22/05/2026
ကျပ် သိန်း၃၆၀တန် 𝗠𝗼𝗻𝘁𝗲𝘀𝘀𝗼𝗿𝗶 𝗦𝘁𝗮𝗿 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 👩🎓🏡
Montessori စနစ်ကို သက်ဝင်ယုံကြည်တဲ့ မေမေဖေဖေတို့အတွက် ဒုတိယအကြိမ် ပညာသင်ဆု အစီအစဉ်လေး လာပါပြီ
ပညာသင်ဆု ရည်ရွယ်ချက်
---------------------------------------
🏡 Montessori အနှစ်သာရ ပြန့်ပွားစေရေး
🏡 Montessori နည်းလမ်းကို သဘောကျသော မိဘများ အဆင်ပြေစေရေး
အကျုံးဝင်ရန် လိုအပ်ချက်များ
--------------------------------------------
🏡 ဧပြီ ၁၊ ၂၀၂၃ နှင့် သြဂုတ် ၃၁၊ ၂၀၂၃ကြား မွေးဖွားသော သားသားမီးမီးများ
🏡 မိဘများ၏ Montessori နည်းလမ်းကို နားလည်ယုံကြည်မှု
ပေးအပ်မည့် ပညာသင်ဆုများ
-------------------------------------------
🏡 ၁၀၀% ပညာသင်ဆု ၂ဆု (တစ်လလျှင် ၄၀၀,၀၀၀ ကျပ်ဖြင့် ၃၆လစာ ၁၄,၄၀၀,၀၀၀ နှစ်ဦး)
🏡 ၅၀% ပညာသင်ဆု ၁ဆု (တစ်လလျှင် ၂၀၀,၀၀၀ ကျပ်ဖြင့် ၃၆လစာ ၇,၂၀၀,၀၀၀ တစ်ဦး)
ပညာသင်ဆု စည်းကမ်းများ
----------------------------------------
🏡 ပညာသင်ဆုတွင် ကျောင်းဝင်ကြေးနှင့် ကျောင်းလခတို့ပါဝင်ပြီး နေ့လည်စာ၊ ဝတ်စုံနှင့် အခြားကလေး၏ တစ်ကိုယ်ရည်သုံး ပစ္စည်းများ မပါဝင်ပါ
🏡 ၃၆လ အပြည့်တက်ရန် သဘောတူညီရပါမည်
🏡 ကျောင်းဘက်မှ အမှားအယွင်းတစုံတရာမရှိဘဲ ၃၆လ အပြည့်မတက်လျှင် တက်ခဲ့သည့်လများအတွက် လစာပြန်သွင်းရပါမည်
ရွေးချယ်မည့်နည်းလမ်း
----------------------------------
🏡 ကောမန့်ရှိ လင့်ခ်မှ ပုံစံကို ဖြည့်သွင်းရပါမည်
🏡 ကနဦး အရွေးချယ်ခံရသူများကို ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားပေးပါမည်
🏡 လူတွေ့ တွေ့ဆုံရမည့်ရက်တွင် ကလေးနှင့်တကွ မိဘအုပ်ထိန်းသူက လာရောက်ရပါမည်
🏡 လူတွေ့ တွေ့ဆုံမှုပြီးနောက် Montessori ပညာရေးအပေါ် နားအလည်ဆုံး၊ စိတ်အားအထက်သန်ဆုံးဟု ယူဆရသည့် မိဘများ၏ ကလေး၃ဦးအား ရွေးချယ်၍ ၁၀၀% ၂ဆု၊ ၅၀% ၁ဆု ချီးမြှင့်ပါမည်
🏡 ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးလျှောက်ထားရပါမည်
🏡 ဇူလိုင်လတွင် လူတွေ့ တွေ့ဆုံခြင်း စတင်ပါမည်
11/04/2026
May this Thingyan wash away all your worries and unpleasant encounters.
Our little ones had a great time during BMCH's mini-Thingyan.
အားလုံးပဲ ပင်ပန်းမှုအားလုံးကို ဆေးကြောပြီး ကြည်လင်သန့်စင်မှုတွေရတဲ့ သင်္ကြန်အားလပ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်
11/03/2026
မိဘနဲ့တူတူတက်ဖို့ အတန်းအသစ်🏡🥳 𝗙𝗿𝗲𝗲 𝗧𝗿𝗶𝗮𝗹 𝗔𝘃𝗮𝗶𝗹𝗮𝗯𝗹𝗲
မေမေ ဒါမှမဟုတ် ဖေဖေနဲ့ တက်ရတဲ့ အတန်းသစ်လေး ဖွင့်ပါပြီ
🏡 ဘယ်လိုအတန်းလေးလဲ
ကလေးတစ်ယောက်ကို အုပ်ထိန်းသူတစ်ယောက်နဲ့ အတူတူတက်ရမယ့် Montessori Parent-Toddler အတန်းလေးပါ
🏡 အတန်းမှာ ဘယ်လိုအစီအစဉ်တွေပါမှာလဲ
တစ်ချိန်ကို ၁နာရီကြာမယ့် ဒီအတန်းလေးမှာ
✨ ရောက်ရောက်ချင်း ပျော်ပျော်ပါးပါး ကဗျာလေးတွေဆိုပြီး ရင်းနှီးမှုယူကြမယ့် 𝗖𝗶𝗿𝗰𝗹𝗲 𝗧𝗶𝗺𝗲
✨ သူငယ်ချင်း အချင်းချင်း နှုတ်ဆက်တတ်ဖို့၊ ဆရာမတွေကို နှုတ်ဆက်တတ်ဖို့ 𝗚𝗿𝗮𝗰𝗲 & 𝗖𝗼𝘂𝗿𝘁𝗲𝘀𝘆 𝗹𝗲𝘀𝘀𝗼𝗻
✨ 𝗠𝗼𝗻𝘁𝗲𝘀𝘀𝗼𝗿𝗶 နည်းစနစ်အမှန်အတိုင်း ကလေးက ဦးဆောင်ရမယ့် 𝗠𝗼𝗻𝘁𝗲𝘀𝘀𝗼𝗿𝗶 𝗪𝗼𝗿𝗸 𝗖𝘆𝗰𝗹𝗲
✨ တန်းစီတတ်ပြီး ကိုယ့်ဟာကိုယ် အစားအသောက်စားတတ်ဖို့ ဖြည်းဖြည်းချင်း ကျင့်ပေးမယ့် 𝗦𝗻𝗮𝗰𝗸 𝗧𝗶𝗺𝗲
✨ အိမ်မပြန်ခင် နှုတ်ဆက်ကြမယ့် 𝗚𝗼𝗼𝗱𝗯𝘆𝗲 𝘀𝗼𝗻𝗴 အစီအစဉ်တို့ ပါဝင်မှာပါ
🏡 တစ်ပတ် ဘယ်နှစ်ရက်လဲ
တစ်ပတ်ကို တစ်ရက် တက်လို့ရပါတယ်
🏡 အတန်းသစ် ဘယ်တော့ စဖွင့်မှာလဲ
အတန်းခွဲလေး နှစ်တန်းရှိတာကြောင့်
စနေအတန်း - June 6
တနင်္ဂနွေအတန်း - June 7 စမှာဖြစ်ပါတယ်
🏡 ဘယ်အချိန်တွေ တက်ရမှာလဲ
အပတ်စဉ် စနေနေ့တိုင်း နေ့လည် ၁ခွဲမှ ၂ခွဲ (သို့မဟုတ်)
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ညနေ ၃ခွဲကနေ ၄ခွဲပါ
နှစ်သက်ရာ တစ်တန်း ရွေးချယ်တက်ရောက်နိုင်ပါတယ်။ ဒီတစ်ပတ်စနေ၊ နောက်တစ်ပတ် တနင်္ဂနွေ လဲတက်လို့လည်း ရပါတယ်
🏡 အတန်း၁တန်းမှာ ကလေး ဘယ်နှစ်ယောက်လဲ
၁တန်းမှာ အများဆုံး ၁၀ယောက်ပဲ လက်ခံပြီး အခုအတန်းလေးအတွက် ၇နေရာပဲ ကျန်ပါတော့တယ်
🏡 ဒီအတန်းတက်ရင် ကလေးက ဘာတွေ တိုးတက်လာနိုင်မလဲ
Term တစ်ခု (၃လအပြည့်) တက်ပြီးတဲ့အခါ
✨ မျက်လုံးနဲ့ လက်တွဲပြီး အလုပ်လုပ်တတ်တဲ့စွမ်းရည် (hand-eye coordination)
✨ လက်ချောင်းလေးတွေ၊ ခြေထောက်လေးတွေ ပိုသန်မာလာစေမယ့် fine motor skill and gross motor skill
✨ ရွယ်တူ သူငယ်ချင်းတွေနဲ့ ထိတွေ့ဆက်ဆံရလို့ စိတ်ပိုရှည်လာမှု၊ အလှည့်စောင့်တတ်မှု
✨ အများနှင့် ပတ်ဝန်းကျင်ထဲ ကျင့်သားရလာတဲ့အခါ မိဘမပါဘဲ မူကြိုတက်ဖို့ အဆင်သင့်ဖြစ်မှုတွေ ရရှိလာမှာပါ
🏡 Fees က ဘယ်လိုရှိလဲ
တစ်ပတ်တစ်ရက် အတန်းကို one term (၃လလုံး) အတွက် 450,000 Kyats နဲ့ ကျောင်းဝင်ကြေး 100,000 Kyatsပါ။ အသေးစိတ်ကို ဒီစာမျက်နှာရဲ့ messenger ကို ဖြစ်စေ၊ ဖုန်း 09 45333 4433 ကို (ရုံးချိန်အတွင်း) ဖြစ်စေ ဆက်သွယ် စုံစမ်းနိုင်ပါတယ်
***** ကျောင်းလာကြည့်ဖို့ ရက်ချိန်းကြိုယူပေးပါရှင့် *****
#မွန်ထယ်ဆိုရီ #မွန်တက်ဆိုရီ
05/03/2026
Happy World Book Day! 📚🤓.ဒီနေ့ဟာ ကမ္ဘာ့စာအုပ်များနေ့ ဖြစ်ပါတယ်
Books are the door to the world and at Botataung Montessori Children's House, children can grab a book anytime they want. Despite with various phonics level, our little ones enjoy words and pictures in their own personalized way.
Montessori နည်းလမ်းမှာ ကလေးတွေကို သူတို့နှစ်သက်ရာ အချိန်မှာ နှစ်သက်ရာကို သင်ယူခွင့်ပြုထားသလိုပဲ ကလေးလေးတွေဟာ သူတို့ ကြိုက်တဲ့အချိန်မှာ စာအုပ်စင်က စာအုပ်တွေကို ယူဖတ်နိုင်ပါတယ်။ Phonics level အမျိုးမျိုးရောက်နေပြီဖြစ်တဲ့ BMCHက ကလေးလေးတွေဟာ စာအုပ်တွေမှာ နှစ်ခြိုက်ပျော်မွေ့တာခြင်းတော့ အတူတူပါပဲ။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
🏠 𝗕𝗼𝘁𝗮𝘁𝗮𝘂𝗻𝗴 𝗠𝗼𝗻𝘁𝗲𝘀𝘀𝗼𝗿𝗶 𝗖𝗵𝗶𝗹𝗱𝗿𝗲𝗻'𝘀 𝗛𝗼𝘂𝘀𝗲
Botataung Montessori Children's House မှာတော့ Montessori နည်းစနစ်ကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးပြီး ကလေးတစ်ယောက်ချင်းရဲ့ တိုးတက်မှုနှုန်းကို အပြည့်အဝစောင့်ကြည့်မှတ်တမ်းတင်ပါတယ်။
အတန်းအမျိုးအစားလေးတွေအနေနဲ့
🏡𝐓𝐨𝐝𝐝𝐥𝐞𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 (၁နှစ်ခွဲမှ ၃နှစ်)
Monday to Friday
Half-day 9 AM to 12:30 PM
Full-day 9 AM to 3:30 PM
🏡𝐂𝐡𝐢𝐥𝐝𝐫𝐞𝐧'𝐬 𝐇𝐨𝐮𝐬𝐞 (၃နှစ်မှ ၆နှစ်)
Monday to Friday
Half-day 9 AM to 12:30 PM
Full-day 9 AM to 3:30 PM
🏡𝐏𝐚𝐫𝐞𝐧𝐭 𝐚𝐧𝐝 𝐓𝐨𝐝𝐝𝐥𝐞𝐫 (၁နှစ်ခွဲမှ ၃နှစ်၊ အုပ်ထိန်းသူတစ်ဦးနှင့်အတူ)
Every Saturday / Sunday
1:30 PM to 2:30 PM OR
3:30 PM to 4:30 PM
ဆိုပြီး အတန်း၃မျိုးရှိပါတယ်။
Kindergarten year အထိ ပါဝင်တဲ့ ပညာရေး စနစ်ဖြစ်တာကြောင့် ၆နှစ်ပြည့်တဲ့အခါ US ပညာရေးမှာ Grade 1၊ UK ပညာရေးမှာ Year 2 တက်ရောက်နိုင်မယ့် phonics အခြေခံ၊ Maths အခြေခံ အကုန်လုံး တတ်မြောက်ပြီး ဖြစ်နေမှာပါ။
အသေးစိတ်အတွက် Botataung Montessori Children's House ကို စာပို့ပြီးဖြစ်စေ၊ ဖုန်း 09 453334433 ကို ရုံးချိန်းအတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
***** ကျောင်းလာကြည့်ဖို့ ရက်ချိန်းကြိုယူပေးပါရှင့် *****
Address: 50th Street Condominium, 6th Floor (24 hours lift), 50th Street (Lower), Botataung, Yangon.
#မွန်တက်ဆိုရီ #မွန်ထယ်ဆိုရီ
11/02/2026
ဗိုလ်တထောင်က 𝗦𝘂𝗺𝗺𝗲𝗿 𝗦𝗰𝗵𝗼𝗼𝗹 🏫✨ နွေ၃လ တစ်နေကုန်အတန်း 🧑🏫
အသက် ၆နှစ် - ၉နှစ် ကလေးတွေအတွက် 𝗦𝘂𝗺𝗺𝗲𝗿 𝗦𝗰𝗵𝗼𝗼𝗹 ဖွင့်ပါတော့မယ် 🎉
မြို့ထဲမှာ နီးနီးနားနား ကလေးတွေရဲ့ နွေရာသီကို အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနိုင်ဖို့ 𝗦𝘂𝗺𝗺𝗲𝗿 𝗦𝗰𝗵𝗼𝗼𝗹 လေး လာပါပြီရှင့်။
🏫 ဘာတွေ သင်မှာလဲ
English, Chinese, Art ၃ဘာသာနဲ့ ဘက်စုံထူးချွန်ဖို့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်
🏫 သင်တန်းချိန်က ဘယ်အချိန်လဲ
မနက် ၁၀နာရီကနေ ညနေ ၃နာရီထိပါ။ မတ် ၃ရက်နေ့ကနေ မေ ၂၂ ထိ ဖြစ်ပါတယ်။
ညနေ ၃နာရီ မကြိုနိုင်ရင် ၅ခွဲထိ aftercare ရှိပါတယ်။
🏫 ဘယ်သူတွေ သင်မှာလဲ
ဘာသာရပ် ၃ခုလုံးမှာ ကိုယ်စီထူးချွန်ကြပြီး အတွေ့အကြုံရှိ လူငယ်ဆရာမ ၃ဦး သင်ကြားမှာ ဖြစ်ပါတယ်။
🏫 ဘာ activity တွေပါလဲ
ဘာသာရပ်၃ခုလုံးကို စာချည်းပဲ ပျင်းစရာပုံစံ သင်မှာမဟုတ်ဘဲ ကလေးတွေ ကျောင်းပိတ်ရက် အားလပ်ရက်မှာ ပျော်ပျော်ပါးပါး လေ့လာနိုင်မယ့် ပုံစံမျိုး ဖြစ်မှာပါ။ ၃လပြီးတဲ့အခါမှာ language project လေးတွေနဲ့ mini art show ပန်းချီပြပွဲ အသေးလေး လုပ်ပေးမှာပါ။
Summer Class ပြီးတဲ့ အခါ အင်္ဂလိပ်စာအတွက် Starter, Flyer အတန်းတွေကို ပိတ်ရက်တွေမှာ ဆက်လက်သင်ယူနိုင်မှာပါ။ Chinese Class တွေလည်း level အလိုက် ဆက်တက်သွားလို့ ရပါမယ်။
🏫 တစ်တန်းမှာ ကလေး ဘယ်နှစ်ယောက်လဲ
အများဆုံး ၁၅ယောက်ပါ။
🏫 သင်တန်းနေရာက ဘယ်မှာလဲ
လမ်း၅၀ ကွန်ဒို၊ လမ်း၅၀ (အောက်ဘလောက်)၊ ဗိုလ်တထောင် မြို့နယ်ပါ။
🏫 သင်တန်းကြေးက
၃လလုံးအတွက် ၅၅၀,၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပြီး ကျောင်းဝင်ကြေးက ၅၀,၀၀၀ ကျပ်ပါ။ ကျောင်းဝင်ကြေး တစ်ခါပေးပြီးတဲ့အခါ BMCH က ဘယ်အတန်းကိုတက်တက် ကျောင်းဝင်ကြေး ထပ်ပေးစရာ မလိုတော့ပါဘူး။
ဖေဖော်ဝါရီ ၂၀ရက်နေ့ မတိုင်ခင် အပ်နှံရင် ကျောင်းဝင်ကြေး ကင်းလွတ်ခွင့်လေးရှိပါတယ်။
🏫 ကျောင်းအပ်ချင်ရင်ရော
ဖုန်း 09 453334433 ကို ဖြစ်စေ၊ Botataung Montessori Children's House ကို စာပို့ပြီးဖြစ်စေ အပ်နှံနိုင်ပါတယ်ရှင့်။
27/01/2026
ဗိုလ်တထောင်က 𝗦𝘂𝗺𝗺𝗲𝗿 𝗦𝗰𝗵𝗼𝗼𝗹 🏫✨ 𝗦𝘂𝗺𝗺𝗲𝗿 𝗦𝗰𝗵𝗼𝗼𝗹 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အခမဲ့တက်ခွင့်
အသက် ၆နှစ် - ၉နှစ် ကလေးတွေအတွက် 𝗦𝘂𝗺𝗺𝗲𝗿 𝗦𝗰𝗵𝗼𝗼𝗹 ဖွင့်ပါတော့မယ် 🎉
🏫 ဘာတွေ သင်မှာလဲ
English, Chinese, Art ၃ဘာသာနဲ့ ဘက်စုံထူးချွန်ဖို့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်
🏫 သင်တန်းချိန်က ဘယ်အချိန်လဲ
မနက် ၁၀နာရီကနေ ညနေ ၃နာရီထိပါ။ မတ် ၃ရက်နေ့ကနေ မေ ၂၂ ထိ ဖြစ်ပါတယ်။
🏫 ဘယ်သူတွေ သင်မှာလဲ
ဘာသာရပ် ၃ခုလုံးမှာ ကိုယ်စီထူးချွန်ကြပြီး အတွေ့အကြုံရှိ လူငယ်ဆရာမ ၃ဦး သင်ကြားမှာ ဖြစ်ပါတယ်။
🏫 ဘာ activity တွေပါလဲ
ဘာသာရပ်၃ခုလုံးကို စာချည်းပဲ ပျင်းစရာပုံစံ သင်မှာမဟုတ်ဘဲ ကလေးတွေ ကျောင်းပိတ်ရက် အားလပ်ရက်မှာ ပျော်ပျော်ပါးပါး လေ့လာနိုင်မယ့် ပုံစံမျိုး ဖြစ်မှာပါ။ ၃လပြီးတဲ့အခါမှာ language project လေးတွေနဲ့ mini art show ပန်းချီပြပွဲ အသေးလေး လုပ်ပေးမှာပါ။
Summer Class ပြီးတဲ့ အခါ အင်္ဂလိပ်စာအတွက် Starter, Flyer အတန်းတွေကို ပိတ်ရက်တွေမှာ ဆက်လက်သင်ယူနိုင်မှာပါ။ Chinese Class တွေလည်း level အလိုက် ဆက်တက်သွားလို့ ရပါမယ်။
🏫 သင်တန်းနေရာက ဘယ်မှာလဲ
လမ်း၅၀ ကွန်ဒို၊ လမ်း၅၀ (အောက်ဘလောက်)၊ ဗိုလ်တထောင် မြို့နယ်ပါ။
🏫 သင်တန်းကြေးက
၃လလုံးအတွက် ၅၅၀,၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပြီး ကျောင်းဝင်ကြေးက ၅၀,၀၀၀ ကျပ်ပါ။ ကျောင်းဝင်ကြေး တစ်ခါပေးပြီးတဲ့အခါ BMCH က ဘယ်အတန်းကိုတက်တက် ကျောင်းဝင်ကြေး ထပ်ပေးစရာ မလိုတော့ပါဘူး။
ဖေဖော်ဝါရီ ၁၀ရက်နေ့ မတိုင်ခင် အပ်နှံရင် ကျောင်းဝင်ကြေး ကင်းလွတ်ခွင့်လေးရှိပါတယ်။
🏫 Scholarship က ဘယ်လိုမျိုးလဲ
ဒီပို့စ်လေးကို ရှဲပြီး ကောမန့်မှာ ကိုယ့် သားသားမီးမီးလေးရဲ့ အသက်၊ သူ့ဝါသနာနဲ့ နေထိုင်တဲ့ မြို့နယ်ကို ပြောပြခဲ့ပါ။ လူတွေ့ တွေ့ဆုံမှုအတွက် ပြန်လည်ဆက်သွယ်ပြီး ၂ယောက်ကို 100% scholarship၊ ၁ယောက်ကို 50% scholarship ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
🏫 ကျောင်းအပ်ချင်ရင်ရော
ဖုန်း 09 453334433 ကို ဖြစ်စေ၊ Botataung Montessori Children's House ကို စာပို့ပြီးဖြစ်စေ အပ်နှံနိုင်ပါတယ်ရှင့်။
24/01/2026
မိဘနဲ့တူတူတက်ဖို့ အတန်းအသစ်🏡🥳 𝗢𝗻𝗹𝘆 𝟱 𝘀𝗹𝗼𝘁𝘀 𝗹𝗲𝗳𝘁
မေမေ ဒါမှမဟုတ် ဖေဖေနဲ့ တက်ရတဲ့ အတန်းသစ်လေး ဖွင့်ပါပြီ
🏡 ဘယ်လိုအတန်းလေးလဲ
ကလေးတစ်ယောက်ကို အုပ်ထိန်းသူတစ်ယောက်နဲ့ အတူတူတက်ရမယ့် Montessori Parent-Toddler အတန်းလေးပါ
🏡 အတန်းမှာ ဘယ်လိုအစီအစဉ်တွေပါမှာလဲ
တစ်ချိန်ကို ၁နာရီကြာမယ့် ဒီအတန်းလေးမှာ
✨ ရောက်ရောက်ချင်း ပျော်ပျော်ပါးပါး ကဗျာလေးတွေဆိုပြီး ရင်းနှီးမှုယူကြမယ့် 𝗖𝗶𝗿𝗰𝗹𝗲 𝗧𝗶𝗺𝗲
✨ သူငယ်ချင်း အချင်းချင်း နှုတ်ဆက်တတ်ဖို့၊ ဆရာမတွေကို နှုတ်ဆက်တတ်ဖို့ 𝗚𝗿𝗮𝗰𝗲 & 𝗖𝗼𝘂𝗿𝘁𝗲𝘀𝘆 𝗹𝗲𝘀𝘀𝗼𝗻
✨ 𝗠𝗼𝗻𝘁𝗲𝘀𝘀𝗼𝗿𝗶 နည်းစနစ်အမှန်အတိုင်း ကလေးက ဦးဆောင်ရမယ့် 𝗠𝗼𝗻𝘁𝗲𝘀𝘀𝗼𝗿𝗶 𝗪𝗼𝗿𝗸 𝗖𝘆𝗰𝗹𝗲
✨ တန်းစီတတ်ပြီး ကိုယ့်ဟာကိုယ် အစားအသောက်စားတတ်ဖို့ ဖြည်းဖြည်းချင်း ကျင့်ပေးမယ့် 𝗦𝗻𝗮𝗰𝗸 𝗧𝗶𝗺𝗲
✨ အိမ်မပြန်ခင် နှုတ်ဆက်ကြမယ့် 𝗚𝗼𝗼𝗱𝗯𝘆𝗲 𝘀𝗼𝗻𝗴 အစီအစဉ်တို့ ပါဝင်မှာပါ
🏡 တစ်ပတ် ဘယ်နှစ်ရက်လဲ
တစ်ပတ်ကို တစ်ရက် တက်လို့ရပါတယ်
🏡 အတန်းသစ် ဘယ်တော့ စဖွင့်မှာလဲ
၂၀၂၆ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့ စဖွင့်မှာပါ
🏡 ဘယ်အချိန်တွေ တက်ရမှာလဲ
အပတ်စဉ် စနေနေ့တိုင်း ညနေ ၃ခွဲကနေ ၄ခွဲပါ
🏡 အတန်း၁တန်းမှာ ကလေး ဘယ်နှစ်ယောက်လဲ
၁တန်းမှာ အများဆုံး ၁၀ယောက်ပဲ လက်ခံပြီး အခုအတန်းလေးအတွက် ၅နေရာပဲ ကျန်ပါတော့တယ်
🏡 ဒီအတန်းတက်ရင် ကလေးက ဘာတွေ တိုးတက်လာနိုင်မလဲ
Term တစ်ခု (၃လအပြည့်) တက်ပြီးတဲ့အခါ
✨ မျက်လုံးနဲ့ လက်တွဲပြီး အလုပ်လုပ်တတ်တဲ့စွမ်းရည် (hand-eye coordination)
✨ လက်ချောင်းလေးတွေ၊ ခြေထောက်လေးတွေ ပိုသန်မာလာစေမယ့် fine motor skill and gross motor skill
✨ ရွယ်တူ သူငယ်ချင်းတွေနဲ့ ထိတွေ့ဆက်ဆံရလို့ စိတ်ပိုရှည်လာမှု၊ အလှည့်စောင့်တတ်မှု
✨ အများနှင့် ပတ်ဝန်းကျင်ထဲ ကျင့်သားရလာတဲ့အခါ မိဘမပါဘဲ မူကြိုတက်ဖို့ အဆင်သင့်ဖြစ်မှုတွေ ရရှိလာမှာပါ
🏡 Fees က ဘယ်လိုရှိလဲ
တစ်ပတ်တစ်ရက် အတန်းကို one term (၃လလုံး) အတွက် 450,000 Kyats နဲ့ ကျောင်းဝင်ကြေး 100,000 Kyatsပါ။ အသေးစိတ်ကို ဒီစာမျက်နှာရဲ့ messenger ကို ဖြစ်စေ၊ ဖုန်း 09 45333 4433 ကို (ရုံးချိန်အတွင်း) ဖြစ်စေ ဆက်သွယ် စုံစမ်းနိုင်ပါတယ်
***** ကျောင်းလာကြည့်ဖို့ ရက်ချိန်းကြိုယူပေးပါရှင့် *****
#မွန်ထယ်ဆိုရီ #မွန်တက်ဆိုရီ
20/01/2026
လူကြီးတိုင်းဟာ ကလေးတိုင်းရဲ့ လုံခြုံပျော်ရွှင်မှုအတွက် တာဝန်ရှိပါတယ်။
ဒီလိုပြောတဲ့အခါ တချို့ ကလေးမရှိတဲ့သူတွေ၊ ကလေးမချစ်တတ်တဲ့သူတွေက လက်ခံကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်က ဒီကမ္ဘာမှာ နောက်ထပ် အနှစ် ၂၀၊ ၃၀၊ ၄၀ စသဖြင့် နေကြဦးမယ်ဆိုရင် အဲဒီအချိန်တွေမှာ ကမ္ဘာကြီးကို တာဝန်ယူနေမယ့်သူတွေ၊ နိုင်ငံအသီးသီးရဲ့ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ စီးပွားရေး ဦးဆောင်သူတွေ၊ နည်းပညာဖန်တီးသူတွေဟာ အခု ကျွန်မတို့ မျက်စိရှေ့က ကလေးလေးတွေ ဖြစ်လာမှာပါ။ သူတို့လေးတွေ အဲဒီအချိန်မှာ ဖန်တီးဆောင်ရွက်တာတွေက ကျွန်မတို့ တစ်ဦးချင်းစီရဲ့ ဘဝကို သက်ရောက်မှာ ဖြစ်တဲ့အတွက် အနာဂတ် ပိုကောင်းတဲ့ ကမ္ဘာမှာ နေနိုင်ဖို့ဆို အခုကလေးတွေကို ဂရုစိုက်ဖို့ လိုပါတယ်။
ကလေးတွေအတွက် လုံခြုံပျော်ရွှင်မှုအတွက် တာဝန်ရှိတယ်ဆိုရာမှာ ကလေးတွေမြင်တာနဲ့ ချော့မြူရမယ်၊ ကျွေးမွေးလက်ဆောင်ပေးရမယ်၊ ကိုယ်နဲ့ မဆိုင်တဲ့ ကလေးတွေအတွက် ငွေကြေးကုန်ကျခံရမယ်ဆိုတဲ့ တာဝန်မျိုးကို ပြောတာ မဟုတ်ပါဘူး။ ကလေးတွေ ရှင်သန်ဖို့ လုံခြုံတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် တစ်ဦးချင်း ပါဝင်ပတ်သက်နေရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
လွယ်လွယ် ဥပမာနဲ့ပြောရရင် ကလေးတစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာ အကျူးလွန်ခံနေရတာကို ပြုံးပြီး၊ ရယ်ပြီး ကြည့်နေနိုင်တဲ့သူတွေ မဖြစ်ရပါဘူး။ ကိုယ်နိုင်တဲ့ ဘောင်အတွင်းက တားဆီးနိုင်သူတွေ ဖြစ်ရပါမယ်။ "ကလေးပဲ ဘာဖြစ်မှာမို့လဲ" ဆိုပြီး ထားလိုက်လို့ မရပါဘူး။ ကိုယ့်ကို လူထောင်ချီရှေ့မှာ စင်ပေါ်ခေါ်ပြီး မဖွယ်မရာ ပြုနေရင် ဘယ်လို ခံစားရမလဲ တွေးကြည့်ကြည့်ပါ။ ဘာမှ မသိတတ်သေးတဲ့ ကလေးလေးပေမဲ့ ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းကို မဖွယ်မရာလာပြုတာ ဘယ်သူမှ မကြိုက်ကြပါဘူး။ သိတတ်လာတဲ့ အရွယ်ရောက်လာရင်လည်း ဒီခံစားချက်ကြီးက လွန်မြောက်ဖို့ အများကြီး ရင်ဆိုင်ရဦးမှာပါ။
ကလေးလေးတွေ မွေးထားကြတဲ့ မေမေဖေဖေတို့အနေနဲ့လည်း ကိုယ့်ကလေးကို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အသက်အလိုက် နားလည်အောင် သင်ကြားပေးပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ပါစေ။ အရာရာ မိဘကို ဖွင့်ပြောရဲပါစေ။ သူစိမ်းတွေလက်ထဲ လွယ်လွယ် မထည့်ပါနဲ့။ ကလေးမွေးထားရင် ဒီတာဝန်တွေကို မယူလို့ မရပါဘူး။ ကိုယ့်ကလေးငယ်ဘဝမှာ ဘယ်အကြောင်းနဲ့မှ ဒါမျိုး စိတ်ဒဏ်ရာ မရစေပါနဲ့လို့ (သိပြီးသားတွေ ဖြစ်နေမှာပေမဲ့) ထပ်မံမေတ္တာရပ်ခံပါတယ်။
ကိုယ့်ကလေးမှ မဟုတ် တခြားကလေးလေးတွေ ဖြစ်လာရင်လည်း အတတ်နိုင်ဆုံး ရှုံ့ချပေး၊ အသံထွက်ပေးပါ။
ကလေးတွေဘဝ မသာယာဘဲ ပိုသာယာတဲ့ ကမ္ဘာကြီးကို ကျွန်မတို့ မျှော်လင့်လို့ မရပါဘူး။
03/01/2026
Our favourite toddlers had a fun day! 👶✨
On the very first day of the Parent-Toddler program at BMCH, little ones gathered for a fun circle time, a short Montessori cycle, snack time and goodbye greeting.
Can't wait to see you all next week!
Parent-Toddler အတန်းလေးရဲ့ ပထမဆုံးနေ့မှာ ကလေးလေးတွေဟာ ဝိုင်းဖွဲ့ချိန်၊ Montessori cycle၊ မုန့်စားချိန်နဲ့ နှုတ်ဆက်သီချင်းဆိုချိန်တွေကြား ပျော်ရွှင်စွာ လေ့လာခဲ့ကြပါတယ်။
ဒီအတန်းလေးဟာ မိဘတစ်ဦးနဲ့ တူတူတက်ရတဲ့ အတန်းလေးဖြစ်ပြီး မူကြိုမတက်သေးတဲ့ သားသားမီးမီးလေးတွေ
👶 အာရုံစူးစိုက်မှု တိုးတက်ဖို့
👶 သူငယ်ချင်းလေးတွေနဲ့ ဆက်ဆံတတ်ဖို့
👶 Montessori ကိရိယာတွေနဲ့ ခန္ဓာရော ဦးနှောက်ပါ ဖွံဖြိုးစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ အတန်းလေးဖြစ်ပါတယ်။
တစ်ပတ်မှာ တစ်ရက်တက်ရတဲ့ ဒီအတန်းလေးကို အနည်းဆုံး ၃လ (Term တစ်ခုစာ) တက်ရမှာဖြစ်ပြီး Term တစ်ခု ၃လလုံးအတွက် ၄၅၀,၀၀၀ ကျပ်နှင့် ကျောင်းဝင်ကြေး ၁၀၀,၀၀၀ ကျပ်သာ ကျသင့်မှာပါ။
အသေးစိတ်သိရှိလိုပါက Botataung Montessori Children's House ကို စာပို့ပြီးဖြစ်ဖြစ်၊ ဖုန်း 09 453334433 ကို (ရုံးချိန်အတွင်း) ဖြစ်ဖြစ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။
***** ကျောင်းလာကြည့်ဖို့ ရက်ချိန်းကြိုယူပေးပါရှင့် *****
#မွန်ထယ်ဆိုရီ
#မွန်တက်ဆိုရီ