Hero Preschool

Hero Preschool Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hero Preschool, Education, Yangon.

19/12/2022
One By One Online Learning ClassZoom ClassKG  Preschool☎️09960242225🏡Home Schooling
19/12/2022

One By One Online Learning Class
Zoom Class
KG
Preschool
☎️09960242225
🏡Home Schooling

သငိ့ကလေးကို ဘယ်လို ကလေးမျိုး ဖြစ်စေချင်ပါသလဲ
23/10/2022

သငိ့ကလေးကို ဘယ်လို ကလေးမျိုး ဖြစ်စေချင်ပါသလဲ

Respect To All Teachers
05/10/2022

Respect To All Teachers

Caution!!! 🚫🚫🚫အထူးသတိပေးချက်။ ယခု မြန်မာနိုင်ငံအရုပ်ဈေးကွက် အတွင်းသို့ ကျယ်ကျယ် ပြန့်ပြန့် ဝင်ရောက်လာသည် အရုပ် (characte...
14/09/2022

Caution!!! 🚫🚫🚫
အထူးသတိပေးချက်။

ယခု မြန်မာနိုင်ငံအရုပ်ဈေးကွက် အတွင်းသို့ ကျယ်ကျယ် ပြန့်ပြန့် ဝင်ရောက်လာသည် အရုပ် (character )တစ်ခု ဖြစ်သည့် Huggy Wuggy အရုပ်အား ကလေးများ ဝယ်ယူခြင်း၊ ကြည့်ရှုမှုများ ပြုလုပ်ရန် မသင့်တော်ပါ။

Animated Character တစ်ခုဖြစ်သည့် Huggy Wuuggy သည် horror game တစ်ခု ကို အခြေခံထားပြီး နူးညံ့သိမ်မွေ့သော နာမည် ဖြစ်သည့် Huggy Wuggy အားသုံးထားခြင်းကြောင့် YouTube နှင့် အင်တာနက်များ တွင် ရှိသော Parental controls filters များ အား ‌ကျော်ဖြတ်နိုင်ခဲ့ ပုံရပါသည်။

ထို games တွင် ပါဝင်သော character သည် ကလေးငယ်များအား games ထဲတွင် ဖျား‌ယောင်း၍ စေခိုင်းခြင်းများ၊ နောက်မှ လိုက်၍ ခြောက်လှန့်ခြင်းများ၊ အထီးကျန်နေပါက အဖော်အဖြစ် ဖျားယောင်း၍ နောက်ပိုင်းတွင် ချွန်ထက်သောသွားများကို အသုံးပြု၍ ကိုက်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသော Character မျိုးဖြစ်ပါသည်။

တချို့ ကလေးငယ်များသည် အတုမြင် အတတ်သင် သည့် အတိုင်း character က game ထဲတွင်စေခိုင်းသည့်အတိုင်း တသွေမသိမ်းလိုက်နာကာ မပြုလုပ်သင့်သော အရာများ အား ပြုလုပ်သည်များလဲ ဖြစ်ပေါ်ခဲ့ဖူးပြီဖြစ်ပါသည်။

Beth Buxtonဆိုသူ အမျိုးသမီး၏ သုံးနှစ် အရွယ် သားဖြစ်သူ သည် သူ၏ ဆယ်နှစ်ကျော်အရွယ်ရှိသော အစ်မများနှင့်အတူတူ Huggy Wuuggy အားကြည့်လေ့ရှိရာမှ တရက်တွင် character က game ထဲတွင် ပြောသည့်အတိုင်း အိပ်ခန်း ပြတင်းပေါက်မှ ခုန်ချရန် ကြိုးစားခဲ့ဖူးသည့် အဖြစ်အား Sky News တွင်ဖော်ပြထားဖူးပါသည်။
Character က "သူသေပြီးရင် ပြန်ရှင်လာမယ် " ဟု ပြောခဲ့သည်ကို အဟုတ်ထင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

အမေရိကားနိုင်ငံတွင်ရှိသော ကျောင်းအတော်များများတွင်လဲ အသက် ၁၀ နှစ်အောက် ကလေးငယ်များအား ဤ game အား ကြည့်ရှုခြင်း၊‌ေဆာ့ကစားခြင်း၊အတုယူ၍ playground တွင်ကစားခြင်းများ အား မပြုလုပ်ရန် ဆရာ/ ဆရာမများ အနေနှင့် တားမြစ် မေတ္တာရပ်ခံခြင်းမျိုး များ လဲ ရှိပါသည်။

ထို့ကြောင့် မိမိ၏ သားသမီးငယ်များ အသက်အရွယ်နှင့် မသင့်တော်သော Videos များ သို့ exposure မဖြစ်ရအောင် ကလေးများ ကြည့်သော video များအား မိဘများ အနေဖြင့် စိစစ် စောင့်ကြည့် ထိန်းသိမ်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

THET THET MAR
Core Teacher
#ပညာနေအလင်းonlineEducationforkids

အလိမ်မာ စာမှာရှိ
16/08/2022

အလိမ်မာ စာမှာရှိ

အမေရိကန်နိုင်ငံမှာ
လူမည်းအမျိုးသမီးကြီးတစ်ဦးရှိတယ်။
သူ့မှာ သားနှစ်ယောက်ရှိတယ်။

ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။
ဒါပေမယ့် ပြဿနာမရှိဘူး။
သူကျွေးထားတယ်။
ကျောင်းထားတယ်။
ရှာကျွေးတယ်။
လူမည်းမကြီးက အိမ်အကူအလုပ်လုပ်တယ်။

သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
အချိန်မရဘူး။ သားနှစ်ယောက်ကလဲ
ဆိုးချင်တိုင်းဆိုး ဖြစ်နေကျတာပေါ့။

တစ်နေ့တော့

လူမည်းမကြီး အလုပ်သွားတယ်။
အိမ်ပေါ်အလုပ်ဆိုတော့ ချမ်းသာတဲ့အိမ်တွေကို
သွားပြီးလုပ်ပေးရတာပေါ့။ ပထမဆုံးအိမ်မှာ
သူမ တစ်ခုသတိထားမိလိုက်တယ်။

အိမ်နံရံတွေမှာ စာအုပ်တွေအပြည့်ရှိနေတာပေါ့
သူမတွေးလိုက်တယ်။

" သူတို့တွေများ ချမ်းသာလိုက်တာ
ဖတ်စရာ စာအုပ်တွေမှအများကြီး
ငါတို့မှာတော့ ဆင်းရဲတယ်
ဖတ်စရာစာအုပ် တစ်အုပ်မှမရှိဘူး "

နောက်တစ်အိမ်ရောက်သွားတယ်။
ပထမအိမ်ထက်ချမ်းသာတယ်။
စာအုပ်တွေကလည်း လှေကားတွေမှာပါရှိတယ်။
သူမတွေးပြန်တယ်။

" သူတို့တွေများ ဖတ်နိင်လိုက်ကြတာ
ငါတို့မှာတော့ စာဖတ်ချိန်တောင်မရဘူး "

နောက်တစ်အိမ်ကျတော့
စာအုပ်တွေကပိုများတယ် စာကြည့်ခန်း
စာကြည့်စားပွဲတွေနဲ့ အကျအနပေါ့။

ဒီတစ်ခါတော့ သူမ တစ်မျိုးတွေးတယ်။

" စာဖတ်တာနဲ့ ချမ်းသာတာဟာ
ပတ်သတ်မှု့ ရှိတယ်လား ?
စာများများဖတ်လေ
များများ ချမ်းသာလေသလား " ပေါ့

သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။

" ငါ့သားတို့ မေမေ့ကို ချစ်လား" လို့မေးတယ်။
သားတွေကလည်း "ချစ်ပါတယ်" ပေါ့။

" ဒါဆို အမေ ခိုင်းတဲ့အတိုင်းလုပ် "

သားနှစ်ယောက်ကို
စာကြည့်တိုက်ခေါ်သွားတယ်။
သူတို့နိုင်ငံမှာ စာကြည့်တိုက်တွေက
အကြီးကြီးတွေ။
သူတို့လူမျိုးတွေက စာဖတ်ကြတယ်။
အရမ်းလည်းတိုးတက်ကြတယ်။

စာကြည့်တိုက်မှူးဆီကို
သားနှစ်ယောက်စလုံးကိုအပ် တယ်။
သင့်တော်တဲ့ စာအုပ်တွေပေးဖို့
တောင်းဆိုလိုက်တယ်။

စာကြည့်တိုက်မှူးကလည်း
စိတ်ချလက်ချသာ ထားခဲ့ပေါ့။
အကြီးကောင်ကို ဘာဝါသနာပါလဲမေးတော့

" ကျွန်တော် ကိုယ်အဂ်ါအစိတ်အပိုင်းတွေကို
လေ့လာချင်တယ် "

သူ့ကို ခန္ခာကိုယ်နဲ့ပတ်သတ်တဲ့
စာအုပ်တွေပေးတယ်။ ရောင်စုံကာလာတွေနဲ့
ဆိုတော့ သဘောကျတာပေါ့။
တစ်အုပ်ပြီး တစ်အုပ်ဖတ်တယ်။

အငယ်ကောင်က အင်ဂျင်နီယာဖြစ်ချင်တယ်။
ကားတွေကို ဝါသနာ ပါတယ်တဲ့။
သူ့ကိုလည်း နိုင်ငံမျိုးစုံက ပညာရှင်တွေ
ကားမျိုးစုံအကြောင်း ပေးဖတ်ခိုင်းတယ်။

နှစ်ယောက်စလုံး သဘောကျတာပေါ့။
နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။

ကလေးတွေကို စာဖတ်ခိုင်းရင်
သူတို့ဝါသနာပါတဲ့ အကြောင်းအရာကို
အရင် ဖတ်ခိုင်းမှ စာဖတ်ဝါသနာ
စွဲမြဲလာပေမည်။

ဒီလိုနဲ့

လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ
ကျောင်းစာမှာ တော်လာကြတယ်။ ပြင်ပ
ဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ
ကျဉ်းမြောင်းသွားတယ်။

အထူးအထွေ မှတ်စရာမလိုတော့ဘူး။
အတန်းထဲမှာ ပထမဖြစ်လာတယ်။

ကျွန်တော်တို့နိုင်ငံက မိဘတွေဟာ
ဗဟုသုတစာပေဖတ်ရင် ကျောင်းစာ
နောက်ကျတယ်လို့ ထင်ကြတယ်။
တကယ်တော့ ဘယ်လိုစာအုပ်စာပေမျိုး
ဖတ်လေလေ ကျောင်းစာကို
မှတ်ရလွယ်ကူလေပါပဲ။

လူမည်းမကြီးက
သူ့သားနှစ်ယောက်ကိုမှာထားတယ်။
" သားတို့ဖတ်ခဲ့တဲ့ စာအုပ်တွေ
အကြောင်းကို အိမ်ပြန်ရောက်တော့
အမေ့ကို ပြန်ရေးပြရမယ် " ပေါ့

သားတွေကလည်း နေ့တိုင်းရေးပေးကျတယ်။
သူ့သားနှစ်ယောက်စလုံး ပညာတတ်တွေ
ဖြစ်သွားတယ်။
အကြီးကောင်က ဆရာဝန်ဖြစ်သွားတယ်။
အငယ်ကောင်က အင်ဂျင်နီယာပေါ့။

ခရစ်စမတ်နေ့
သူ့တို့သားအမိသုံးယောက် ဆုံကြတယ်။
အငယ်ကောင်က မိခင်ကိုမေးလိုက်တယ်။

" သားတို့ငယ်ငယ်က
အမေစာတွေ ပြန်ရေးခိုင်းပီး
ဘာလို့ မဝေဖန်တာလည်းအမေ "

အမေဖြစ်သူက ထိုင်ရာမှထသွားပြီး
အဝတ်သေတ္တာထဲက လက်ကိုင်ပဝါနဲ့
ထုတ်ထားတဲ့ စာရွက်တွေယူလာတယ်။

" ဒီမှာ သားတို့ရေးထားတဲ့ စာရွက်တွေ
အမေ အမြတ်တနိုးသိမ်းထားပါတယ် "

ပြောပြီး သားနှစ်ယောက်ကိုပြလိုက်တယ်။

" မဝေဖန်ဘူးဆိုတာက
အမေမှ စာမဖတ်တတ်တာ
သားတို့ ရေးထားတာလေးတွေ
မြင်ရယုံသက်သက်ဘဲ
အမေသိမ်းထားတာပါ သားတို့ရယ် "
မျက်ရည်ဝဲပြီး ပြောရှာတာပေါ့။

မိဘဆိုတာ သားသမီးကို
စေတနာထားကြတာချည်းပါ။

ဒါပေမယ့် စေတနာတော့မလွဲကြပါစေနဲ့။

တချို့

ငွေနောက်ကိုလိုက်ပီး
သားသမီးကို ဂရုမစိုက်နိုင်တာတွေ

ချုပ်ချယ်မူ့များစွာနဲ့ အိမ်တွင်း
ချည်နောင်ထားတာတွေ

အလိုလိုက်လွန်းပြီး ပြောဆိုမရတော့တာတွေ

အားလုံးဟာ မိဘတွေပေါ်ဘဲမူတည်တာပါ။

စာပေနဲ့ နီးအောင်ထားရင် သားသမီးတွေ
အောင်မြင်လာမှာပါ။

အနည်းဆုံးတော့ ယဉ်ကျေးလိမ္မာတဲ့
သူတွေဖြစ်လာမှာတော့ သေချာပါတယ်။

ယနေ့ခေတ် မိဘဝတ္တရားထဲမှာ

" သားသမီးကို
စာကြည့်တိုက် နဲ့ နီးအောင်
ဖန်တီးပေးပါလို့ "

အကြံပြုချင်ပါတယ်။

Credit ~ အိမ့်အိမ့်အောင်

Emotional Cup
12/08/2022

Emotional Cup

Parents are the First Teachers
31/07/2022

Parents are the First Teachers

ADHD ဖြစ်စေသော အကြောင်းအရင်း
20/07/2022

ADHD ဖြစ်စေသော အကြောင်းအရင်း

ADHD ဖြစ်စေသော အကြောင်းများ ❗

အာရုံစူးစိုက်မှုနည်း၍ တက်ကြွလွန်းခြင်း(ADHD) သည် ယခုအခါ အဖြစ်များလာသည်ကို တွေ့ရသည်။ ကလေးငယ်များတွင် ADHD ရှိပါက စောစီးစွာ သိရှိပြီး ထိရောက်သော ကုထုံးများ ပေးရန်လိုသည်။ 👶

ADHD သည် မျိုးရိုးလိုက်ခြင်းကြောင့် အဖြစ်များပြီး ခဲသတ္တုများကို ထိတွေ့မိပါကလည်း ဖြစ်စေနိုင်သည်ဟုဆိုသည်။ 🧬
ADHD ဖြစ်နိုင်ခြေသည် ကိုယ်၀န်ဆောင်ချိန် မိခင်ကျန်းမာရေးနှင့် အမူအကျင့်များပေါ်တွင်လည်း များစွာမူတည်သည်။🤰🏼

၂၀၀၈ ခုနှစ်တွင် ပြုလုပ်ထားသော လေ့လာချက်အရ ကိုယ်၀န်ဆောင်ချိန်တွင် မိခင်ဆေးလိပ်သောက်ပါက မွေးလာသော ကလေးတွင် ADHD ပိုဖြစ်နိုင်ကြောင်း တွေ့ရသည်။ ထို့အတူ ကိုယ်၀န်ဆောင်ချိန်မိခင် အရက်သောက်ခြင်း သည်လည်း မွေးလာသောကလေးတွင် ADHD ပိုဖြစ်စေနိုင်သည်ဟုဆိုသည်။ အာဟာရချို့တဲ့သော မိခင်မှ မွေးလာသော ကလေးတွင်လည်း ADHD ပိုဖြစ်နိုင်သည်။ 🚭🍺🍴

ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း အစရှိသော ဦးနှောက်တွင်း ရောဂါပိုး၀င်သော ကလေးများတွင်လည်း စာသင်ကြားရာ နှင့်အာရုံစူးစိုက်မှုတွင် ပြဿနာရှိနေတတ်သည်။ 🦠

မွေးကင်းစ ဦးနှောက်ထိခိုက်မိခဲ့သော ကလေးအချို့တွင်လည်း ADHD လက္ခဏာများ ရှိနေတတ်သည်။ 🧠

ကိုယ်၀န်ဆောင်မိခင်များအနေဖြင့် ကိုယ်၀န်ဆောင်ချိန်တွင် အာဟာရဓါတ်များ ပြည့်အောင်စားခြင်း၊ ဆေးလိပ်၊ အရက်ရှောင်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ ထို့ပြင်ကလေးတွင် ADHD လက္ခဏာများ ရှိလာပါက စောလျင်စွာ ကုသစောင့်ရှောက်ပေးခြင်းဖြင့် ADHD လက္ခဏာများ လျော့ကျပျောက်ကင်းစေနိုင်မည်ဖြစ်ပြီး အောင်မြင်ပျော်ရွှင်သော မိသားစုဘ၀ကို ပိုင်ဆိုင်စေနိုင်မည်ဖြစ်သည်။ 👨‍👩‍👧‍👦

10/07/2022

ကျမသားလေးကို မသိဘဲခြိမ်းခြောက်ခဲ့ဖူးတယ် ....
"ထမင်းမစားရင် မုန့်မကျွေးဘူး"
" အရုပ်တွေဖွရင် အကုန်သူများပေးပစ်လိုက်မှာနော်"
"မအိပ်ရင် နက်ဖြန်ကျပေးမဆော့ဘူး"

ဘယ်လောက်ပဲ parenting စာတွေဖတ်ဖတ် တစ်ကယ်နဖူးတွေ့ဒူးတွေ့ ကလေးနဲ့ရင်ဆိုင်ရတဲ့အခါ၊ စကားလုံးဝနားမထောင်တော့တဲ့အခါ နည်းလမ်းပေါင်းစုံထုတ်သုံးပြီး မရတော့တဲ့အချိန် ဒေါသတွေကြီးပြီး ဒီစကားတွေပြောတဲ့သူဖြစ်ခဲ့ပါတယ်။ အခုထိလည်းတစ်ခါတစ်ရံ မှားနေတုန်းပါပဲ...

အမှားထဲကဝန်ခံရရင်တော့ ဒါတွေကို Threat (ခြိမ်းခြောက်မှု) လို့မထင်ပဲ ဘေးပတ်ဝန်းကျင်မှာနားရည်ဝနေကျစကားတွေမို့ ကိုယ့်အလှည့်မှာလည်း ပေါ့ပေါ့တန်တန်ပဲပြောလိုက်မိတယ်ပေါ့။ သို့ပေမဲ့ ဒီလိုပြောလို့ ကလေးကပြောစကားနားထောင်သွားသလားဆို " No" လို့ပဲပြောပါရစေ ...

စကားနားမထောင်တဲ့အပြင် သူဖြစ်ချင်တာမဖြစ်ရတဲ့အတွက် ပိုသောင်းကျန်းမယ်၊ ကိုယ်ကလည်းလေသံတွေမြင့်လာပြီး ကျမနဲ့ကလေးကြားမှာပိုပြီး power struggle တွေ၊ အားပြိုင်မှုတွေဖြစ်လာပါတော့တယ် ...

ကျမစိတ်ငြိမ်တဲ့အခါ သေချာပြန်စဉ်းစားမိတော့ ကလေးတွေဟာလည်း သူတို့စိတ်ဆန္ဒနဲ့အသွေးအသားနဲ့လူသားလေးတွေဖြစ်လို့ တစ်ခြားသူက သူတို့ကို control လုပ်တဲ့အခါ ဘယ်ကြိုက်ကြပါ့မလဲ... သူတို့မစားချင်တဲ့အချိန် ကျမတို့ကစားစေချင်တဲ့အခါ ... မအိပ်ချင်တဲ့အချိန် အိပ်စေချင်တဲ့အခါ ခြိမ်းခြောက်တဲ့ နည်းလမ်းကို အသုံးပြုတာက ကျမတို့ထိန်းချုပ်လို့မရတဲ့အရာတွေကို အတင်းအကြပ် ထိန်းချုပ်ဖို့ကြိုးစားနေတာနဲ့အတူတူပါပဲ ...

မိဘတွေအနေနဲ့ကလည်း ကလေးပြောစကားနားမထောင်တဲ့ အခြေအနေတွေမှာ စိတ်ရောလူရောပင်ပန်းပြီး စိတ်မရှည်တာတွေ ဒေါသထွက်တာတွေဖြစ်ကြတာ နားလည်လို့ရပါတယ်။

ဒါပေမဲ့ကလေးကို ခြိမ်းခြောက်တဲ့ နောက်ဆက်တွဲဟာ ဆိုးကျိုးတွေအများကြီးရှိလို့ဒီစာလေးကြောင့် အမြင်တွေပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်။

ကလေးကိုခြိမ်းခြောက်လိုက်တဲ့အခါ -

1️⃣ မိဘနဲ့ကလေးကြားက ဆက်ဆံရေးကိုပျက်စီးစေပါတယ်။

ကလေးက အဖေအမေဘာလို့ ဒီလိုပြောရလဲဆိုတာနားမလည်ပါဘူး။ မိဘတွေကလည်း သူတို့ပြောစကားနားမထောင်တဲ့အတွက် ကလေးက မခန့်လေးစားလုပ်တယ်၊ ဆိုးတယ်ပဲယူဆကြပါလိမ့်မယ်။ နောက်ဆုံး သူတို့လိုက်လုပ်လိုက်ရတယ်ဆိုရင်တောင် ကလေးရဲ့စိတ်ထဲမှာ "ကြောက်စိတ်"ကလွှမ်းမိုးခံလိုက်ရတာပါ။

2️⃣ ကြောက်စိတ်က ကလေးရဲ့ပင်ကိုယ်လုပ်ချင်တဲ့စိတ်တွေ motivation တွေကိုလျော့နည်းသွားစေပါတယ်။

"ထမင်းဘူးသေချာထည့်ပေးထားတယ်နော် မကုန်လာရင်ရိုက်ခံရမယ်၊ နောက်တစ်ခါကျောင်းကိုထမင်းမထည့်ပေးတော့ဘူး" လို့ပြောခံရတဲ့ကလေးက ရိုက်ခံရမှာကြောက်လို့ ထမင်းကိုကုန်အောင်စားလာပါလိမ့်မယ်။ ဒါပေမဲ့ သူဗိုက်ဆာလို့ သူကိုယ်တိုင်စားချင်စိတ်နဲ့ စားလာတာမျိုးမဖြစ်တော့ပါဘူး။

3️⃣ ကလေးရဲ့ ကိုယ်ချင်းစာစိတ်၊ သူများနေရာကတွေးတတ်တဲ့စိတ်လေးတွေ သင်ယူဖို့ခက်ခဲသွားပါတယ်။

ကလေးတွေက ကျမတို့ရဲ့အပြုအမူကိုအမြဲစောင့်ကြည့်လေ့လာသင်ယူနေတဲ့သူလေးတွေပါ။ ကျမတို့ခြိမ်းခြောက်တဲ့အချိန်တွေက ပင်ပန်းပြီးဒေါသထွက်နေချိန်များကြပါတယ်။ ကျမတို့ကိုယ်တိုင်က ကလေးရဲ့ခံစားချက်၊ ကလေးနေရာက မစဉ်းစားပေးတတ်တဲ့အခါ ကျမတို့ဆီကလေ့လာသင်ယူနေတဲ့ သူတို့လေးတွေကလည်း ကိုယ်ချင်းစာစိတ်ကို သင်ယူဖို့မလွယ်တော့ပါဘူး။

4️⃣ ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို လျော့နည်းသွားစေပါတယ်။

"စာမေးပွဲမှာ အဆင့် ၁-၃ အတွင်းဝင်အောင်ဖြေနော် မရရင်မုန့်ဖိုးဖြတ်မယ်" ဆိုတဲ့စကားကြောင့် ကြိုးစားဖြေပေမဲ့လည်း မဝင်တဲ့အခါ မိဘကကလေးကိုအပြစ်တင်မယ်။ ကလေးကလည်း သူဟာအသုံးမကျတဲ့သူတစ်ယောက်လို့ခံစားရလာရပြီး ယုံကြည်မှုကျဆင်းလာပါလိမ့်မယ်။

Threats တွေကနေ နောက်ဆက်တွဲတွေက သိပ်များတဲ့အတွက် ကျမကိုယ်တိုင် ကြိုးစားကျင့်သုံးနေတဲ့ နည်းလမ်းလေးကိုပါ ဝေမျှပေးလိုက်ပါတယ်။

❤️Threat ( ခြိမ်းခြောက်ခြင်း) ကို Encouragement ( အားပေးခြင်း) နဲ့အစားထိုးတဲ့နည်းလေးပါ။

"ထမင်းမစားရင် မုန့်မကျွေးဘူး" လို့ပြောမဲ့အစား...
"မေမေတို့ ထမင်းကုန်အောင်စားရအောင်ဟေ့... ပြီးရင် မုန့်ကလေးစားပြီး အချိုတည်းကြမယ်။ ဒီနေ့ဘာမုန့်လေးစားရမှာပါလိမ့် ??? " ဆိုတဲ့ အားပေးတိုက်တွန်းမှုလေးနဲ့အစားထိုးကြည့်ပါတယ်။

"အခုမအိပ်ရင် နက်ဖြန်ကျပေးမဆော့တော့ဘူး." လို့ပြောမဲ့အစား....
" အခုအိပ်ကြမယ်နော် အဲ့တာမှနက်ဖြန်မြန်မြန်ရောက်ပြီး ကစားလို့ရမှာပေါ့" လို့ ပြောပေးဖြစ်ပါတယ်။

စစချင်းတော့ ပြောင်းလဲရတာနည်းနည်းခက်ပါတယ်။ ဒါပေမံ့နောက်ပိုင်းအကျင့်ဖြစ်သွားတဲ့အခါ လွယ်ကူသွားပါတယ်။ ကျမလိုပဲ အမှုမဲ့အမှတ်မဲ့ အနှုတ်သဘောဆောင်တဲ့ threats တွေကို ကလေးတွေကိုမလုပ်မိကြဖို့ အတူတူဆင်ခြင်မိဖို့ မျှော်လင့်မိပါတယ် ....

မေမေမြဘုန်းဆင့်
Early Childhood & Parenting
Executive Dip in Child Psychology (UK)
Executive Dip in Early Childhood Care and Development (UK)
#ခေတ်သစ်မေမေ


စာလေးတွေကို မိမိတို့ရဲ့ကိုယ်ပိုင် page/ account များ၊ online shopping page များတွင် ကူးယူပြန်တင်ခြင်းသည်းခံပါရှင်။
လွတ်လပ်စွာ share နိုင်ပါသည်။ 💕

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hero Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category