24/10/2025
ကားဘတ္ထရီထောက်နှိုးနည်း
ကားတစ်စီး သက်တမ်းစေ့ နေနိုင်ဖို့အတွက်
ကားနဲ့ပတ်သက်လို့ ဘယ်အရာမဆို
စနစ်တကျ လုပ်ထုံးလုပ်နည်း
procedure များ ရှိပြီးဖြစ်သည်။
Battery လစ်သွားပြီဆိုရင်.......
တွန်းနှိုးလို့ရတဲ့ ကားတွေအတွက်လည်း
တွန်းပေးဖို့ လူရှာရသည်။
တွန်းနှိုးခြင်းသည် ဂီယာ pinion တွေနာသည်။
၁။ Live Batt အနီ (+) ငုတ်နဲ့
Dead Batt အနီ (+) ငုတ်ကို ချိတ်။
၂။ Live Batt အနက် (-) ငုတ်နဲ့
Dead ကားရဲ့ ဖရိမ် ဆေးလွတ်နေရာ (သို့)
အင်ဂျင်ဘလောက်ဆေးလွတ်နေရာကို ချိတ်။
(Ground / Earth conn.)
၃။ Live ကားကို အင်ဂျင် run ထားပါ။
၄။ Dead ကားကို နှိုးပါ။
စက်နိုးသွားပြီးလျှင်လည်း
ပုံပါ အမှတ်စဉ်အတိုင်း ပြောင်းပြန် ဖြုတ်ပါ။
Cable Clip များ ပြည့်စုံပါက တစ်ယောက်ထဲ လုပ်နိုင်ပြီး
Clip များ မပါက ထောက်ပေးဖို့ လူလိုအပ်သည်။
================================================
Photo from google
Crd original post writer
ကားဘတ္ထရီထောက်နှိုးနည်း
ကားတစ်စီး သက်တမ်းစေ့ နေနိုင်ဖို့အတွက်
ကားနဲ့ပတ်သက်လို့ ဘယ်အရာမဆို
စနစ်တကျ လုပ်ထုံးလုပ်နည်း
procedure များ ရှိပြီးဖြစ်သည်။
Battery လစ်သွားပြီဆိုရင်.......
တွန်းနှိုးလို့ရတဲ့ ကားတွေအတွက်လည်း
တွန်းပေးဖို့ လူရှာရသည်။
တွန်းနှိုးခြင်းသည်ဂီယာ pinion တွေနာသည်။
၁။ Live Batt အနီ (+) ငုတ်နဲ့
Dead Batt အနီ (+) ငုတ်ကို ချိတ်။
၂။ Live Batt အနက် (-) ငုတ်နဲ့
Dead ကားရဲ့ ဖရိမ် ဆေးလွတ်နေရာ (သို့)
အင်ဂျင်ဘလောက်ဆေးလွတ်နေရာကို ချိတ်။
(Ground / Earth conn.)
၃။ Live ကားကို အင်ဂျင် run ထားပါ။
၄။ Dead ကားကို နှိုးပါ။
စက်နိုးသွားပြီးလျှင်လည်း
ပုံပါ အမှတ်စဉ်အတိုင်း ပြောင်းပြန် ဖြုတ်ပါ။
Cable Clip များ ပြည့်စုံပါက တစ်ယောက်ထဲ လုပ်နိုင်ပြီး
Clip များ မပါက ထောက်ပေးဖို့ လူလိုအပ်သည်။
================================================
Photo from google
Crd original post writer
09/08/2025
ဟလို. မင်မင်ရဲ့ ချစ်သော Customer များအတွက် ကြီး လာပြီဗျို့ 📢🚘📢
Wow Wow 😱😱😱
30,000/- ကျပ်
အဲ့ဒါဆို များကြီး စဉ်းစား မနေပါနဲ့... အိမ်အရောက် ကားမောင်း သင်တန်း ကို ခုဘဲ လိုက်တော့နော်...🚘
#သင်တန်းကြေး - ရန်ကုန်မြို့တွင်း
#ယခင် ၃၈၀,၀၀၀ ကျပ်ကို
#ယခု ၃၅၀,၀၀၀ ကျပ် နဲ့ အိမ်အရောက် ကြို / ပို့ အပြီးအစီး သင်ပေးမှာနော် 🚘
သင်တန်းချိန် 👇
6:30 မှ 8:00
9:00 မှ 10:30
12:00 မှ 1:30
2:30 မှ 4:00
🚘 #အလုပ်တဖက်နဲ့သင်ချင်ရင်လည်းအချိန်ညှိုသင်ပေးပါသည်😊☺
သင်တန်းရက် 👉
" 1 " ရက် 1:30 နှုန်းဖြင့်
" 8 " ရက်အပြတ် လမ်းမပေါ် မောင်းနိုင်သည်အထိ အာမခံဖြင့် သင်ကြားပေးပါသည် 😊
🚘 ကားနဲ့ပတ်သတ်ပြီး အထိ အတွေ့မရှိလို့ အဆင်မပြေ ဖြစ်မှာကို စိတ်ပူစိုးရိမ်နေသူများ ၊
🚘 ကားမောင်းသင်ရင် သင်တန်း ဆရာတွေရဲ့ ဆူပူခြင်းခံရမှာ ကြောက်နေသူများ ၊
🚘 ကားမောင်းသင်ပေးတဲ့ သင်တန်းဆရာလေးက စိတ်ရော ရှည်ပါမလား စိုးရိမ် ပူပန်နေသူများ ၊
🚘 ကားမောင်းသင်တန်းက သတ်မှတ်ထားသည့် ရက် / အချိန်/ နာရီ အတိုင်း သင်ရင်ရော တတ်ပါ့မလား စိုးရိမ်နေသူများ ၊
🚘 ကားမောင်းတော့သင်ပြီး လမ်းမပေါ်တော့ မောင်းရဲပါ့ မလား စိတ်ပူနေသူများ ၊
🚘 ယာဉ်စည်းကမ်း ၊ လမ်းစည်း ကမ်းတွေရော တပါတည်း သိရပါ့မလား စိတ်ထင့်နေသူများ ၊
🚘 ကားမောင်းသင်နေတဲ့ အချိန်မှာ ကိုယ်သိချင် / တတ်ချင် တာတွေရော သင်တန်းဆရာက ရှင်းပြ ပေးပါမလား စိတ်ပူနေသူများ
😊 အဲ့ဒါဆိုရင်တော့ အိမ်အရောက် ကားမောင်း သင်တန်း ကိုသာ အမြန်ဆုံး ရွေးချယ်သင်လိုက် တော့နော်🚘😊☺
ှာကားမောင်းသင်ပါ
#တစ်ဦးချင်းသီးသန့်ကားမောင်းသင်တန်း
#အိမ်အရောက်ကြိုပို့ကားမောင်းသင်တန်း
☎ 09 785 592 928
📲 09 796 315 837
04/08/2025
# hight way ကီလို 100
# မြို့ပါတ်လမ်း ကီလို 60
# မြို့တွင်း ကီလို 48 သာမောင်းနှင့်ခွင့်ရှိပါသည်
# ဆီ 1 ဂါလံ ကို လီတာ အားဖြင့် 4.56 လီတာ ရှိပါသည်၊ 4 လီတာခွဲပေါ့။
# မိုင် ဘယ်လိုဖွဲ့မလဲဆိုရင် 1 မိုင် ကို 1.6
ကိလိုမီတာ တက်ပါသည်
# ခရီး စ/ဆုံး Total ကီလိုမီတာ သိလျှင် အဂျၤင်ပါဝါအလိုက် အနီးကပ်ဆုံး ဆီကုန္က်စရိတ္ကို တွက်စနိုင်ပါသည်
# ပုံသေတော့ မဟုတ်ပါ #
မြို့တွင်း မောင်းနှင့်ချိန်
အတက်/အဆင်း မောင်နှင့်ချိန်
အဂျၤင်ကျ အရုန်း အဆြဲ မကောင်းချိန်
လေတခါး ဆင်ဆား မကောင်း ဆီပန့်ကြောင်
Air fiter လေစစ် ပိတ် ပလပ် မကောင်း
သည့်အချိန်တွေမှာဆိုလျှင်
ဆီစားနှုန်းသည် တြက္စ ထားသည့်ထက် ပို၍
ကုန်ကျနိုင် ပါသည်
04/08/2025
ကားအင်ဂျင် တုန်ခါမှုကို ဖြစ်ပေါ်စေတဲ့ အချက်(၈)ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကားမောင်းတဲ့ သူတွေ တော်တော်များများ မကြာခဏတွေ့ကြုံနေရတဲ့ ကား အင်ဂျင် ပုံမှန်မဟုတ်ဘဲ တုန်ခါစေတဲ့ ပြသနာတွေကို တင်ပြပေးသွားပါ့မယ်။
(1) လေတံခါး ( Throttle Body) နဲ့ ( ISC Valve) တွေ ချေးပိတ်တာ
ကားအင်ဂျင် တုန်ခါမှုရဲ့ 70% လောက်ကဒီနှစ်ခုမှာ ချေးပိတ်လို့ ဖြစ်တာများပါတယ်။
ဒီနှစ်ခုရဲ့ အလုပ်လုပ်ပုံကလည်း သဘောတရားအခြေခံ နီးစပ်ပြီး တချို့ကားတွေမှာ အတွဲလိုက်ရှိပြီး တချို့ကားတွေမှာတော့ သီးသန့်စီတည်ဆောက်ထားပါတယ်။
အားလုံးသိထားတဲ့အတိုင်းပဲ
ကားအင်ဂျင်တုန်ခါတာနဲ့ လေတံခါးဖြုတ်ဆေးကြောတယ်ဆိုတာ အစဥ်အလာတစ်ခုလိုတောင် ဖြစ်နေပါပြီ။
(2) Spark Plugs တွေ မကောင်းတာ
ကားအင်ဂျင်မှာ အသုံးပြုထားတဲ့ Spark Plugsတွေ မကောင်းဘူးဆိုရင် ကားအင်ဂျင်လည်ပတ်ဖို့ ဆီတွေကို မီးလောက်ကျွမ်းပေးဖို့ လုံလောက်တဲ့ မီးပွင့်မှုတွေ ဖြစ်မလာနိုင်တော့ဘဲ ကားအင်ဂျင် တုန်ခါမှုတွေကို ဖြစ်လာစေပါတယ်။
(3) Fuel Filter တွေ ချေးပိတ်တာ
Fuel Filter တွေ ချေးပိတ်နေတယ်ဆိုရင် ဆီပန့်ကနေ လုံလောက်တဲ့ ဖိအားရှိတဲ့ ဆီတွေကို Injectorတွေ ဆီမပို့ဆောင်တော့ဘဲ အင်ဂျင်တုန်ခါမှု ဖြစ်ပေါ်လာစေပါတော့တယ်။
(4) အင်ဂျင်အဝင်လေပိုက်တွေ ပေါက်တာ၊ ကွဲတာ
ကားအင်ဂျင်တစ်ခု လည်ပတ်ဖို့ အဓိက လိုအပ်တဲ့ အရာတွေထဲမှာ လေ လည်းပါဝင်တာမို့ ဒီလေပိုက်တွေ သေချာမတပ်ဆင်ထားလို့ ကားမောင်းရင်း ပြုတ်ထွက်သွားတာ၊ ဆွေးမြေ့နေတဲ့ လေပိုက်အက်ကြောင်းတွေကနေတဆင့် လေတွေဝင်နေတာကြောင့် အင်ဂျင်ရဲ့ ဆီနဲ့လေ အချိုးမမှန်မှုတွေ ဖြစ်ပေါ်လာစေပြီး ကားအင်ဂျင်တုန်ခါမှုကို ဖြစ်လာစေပါတယ်။
(5) အင်ဂျင်မောင်းတိန်းတွေ မကောင်းတာ
ပုံမှန်အားဖြင့် ကားအင်ဂျင်တိုင်းမှာ အင်ဂျင်မောင်းတိန်း အနည်းဆုံး ၂ခု ကနေ ၃ ခု ၄ခုထိပါတတ်ပါတယ်။
ဒီကောင်တွေရဲ့ အဓီကလုပ်ဆောင်ချက်က အင်ဂျင်ကို ကားဘော်ဒီမှာ အသေတပ်ဆင်တာမျိုး မလုပ်ဘဲ လိုအပ်သလောက် အတိမ်းအစောင်း လှုပ်နိုင်ခါနိုင်အောင် ထိန်းထားပေးတာပါ။
အင်ဂျင်နဲ့ ဘောဒီကို တွဲဖက်ပေးထားတဲ့ ဒီကောင်တွေ တလုံးလုံး ပျက်ပြီဆိုရင်၊ မောင်းတိန်းဆွေ အားပျော့လာပြီး အင်ဂျင်ဟာ သိသိသာသာ တုန်ခါပါတယ်။
(6) Mass Air Flow Sensor ( MAF) တွေ မကောင်းတာ
MAF Sensors တွေ ချေးကပ်ပြီး၊ ချို့ယွင်းပြီး အလုပ်လုပ်တာ မမှန်တော့ဘူးဆိုရင် ECMကိုပို့ပေးတဲ့ အချက်အလတ်တွေ မှားယွင်းကုန်ပြီး ဆီနဲ့လေ အချိုးတွေ မမှန်တော့ပါဘူး။ ဒီမှာ အင်ဂျင် တုန်ခါတွေ ဖြစ်ကုန်ပါတော့တယ်။
(7) Injectors တွေ မကောင်းတာ
Fuel Injectors ( Petro Engine) နဲ့ Nozzle ( Diesel Engine) တွေ ချေးပိတ်ဆို့တာ ၊ ကာဗွန်ဂျိုးတက်တာတွေ ဖြစ်ပြီး ကားအင်ဂျင်လည်ပတ်မှု ဖြစ်စဥ်ကို အနှောက်အယှက်ပေးတာမို့ ကားအင်ဂျင် တုန်ခါမှုကို ဖြစ်စေတာပါ။
(8) Timing Belt ကြိုးတွေ ချော်တာ၊ ပွန်းစားကုန်တာ
Timing Belt ကြိုးတွေ ပွန်းစားပြီး Timing အသွားအလာကျော်တာ၊ တိုင်ပင်ချော်တာတွေကြောင့် ကားအင်ဂျင် တုန်ခါမှုတွေကို ဖြစ်စေနိုင်ပါတယ်။
ကဲ သင်ရော ကားအင်ဂျင် တုန်ခါတဲ့ ပြသနာမျိုး ကြုံဖူးပြီလား။
သင့်ကားရော ဘယ်အချက်တွေနဲ့ ကားအင်ဂျင် တုန်ခါမှုတွေကို ကြုံတွေ့ဖူးကြသလဲ။
Credit-Auto Power
မူရင်းရေးသားသူအားလေးစားစွာcreditပေးပါသည်
ဗဟုသုတ ရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
18/07/2025
# 21.7.2025.နေ့ တန်းခွဲ သစ် စပါပြီရှင့်
# ကြိုတင် စာရင်းပေးသင်တန်း အပ်နိုင်ပြီ
အမြဲတမ်း D မှာထားပြီးကားမောင်းနေကြတဲ့ မိတ်ဆွေတွေ အတွက် ၊မျဖစ္မေန ဖတ်သင့်သော
အော်တိုဂီယာအကြောင်း
********************
ကီလို 100 ကျော်နေရင် အရွိန္ကိုO/D
နဲ့လျှော့ပါ ကီလို60/70 ဆိုရင် အရွိန္ကို2နဲ့လျှော့ပါ Lကတော့ဝိတ်နဲ့အမြင့်တတ်ရင်သုံးပါ...
[ " ကီလို-၁၀၀-အေးဆေးပါ------ဒါပေမယ့်--၁-စက္ကန့်မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါ-" ]
၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ-ကားတစ္စီးဟာ-ဘေးကင်းစွာရပ်တန့်သွားမှာပါ-
ကားရဲ့လားရာအမွန္ကို-လက်ကိုင်ဂွေကို-ထိန်းချုပ်လို့တစ်မျိုး--ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်-
အဓိက-ပြောပြချင်တာကတော့-ခုခေတ်ပေါ်လူစီး-ကားအားလုံးနီးပါးမြာ-AT/CVT-စနစ်များနဲ့လာတဲ့-အော်တိုဂီယာ-ဖြစ်လို့သွားပါပြီ-
--ယခင်မော်ဒယ်များမှာ-ပါနေကျ--ဂီယာဘုတံကြီးဘေးနားက--အသီးလေးဖြစ်တဲ့--OverDrive- On/Off--ဆိုတဲ့ဖန်ရှင်လေးကို--
အရှိန်-90/100km--လောက်နဲ့မောင်းနေရင်း--လမ်းရဲ့-curve--တွေ-band ---တွေကိုရောက်လာတဲ့အခါ--ဘရိတ်ကိုအရင်မဖမ်းပဲ--
-O/D --On-Off--ဖန်ရှင်ဘုလေးကို-ဖွင့်လိုက်ပိတ်လိုက်ကစားပြီးမောင်းတတ်ဘို့-ကိုလည်းလက်တွေ့ပြောပြလိုက်ပါတယ်--
-P-နဲ့-R--ကိုထိုးဘို့နှိပ်လိုက်ရတဲ့ဘုအကြီးမဟုတ်ပါ---ဒါနဲ့မမှားပါနဲ့--
အဆိုးဆုံးက-ဒီဘုလေးအလုပ်လုပ်ပုံကိုဘာမှန်းမသိ-ညာမှန်းမသိပဲ--ကိုင်လို့ကောင်း-ကြည့်လို့ကောင်းအောင်--အလှအပအစွပ်တွေစွပ်လိုက်တာဟာလည်း-
စနစ်တကျမောင်းဘို့ကိုသင်ပေးလို့မရတော့ပါဘူး--တတ်နိုင်ရင်လက်ကိုင်ဂီယာတံကိုဘာမှမစွပ်ပါနဲ့--ဟုတ်တယ်ဟုတ်-
ဒီ-ဘုလေး-အဖွင့်အပိတ်ကို--ကီလိုမနဲမများအရှိန်လောက်ရောက်မှ-စမ်းကြည့်ရင်-
သူ့ရဲ့အလုပ်လုပ်ပုံကသိသာစွာတွေ့ရပါတယ်--မြို့ထဲနှေးနှေးမောင်းနေတဲ့အချိန်မျိုးမှာတော့--ထူးခြားတာတွေ့ရမှာမဟုတ်ပါ---
ဟိုက်ဝေးလမ်းကြောင်းပေါ်မှာ--ကီလို-မနဲမများနဲ့----၉၀-၁၀၀-ကျော်ကျော်လောက်မောင်းနေရင်း--စောစောကပြောပြတဲ့-ဂီယာတံလက်ကိုင်ကြီးအောက်နားက-
ဘေးဘက်မှာရှိတဲ့-ဒီဘုသီးလေးကိုနှိပ်လိုက်ရင်--ဒိုင်ခွက်ထဲမှာ--O/D --On-Off --ဆိုတဲ့လိမ္မော်ရောင်-မီးလေးလင်းလာပါလိမ့်မယ်-
-ဒီအချိန်မှာ--ဒီဖန်ရှင်ကစတင်အလုပ်လုပ်ပါပြီ--
-ကားရဲ့တက္လာတဲ့-Speed--ကို-ကွန်ထရိုးလေးလုပ်လိုက်ပါပြီ--ကား--အရှိန်နှုန်းမြန်လာမှုကို-သတိပေးချုပ်ချယ်လိုက်ပါပြီ-
ဂီယာဘောက်ခေါ်တဲ့ထရန်စမစ်ရှင်းအားကိုးနဲ့အရှိန်အမျိုးမျိုးပြောင်းကာမောင်းနေတဲ့-ကား-အမြန်နှုန်းဟာ-ရုတ်တရက်---စည်း--ကနဲဖြစ်သွားပါပြီ-
-လွတ်လွတ်လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး-နဲ့ပြေးချင်တိုင်းပြေးမနေတော့ပါဘူး--
-ဒီတော့--Over Drive --မဖြစ်အောင်ထိန်းထားပေးတဲ့သဘောလည်းသက်ရောက်သွားပါတယ်--ဒီအချိန်မှာဘရိတ်ကိုလိုအပ်လို့မှေးမယ်-နင်းမယ်ဆိုပါတော့-
အင်ဂျင်ကွန်ထရိုးတစ်ခုက-လိုအပ်သလိုပံ့ပိုးထားလို့--ဘရိတ်အတွက်လည်းအထောက်အကူပြုပါတယ်--
အမြဲတန်း-ဒီဘုလေးကို-နှိပ်ထားပြီးမောင်းရင်လည်းရပါတယ်----ဒိုင်ခွက်ထဲမှာ-လိမ္မော်ရောင်မီးလေးလင်းလာတာကိုမြင်ရပါမယ်---
နိုင်ငံခြားမှာတော့-ဟိုက်ဝေးလမ်းကိုတက်လိုက်ပြီဆိုတာနဲ့အပြီးနှိပ်မောင်းတယ်လို့သိရပါတယ်--သူ့အဓိပါယ်အရလည်း--အိုဗါဒရိုက်--မဖြစ်အောင်လုပ်ထားပေးတယ်ဆိုပါတယ်-
သူတို့ကေတာ့-ဆီလေးနဲနဲပိုစားတာကိုဂရုစိုက်ဘို့မလိုဘူးလေ--ဒီမြာက--ဒါမျိုးကိုလုပ်ဘို့အသာထား--ဆီစားသက်သာအောင်-ဘာဂီယာဖြစ်ဖြစ်-
ဖရီးရိုက်နေတာကိုတွေ့နေရပါတယ်----ဂီယာကွန်ထရိုးမပါပဲလွတ်လွတ်လပ်လပ်ကြီးသွားနေတဲ့ကားဟာအလွန်အန္တရာယ်များပါတယ်--
ကားရပ်ဘို့အတွက်-ဘရိတ်တစ်ခုထဲပဲအားကိုးပြုရတော့မယ်--ဒါဟာမကောင်းပါဘူး--
အိုဗါဒရိုက်ကွန်ထရိုးနဲ့သုံးပြီးကားကိုအရှိန်နဲ့မောင်းနေတဲ့အခါ-
-စည်းစည်းလုံးလုံးနဲ့မောင်းနေတာကိုသိရမယ်---ဒါပေမယ့်--ဆီတော့နဲနဲပိုစားပါမယ်----
လမ်းကွေ့တွေ-အစောင်းတွေရောက်တဲ့အခါ--မြာ--ရုတ်တရက်--အရွိန္မ်ားသြားတာကိုမခံရပါ--OverDrive--ဖြစ်လာမှာကိုတားဆီးပေးထားတာပါ--
နင်းလိုက်ရင်လည်း--စည်းစည်းလုံးလုံးနဲ့ကားကပြေးမယ်-လီဗါကိုလွှတ်လိုက်ရင်လည်း--ကားက--ဂီယာအောက်တစ်ချက်ကိုဆင်းသွားသလို--ငြိမ့်ကနဲ-
ကွန်ထရိုးအငယ်စားလေး-တစ်ခုဝင်သွားကာ-ထိန်းလို့သိမ်းလို့ကောင်းမယ်ပေါ့ဗျာ--ဘရိတ်အားကိုးနဲ့ထင်တိုင်းမမောင်းရပါဘူး--
ကိုယ်မောင်းနိုင်တဲ့အခြေအနေ-လမ်းအခြေအနေများကိုတွက်ဆကာ--ကိုယ်နိုင်တဲ့ကွန်ထရိုးနဲ့ကားကိုမောင်းရပါတယ်ခင်ဗျာ--
[ ဂီယာတံလက်ကိုင်ဘုပေါ်လက်ကလေးတင်--အော်တိုဂီယာလို့-သေဘာမထားပဲ--ဒီ-ဘုသီးလေးကို-လိုအပ်တဲ့အခါ-ဖွင့်လိုက်ပိတ်လိုက်နဲ့မောင်းတတ်ရင်တော့-
အကောင်းဆုံးပေါ့ဗျာ-]
-ကားမောင်းရင်းအပျင်းလည်းပြေတာကိုတွေ့ရမှာပါ--လုပ်စရာအလုပ်တစ်ခုကိုလည်းအမြဲလုပ်ပြီးသားဖြစ်နေတော့--အိပ်ငိုက္လာတဲ့-စိတ်လည်း-
မရှိတော့ဘူးပေါ့--
မောင်းချင်သလိုမောင်း--ကွေ့တွေ-အစောင်းတွေတွေ့တာနဲ့ဘရိတ်ကိုရုတ်တရက်ဖမ်းရင်--ဗဟိုခြါအားတို့--အီနားရှားတို့ဆိုတဲ့သဘောနဲ့ကားကမှောက်တတ်ပါတယ်-
လမ်းကြောင်းလွဲထွက်တတ်ပါတယ်----
မော်တော်ကားရဲ့-ဘရိတ်ဆိုတာ---****ဘီး-၄-ဘီးကိုသာရပ်တန့်စေတဲ့ကိရိယာပါ--****
***ကားတစ်စီးလုံးကိုရပ်တန့်စေတဲ့--အရာ--မဟုတ်ပါ--ဆိုတာကိုလည်း--သိသူအလွန်နည်းပြီး--ဘရိတ်အားကိုးနဲ့မောင်းနေကြသူများနေလို့ပါ--
စောစောကပြောခဲ့တဲ့--အိုဗာဒရိုက်ကွန်ထရိုးဘုအသေးလေးက--နောက်ပေါ်ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ကားအချို့မှာတော့သီးခြားပါမလာတော့ပါဘူး--
(3- AT--ပဲရှိတဲ့မီနီထရပ်ခွေးဘီလူးအုပ်စုကားများမှာမပါပါ-)
ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ဒီကားမျိုးမှာတော့---D-နဲ့-ကပ်လျက်နေရာမှာ--S--ဆိုပြီးရေးထားပါတယ်--အရှိန်များလာရင်--စောစောကပြောထားတဲ့-ဘုသီးလေးကိုနှိပ်သကဲ့သို့---သဘောထားပြီး-
ဂီယာတံကို-D--နေရာမှ--S--နေရာကို-ရဲရဲတင်းတင်းပြောင်းလိုက်ပါ---ကားအရွိန္က-စနစ်တကျလျော့ကျသွားတာကိုတွေ့ရပါမယ်--ရိုးရိုး-AT-ဂီယာတံက-2-ကိုပြောင်းလိုက်သလိုပါပဲ-
ဒါလည်း--အိုဗါဒရိုက္ကြန္ထရိုးပါပဲ--မိမိထိန်းသိမ်းနိုင်တဲ့အရှိန်ကိုပြန်ရတော့မှ-D-ကိုပြန်ထားလိုက်ပါ--မြေပြန့်လိုခရီးဝေးသွားရင်-
ဒီလောက်တော့-ကွန်ထရိုးအသီးသီးလုပ်နိုင်ရပါမယ်---ကျန်တဲ့-ဂီယာ-နေရာပြ-2-တို့--L--တို့အကြောင်းကတော့--သာမာန်မောင်းမယ့်သူများအတွက်-နေပြည်တော်လိုမြေပြန့်လမ်းအတွက်-
သုံးစရာမလိုပါ---တောင်ပေါ်/မြေပြန့်-တက်လိုက်ဆင်းလိုက်လုပ်တဲ့အခါမှသုံးရမှာမို့-ခုတော့ရှင်းမပြသေးပါဘူး--ခုပြောနေတဲ့ခေါင်းစဉ်နဲ့မဆိုင်လို့ပါ-
ခုလိုအခါမျိုးခရီးသွားရာသီရောက်လာတာနဲ့အမျှ-အမြန်လမ်းအသီးသီးမှာ-ကားမျိုးစုံ-က-မိုင်နာ-ရော-မေဂျာရော-အက်ဆီးဒင့်ခဏ-ခဏဖြစ်နေကြတာကိုလည်း-
တွေ့နေ-မြင်နေရတော့-ဖြေဖျောက်ဘို့လည်းမလွယ်-မကျြစိထဲတဝဲဝဲလညျလညျ-မြင်ရအားကြီးလို့--မျက်စိနောက်-နားငြီးအောင်သတိပေးစကားပြောကြားနေရတာပါ-
ထပ်မံပြီး-ခု-ဆက်တိုက်ရောက်ရှိလာတဲ့ခေတ်မီကားများအကြောင်းထဲက--ခေတ်မီကိရိယာကွန်ထရိုးများအကြောင်းလည်းပြောပြချင်ပါတယ်-
ဘရိတ်စနစ်များကလည်း--ABS--ဆိုတဲ့--Anti Locked Braking System---များပါလာကြပါတယ်----
ဘရိတ်စနစ်ကိုစပြောပါ့မယ်----ဘရိတ်ဖမ်းလိုက်တဲ့ပုံစံကို-ဘီးကို-လော့ချလိုက်တယ်ပေါ့--ဘရိတ္ကို-လွှတ်လိုက်တယ်ဆိုပါတော့--လော့မချလိုက်တော့ဘူးပေါ့-
ကဲ--အန်တီလော့ဘရိတ်စနစ်ဆိုတာ-ဘာကိုလဲဆိုတော့--ဘရိတ်ကိုရုတ်တရက်-လော့ချလိုက်တာကနေ-ခဏပြန်လွှတ်---ပြီးမှ-တစ်ဘီးချင်းစီကို-
လည်ပတ်နှုန်းမြန်အရ--ဖိအားကိုစနစ်တကျတွက်ချက်လွှတ်ပေးလို့-ဘရိတ်အမိညင်သာသွားပါတယ်-အင်မတန်မြန်တဲ့အချိန်လေးအတွင်းမှာ-ကွန်ပြူတာအာရုံခံ
စနစ္မ်ားက-ဘရိတ္ဘူစတာ-ကိရိယာကတစ်ဆင့်-ဘီးတစ်ဘီးချင်းစီရဲ့-ဟိုက်ဒရောလစ်ပိုက်-အသီးသီးကိုသက်ဆိုင်ရာရှိသင့်တဲ့ဖိအားအလိုက်တွက်ချက်လွှတ်လိုက်ပါပြီ-
ကားတစ်စီးတည့်တည့်မတ်မတ်သွားနေတဲ့ဖြစ်စဉ်တစ်ခုအတွင်းမှာသာ-ဘီး-လေးဘီးကအညီအမျှလည်ပေးပါတယ်--ဒီအချိန်မျိုးမှာ-ဘီး-၄-ဘီးရဲ့-ဘရိတ်ကိုတော့-
အညီအမျှဖမ်းပေးပါလိမ့်မယ်--ဒီအခြေအနေနဲ့-ဒက္စေတာ့-ဆိုတဲ့-တစ်ချက်ကောင်းအမြန်ဖမ်းခဲ့ရင်-ယခင်ကားဟောင်းများအတွက်စနစ်ဟောင်းနဲ့ဆိုပါက-
ကျွိ-အိ-အိ-ဗျိ---ဆိုတဲ့--လမ်းနဲ့တာယာပွတ်သံကျိမ်းသေထွက်မှာပါ---
လမ်းမှာလည်းမြင်မကောင်း--အောင်--တာယာပွတ်သွားတဲ့လမ်းကြောင်းဟာလည်း-မြွေလိမ်-မြွေကောက်-သဏ္တန်ကျန်ခဲ့မှာပါ--
ကားရပ်သွားပေမယ့်-အိနြေ္ဒပျက်ပါတယ်----ဘရိတ်မိပြီးချိန်-တာယာအားလုံးရပ်ပြီးချိန်ရောက်မှ-ဘရိတ်ဒရွတ်ဆွဲလိုက်တဲ့-အရှိန်နဲ့-ရှေ့က -Object-တစ္ခုခုကို
သွားတိုက်ပါလိမ့်မယ်---ဒီအချိန်မှာကားဟာ-ဘီးတတ်ထားတယ်ဆိုသောငြားလည်း--ဘီးတွေအားလုံးရပ်လျက်အနေထားနဲ့ဖြစ်ကုန်လို့-
-အရာဝတ္တုတုံးကြီးတစ်ခုလိုဖြစ်သွားပြီး--အီနားရှားသဘောနဲ့ရွေ့မြဲရွေ့နေလိုတဲ့သဘောရှိနေလို့----လမ်းနဲ့-ဘီးရပ်လျက်အနေထားတို့ရဲ့-ပွတ်မှုအနေထားဖြစ်စဉ်များအရ-
တစ်နည်းအားဖြင့်--ဘရိတ်ဖမ်းလိုက်တော့မှ-လမ်းဘေးကိုထိုးကျသွားတာတို့--ရှေ့ကားကိုလွဲသွားပေမယ့်--ဘေးကကျော်တက်လာတဲ့ကားနဲ့-တွေ့သွားကြတာတို့
ဖြစ်ကြရပါတယ်--တစ်နည်းအားဖြင့်-ဘရိတ်အမိကြမ်းခဲ့လို့--ဒရွတ်ဆွဲသွားတဲ့ပြသနာဆိုးကျိုးတစ်ခုပေါ့ဗျာ--ဘီးမလည်တော့-ကားရဲ့လားရာကိုကွန်ထရိုးမလုပ်နိုင်တော့ပါဘူး-
ကွန်ထရိုးမလုပ်နိုင်တဲ့သဘောတရားများကိုပြောပြရရင်--ရှင်းလေရှုပ်လေတော့နဲနဲဖြစ်ပါမယ်-ခုပြောမယ့်သဘောတရားများကို-ဂရုတစ်စိုက်-တော့ရှိလိုက်ပါ-
ကားများမှာရှိတဲ့တာယာပန်းအားလုံးဟာတစ်ပြေးတည်းအထူအပါး-ပုံစံဒီဇိုင်းမရှိနိုင်ပါ--
ဘီးတစ်ဘီးချင်းစီရဲ့ထိတွေ့နေတဲ့-လမ်းမျက်နှာပြင်-အနုအကြမ်းလည်း--မတူနိုင်ပါ--
ဒီတော့-ပွတ်မှုသဘောတရားအရ-
-တာယာမျက်နှာပြင်ကြမ်းနဲ့-လမ်းမျက်နှာပြင်ကြမ်း---ထိတွေ့ပုံကတစ်မျိုး---
-တာယာနုနဲ့-လမ်းမျက်နှာပြင်ကြမ်း-ထိတွေ့ပုံကတစ်မျိုး-
တာယာနုနဲ့လမ်းချောချောက-ထိတွေ့ပုံကတစ်မျိုး-
တာယာကြမ်းနဲ့-လမ်းမျက်နှာပြင်နုနုထိတွေ့ပုံကတစ်မျိုး---ဆိုတဲ့အခြေအနေအမျိုးမျိုးအလိုက်-ဘီးတဘီးချင်းစီရဲ့ဘရိတ်မိပုံမတူနိုင်ပါ--
ဒါကြောင့်လမ်းမှာ--ဘရိတ်ဒရွတ်ဆွဲကြောင်းများက--ရထားသံလမ်းလိုမျဉ်းပြိုင်အနေအထားဘယ်တော့မှမရှိနိုင်တော့ပဲ--မြွေလိမ်မြွေကောက်သဏ္တန်ကျန်ခဲ့တာပေါ့ဗျာ-
ယခင်ကားများက--ပါစကယ်ရဲ့-ဖိအားဆပွားနိယာမကိုအခြေခံထားတဲ့-ဟိုက်ဒရောလစ်ဘရိတ်ပါ--ကောင်းသထက်ကောင်းအောင်-ဘရိတ်ကိုမိသထက်မိအောင်-
ပတ်ဝန်းကျင်လေထုအက်တမောစဖီးယားကိုထပ်မံစေခိုင်းဘို့--ဒူရိုဆာဗိုဘရိတ်ဆိုတဲ့စနစ်ကိုလည်းထွင်ခဲ့ကြပြန်တယ်---ဆာဗိုဆိုတဲ့အတိုကောက်ခေါ်တဲ့စနစ်ကို
မှတ်မိကြမှာပါ--နာမည်ကြီး--တိုယိုတာဟိုင်းလပ်--ဒိုင်နာတို့ဆိုတာ--ဘရိတ်အားကိုးနဲ့မောင်းလာကြတဲ့လိုင်းကားများပါ---
ဒါပေမယ့်သူတို့ကားများမှာဘရိတ်ဒရွတ်ဆွဲသွားတယ်ပဲထား--ဘေ့စစ်အခြေခံဆိုတဲ့ကားမောင်းတဲ့နည်းပညာကိုညက်ညက်ညောညောနောကျေနေတဲ့-
ကားမောင်းသူများဆိုတော့---ဘရိတ်ကိုဒီအတိုင်းမဖမ်း--တစ်ဆင့်နိမ့်-ဂီယာဒေါင်းပြီးမှဖမ်းတတ်တဲ့ကောင်းမွန်တဲ့အမူအကျင့်လေးများကိုလည်း-
မူလလက်ဟောင်းဒရိုင်ဗာကြီးများက-အလေ့အကျင့်လုပ်ထားကြပါတယ်---ဒီတော့--ရောက်ရှိဂီယာမှတစ်ဆင့်နိမ့်ဂီယာကိုဒေါင်းလိုက်တဲ့အခြေအနေကိုကြည့်လိုက်တော့--
အင်တီလော့ပါပဲ---အတားအဆီးတွေ့ရင်ရုတ်တရက်ဘရိတ်နဲ့ခဏမှေးလိုက်တယ်-ပြီးရင်အမြန်ဆုံးဂီယာကို-အောက်တစ်ဆင့်ဂီယာသို့-
လီဗါပုတ်ဒေါင်း-ပြီးမှ-ဘရိတ်ကိုအပိုင်ဖမ်းကြပါတယ်-
တစ်ချို့လူများသတိထားမိကြမှာပါ--ကားက-ရုတ်တရက်စက်သံဆူတက်လာပြီး--မြန်နှုန်းက-စည်းစည်းလုံးလုံးကျသွားပါတယ်---တစ်နည်းအားဖြင့်-အတိုင်းအတာတစ်ခုညင်သာပါတယ်-
ဘီးလေးဘီးကိုဘရိတ်ရှုးနဲ့မဖမ်းပဲ-ကားအင်ဂျင်ကွန်ပရက်ရှင်းနဲ့ပြန်လည်ဖမ်းပေးလိုက်တဲ့သဘောပါ--ဒါမှကားတစ်စီးလုံးကိုဘီးအရင်မရပ်စေပဲ-တဖြေးဖြေးချင်းရပ်ပေးမှာပါ-
ခုခေတ်ပေါ်ကားများရဲ့အင်န်တီလော့ဘရိတ်စနစ်ကဘီးအားလုံးကိုအညီအမျှအပိုင်ချက်ချင်းဖမ်းမပေးပါဘူး-
-ဖိလိုက်ပြီးမှနဲနဲချင်းပြန်လွှတ်လိုက်-လိုသလောက်ပြန်ဖမ်းပေးလိုက်-
ဆိုတဲ့အလုပ္ကို--ကွန်ပြူတာအာရုံခံနဲ့ချိန်ညှိလွှတ်နေပါတယ်--ကားအောက်ပိုင်းလုပ်တဲ့အခါဘီးများကိုသေချာစွာလေ့လာလိုက်ပါ-
ဘီးများလည်တဲ့နေရာများမှာအင်န်တီလော့ဘရိတ်အတွက်ဘီးလည်ပတ်မှုအရေအတွက်ကိုတွက်ပေးတဲ့-ပွိုင့်လေးများ--ဆင်ဆာများ-ဆော့ကက်များ-ကိုတွေ့ကြရမှာပါ-
ဒီသေဘာတရားကိုမသိတဲ့-အောက်ပိုင်းဆရာများ-အောက်ပိုင်းလုပ်လိုက်တဲ့ကားများကို-ပြန်တတ်ပေးဘို့-ဟိုဆော့ကက်ကျန်-ဟို-ဝါယာကျန်ခဲ့လို့-
အောက်ပိုင်းပြင်လိုက်ခါမှဘရိတ်စနစ်မကောင်းဖြစ်သွားရတဲ့ကားများနဲ့လည်းကြုံခဲ့ဘူးပါတယ်--အနဲဆုံး-ဒိုင်ခွက်ထဲမှာ--ABS--ဆိုတဲ့မီးနီလင်းပြလာလိမ့်မယ်-
ဒါကိုလည်း--AirBag--နဲ့ထပ်ပြီးအမှတ်မမှားနဲ့---
ABS-ကြန္ထရိုးက-နဲနဲလည်တဲ့ဘီးကို-နဲနဲပဲညှစ်--များများလည်တဲ့ဘီးကိုများများညှစ်-
မနဲမများလည်တဲ့ဘီးကိုမနဲမများညှစ်--တတ်နိုင်သလောက်-ဘရိတ်အမိကြမ်းလို့ဘီးတွေဒရွတ်ဆွဲမသွားအောင်သေချာချိန်ညှိဖမ်းကြကွာ-
ဆိုပြီးအမိန့်ပေးနေလို့-မိတော့မိတယ်-အမိမကြမ်းတော့ဘူး---ဒီတော့-ဘရိတ်-ဒရွတ်ဆွဲသံတွေလည်းမကြားရသလောက်ပါပဲ--
ဒါကိုမီးပွိုင့်မှာမီးဝါမိလို့မလွတ်တလွတ်ဖြစ်သွားတဲ့ကားများရပ်
သွားတဲ့ကားများရပ်သွားတဲ့ပုံကိုကြည့်လိုက်ရင်---ကားတော့ရပ်သွားတယ်--ဘရိတ်ဒရွတ်ကြောင်းလည်းမရှိ-အသံလည်း
မကြားရသလောက်ပါပဲ--မီးပွိုင့်မှာငြိမ့်ခနဲတော့ထိုးထိုးရပ်သွားပါတယ်--
ဒါပေမယ့်--နဲနဲလေးမမိတမိနဲ့-ဒက္စေတာ့ဆိုတာမျဖစ္လို့--ရှေ့ကားနောက်ပိုင်းလေးများကို-Kiss me quick--သွားလုပ်ကြတော့-ခဏ-ခဏမြင်မိပါတယ်--
တက်စီလုပ်ဆွဲစားနေကြတဲ့--ပရိုဘောက်-၁၀-စီးမြာ-၈-စီးလောက်--နောက်ဖက်အဖုံးလေးတွေပိန်ချိုင့်နေကြကိုမြင်ကြရမှာပါ-ဒါဟာလည်းသက်သေတစ်မျိုးပါပဲ-
ဒီပုံလေးတစ်ပုံလည်းကြုံလို့တင်ထားပေးလိုက်တယ်---ဒီတော့အပြင်မှာအတွေ့အကြုံအရလူပြောများနေတဲ့အပြောကိုနားထောင်ကြည့်ပါအုံး--
အော်တိုဂီယာတွေရဲ့ဘရိတ်က--ရိုးရိုးဂီယာလောက်အမိမကောင်းဘူးတဲ့--
ဒါကြောင့်အော်တိုဂီယာတွေက-အက်ဆီးဒင့်ပိုအဖြစ်များတာတဲ့----
ဒါဟာအမှားမှတ်-အမှတ်မှားနေကြတာပါ---ရိုးရိုးဂီယာနဲ့လာလာ-အော်တိုဂီယာနဲ့လာလာ-ဘရိတ်စနစ်ကတော့အများအားဖြင့်-ABS--ဆိုတဲ့ဘရိတ်စနစ်ဖြစ်လို့သွားပါပြီ-
ဘယ်သူကပိုကောင်းတယ်မရှိတော့ပါဘူး--ဒါပေမယ့်-အော်တိုဂီယာမှာ--AT ---CVT--ဆိုပြီးထပ်ကွန့်ထားပါတယ်--AT-ဂီယာနဲ့ကားများက-ဂီယာတစ်ခုနဲ့တစ်ခုအကူး
အပြောင်းမှာကြန့်ကြာချိန်လေးမဆိုသလောက်ရှိပါတယ်---ယခင်-မတ်တူးလိုကားမျိုးမှာစထွက်ထွက်ချင်း--ကလပ်ချော်နေသလို--ဖြစ်နေတတ်ပါတယ်-
ဂီယာချိန်းရင်လည်း--စက်သံပြောင်းနေတဲ့အသံကိုသိသာစွာကြားရတတ်ပါတယ်---
CVT--တတ္ထားတဲ့--ဘယ်လ်တာ--ဗစ်ဇ်လိုကားလေးတွေမှာတော့--Continuously Variable Transmission--ဆိုတဲ့အဓိပါယ်အတိုင်း--စထြက္ကထဲက-ကားက
ငေါက်ကနဲစထွက်ပေးပါတယ်--ဂီယာချိန်းသွားရင်လည်း-ဆက်တိုက်မသိမသာချိန်းသွားလို့--ဆီစားသက်သာတာ--အထကောင်းတာ-ကိုလက်တွေ့မြင်ရပါတယ်-
ယခင်က-ရိုးရိုးဂီယာ-တတ္ကားမ်ားက-အထနှေးပါတယ်---အရှိန်ရလာလို့နောက်ဆုံးဂီယာနဲ့မောင်းတယ်ထား--လီဗါကိုလွှတ်လိုက်ရင်-ဂီယာကွန်ထရိုးနဲ့မို့-
ကားက-စည်းကနဲရှိနေပေးပါတယ်---ကျွမ်းကျင်မှုအရ-အောက်တဆင့်ဂီယာကိုပြန်ဒေါင်းနိုင်ပါက--ကားက-အရှိန်ထပ်သေသွားပါတယ်-
ယခုအော်တိုဂီယာတွေကတော့-ရိုးရိုးဂီယာကားများထက်အထမြန်သွားပါပြီ--ဒါကလည်းအက်ဆီးဒင့်ပိုဖြစ်စေနိုင်ပါတယ်-
အော်တိုဂီယာကတော့--လီဗါလျှော့လိုက်ရင်အော်တိုကလပ်အလုပ်ကိုလည်းလုပ်ပေးနေပါတယ်--လိုအပ်တဲ့ဂီယာကိုအလိုအလျောက်ချိန်းပေးဘို့အတွက်ပါ-
ဒီတော့-လီဗါလျှော့လိုက်တဲ့အခါ-ခေတ္တဖရီးသဘောမျိုးတော့ဖြစ်သွားပါတယ်--ဒီတော့ဘရိတ်ဖမ်းတဲ့အချိန်မှာရိုးရိုးဂီယာလောက်အမိမပိုင်ဘူးထင်ရလို့ပါ--
ဒါကတော့အထင်ပါ--ဘရိတ္က-ဘရိတ်အလုပ်ကိုပိုင်နိုင်စွာလုပ်ပေးပါတယ်--စိတ်ထင်လို့ပါ---
ဒီတော့ရိုးရိုးဂီယာလိုဘရိတ်ပိုမိအောင်ဖမ်းချင်ရင်--ရိုးရိုးAT--ဆို-D-မှာမောင်းနေရင်း- 2-ကို-ရဲရဲတင်းတင်းပြောင်းပြီးမှဘရိတ်ဖမ်းကြည့်ပါ-
ဂီယာဒေါင်းပြီးဘရိတ်ဖမ်းလိုက်တဲ့သဘောကိုတွေ့ပါလိမ့်မယ်-
ဇစ်ဇက်ဂီယာဆိုရင်တော့--D-မြ-S--ကိုပြောင်းပြီးမှဘရိတ်ဖမ်းလိုက်ပါ----စိတ်ချလက်ချပြန်မောင်းတော့မှ-D--ကိုပြန်ပို့ပြီးမောင်းလိုက်ပေါ့---
ခေတ်ပေါ်ကားများနဲ့ပတ်သက်လို့-မြန်နှုန်းမြင့်မောင်းကြတဲ့အခါမျိုးမှာ--အော်တိုဂီယာ-ဆိုပြီး--အမြဲတန်း--D-နဲ့တောက်လျှောက်မမောင်းသင့်ပါဘူး-
အိုဗာစပိဖြစ်လာလို့-အချိန်မီပြန်ထိမ်းသိမ်းချင်ရင်---OD/OnOff---တို့---D-မြ-2--နေရာသို့-----D-မြ-S-နေရာသို့ခေတ္တပြောင်းပြီးမောင်းသင့်ပါကြောင်း--
ဒီလိုနည်းစနစ်များကိုလည်း---ကြိုတင်ခါ-ဇာတ်တိုက်လေ့ကျင့်ထားကြရင်ဖြင့်-----
၁-စက္ကန့်မှာ--၈၈-ပေ-သွားနေတဲ့ကားအလျင်ကို--အန္တရာယ်အတွင်းမှအချိန်မီထိမ်းချုပ်နိုင်မှာဖြစ်တဲ့အကြောင်း---
မိတ်ဆွေတို့ကို-ယာဉ်အန္တရာယ်--လမ်းအန္တရာယ်ကင်းရှင်းစေဘို့----နည်းလမ်းကောင်းလေးညွှန်ပြလိုက်ပါတယ်---
ကိုသက်-
Credit: Kothet Win
မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။
06/05/2025
# သက်တောင့်သက်သာ နှင့် လွယ်ကူမြန်ဆန်ပြီး အိမ်အရောက် အကြိုပို့ စနစ်ဖြင့် လိုင်စင် ဝန်ဆောင်မှူ့လဲ ရှိပါတယ်
# အခြေခံ မှစ၍ လမ်းမတွေပေါ်မှာ ပိုင်နိုင်ကြွမ်းကျင်စွာမောင်း နိုင်တဲ့အပြင် (သ) သင်မောင်းလိုင်စင် (ခ) လိုင်စင်ရသည်အထိ အိမ်အရောက်ကြို / ပို့ ဖြင့် တာဝန်ယူဆောင်ရွတ်ပေးပါတယ်
# စိတ်ချမ်းချမ်းသာသာနဲ့ ကားမောင်းသင်ချင်ပါသလား?
# အခြေခံမှစ၍ သီအိုရီ နှင့် စနစ်တကျ သင်ခြင်ပါသလား
# မိန်းလမ်းမပေါ် တွေ မောင်းရမှာ ကြောက်နေပါသလား?
# အချိန်မရလို့ ကားမောင်းသင်ရမှာ အခက်ခဲ့ဖြစ်နေပါသလား?
# သင်တန်းဆရာမှ ဆူပူကြိမ်းမောင်းမှာ ကြောက်နေပါသလား?
# လိုင်စင်ဘယ်လိုလုပ်ရမလဲ အခက်တွေ့နေပါသလား?
# စိတ်မပူပါနဲ့ မိတ်ဆွေ TZH ကိုသါ ဆက်သွယ်လိုက်ပါ ပြီပြည့်စုံတဲ့ ဝန်ဆောင်မှူ့တွေ
TZH မှာ အမြဲပေး နေပါတယ်
Call. 09.785592928
Call. 09.959459649
Call. 09.796315837
17/04/2025
#နှစ်သစ်မင်္ဂလာခါသမယတွင် 🙏 ချစ်သောလေးများ ကျန်းမာ ချမ်းသာကျပါစေ 🙏🙏🙏
#ဘေးဘယာဝေးကွာ ကျပါစေ🙏🙏🙏
#ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကျပါစေ 🙏🙏🙏
#ချစ်သောလေးတို့ရေ 1️⃣9️⃣...0️⃣4️⃣...2️⃣0️⃣2️⃣5️⃣ ရက် ""စနေနေ့ "" မှစ၍ အိမ်အရောက် ကြို / ပို့ ကားမောင်းသင်တန်းလေး ပြန်ဖွင့်ပါပြီရှင့် ☺️
27/03/2025
Auto Gear ကားတွေပေါများလာတဲ့ ခေတ်ကြီးမှာ ကားမောင်းနေစဉ် အမှားသေးသေးလေးလုပ်မိရာကနေ မိမိကားကိုပျက်စီးဆုံးရှုံးမှုတွေ အများကြီးဖြစ်ပွားနိုင်တာကို သတိပြုဖို့လိုပါတယ်
မထင်မှတ်ပဲ လုပ္မိတဲ့ အမှားလေးကနေ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်ပွားအောင် Automatic Transmission ကားစီးနင်းနေတဲ့လူကြီးမင်းတို့ လုံးဝ မလုပ်သင့်တဲ့ (၇)ချက် ကိုပြောပြပေးသွားပါမယ်
1ကားကိုမရပ်တန့်ပဲ ဂီယာ (D) မွ ဂီယာ (R) ကို လုံးဝမပြောင်းပါနဲ့။
2ကားမရပ်တန့်သေးခင် Parking Gear ထိုးခြင်းကို ရှောင်ကြဉ်ပါ။
3မီးပွိုင့်တွင် Gear N ထိုးပြီး စောင့်ခြင်းကို လုံးဝ မလုပ်ပါနဲ့။
4ကုန်းဆင်းကို Gear N ဖြင့် လုံးဝ မဆင်းပါနဲ့။
5ကားရပ်တန့်ထားရာမှာ ဂီယာချိန်း၍ လီဗာ အပြင်းနင်းပြီး စထွက်ခြင်းကို ရှောင်ကြဉ်ပါ။
6ဆီကုန်မှတ်နား ကပ်တဲ့ထိ မောင်းနှင်ခြင်းကို လုံးဝမပြုလုပ်ရပါ။
7 ကားအောက်ပိုင်းနှင့် မလွတ်သော ရေထဲကို ဖြတ်မောင်းခြင်းကို ရှောင်ကြဉ်ပါ။
လွယ်ကူရိုးရှင်းသော အချက်လေးတွေမို့
အားလုံးလိုက်နာပြီး မိမိကားမ်ားကို မပျက်စီးအောင်
ဂရုစိုက်နိုင်ကြပါစေ။
20/03/2025
#ဘီးပေါက်လျှင်တိမ်းမမှောက်စေဖို့ဆောင်ရန်၊ရှောင်ရန် အချက်များ
#အဝေးပြေးလမ်းများတွင် ကားတာယာ ရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက် အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။
HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။
အခြားကား များ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။
ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။
ထို့ကြောင့် “ရုတ်တရက် တာယာ ပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။
၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။
တာယာ ပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။
80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။
130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။
၂။ တာယာ ပွင့်စဉ် ဘရိတ်ရုတ်တရက်မနင်းရ။
အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏အလေ့အထနှင့် ဦးနှောက်အယူအဆအရ ကား ရုတ်တရက် တစ်ခုခုချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိတတ်ကြပါသည်။
ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တဘက်သို့ ဆွဲချသွားလိမ့်မည်။
၃။ ရုတ်တရက်အရှိန်မြှင့်ခြေနင်း(လီဗာ)ကိုမလွှတ်ရ။
ကားတာယာ ပွင့်စဉ် မိမိနင်းထားသော လီဗာကို ရုတ်တရက် မလွတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။
လီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။
ပွင့်နေသော တာယာခွေ ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလိုအရှိန်လျော့သွားမည် ဖြစ်ပါသည်။
သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ်ဖွင့်ထားလျှင် အမြန်ပိတ်ပါ။
၄။ ရှေ့တည့်တည့်သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ။
ရှေ့ကားဘီးပွင့်ပါက သင့်ကား ၏ တည်ငြိမ်မှု ကို အပြင်းထိန်ဆုံး ထိခိုက်မည်ဖြစ်ရာ သင့်ကား၏ ဝဲ/ယာသို့ ဆွဲချမည်ဖြစ်သည်။
`ဝဲ´သို့ဆွဲလျှင် `ယာ´ဘက်သို့ စတီယာရင် ချိုးချပါ။ `ယာ´သို့ဆွဲလျှင် `ဝဲ´ဘက် ချိုးချ ပါ။ ဤအလုပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာလုပ်ရန်လိုပါသည်။
သို့မှသာ ကား မှာ လမ်း အတိုင်း တည့်တည့် တရွတ်တိုက် ရွေ့မည်ဖြစ်သည်။
၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာထိန်းရန်
အဓိကအချက်ဖြစ်သော ကား ၏တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။
ရုတ်တရက် အများကြီး စတီယာရင်ချိုးကွေ့မှုသည် ကား ကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ်လိမ့်စေနိုင်သည်။
ကား ကိုထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလိုထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန်ဖြစ်ပါသည်။
၆။ ကား အရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း
ကား ကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။ (Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။
အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ဆင်းပါ။ တာယာ ကျွတ်သွား၍ ကျန်သော ကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်းဆက်မောင်းပါ။
ကား ရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။
#မူရင်းရေးသားသူအားလေးစားစွာcreditပေးပါတယ်
ှာကားမောင်းသင်ပါ
#တစ်ဦးချင်းသီးသန့်ကားမောင်းသင်တန်း
#အိမ်အရောက်ကြိုပို့ကားမောင်းသင်တန်း
☎ 09 785 592 928
📲 09 796 315 837