18/11/2021
ဒဂုံတက္ကသိုလ် သတ္တဗေဒ Second year Honours မှ မောင်ဟိန်းထက်အောင် (၂၃) နှစ်သည် November 17 ရက်နေ့ မနက်ပိုင်းတွင် ဘဝတပါးသို့ကူးပြောင်းသွားခဲ့ပါ သဖြင့် ညှိုးငယ်သော စိတ် ထားဖြင့် အသိပေးအပ်ပါသည်
ကောင်းရာမွန်ရာရောက်ပါစေလို့ ကျန်ရစ်သော သူငယ်ချင်းများနဲ့ သတ္တဗေဒ မိသားစုမှ ဆုတောင်းပေးပါတယ်
*S.S
07/09/2021
ယနေ့ NUG အစိုးရမှ D-Day ကြေညာချက်ကို ဒဂုံတက္ကသိုလ် သတ္တဗေဒနှင့် ဇီဝနည်းပညာ အလုပ်အမှုဆောင်အဖွဲ့မှ ကြိုဆိုပါသည်။
ဒဂုံတက္ကသိုလ် သတ္တဗေဒနှင့် ဇီဝနည်းပညာကျောင်းသား/သူ များအနေဖြင့် မိမိတို့ တတ်နိုင်သည်ဘက်မှ ပါဝင်ကူညီတော်လှန်သွားကြရန် တိုက်တွန်းအပ်ပါသည်။
ကျောင်းသားပြည်သူအပေါင်းတို့...
တိုက်ပွဲဝင်ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံး လွှင့်ထူကြလော့...။
အရေးကြီးပြီ...သွေးစည်းကြလော့.....
#အရေးတော်ပုံအောင်ရမည်
17/08/2021
BT
မနှစ်က First Sem မှာ 1F ဖြစ်ထားတဲ့ ကျောင်းသားအချို့က မအလအာဏာဓားပြတိုက်ပြီးကာလ စစ်ကျွန်ပညာရေးမှာ Second Sem ပြန်ဖြေစရာမလိုဘဲ အဆိုပါစာရင်းထဲမှာ ပါပါတယ်။
Crd Future The Dagon
17/08/2021
Zoology final Year section (A) မသဲသဉ္ဇာထွန်း (21)နှစ် ဟာ ဒီကနေ့August လ 17 မနက်မှာ Sleအရေပြားလေးဘက်နာနဲ့ကျောက်ကပ်ရောဂါကြောင့် ဆုံးပါးသွားခဲ့ပါတယ် Du Zoology မိသားစုအနေနဲ့ လွန်စွာဝမ်းနည်းရပါတယ် ကောင်းရာမွန်ရာရောက်ပါစေ ကောင်မလေးရေ ..
မင်းသူငယ်ချင်းတွေ မင်းကို သတိရနေမှာပါ....🥺🥀
17/08/2021
စစ်ကျွန်ပညာရေး လက်အောက်မှာ 6ပတ် ကျောင်းတတ်ရင်း ဘွဲ့ရသွားတဲ့ Zoology မှ ကျောင်းသား/သူများရဲ့ အောင်စရင်းပါ 🤗🤗
Edit:တချို့ကျောင်းသား/သူများက မနှစ်က 1F ဖြစ်ပီး
ခု second Sem မှာ ကျောင်းမတတ်ပဲတောင် အအောင်ပေးထားကြောင်းသိရ ..
Crd Future The DAGON
17/08/2021
EYU Zoology student's association က လုပ်တဲ့
ငှက်လေ့လာခြင်းပညာရပ်ပါ CDM သမားတွေ ထောက်ပံ့ပေးဖို့ပါရှင့် လှူလည်းလှူ ပညာလည်းယူအစီအစဉ်ပါရှင့် ဒီ Du Zoology အနေနဲ့ စိတ်ဝင်စားရင် အောက်က link ထဲမှာ မသေးစိတ်ကြည့်ရှု့ပီး EYU Zoology page နဲ့ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် ..
https://m.facebook.com/story.php?story_fbid=298120995405083&id=110438604173324
17/08/2021
''ဖမ်းဆီးခံကျောင်းသားများအတွက် စာရင်းကောက်ခံခြင်း ''
________________________________________
Feb 1 ရက်နေ့ကစလို့ ယနေ့အချိန်အထိ အာဏာသိမ်း စစ်ကောင်စီလက်အောက်အတွင်းမှာ ပြည်သူအယောက် ငါး
ထောင်ကျော်နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရလျက်ရှိပါတယ် ။
ထိုသို့ဖမ်းဆီးခံ သူများထဲ၌ ဒဂုံတက္ကသိုလ်ကမှ ကျောင်းသားကျောင်းသူ များလည်းပါဝင်ပါတယ် ။
ပြည်သူတွေမှာ ပြည်သူတွေပဲရှိပါတယ် ဆိုတဲ့စကားလိုပဲ ကျောင်းသားတွေမှာလည်းကျောင်းသားတွေပဲရှိပါတယ် ။
လူသတ်ဖက်စစ် စစ်တပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်ရင်း အကျဉ်းကျခံနေရတဲ့ ဒဂုံတက္ကသိုလ်မှ ကျွန်တော်တို့ ရဲ့ ကျောင်းသား ရဲဘော်တွေအတွက် နှင့်
ဖမ်းဆီးခံကျောင်းသားများ၏ မိသားစုင်များအတွက် ကျွန်တော်တို့ Unity & Progress မှ တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။
ဒါကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသား ကျောင်းသူများထဲမှ ဖမ်းဆီးခံရတဲ့သော ကိုယ့်ရဲ့ မိသားစုဝင် ၊ အသိမိတ်ဆွေတွေ ပါဝင်ခဲ့မယ်ဆိုရင် Unity & Progress ကိုဆက်သွယ်
ပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ ။
ဒဂုံတက္ကသိုလ်မှ ဖမ်းဆီးခံ ကျောင်းသားကျောင်းသူများအား
Unity & Progress ကို ဆက်သွယ်စာရင်းပေးရန်
နည်းလမ်း ၂ ခု ပြုလုပ်ပေးထားပါတယ်။
၁ Google form ဖြည့်ကာ စာရင်းသွင်းခြင်း
၂ page cb / messenger သို့ဆက်သွယ်
စာရင်းသွင်းခြင်း တို့ကို ပြုလုပ်နိင်ပါသည်။
Note ;ယခုစာရင်းကောက်ယူခြင်းသည် အဓမ္မ ဖမ်းဆီးခံရသော ဒဂုံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအတွက်သာဖြစ်သည်။
အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါက page cb တွင် လာရောက်စုံစမ်းနိုင်ပါသည်။
Google form link
https://forms.gle/2vmovjrdFGs1gtLm9
23/06/2021
နောက်ထပ် list ပါ.. unfiend နဲ့ block လုပ်ဖို့ non CDM. ၃ ယောက်ပါ
05/06/2021
Non CDm သုံးယောက်ပါ
ပြန်တင်တာပါ fb က ဖျက်ချသွားလို့ delete လိုက်တာမဟုတ်ပါဘူး 🤗.
🥰🥰🥰🥰
28/05/2021
CDM လှုပ်ရှားမှုတွင်ပါဝင်သောဆရာ/မများအားCDM ကျောင်းသား/သူများက ဂုဏ်ပြုလေးစားရပါသည် ❤️
မိမိကိုယ်ကျိုး ရာထူး /လစာ ဘာမှမမက်မောပဲ ကိုယ်ကျိုးစွန့်၍အများအကျိုးကိုကြည့်ပီးတိုက်ပွဲဝင်ပေးခဲ့လို့ ကျွန်တော်/မတို့က ကျေးဇူးတင်ပါတယ် ...
#အရေးတော်ပုံအောင်ရမည်
#စစ်ကျွန်ပညာရေးအလိုမရှိ
22/05/2021
CDM မလုပ်ပဲfinal မှကျောင်းတက်နေသူများ..
တစ်စုံတစ်ရာ အမှားရှိပါက page cb တွင်လာရောက်ပြောနိုင်ပါသည်