YPE Structural Design Training Center

YPE Structural Design Training Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YPE Structural Design Training Center, Education, Yangon.

အတိအကျပြောရမယ်ဆိုရင် လွန်ခဲ့သောအနှစ် ၂၀ လောက်ကစပြီး ရေကြောင်းကုန်သွယ်မှုပုံစံ trends of shipping ပြောင်းလဲလာမှုက ဆိပ်ကမ်...
03/01/2021

အတိအကျပြောရမယ်ဆိုရင် လွန်ခဲ့သောအနှစ် ၂၀ လောက်ကစပြီး ရေကြောင်းကုန်သွယ်မှုပုံစံ trends of shipping ပြောင်းလဲလာမှုက ဆိပ်ကမ်းများရဲ့ လုပ်ငန်းလည်ပတ်မှုကိုတစ်ဖြည်းဖြည်းနဲ့ ရိုက်ခတ်လာတယ်။ ဘယ်လိုရိုက်ခတ်လဲဆိုရင် ဓာတ်ငွေ့ လောင်စာဆီ သယ်ဆောင်သောသင်္ဘောများဖြစ်သော tankers သင်္ဘောများ ကွန်တိန်နာသင်္ဘောများ container ships ကုန်တင်သင်္ဘောများ cargo ships များ အတွက် သင်္ဘောသွားရာလမ်းနှင့် ရပ်နားရာနေရာအတွက် ရေအနက်ပို၍လိုအပ်လာတယ်။ ကုန်များကို အတင်အချလုပ်ရန် သိုလှောင်ရုံသို့ပို့ရန် အဆင်မြင့်ကိရိယာများဖြင့် ကိုင်တွယ်လုပ်ဆောင်ဖို့လိုအပ်လာတယ်။ ဒီပြောင်းလဲလာမှုက အရင်ကဆောက်လုပ်ပြီးသား ဆိပ်ကမ်းတွေ အဆင့်မြင့်ရန် တိုက်တွန်းလိုက်ရုံသာမက အသစ်ဆောက်မယ့် ဆိပ်ကမ်းအတွက်လည်း လက်ရှိအခြေအနေနှင့် အနာဂါတ်အခြေအနေအတွက် ဒီဇိုင်းလိုအပ်ချက်တွေ design requirements ထည့်သွင်းစဥ်းစားဖို့လိုအပ်ကြောင်း တိုက်တွန်းလိုက်တယ် ဒီတော့ ဆိပ်ကမ်း ဒီဇိုင်း နှင့် သင်္ဘောရပ်နားဖို့ အရွယ်အစားကို ဒီဇိုင်း စဥ်းစားဖို့လိုအပ်လာတယ် ဒီနေ့မှာ သင်္ဘောရပ်နားဖို့ဒီဇိုင်းအတွက် ဒီအချက်တွေ သိထားဖို့လိုတယ်ဆိုတာကို ပြောပြချင်တယ်
1.) ဘယ်လို သင်္ဘောအမျိုးအစားကမ်းကပ်မှာလဲ- fishing, cargo, tankers, dry cargo, bulk carrier, liquid cargo, passenger ships, VLCC, Ro-Ro, crude carrier
2.) သင်္ဘောအရွယ်အစားဘယ်လောက်ရှိလဲ - သင်္ဘောတစ်ခုလုံးစာ အတိုင်းအတာများမဖြစ်မနေသိဖို့လိုအပ်တယ် ဥပမာ အရှည် overall length LOA, LBP, အကျယ် B, အနက် Draft, Freeboard အစရှိသသည်များ သိဖို့လိုအပ်တယ်
3.) ဒီရေအတက်အကျ tide level မှာဆိုရင်ဖြင့် အမြင့်ဆုံးရေတက်ချိန်ရေအနက် အနိမ့်ဆုံးရေကျချိန်ရေအနက် highest astronomical tide, lowest astronomical tide, mean sea level စသဖြင့်သိရပါမယ် အနာဂါတ်တွင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာနိုင်ခြင်းကိုလည်း ထည့်သွင်းစဥ်းစားရပါမယ်
4.) မြေမျက်နှာသွင်ပြင်အနေအထား တိုင်းတာမှု topographic survey
5.) ပင်လယ်ရေအောက်ကြမ်းပြင်အနေအထားတိုင်းတာမှု bathymetric survey
6.) ဆိပ်ကမ်းတည်နေရာရှိ လေတိုက်နှုန်း နှင့်လေတိုက်တာအရပ် လှိုင်းအမြင့် အကြိမ်ရေ ရေစီးကြောင်းပြင်းအားစသော ရာသီဥတုအခြေအနေများကို ပုံမှန်အချိန် ပြင်းထန်သောအချိန် ဆိုင်ကလုန်းတိုက်ချိန် တိုင်းတာမှု met-ocean data
7.) soil investigation data မြေဆီလွှာတစ်လွှာခြင်းဆီ၏အခြေအနေ
8.) သင်္ဘောလာရာလမ်းကြောင်းရဲ့ အရွယ်အစား နှင့် သင်္ဘောကွေ့ရန်နေရာ turning point ရဲ့ အရွယ်အစားက သတ်မှတ်ထားသော စည်းကမ်းချက်များနဲ့ညီမညီ စစ်ဆေးရမယ်
9.) သင်္ဘောငယ်များရဲ့အကူအညီ tug boat assistance လိုအပ်ချက်ရှိမရှိ
စသောအချက်တွေသိထားဖို့လိုအပ်တယ်

Do you know what is a breakwater? Breakwater ဆိုတာ ဘာကိုပြောသလဲ သင်သိပါသလားBreakwater  ကိုအဓိပါယ်ဖွင့်ဆိုရမယ်ဆိုရင်ရေကာတ...
02/01/2021

Do you know what is a breakwater?
Breakwater ဆိုတာ ဘာကိုပြောသလဲ သင်သိပါသလား
Breakwater ကိုအဓိပါယ်ဖွင့်ဆိုရမယ်ဆိုရင်ရေကာတံတိုင်းလို့ ဖွင့်ဆိုနိုင်ပါတယ် သူရဲ့ function က ဆိပ်ကမ်းကို မြင့်မားသောလှိုင်းလုံးကြီးများ high intensity waves ရေစီးကြောင်းများ current ရိုက်ခတ်မှုဒါဏ်မှကာကွယ်ပေးနိုင်ခြင်း ဆိပ်ကမ်းတိုက်စားမှုဒါဏ်ကိုကာကွယ်ပေးနိုင်ခြင်း လှိုင်း ရေစီးကြောင်း ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာသော ရေပြင်မငြိမ်သက်မှု ကြောင့်နောက်ဆက်တွဲ ဖြစ်ပေါ်လာသော သင်္ဘောများ အဆင်ပြေစွာ ကမ်းကပ်၍မရနိုင်ခြင်း ကုန်တင်ကုန်ချမရနိုင်ခြင်း လုပ်ငန်းဆောင်တာများ ကြန့်ကြာခြင်း စသောအခြေအနေများ ဖြစ်ပေါ်မှုကို ထိန်းချုပ်ကာကွယ်ရန် ဖြစ်ပါတယ်

Cantilever Structure ဆိုတာ ကတော့ ယေဘုံရအနေနဲ့ပြောရမယ်ဆိုရင် လေပေါ်မှာမြောက်နေသော အောက်ကအထောက်အပံ့ပေးထားသော တိုင် သို့မဟု...
26/12/2020

Cantilever Structure ဆိုတာ ကတော့ ယေဘုံရအနေနဲ့ပြောရမယ်ဆိုရင် လေပေါ်မှာမြောက်နေသော အောက်ကအထောက်အပံ့ပေးထားသော တိုင် သို့မဟုတ် တစ်ခုခုရှိမနေခြင်းပဲဖြစ်ပါတယ် Cantilever Design ကိုအသုံးပြုပြီး အဆင်မြင့်မိုးမျှော်တိုက် High-tech skycraper ကို စပိန်နိုင်ငံမှာ 2006 ခုနှစ်က စပိန်နှင့်အီတလီ architects တို့ကဒီဇိုင်းဆွဲ တည်ဆောက်ပြီးစီးခဲ့တယ် သူ့နာမည်က Edifici Gas Natural, Spain ပဲဖြစ်ပါတယ် ဒီအဆောက်အဦးရဲ့အထူးခြားဆုံးအချက်ကတော့ အထပ်လေးထပ်ပါသောတံတားကို 138 ft အရှည်ထိရအောင် ဒီဇိုင်းလုပ်ထားခြင်းပဲဖြစ်ပါတယ် နောက်ထပ်ထူးခြားချက်က အဆောက်အဦး သုံးခုကို မတူညီအောင် ဒီဇိုင်းလုပ်ထားပြီး ဆက်ထားတာပဲဖြစ်ပါတယ်

ဒီအဆောက်အဦးမှာ အဓိကအရေးပါသူကတော့ structural engineer ပဲဖြစ်ပါတယ် Structural engineer အရေးပါမှုကတော့ သူက ကမ္ဘာမြေကြီးရဲ့ဆွဲအားကို ဆန့်ကျင်ပြီး ထိုးထွက်နေသော အလေးချိန်ကြီးမားသော အဆောက်အဦးရဲ့ design ကိုတွက်ချက်ရတဲ့အပြင် ငလျင်ဒါဏ်ခံနိုင်မှု ဆိုင်ကလုန်းဒါဏ်ခံနိုင်မှု ပြင်းထန်သောအပူချိန် စေသာ များစွာသော အချက်တွေကို ထည့်သွင်းစဥ်းစားရလို့ပဲဖြစ်ပါတယ်

Young Professional Engineers Page မှ ကြိုဆိုပါတယ်ဆိပ်ကမ်းတစ်ခုလည်ပတ်ဖို့အတွက် အဓိကကျတာကတော့ ဆိပ်ကမ်းကိိုရောက်ရှိတာမယ့် လ...
26/12/2020

Young Professional Engineers Page မှ ကြိုဆိုပါတယ်

ဆိပ်ကမ်းတစ်ခုလည်ပတ်ဖို့အတွက် အဓိကကျတာကတော့ ဆိပ်ကမ်းကိိုရောက်ရှိတာမယ့် လူစီးသင်္ဘော ကုန်တင်သင်္ဘောများအတွက် အဆင်ပြေချောချောမောမော ရပ်နားနိုင်ဖို့ ကုန်တင်ကုန်ချလုပ်နိုင်ဖို့ အန္ဒာရယ်ကင်စွာရပ်နားနိုင်ဖို့ အခြေအနေကို ဖန်တီးလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်

The fundamental function of a harbour is to provide safe anchorage for vessels and to facilitate smooth and unhindered transfer of passengers and cargo between vessels and land.

Young Professional Engineers Page မှ ကြိုဆိုပါတယ်These are internal effects resulting from the applied loads on the memb...
22/12/2020

Young Professional Engineers Page မှ ကြိုဆိုပါတယ်

These are internal effects resulting from the applied loads on the members. We can name them as axial forces, shear forces and bending moments.

Young Professional Engineers Page မှ ကြိုဆိုပါတယ်Do you know the format of the Structural Eurocodes?If you are not quite...
22/12/2020

Young Professional Engineers Page မှ ကြိုဆိုပါတယ်

Do you know the format of the Structural Eurocodes?

If you are not quite sure, please let me explain you. There are ten separate Structural Eurocodes:

EN 1990 Eurocode: Basis of structural design
EN 1991 Eurocode 1: Actions on structures
EN 1992 Eurocode 2: Design of concrete structures
EN 1993 Eurocode 3: Design of steel structures
EN 1994 Eurocode 4: Design of composite steel and concrete structures
EN 1995 Eurocode 5: Design of timber structures
EN 1996 Eurocode 6: Design of masonry structures
EN 1997 Eurocode 7: Geotechnical design
EN 1998 Eurocode 8: Design of structures for earthquake resistance
EN 1999 Eurocode 9: Design of Aluminium Structures

Each Eurocode is comprised of a number of ‘Parts’, which are published as separate documents. Each Part consists of:
a.) Main body of text
b.) Normative annexes
c.) Informative annexes

Address

Yangon

Website

Alerts

Be the first to know and let us send you an email when YPE Structural Design Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to YPE Structural Design Training Center:

Shortcuts

Share

Category