြင် ကျန်ဆက်စပ်ဘာသာရပ်တွေဖြစ်တဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ တည်းဖြတ်နှင့် သရုပ်ဆောင်မေဂျာ များကို သင်ကြားလေ့လာရင်း အမျိုးသားယဉ်ကျေးမှုနှင့်အနူပညာတက္ကသိုလ်(ရန်ကုန်) မှာ ၁၀ နှစ်တာ တာဝန်ထမ်းဆောင်ရင်း အငြိမ်းစားယူခဲ့ပါတယ်။

Camera Section head အနေနဲ့လည်းတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အခုလက်ရှိမှာလည်း camera workshops များ အပြင်သင်တန်းကျောင်းများ အပြင် online class တွေကိုလည်း စာတွေ့လက်တွေ့ပြသပေးနေပါတယ်။

စာတွေ့ရောလက်တွေ့ပါအတွေ့အကြုံများစွာရှိတဲ့အပြင်

လက်ရှိမှာလည်းနယ်ကကျောင်းသားတွေရဲ့ တောင်းဆိုမှုကြောင့် Exposure သင်တန်းကျောင်းကြီးရဲ့ Founder တစ်ဦးအဖြစ်တမျိုး ဆရာအဖြစ်တဖုံ တာဝန်ယူသင်ကြားပြသပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

   Training Class ExposureFoundation Training Class တက်ရောက်ရန်စာရင်းပေးသွင်းထားသူများအနေနဲ့ ငွေမလွှဲမှီ အကြောင်းကြားပေး...
08/09/2020

Training Class

Exposure
Foundation Training Class တက်ရောက်ရန်စာရင်းပေးသွင်းထားသူများအနေနဲ့
ငွေမလွှဲမှီ အကြောင်းကြားပေးကြပါရန် ( ဖုန်းနံပါတ် နာမည်)
မေတ္တာရပ်ခံပါတယ်
Register လုပ်ဖို့ရန်လိုအပ်သောကြောင့်ဖြစ်ပါတယ်

Cinematography & Video Camera TechniqueFoundation Training Class(ရုပ်ရှင်ရိုက်ကူးဖန်တီးမှုအနုပညာသင်တန်း နှင့် ကင်မရာပညာ-...
07/09/2020

Cinematography & Video Camera Technique
Foundation Training Class
(ရုပ်ရှင်ရိုက်ကူးဖန်တီးမှုအနုပညာသင်တန်း နှင့် ကင်မရာပညာ-ဗီဒီယိုအ​ခြေခံရိုက်ကူးမှုသင်တန်း)

🏠အိမ်မှာပဲကိုယ်တိုင်လေ့လာသင်ယူပြီး online ကနေ Certificate 🥇တစ်ခုကိုရယူလိုက်ပါ။ရုပ်ရှင်ပညာနှင့်ကင်မရာပညာသင်တန်းကို(၅•၁၀•၂၀၂၀)ရက်​နေ့​တွင် သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။အတန်းချိန်နောက်ကျတာတို့ စာမမှီလိုက်တာတို့ မဖြစ်စေရအောင် record video files 🎞များကို တပတ်မှာ (၂)ရက်upload လုပ်ပေးမှာဖြစ်ပါတယ်။

ဒါကြောင့်အလုပ်တဖက်နဲ့အချိန်မပေးနိုင်တဲ့သူတွေ
တခြားသင်တန်းတွေတက်ရင်းအတူတွဲချင်တဲ့သူတွေ
အချိန်မရှိတဲ့သူတွေဆိုရင် ဘယ်ချိန်ပဲဖြစ်ဖြစ်ပြန်လေ့လာနိုင်မှာပါ။

ဒါ့အပြင် discussion group ကိုထောင်ပေးမယ့်အပြင်
နားမလည်တာတွေသိချင်တာတွေမေးလို့ရအောင်
တပတ်တခါ video callနဲ့ တယောက်ချင်းစီကို discuss လုပ်ပေးသွားမှာပါ။

👉(ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်)👈

ရုပ်ရှင်ရိုက်ကူးမှုပညာနှင့်ကင်မရာပညာသင်တန်းကို
အခြေခံမှစ၍လေ့လာနိုင်စေရန်ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် အခုလိုကာလမှာသင်တန်းတွေတက်ဖို့မလွယ်ကူလို့
Online Training Classကိုဖန်တီးပေးရခြင်းပဲဖြစ်ပါတယ်။
ဒါ့ကြောင့်ရန်ကုန်ကသာမကနယ်ကကျောင်းသူတွေပါ အဆင်ပြေသက်သာလွယ်ကူအောင် ပညာရပ်တခုကိုတတ်မြောက်စေလိုတဲ့ စေတနာရည်ရွယ်ချက်နဲ့ဖွင့်လှစ်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

နိုင်ငံတကာနယ်ပယ်တွင်ကျင့်သုံးနေသောသီအိုရီများနှင့်တကွ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာသင်ကြားလေ့လာနိုင်ဖို့အတွက် သင်ထောက်ကူဓာတ်ပုံများ၊လွယ်ကူရှင်းလင်းစွာရှင်းလင်းထားမည့် ဗီဒီယိုများနှင့်တကွသင်ကြားပေးသွားမှာဖြစ်လို့ နားမလည်လိုက်တာမျိုးမရှိရအောင်ကို အာမခံသင်ကြားပေးသွားမှာပါ။

👉(ဒီသင်တန်းကိုဘယ်သူတွေတက်ရောက်နိုင်သလဲ)👈

📽ရုပ်ရှင်ရိုက်ကူးဖန်တီးမှုအနုပညာအကြောင်းကိုစိတ်ပါဝင်စားသူများ
📽ကင်မရာပညာဖြင့်အသက်မွေးဝမ်းကြောင်းပြုမည့်သူများ
📽သတင်းထောက်အနေဖြင့်ဝင်ရောက်လုပ်ကိုင်နေသူများ

📽TV channels များတွင် Cameraman အဖြစ်ဝင်ရောက်လုပ်ကိုင်လိုသူများ *

📽Online Chanels များတွင် Cameraman အဖြစ်ဝင်ရောက်အလုပ်လုပ်ကိုင်လိုသူများ

📽ဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းရိုက်ကူးမှုကို စတင်​​လေ့လာလိုသူများ

📽အခုခေတ်စားလာတဲ့ Blogger တွေလိုမျိုး ကိုယ်တိုင် Vlogရိုက်ပြီး Youtuberဖြစ်ချင်သူများ

📽ဓာတ်ပုံ၊ဗီဒီယို ရိုက်ကူးမှုကို တတ်ကျွမ်းနားလည်လိုသူများနှင့်
ပညာရပ်ကိုစိတ်ပါဝင်စားသူများတက်ရောက်သင်ကြားနိုင်ပါတယ်။

အခြေခံမရှိတဲ့သူတွေအတွက်လည်း

🎯ဗီဒီယိုကင်မရာကို 🎥စနစ်တကျ ဘယ်လိုကိုင်တွယ်အသုံးပြုရမယ်။
🎯ဗီဒီယိုကင်မရာအတွင်းမှ Menu Function များကိုဘယ်လိုချိန်ညှိအသုံးချရမယ်။
👉ဗီဒီယိုကင်မရာအ​ရောင် (color) မှန်​အောင် White Balance ကို ဘယ်​နေရာ၊ဘယ်လိုအလင်း​ရောင်အ​​ခြေအ​နေမှာ ဘယ်လိုချိန်ညှိရတယ်ဆိုတာ
🎯ရိုက်ချက်များ (Shots)များကို ဘယ်လို​ပေါင်းစပ်မှုရရှိ​အောင် ဘယ်လိုဖန်တီးရိုက်ကူးရမယ်
👉အဆင်​ပြေ​ချော​မွေ့စွာ တည်းဖြတ်(Editing)နိုင်ဖို့အတွက်အဆက်အစပ်ရှိ​အောင် ဘယ်လိုရိုက်ချက်(Shots) ​မျိုးဖြင့်ရိုက်ကူးရမလဲဆိုတာ
စတဲ့အချက်​တွေဖြင့်ဆက်စပ်သင်ကြား​ပေးသွားမှာဖြစ်ပါတယ်။

အခြေခံကနေစတင်သင်ကြားပေးမှာဖြစ်ပြီး ကင်မရာတစ်လုံးကိုကျွမ်းကျင်ပိုင်နိုင်စွာရိုက်ကူးနိုင်သည်အထိတာဝန်ယူသင်ကြားပေးသွားမှာပါ။

👉(📖"Cinematography & Camera Technique "
Foundation Training Classတွင်သင်ကြားပေးမည့်
Main Units များ)👈
🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯

Unit 0 : Introduction of Cinematography
Unit 1 : One Frame
Unit 2 : Focus
Unit 3 : White Balance
Unit 4 : Triangle Exposure
Unit 5 : ISO or Gain
Unit 6 : Aperture(IRIS)
Unit 7 : Shutter Speed
Unit 8 : RGB Color Theory(ray)
Unit 9 : Digital Video Camera
Unit 10 : Image Sensor
Unit 12 : Basic Lighting
Unit 13 : Composition
Unit 14 : Black Balance စသည်တို့ကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

👉(⏱သင်တန်းကာလက ဘယ်လောက်ကြာမြင့်မှာလဲ?)👈
ကြာမြင့်ချိန်ကတော့ ၃ လတာကြာမြင့်မှာဖြစ်ပါတယ်။

👨‍🎓သင်တန်းပြီးဆုံးပါက Certificate ကို​ပေးအပ်ချီးမြှင့်မှာဖြစ်ပီး
နယ်မှသင်ကြားသော​ကျောင်းသား/သူများကို​​တော့ E-mail ဒါမှမဟုတ် Viber က​နေတဆင့် Certificate ကို​ပေးပို့​မှာဖြစ်ပါတယ်။

ဒါ့အပြင်ပညာဒါနအနေနဲ့ တနှစ် (၂)ခါ promotionတွေပေးသွားမယ့်အပြင် သင်တန်းကြေးမတတ်နိုင်တဲ့သူအချို့ကိုလဲ
သင်တန်းကြေးတခုစာ
Scholarship ပေးအပ်သွားမယ့်အစီစဥ်တွေရှိပါသေးတယ်။
ထိထိရောက်ရောက်နဲ့သေချာတတ်မြောက်အောင်သင်ကြားပေးမှာမို့ သင်တန်းသားဦးရေကို ၁၅ယောက်ထိပဲလက်ခံသင်ကြားသွားမှာပါ။

Promotion အ​​နေဖြင့် ပထမဆုံး​သင်တန်းအပ်နှံသူ(၅)ဦးကို ၅၀ % ​Discount ​ပေးအပ်သွားမှာဖြစ်ပီး​ ဒုတိယအပ်နှံသူ (၅)ဦးကို ၂၀% Discount ​ပေးအပ်သွားမှာဖြစ်ပါတယ်။

📣Promotion လိုချင်တယ်ဆိုရင်တော့ အမြန်ဆုံးစာရင်းပေးအပ်နှံထားဖို့တော့လိုပါမယ်။📣

👉(သင်တန်းတက်ရောက်ဖို့အတွက်ဘာတွေလိုအပ်မလဲ)👈

သင်ယူတတ်မြောက်လိုတဲ့ ဆန္ဒ ၊ ပြင်းထန်တဲ့ ဇွဲလုံ့လပဲလိုပါမယ်။
တကယ်လို့သင်က တကယ်ဝါသနာပါပြီးသင်ယူလိုစိတ်ပြင်းထန်တဲ့ကျောင်းသားတယောက်ဖြစ်မယ်ဆိုရင်တော့ အခုပဲ Pageရဲ့ messenger မှာလာရောက်ဆက်သွယ်အပ်နှံလိုက်ပါတော့။

👉( 💰Online Training
ဖြစ်တာကြောင့်သင်တန်း​ကြေးဘယ်လို​ပေးသွင်းရမလဲ?)👈

သင်တန်း​ကြေးကို CB/AYA/KBZ Online Banking မှလွှဲလို့ CB Pay,Wave Money နှင့် MPT Money တို့မှလည်း လွှဲလို့ရပါတယ်။

CB Account 👉 0158 6001 0001 5024
AYA Account👉 4602 8701 2400 4599

Mobile Banking ဖြင့်​ငွေလွှဲသူများ Description တွင် အမည် နှင့် ဖုန်းနံပါတ်တို့ကို ထည့်သွင်း​ပေးရပါမည်

💰Wave Money ဖြင့်​ငွေလွှဲလိုပါက
Account Number : 09405056594/405055817

💲​ငွေလွဲပြီးပါက Screen Shoot ကို Page ရဲ့ Messenger သို့ အမည် နှင့် ဖုန်းနံပါတ်ကို​ရေး၍​ပေးပို့​နိုင်ပါသည်။

အ​သေးစိတ်​သိရှိလိုပါက
📱PH : 09405056594 / 405055817 (သို့မဟုတ်)
Page ရဲ့ messenger မှာစုံစမ်းမေးမြန်းနိုင်ပါတယ်။

📲page : Exposure

Zawgyi

Cameraကိုင်ပြီး professional ပီပီရိုက်တတ်ချင်တဲ့သူတွေသိကိုသိထားရမယ့် Video camera နဲ့ Gamma သ​ဘောတရား(သို့မဟုတ်)Gamma အ​...
06/09/2020

Cameraကိုင်ပြီး professional ပီပီရိုက်တတ်ချင်တဲ့သူတွေ
သိကိုသိထားရမယ့်
Video camera နဲ့ Gamma သ​ဘောတရား
(သို့မဟုတ်)
Gamma အ​​​​ကြောင်းသိ​ကောင်းစရာ

Gamma ကိုvideo camera gamma နဲ့ CRT monitor gamma တို့ရဲ့အဝင်အထွက် တန်ဖိုးများကို
ပြထားတဲ့ပုံ ဖြစ်ပါတယ်။
အရင်က​မေးတဲ့သူရှိရင်လွယ်လွယ်​ဖြေခဲ့တာ​ကတော့
Gamma ဆိုတာTV​တွေမှာပါတဲ့ contrastနဲ့အတူတူပါပဲ။

ဒီထက် အ​သေးစိတ်ကျချင်ရင်​တော့
Gamma ဆိုတာ ပုံမှာမြင်ရတဲ့အတိုင်း
camera/monitor များရဲ့ အလင်း​ရောင်ဖြင့်​ဖော်ပြတဲ့
အ​ရောင်များရဲ့ အဝင်/အထွက်တန်ဖိုးပါဖြစ်တယ်။
အလယ်မျဥ်း​ဖြောင့် linear gamma အ​ဖြောင့်တန်ဖိုး(y=1) မှာ
လူ့မျက်လုံးတွင် သဘာဝအကျဆုံး
အ​ရောင်​ဖော်ပြနိုင်မှုတန်ဖိုးဖြစ်တယ်။

Monitor မှာ​အောက်မျဥ်း​ကွေး နှင့်
Camera မှာအ​ပေါ်မျဥ်​ကွေး
၎င်းနှစ်ခုတန်ဖိုးမှာ​ပြောင်းပြန်အ​နေအထားဖြစ်တယ်။
​အောက်ဖက်ရှိမျဥ်း​ကွေးမှာ-
အ​မှောင်(black)တန်ဖိုးကိုအကျိုးသက်​ရောက်​စေတယ်။
အတက်မျဥ်း​ကွေးဧရိယာမှာ-
ပိုလင်းတဲ့(bright)တန်ဖိုးအကျိုးသတ်ရောက်​ပြီးတော့
အလယ်မျဥ်း​ကွေးက
ငှင်းတို့နှစ်ခုကြား(gray) တန်ဖိုးပင်ဖြစ်တယ်။

ဆိုလိုတာက​တော့
Gamma function ဆိုတာက
Video ပုံရိပ်တစ်ခုမှာ ဖွဲ့စည်းထား​တဲ့အလင်း ( brightness) ကို
ချိန်ညှိခြင်းပဲဖြစ်တယ်။

အလင်းအားခြင်မတူညီလျှင်
အလင်း/ အ​မှောင်(contrast)ကွာခြားသွာနိုင်ပါတယ်။

1.အ​​ရောင်အင်အား​ပြောင်းလဲသွားနိုင်တယ်။

2.အ​ရောင်​ပြောင်းလဲမှု​တွေဟာ Video အရုပ်တစ်ခုရဲ့
အဓိပါယ်ကို​ပြောင်းလဲသွာနိုင်တဲ့အထိအကျိုးသက်​ရောက်
နိုင်ပါတယ်။
မိမိဆိုလိုချင်သည့်အဓိပါယ်အသီးသီးအတွက် မှန်ကန်​တဲ့
Gamma setting ​ရွေးချယ်မှုက အ​ရေးကြီးလှပါတယ်။
ယခု​ခေတ် ​နောက်ဆုံး​ပေါ်ကင်မရာများမှာရုပ်ရှင်ဆန်​တဲ့ရုပ်ထွက် cinema gamma, film like gammaတို့ ပါပါတယ်။

Digital still ဓါတ်ပုံကင်မရာများတွင် gamma correction function ပါရှိပါတယ်။
OLET monitor TV များမှာလဲ gamma correction
ပါရှိပါတယ်။

​ရေးသားသူ

Zawgyi code

Video camera နဲ့ Gamma သ​ဘောတရား









OLET monitor TV မြားမှာလဲ gamma correction
ပါရှိပါတယျ။

​ရေးသားသူ

Unicode

လွတ်လပ်စွာshareနိုင်ပါတယ်
ပြန်လည်ကူးယူမယ်ဆိုရင်တော့ credit ပေးပါခင်ဗျ

(CINE GAMMA နှင့် Knee protection)Panasonic ကင်‌မရာ‌တွေမှာ Cine like D နဲ့ Cine like V သုံးမယ်‌ဆိုရင်‌Cine Gamma ကအလင်းတ...
31/08/2020

(CINE GAMMA နှင့် Knee protection)

Panasonic ကင်‌မရာ‌တွေမှာ
Cine like D နဲ့ Cine like V သုံးမယ်‌ဆိုရင်‌
Cine Gamma ကအလင်းတုန့်ပြန်‌မှုကို
အလိုက်‌သင့် ပြောင်း​​ပေးတယ်
Contrast ကို‌ဖျော့ပြီး‌လျှော့ချလိုက်‌တယ်‌
Overall shot ကိုလတ္တီကျူ့ပို‌ပေးတယ်‌

အဲ့အခါမှာ အတိုင်းအတာ(scale)ရဲ့ထိပ်‌ဆုံး
top end မှာ(knee production)မရှိ‌တော့ခြင်းပဲဖြစ်‌တယ်

low
Norm
High gamma အသီးသီးတွင်‌
Over exposure ကိုထိန်းချုပ်‌‌ပေးတဲ့
Knee-circuit တခုစီပါဝင်‌‌တယ်

over exposure ကိုငြင်‌သာစွာ‌ပြောင်းလဲဖန်‌တီး‌ပေးတယ်
Cine Gamma မှာ knee productionမရှိပါ
ဤအ‌နေအထားမှာ သင်‌ဂရုမစိုက်‌ပါက
သင့်ရိုက်‌ချက်‌ကိုဖျက်‌စီးပစ်‌နိုင်‌သည်‌

ဒါ့ကြောင့်
ဂရုတစိုက်‌ထိန်းချုပ်‌ပြီး over exposure ကိုကာကွယ်‌‌ပေးပါက
Cine gamma က ကင်‌မရာကို
အစွမ်းရှိသမျှ latitude ကိုကျယ်‌ပြန့်အောင်‌ လုပ်‌‌ပေးမှာဖြစ်‌တယ်‌

High light များကို ‌
လျှော့ချစ်ခြင်းကြောင့် Contrast များပါး‌နေမှာပါ
ဒါကို ရှောင်‌ကြည်‌ဖို့ 1/2 stop ခန့် underexpose
လုပ်‌ရန်‌အကြံ‌ပြုပါတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Exposure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category