KMZ Education Family

KMZ Education Family To share information about KMZ family's activities.

KMZEducation Family မှ ဆရာ/ဆရာမများ၊2025-2026 ပညာသင်နှစ်မှကျောင်းသား/သူများ နှင့် ကျောင်းသား/သူဟောင်းများ၏ (၁၈)ကြိမ်မြော...
04/11/2025

KMZ
Education Family မှ ဆရာ/ဆရာမများ၊2025-2026 ပညာသင်နှစ်မှကျောင်းသား/သူများ နှင့် ကျောင်းသား/သူဟောင်းများ၏ (၁၈)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်အလှူ

🙏သုဓမ္မဝါဒီ ဘုန်းတော်ကြီးကျောင်းသို
နဝကမ္မဝတ္ထုငွေ (၃၀)သိန်းကျပ် နှင့်
ကထိန်သင်္ကန်းတော်မြတ်
🙏ပိုင်းလော့ဆရာတော်ဘုရားကြီး အား
နဝကမ္မဝတ္ထုငွေ (၁၀)သိန်းကျပ် နှင့်
ကထိန်သင်္ကန်းတော်မြတ်
🙏မိုးညှင်းသိင်္ဂီကျောင်းတိုက် မှ
ဦးဇင်းလေး ၃၀၀၀၀ ကျပ်
ဆရာလေးဒေါ်သီတာ ၁၀၀၀၀၀ကျပ်
တို့အား သဒ္ဒါကြည်ဖြူစွာဖြင့်
နိဗ္ဗာန်ရည်မှန်း လှူဒါန်း ကုသိုလ်ပြုခဲ့
ကြပါသည်။

ဤကုသိုလ်ကောင်းမှူအစုစုတို့ကို

၃၁ဘုံတွင်ကျင်လည်နေကုန်သော လူ
နတ် ဗြဟ္မာ သတ္တဝါ အပေါင်း🙏

မြင်အပ် မမြင်အပ်သော ဝေနေယျ
သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်း🙏

ဤအလှူပွဲကြီးဖြစ်မြောက်အောင်မြင်
စေရန် မိမိတို့၏မုန့်ဖိုးထဲမှ အပတ်စဉ်
စုဆောင်းပါဝင်ကုသိုလ်ပြုပေးခဲ့ကြ
ပါသော KMZ Education Family မှ
လက်ရှိပညာသင်နှစ်တွင်ပညာ
သင်ကြားနေကြပါသော ကျောင်း
သား/သူများ🙏

လက်ရှိနေရာတစ်ခု အခြေအနေတစ်ခု
တွင် ရပ်တည်အောင်မြင်နေကြပေမဲ့
မိမိတို့ ဤနေရာသို့တက်လှမ်းခဲ့သည့်
လှေကားထစ်များကိုမေ့မထားတတ်
သော တချိန်က KMZ ၏ကျောင်းသား
ဟောင်းများ🙏
အားလုံးတို့အားကုသိုလ်ထပ်တူ
အမျှ အမျှ အမျှ ပေးပါသည်
သာဓု…သာဓု…သာဓု🙏🙏🙏
“KMZ Education Family”

KMZEducation Family မှ ဆရာ/ဆရာမများ၊2024-2025 ပညာသင်နှစ်မှကျောင်းသား/သူများ နှင့် ကျောင်းသား/သူဟောင်းများ၏ (၁၇)ကြိမ်မြော...
15/11/2024

KMZ
Education Family မှ ဆရာ/ဆရာမများ၊2024-2025 ပညာသင်နှစ်မှကျောင်းသား/သူများ နှင့် ကျောင်းသား/သူဟောင်းများ၏ (၁၇)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်အလှူ

🙏သုဓမ္မဝါဒီ ဘုန်းတော်ကြီးကျောင်းသို
နဝကမ္မဝတ္ထုငွေ (၁၅)သိန်းကျပ် နှင့်
သင်္ကန်း၊ထီး (၁)သိန်းကျပ်
🙏ပိုင်းလော့ဆရာတော်ဘုရားကြီး အား
နဝကမ္မဝတ္ထုငွေ (၅)သိန်းကျပ် နှင့်
သင်္ကန်း (၁၂၅၀၀၀)ကျပ်
🙏မိုးညှင်းသိင်္ဂီကျောင်းတိုက် မှ
ဦးဇင်းကြီး (၅)သောင်းကျပ်
ဆရာလေးဒေါ်သီတာ(၅)သောင်း
ကျပ် တို့အား သဒ္ဒါကြည်ဖြူစွာဖြင့်
နိဗ္ဗာန်ရည်မှန်း လှူဒါန်း ကုသိုလ်ပြုခဲ့
ကြပါသည်။
ကျွန်တော် ကျွန်မတို့၏ ဤကုသိုလ်
ကောင်းမူအကျိုးတရားများကို
ကျွန်တော် ကျွန်မတို့နှင့်ထပ်တူရရှိ
ခံစား၊စံစားနိုင်ကြပါစေ🙏


ကုသိုလ် အမျှ…အမျှ…အမျှ
သာဓု…သာဓု…သာဓု🙏🙏🙏
“KMZ Education Family”

24/11/2023

KMZ မိသားစု ကထိန်အလှူတော်ငွေစာရင်း ပြန်ကြားခြင်း

🙏ဆရာ/ဆရာမများနှင့် အတန်းစုံကျောင်းသားကျောင်းသူများ အလှူငွေ - ၁၀၅၀၀၀၀ ကျပ်။
🙏ကျောင်းသားကျောင်းသူဟောင်းများ အလှူငွေ - ၃၇၅၀၀၀ ကျပ် နှင့် သင်္ကန်းပရိက္ခရာအစုံခြင်း ၁ခြင်း။
🙏စုစုပေါင်းကောက်ခံရရှိငွေ - ၁၄၂၅၀၀၀ ကျပ်

အထက်ပါ ကောက်ခံရရှိငွေများကို
သုဓမ္မဝါဒီကျောင်းတိုက်သို့ ၈၅၀၀၀၀ ကျပ်နှင့် သင်္ကန်းခြင်း ၁ခြင်း…..

ပိုင်းလော့ဆရာတော်ဘုရားကြီး (မြောက်ဒဂုံ) သို့ အလှူတော်ငွေ ၄၉၀၀၀၀ ကျပ်နှင့် ၉၀၀၀၀ ကျပ်တန် သင်္ကန်းတစ်စုံ လှူဒါန်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကျွန်ုပ်တို့၏ ကုသိုလ်ကောင်းမှု အဖို့ဘာဂအစုစုတို့ကို ၃၁ဘုံတွင် ကျင်လည်ကြကုန်သော လူနတ်၊ဗြဟ္မာ၊ ဝေနေယျ သတ္တဝါအပေါင်းတို့ ထပ်တူထပ်မျှ ရကြပါစေကြောင်း အမျှ အမျှ အမျှ ဝေငှအပ်ပါသည်……. 🙏🙏🙏

09/06/2023

2022-2023
တက္ကသိုလ်ဝင်တန်းစာမေးပွဲထူးချွန်စွာ
အောင်မြင်ကြသူများ

🙍ဆလမ-၂၃၅...မောင်ဇံမင်းသူ
(အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ၊ဇီဝ)
🙎‍♀️ဆလမ-၁၀၄...မဖြိုးပပခိုင်
(ဓာတု၊ရူပ၊ဇီဝ)
🙍‍♂️ဆလမ-၁၉၅...မောင်လင်းထက်ဖြိုး
(ဓာတု၊ဇီဝ)
🙍‍♂️ဆလမ-၁၁၁...မောင်ဝေဖြိုးခန့်
(ဇီဝ)
🙎‍♀️ဆလမ-၄၂၃...မအိအိစိုး
(ဘောဂ)
🙍‍♂️ဆလမ-၅၃၁...မောင်ကောင်းစပ်ဟန်
(ဘောဂ)
🙎‍♀️ဆမက-၃၆...မသဲဆုဆုနိုင်
(ဇီဝ)
🙎‍♀️ဆလမ_၂၂၉...မအိသဉ်ဇာဝေ
🙍ဆမတ-၂၉...မောင်အောင်ကောင်း
ဗိုလ်
ဖြေဆိုသူပေါင်း -၁၁ယောက်
ဂုဏ်ထူးရကျောင်းသား/သူ- ၇ယောက်
ရိုးရိုးအောင် - ၂ယောက်

ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူများ မိဘများနှင့်ထပ်တူ
ဝမ်းသာဂုဏ်ယူပါသည်။

“အစဉ်အလာမပျက်တဲ့ KMZ “ မှ
ဆရာ/ ဆရာမများ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အတန်းစုံ သင်တန်းများ မတ်လ ၆ရက်နေ့ စတင်ဖွင့်လှစ်ပါမယ် ခင်ဗျာ....ယခုလာမယ့် ပညာသင်နှစ်မှာ အတန်းစု...
26/02/2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အတန်းစုံ သင်တန်းများ မတ်လ ၆ရက်နေ့ စတင်ဖွင့်လှစ်ပါမယ် ခင်ဗျာ....

ယခုလာမယ့် ပညာသင်နှစ်မှာ အတန်းစုံ စနစ်သစ်သင်ရိုးများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်တာကြောင့် သင်ရိုးသစ်များနှင့် ကိုက်ညီသော သင်ကြားမှုစနစ်ပုံစံကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိရောက်စွာ သင်ကြားသင်ယူမှသာ အမှန်တကယ် တတ်မြောက်မည်ဖြစ်သည်။

စနစ်သစ်၏ သင်ရိုးများမှာ တစ်နှစ်နှင့်တစ်နှစ် ချိတ်ဆက်မှု အားအလွန်ကောင်းလှသည်။ အတန်းတစ်တန်းကို သာမန်ကျော်ဖြတ်နိုင်ရုံ၊အတန်းတင်စာမေးပွဲတစ်ခု အောင်ရုံမျှသာ ရှေးရှုပြီး သင်ကြားသင်ယူမှုပြုလျှင် ဆင်ပြောင်ကြီး အမြီးမှတစ် ဆိုသလို တကယ့်အရေးကြီးသောအတန်းသို့ရောက်ကာမှ စာမလိုက်နိုင်သည့် ပြဿနာ၊ အခြေမခိုင်သည့် ပြဿနာ၊ အဆက်ပြတ်သည့် ပြဿနာများ ကြုံတွေ့ရမည်မှာ အသေအချာပင်ဖြစ်သည်။ (လက်ရှိသင်ကြားပေးနေရသော စာသင်သား ကလေးများတွင် အထက်ပါ ပြဿနာများအနည်းနှင့်အများဆိုသလို ကြုံတွေ့နေရသည်။)

သင်ရိုးသစ်သည် သင်တတ်လျှင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။ အားနည်းချက်တချို့ရှိနေဆဲဖြစ်သော်လည်း ယခင်စနစ်ဟောင်းကဲ့သို့ အရာရာကို အလွတ်ကျက်မှတ်ရန် မလွယ်သော အနေအထားဖြစ်သည်။ သဘောတရားကို အမှန်နားလည်မှသာ ‌မေးခွန်းမှန်သမျှကို ဖြေဆိုနိုင်ပေမည်။

သင်ရိုးသစ်ကို အမှန်တကယ်သာ ကျွမ်းကျင်တတ်မြောက်လျှင် နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲများအတွက်ပင် အထောက်အကူဖြစ်နိုင်သောအနေအထားရှိသည်ဖြစ်ရာ မပေါ့မဆသင်ကြားသင်ယူသင့်သည်ဟု အကြံပြုလိုပါသည်။

"အတန်းတက်ဖို့ထက် စာတတ်ဖို့ရည်ရွယ်ပါသည်။
စာအလွတ်ကျက်ဖို့ထက် နားလည်ဖို့သင်ပါမည်။
သူတစ်ပါးက သတ်မှတ်ပေးသောအဆင့်များ၊ အမှတ်များထက် မိမိကိုယ်တိုင်ကျေနပ်စွာ သတ်မှတ်နိုင်သည့် အဆင့်အတန်းတစ်ခုထိ ရည်ရွယ်ပါသည်။"

~သင်တန်းစုံစမ်းရန် ~
ph: 09444455119, 095068208
address: အမှတ် (၃/ခ)၊ သီရိမြိုင် ၂လမ်း၊ ၁၃ရပ်ကွက်၊ လှိုင်မြို့နယ်။
အမှတ် (၈)၊ သီရိမြိုင် ၂လမ်း၊ ၁၃ရပ်ကွက်၊ လှိုင်မြို့နယ်။

02/06/2022

တန်းစုံ စာသင်တန်းတွေ စနေပါပြီ....
လူဦးရေ ကန့်သတ်ထားတာကြောင့်
Early birds are always "FIRST" ပါ...

27/04/2022

လာမည့် ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း (တန်းစုံ) စာသင်စာကျက်သင်တန်းများ မေလဆန်း စဖွင့်ပါမည်။
#အတန်းစာထက် ပညာတတ်လိုသူများသာ အသေးစိတ်လာရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။

အသေးစိတ်လာရောက်မေးမြန်းရန်နေရာ- အမှတ် ၃၊ သီရိမြိုင် ၂လမ်း၊ ၁၃ ရပ်ကွက်၊ လှိုင်မြို့နယ်။
ဖုန်း-095068208

06/04/2022

သတ်မှတ်သင်တန်းသားဦးရေ ပြည့်မီသွားပြီဖြစ်တာကြောင့် registration ပိတ်ပါပြီ ခင်ဗျာ...စိတ်ဝင်စားတဲ့လူတွေများတဲ့အတွက် ကျေးဇူးတင်ပါတယ်...နောက်ထပ် Vocabulary ‌ဆိုင်ရာ၊ Reading ဆိုင်ရာ၊ Writing ဆိုင်ရာ သင်တန်းများလည်း လာဖို့ရှိသေးတာကြောင့် Page ကို follow ထားပြီး စောင့်မျှော်ပေးစေချင်ပါတယ်...

English Grammar အခြေခံအားနည်းသူများနှင့် အမှန်တကယ်စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မည့် အခမဲ့(ဝင်ကြေးသွင်းရန်မလို) တဲ့ online class တစ်ခုကို လာမည့် မေလဆန်းတွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားပါမည်။

သင်တန်းကာလ - ၆လ (ခန့်မှန်း)
သင်ကြားမည့် စာအုပ်- Oxford Practice Grammar (John Eastwood) (Total lessons- 153)

လိုအပ်ချက်- အမှန်တကယ် တတ်မြောက်လိုစိတ် တစ်ခုသာလိုအပ်သည်။

အသေးစိတ်စုံစမ်းရန်- Page Cb or 095085679(viber) သို့ ပေးပို့ဆက်သွယ်မေးမြန်းနိုင်သည်။

Address

13 Ward, Hlaing Township
Yangon

Telephone

+959444455119

Website

Alerts

Be the first to know and let us send you an email when KMZ Education Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to KMZ Education Family:

Shortcuts

Share

Category