04/12/2019
💊💊ဆေးဝါးတွေကို နာမည်ဘယ်လိုပေးသလဲ💊💊
ဆေးပညာနဲ့မနီးစပ်တဲ့နယ်ပယ် ကလူတွေအတွက် ဗဟုသုတရစရာအနေနဲ့ ရေးတာဖြစ်လို့ အဆင်ပြေနိုင်မယ့်အသုံးအနှူန်းတွေနဲ့ပဲ မြန်မာမှူပြုလိုက်ရပါတယ်
လူတွေနေ့စဉ်သောက်နေတဲ့ ဆေးတွေကို အကြမ်းမျဉ်းအားဖြင့် နာမည်ပေးပုံစနစ်တစ်ခုရှိပါတယ်
💊 1. Trade name or Brand name
ဆေးထုတ်လုပ်တဲ့သူတွေက စျေးကွက်မှာ မိမိ အမှတ်တံဆိပ်ကို စားသုံးသူ ရွေးချယ်ဝယ်ယူနိုင်ဖို့ ကြော်ငြာရောင်းချနိုင်ဖို့ မူပိုင်ခွင့်နဲ့ ပေးထားတဲ့နာမည်ကို Trade name သို့မဟုတ် Brand name လို့ခေါ်ပါတယ်
ဥပမာ - Tylenol, Biogesic , Lensen, Paracap
ဒီဆေးတွေဟာ နာမည်မတူပေမယ့် အားလုံးမှာ တကယ်အလုပ်လုပ်တဲ့ဆေး Paracetamol 500 mg ပါတာချင်း အတူတူပါပဲ
မြင်သာအောင်ပြောရရင်တော့ ရှပ်အင်္ကျီချင်းအတူတူ Arrow brand, Giordano brand, Bossini brand အစရှိသဖြင့်ကွာသလိုပါပဲ
ဝယ်ယူသူက မိမိလိုချင်တဲ့ အရည်အသွေးကို မိမိတတ်နိုင်တဲ့စျေးအပေါ် ရွေးချယ်ဝယ်ယူနိုင်ပါတယ်
💊 2. Generic Name
အလွယ်ပြောရရင်တော့ ဆေးတွေကို မျိူးရင်းခွဲထားတဲ့သဘောနဲ့ပေးထားတဲ့နာမည်ပါ
အကိုက်အခဲပျောက်ဆေးတွေထဲမှာမှ ဘယ်အကိုက်အခဲပျောက်ဆေးက ဘယ်အုပ်စုအောက်မှာရှိလဲခွဲခြားမှတ်မိနိုင်အောင်ပေးထားသလိုမျိူးကို နမူနာအနေနဲ့ရှင်းပြချင်ပါတယ်
နာကျင်ရောင်ရမ်းတဲ့နေရာကိုပဲ သက်သာစေတဲ့ဆေးအုပ်စုထဲကလား
ဦးနှောက်အထိ အာနိသင် သက်ရောက်နိုင်တဲ့ ဘိန်းအနွယ်ဝင်အမျိူးအစားလား အစရှိသဖြင့် ဆေးတွေရဲ့ အလုပ်လုပ်ပုံပေါ်မူတည်ပြီး အုပ်စုဖွဲ့ခွဲထားခြင်းဖြစ်ပါတယ်
ဥပမာ - paracetamol, diclofenac, aspirin, ibuprofen အစရှိတဲ့ ကောင်တာမှာအလွယ်ဝယ်ယူနိုင်တဲ့ အကိုက်အခဲပျောက်ဆေးများ နဲ့
ဆရာဝန်ခွင့်ပြုချက်နဲ့မှဝယ်ယူရရှိနိုင်သော ဘိန်းအနွယ်ဝင် အကိုက်အခဲပျောက်ဆေးများဖြစ်တဲ့ coedine, tramadol, fentanyl ထိန်းချူပ်ဆေးဝါးများ အဖြစ် generic name ကိုကြည့်ယုံနဲ့ သိနိုင်ပါတယ်
ရှပ်အင်္ကျီမှာမှ ချည်သားလား နိုင်လွန်လား အစရှိသဖြင့်အုပ်စုခွဲသလိုမျိူးသဘောပါ
💊 3. Chemical Name
ဒါကတော့ မသိလည်း အရမ်း အရေးမကြီးပါဘူး
ဆေးတစ်ခုမှာ ဘာဓာတုဒြပ်ပေါင်းတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာ နာမည်ဖတ်ယုံနဲ့တန်းသိနိုင်အောင် ပါဝင်တဲ့ဓာတုဒြပ်ပေါင်းတွေရဲ့ ဖွဲ့စည်းပုံကို အမည်ပေးသတ်မှတ်ထားတဲ့ စနစ်ပါ
ဥပမာ - Paracetamol ရဲ့ chemical name က acetaminophen လို့ခေါ်ပါတယ်
chemical formula အရ C8H9NO2 မို့
ပါဝင်ဖွဲ့စည်းထားတဲ့ ကာဗွန် ဟိုက်ဒရိုဂျင် အစရှိသဖြင့် ဘယ်နှစ်လုံး ဘယ်လိုပုံစံပေါင်းစပ်ထားတယ်ဆိုတာ သိနိုင်ဖို့ ဒီစနစ်နဲ့ပေးထားခြင်းဖြစ်ပါတယ်
Generic name မဖတ်ဖြစ်တဲ့အခါ ဆေးတူတာတွေရောပြီး ပမာဏလွန်ကဲစွာသောက်သုံးမိတတ်တာတွေ ဖြစ်တတ်ပါတယ်
ဥပမာ တခုပြရရင်
တခါကဆေးဆိုင်တခုမှာ လူတစ်ယောက်က သူကိုယ်ပူဖျားပြီး ခေါင်းကိုက်နေလို့ Biogesic နဲ့ Lensen ၂မျိူးတွဲပေးပါဆိုပြီး ဝယ်သောက်တာကိုကြုံရဖူးပါတယ်
တကယ်တော့ တီဗီမှာ Biogesic ကကိုယ်ပူပျောက်တာ
Lensen ကခေါင်းကိုက်ပျောက်တာလို့ ခွဲကြော်ငြာထားတော့ နှစ်မျိူးလုံးတွဲသောက်မှ သူ့လက္ခဏာတွေ သက်သာမယ် ထင်နေပုံရပါတယ်
တကယ်တော့ ဒီတံဆိပ်နှစ်ခုလုံးဟာ နာမည်ပဲကွဲပြီး ပါဝင်တဲ့ ဆေးကတော့ အမျိူးအစားတူ ပမာဏတူ အာနိသင်တူ အလုပ်လုပ်ပုံခြင်းလည်း အတူတူပါ
လိုအပ်ချက် မတူအောင် တမင်ကြော်ငြာထားမှ ကိုယ့်အမှတ်တံဆိပ်ကိုေရွးဝယ်ဖြစ်အောင်လုပ်ထားတဲ့ ကုမ္ပဏီတွေရဲ့ marketing way ကို အမှတ်မှားသွားပုံပါပဲ
ဆေးဝယ်မယ်ဆို အရေးကြီးဆုံးက Generic name ကိုပဲ အဓိက ဖတ်တတ်အောင်ကျင့်ပါ
ဘယ်လောက် mg/g ပါတာလဲ
Generic name အတူတူ ပါဝင်တဲ့ပမာဏ အတူတူ ဆိုရင်တော့ brand name ကိုတော့ ကိုယ့်ငွေနဲ့ နိုင်တဲ့ တံဆိပ်ကိုရွေးချယ် ဝယ်ယူနိုင်ပါတယ်
ရေရှည်စွဲသောက်ရမယ့်ဆေးတွေအတွက်လည်း အရည်အသွေးနဲ့ စျေးအဆင်ပြေမှာကို ရွေးချယ်သောက်သုံးတတ်သွားလို့ မလိုအပ်ဘဲ ငွေကုန်ကြေးကျအများကြီးမဖြစ်တော့ဘူးပေါ့
ဒီပို့စ်လေး အသုံးဝင်တယ်ထင်ရင် ကိုယ့်ပတ်ဝန်းကျင်ကသူတွေသတိထားမိအောင် ပြန်လည်မျှဝေပေးကြပါဦးလို့ ❤️❤️
-A-M Training Corner