Leo's Sunflower

Leo's Sunflower Learning Korean language...

20/10/2023

HELLO ဒီအတောအတွင်း Pageလေးactiveမဖြစ်ခဲ့တာ တီချယ် Topikလေး ဖြေနေလို့ပါ နောက်လကနေစပြီး သင်တန်းလေးတွေဖွင့်ပြီး Topik examနဲ့ပတိသက်တဲ့ အကြောင်းအရာလေးတွေကို ဒီကြားထဲ sharing လုပ်ပေးသွားမှာမို့လို့ page လေးကို like & shareလေးလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်

🌻ဒီအခန်း အဆက်လေးတွေထပ်တင်ပေးမှာမို့လို့ pageကို like and follow လုပ်ဖို့ မမေ့နဲ့ဦးနော်
09/02/2023

🌻ဒီအခန်း အဆက်လေးတွေထပ်တင်ပေးမှာမို့လို့ pageကို like and follow လုပ်ဖို့ မမေ့နဲ့ဦးနော်

🌻Hello Yonsei level 1-1 , 1-2 နဲ့ 2-1 2-2 by one ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ 2ယောက်တစ်စု သုံးယောက်တစ်စုဖြစ်ဖြစ် သင်ချင်ရင်...
09/02/2023

🌻Hello Yonsei level 1-1 , 1-2
နဲ့ 2-1 2-2 by one ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ 2ယောက်တစ်စု သုံးယောက်တစ်စုဖြစ်ဖြစ် သင်ချင်ရင် page messagerမှာ လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်
အခြေခံကနေ စပြီးလည်း သင်ပေးပါတယ်ရှင့်

🌻ခုလို အချိန်ကာလမှာ ဘာသာစကားတစ်ခုခု သင်ထားတာ မမှားတဲ့ အတွက် လာရောက်‌ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်

🌻နှစ်သစ် အခါသမမှာ ညီအစ်ကို မောင်နှမများအားလုံး ရွှင်လန်းချမ်း‌မြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့် 🍀ပျော်ရွှ...
13/04/2022

🌻နှစ်သစ် အခါသမမှာ ညီအစ်ကို မောင်နှမများအားလုံး ရွှင်လန်းချမ်း‌မြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့် 🍀
ပျော်ရွှင်စရာ သက်ြန်အကြိုနေ့လေးဖြစ်ပါစေရှင့်

🌻Thingyan လက်ဆောင်လေးအဖြစ်
Real life Korean conversation for beginnersထဲက Dialogue 1ကိုဘာသာပြန်ပေးထားပါတယ်ရှင့်
https://www.facebook.com/105718661759559/posts/278814967783260/

Dialogue 1                            반갑습니다                  (တွေ့ရတာ၀မ်းသာပါတယ်) 어위 ( Vocabulary ) 안녕하세요 = မဂ်လာပါ ,Hel...
13/04/2022

Dialogue 1
반갑습니다
(တွေ့ရတာ၀မ်းသာပါတယ်)

어위 ( Vocabulary )

안녕하세요 = မဂ်လာပါ ,Hello
처음 = ပထမဆုံး
뵙다 = တွေ့ဆုံသည်။ ( အမြင့်သုံး )
제 = ကျွန်တော်ရဲ့ / ကျွန်မရဲ့
(저의 နဲ့ အတူတူပါပဲ) ( 제က 저의အတိုကောက်ပါ) 이름 = နာမည်
반갑다 = ၀မ်းသာသည်။
어디 = ဘယ်မှာ
살다 = နေထိုင်သည်။
그런데 = ဒါပေမယ့် / ဒါနဲ့
고향 = မွေးရပ်မြေ
학생 = ကျောင်းသား/ကျောင်းသူ
대학교 = တက္ကသိုလ်
다니다 = သွားသည်။ တက်ရောက်သည်။
(ပုံမှန် အမြဲတမ်းသွားနေကျဆိုတဲ့အခါမှာသုံးပါတယ်။ ရုံးသွားတာတို့မှာလည်း သုံးပါတယ်။)
화사원 = ကုမ္ပဏီ၀န်ထမ်း
무슨 = ဘယ်လိုမျိုး / ဘယ်အရာ
컴퓨터 = ကွန်ပျူတာ (Computer)
엔지니어 =အင်ဂျင်နီယာ (Engineer)

Dialogue 1

성찬 🍉( Seochan ,ဆောချမ်း )နဲ့
지연 🥝(Jiyeon , ဂျီယောင်း )ကစကားအပြန်အလှန်ပြောကြမှာပါ ရှုပ်မှာစိုးလို့အသီးလေးတွေနဲ့ပြောမယ်နော်

🍉 : 안녕하세요.
(မဂ်လာပါ)
🥝 : 네, 안녕하세요. 처음 뵙겠습니다.
( ဟုတ်ကဲ့ , မဂ်လာပါ. ပထမဆုံး တွေ့ခြင်း ဖြစ်ပါတယ်.)
🍉 :반갑습니다. 제 이름은 김성찬이에요.
(တွေရတာ၀မ်းသာပါတယ်. ကျွန်တော်ရဲ့ နာမည်ကတော့ ဂင်ဆောချမ်းဖြစ်ပါတယ်.)
🥝 :네,반갑습니다. 제 이름은 이지연이에요.
(ဟုတ်ကဲ့,တွေ့ရတာ၀မ်းသာပါတယ် .ကျွန်မရဲ့ နာမည်ကတော့ လီဂျီယောင်းဖြစ်ပါတယ်.)
🍉 : 어디에 사세요?
(ဘယ်မှာ နေပါသလဲ?)
🥝 : 저는 서울에 살아요. 성찬 씨는요?
( ကျွန်မကတော့ ဆိုးလ်မှာ နေပါတယ်.
ဆောချမ်း ကရော?)
🍉 : 저도 서울에 살아요. 그런데 고향은 부산이에요.
(ကျွန်တော်လည်းပဲ ဆိုးလ်မှာ နေပါတယ်.
ဒါပေမယ့် မွေးရပ်မြေကတော့ ဘူဆန်ဖြစ်ပါတယ်.)
🥝 : 학생이세요?
(ကျောင်းသားလား?) 📌အမြင့်သုံးနဲ့မေးခြင်း
🍉 : 네. 저는 한국대학교에 다녀요. 지영 씨도
학생이세요?
(ဟုတ်ကဲ့. ကျွန်တော်ကတော့ ကိုရီးယားတက္ကသိုလ်မှာ တက်ရောက်နေပါတယ်. ဂျီယောင်း လည်းပဲ ကျောင်းသူ ဖြစ်ပါသလား။)
🥝 :아니요. 저는 회사원이에요.
(ဟင့်အင်း. ကျွန်မကတော့ ကုမ္မဏီ ၀န်ထမ်းပါ။)
🍉 : 무슨 일을 하세요?
( ဘယ်လိုမျိုး အလုပ်ကို လုပ်ပါသလဲ?)
🥝 : 컴퓨터 엔지니어예요.
( ကျွန်ပျူတာ အင်ဂျင်နီယာဖြစ်ပါတယ်.)

ဒီအခန်းမှာ အသတ်သံပြောင်းလဲပုံနှစ်ခုပါပါတယ်။

🌸နောက်မှာ 'ㅇ'ဗျည်း ရှိရင် 'ㅇ'ဗျည်းဆီ အသတ်သံလာပြောင်းရမယ်

ဥပမာ 서울에ကိုအသံထွက်ရင် (서우레,
ဆောအူရဲ)လို့ထွက်ရမယ်
살아요 ( 사라요 , ဆာရာယို)
이름은 (이르믄 , အီရွတ်မင်းန်)

🌸 အရှေ့က 'ㄱ'အသတ်ဖြစ်ပြီး နောက်မှာ 'ㄱ'ဗျည်းလိုက်ရင် နောက်ကအသံကို 'ㄲ'သံထက်ရမယ်။

ဥပမာ 대학교 ကိုအသံထွက်ရင် (대학꾜,
ဒယ်ဟာ့ကယို)

လူမျိုး = 국가 (국까, ဂုကာ)
ဂီတတူရိယာ =악기 (악끼 , အာ့ကီ)

ဒီစာအုပ်လေးရဲ့ pdfကို commentမှာ‌ ချထားတဲ့ Telegram channelထဲမှာ ၀င်downနိုင်ပါတယ်ရှင့်

FYI 💝https://www.facebook.com/263857247400383/posts/1424574821328614/
20/03/2022

FYI 💝
https://www.facebook.com/263857247400383/posts/1424574821328614/

ကိုရီးယားကို လာဖို့အတွက် အသစ်ဝယ်မလာသင့်တဲ့ ပစ္စည်းတွေကို အတွေ့အကြုံအရ မျှဝေပေးမှာဖြစ်ပါတယ်…

နိုင်ငံခြားကို ကျောင်းလာတက်ခါနီး မြန်မာပြည်ကနေ လိုအပ်တာလေးတွေ ဝယ်တတ်တာ ပုံမှန်ပါပဲ။ ဟိုမှာ စျေးကြီးတယ် ဒီကနေ တစ်ခါတည်းဝယ်သွားဆိုပေမယ့် ဝယ်ပြီး ကိုရီးယားရောက်မှ အသုံးမဝင်တာမျိုးတွေလည်းရှိတတ်တော့ ကြိုသိထားအောင်တင်ပေးလိုက်ပါတယ်။ အလုပ်နဲ့ပဲလာလာ ကျောင်းနဲ့ပဲလာလာ တူတူပါပဲ။

Don’t (မဝယ်လာပါနဲ့)

1.တရုတ်ဖုန်းတွေ

LG , Samsung, iPhone မဟုတ်တဲ့ ဖုန်းတွေ မယူလာပါနဲ့။ ဆင်းကဒ်မတက်တဲ့ ပြဿနုာတွေ ရှိတတ်ပါတယ်။ Global Version မကလို့ ဘာပဲ ဖြစ်ဖြစ် ဆင်းကဒ် မဖတ်တာများတာမလို့ နဂိုရှိလို့ ယူလာရင်တော့မပြောတတ်ပေမယ့်၊ ဖြစ်နိုင်ရင် Samsung LG iPhone ထဲကပဲ ယူလာကြပါ။

2.Laptop

ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ Laptop အသစ်ဆိုပြီး မဝယိပါနဲ့။
ကိုရီးယား ကီးဘုတ်မပါရင် တိုင်ပတ်တတ်သလို ၊ ကီးဘုတ်ပြောင်းတဲ့ ခလုတ်လည်း ပါမှာ မဟုတ်ပါဘူး။ အားသွင်းခေါင်းမတူတဲ့ ပြဿနာတွေလည်းရှိနိုင်ပါတယ်။

3.အင်္ကျီ အဝတ်အစား ဖိနပ်အသစ်တွေ

နဂိုရှိတဲ့ထဲက ကောင်းတာတွေ ယူလာရင်အဆင်ပြေပါတယ်။ ကိုရီးယားမှာလည်း T Shirt တစ်ထည် ၅၀၀၀ လောက်ပဲကျတာတွေ ဝယ်လို့ရသလို ရာသီအလိုက် ဒီဇိုင်းနဲ့ trend အသစ်တွေ ရှိတာမလို့ အသစ်ဝယ်လာလည်း ဒီမှာ ဝတ်ရင် အဆင်မပြေတာမျိုးတွေရှိတတ်ပါတယ်။

Do (ယူလာကြပါ)

1.သောက်နေကြဆေးများ (အိမ်သုံးဆေးများ)

ပါရာစီတမောတို့၊ အမောက်ဆလင်တို့၊ ချောင်းဆိုးပျောက်ဆေးတို့လို အခြေခံဆေးတွေယူခဲ့ကြပါ။ ကိုရီးယားကဆေးတွေကပျော့တော့ ဆေးမတိုးပါဘူး။

2.MOFA ထုပြီးသား ပညာရေးစာရွက်စာတမ်း ၂ စုံ

လာခါနီး MOFA ထုပြီးသား Notry 2 စုံလောက်ယူလာပြီး ID ကဒ်ရရင် ကိုရီးယားသံရုံးမှာ တုံးထပ်ထုပါ။ ကျောင်းလျှောက်တဲ့အခါ (University Entry အတွက် ပြင်ဆင်တဲ့အခါ) ပြာယာခတ်နေစရာမလိုပါဘူး။

3. 2Pin ခေါင်းအလုံး

ကိုရီးယားမှာ ရှိသမျှ Electronics အကုန် 2 Pin ခေါင်းအလုံးကိုပဲ သုံးပါတယ်။ အဲ့တော့ ကိုယ်ယူလာတဲ့ ပစ္စည်းရဲ့ charger က 2 pin မဟုတ်ရင် Adapter ယူလာဖို့မမေ့ပါနဲ့။

4. Internet Banking

ကိုယ်က မြန်မာဘက်မှာလည်း အလုပ်လုပ်တဲ့ သူဆိုရင် internet banking ကို Oversea သုံးလို့ရအောင် OTP လျှောက်ပြီး ထည့်ခဲ့ပါ။ အသုံးဝင်ပါလိမ့်မယ်။

ရောက်နေပြီးသားသူတွေလည်း ရောက်စက မယူလာမိလို့ အဆင်မပြေတာတွေရှိရင် နောက်လူတွေ သိရအောင် comment မှာ မျှဝေပေးကြပါဦးနော်….

’aNotes

🌻ဒီနေ့ ကိုရီးယားစာသင်မယ့် သူတွေ အမေးများတာလေး ကိုပြောပြပါမယ်နော် ' ဘယ်သင်ရိုးကောင်းလဲ ' ဆိုပြီး မေးကြတယ် 🌻Yonsei နဲ့ Fun...
12/03/2022

🌻ဒီနေ့ ကိုရီးယားစာသင်မယ့် သူတွေ အမေးများတာလေး ကိုပြောပြပါမယ်နော်
' ဘယ်သင်ရိုးကောင်းလဲ ' ဆိုပြီး မေးကြတယ်

🌻Yonsei နဲ့ Fun Fun ကိုအဓီကထားပြီး‌ ပြောပါမယ်

Yonsei က 1-1 နဲ့ 1-2 ဆိုပြီး ခွဲထားပါတယ်
Fun Fun ကတော့ Level 1လို့ပဲခေါ်ပါတယ်
Yonsei 1-1 & 1-2 သင်ပြီးမှသာ Level1 ပြီးတယ်လို့ခေါ်တာပေါ့နော်

🌻ဘယ်သင်ရိုးပိုကောင်းလဲ?
- Yonseiကကျ Grammarပိုင်းကို ပိုအားသာပါတယ်
Grammarနဲ့သက်ဆိုင်တဲ့ လေ့ကျင့်ခန်းတွေ ပိုများပါတယ် ပြောရရင် Yonseiက Grammarကျေတယ်လို့ ပြောလို့ရတာပေါ့နော်

- Fun Fun ကကျ Vocabulary နဲ့ Speakingပိုင်းအားသာပါတယ် Vocabularyသေချာလေ့လာချင်တယ်
စကားပြောနဲ့ပတ်သက်ပြီး ပိုလေ့လာချင်ရင် Fun Funနဲ့လေ့လာသင့်ပါတယ်

🌻읽기 (Reading) နဲ့ 쓰기 (Writing) ပိုင်းမှာဆိုရင်

- လုပ်ရတဲ့ လေ့ကျင့်ခန်းတွေက Topik မေးခွန်းနဲ့ နီးစပ်တာက Yonseiကပိုနီးစပ်တယ်ပေါ့နော်
ပြီးတော့Yonseiမှာက ဥပမာစာပိုဒ်လေးတွေ
ပြထားပြီး 쓰기ရေးခိုင်းတာဆိုတော့ သင်ယူတဲ့
ကျောင်းသားအတွက် ပိုအဆင်ပြေတာပေါ့နော်

- Fun Funမှာကတော့ 읽기, 쓰기 တွေပါပေမယ့်
ဥပမာ မပါဘဲ ဗလိုင်းကြီး ရေးခိုင်းသလိုမျိုး‌ေတွ့ရတယ်ပေါ့နော်

🌻듣기( Listening)အတွက်ကတော့ နှစ်ခုလုံးကောင်းပါတယ်

🌻ခြုံပြောရရင် Yonseiကပိုစနစ်ကျပါတယ်
သင်ရိုးနှစ်ခုလုံးကတော့ ကောင်းပါတယ်
🌸Recommendedပေးရမယ်ဆိုရင်တော့
Yonseiကိုပေးပါတယ်

Topik exam question typeပုံစံကတော့ သင်ရိုးနှစ်ခုလုံးနဲ့ မတူဘဲကွဲပါတယ်နော်

🌻အောက်ကပုံအောက်မှာလည်း Yonseiဘယ်နှခန်းရှိတယ် ဘာတွေဘယ်လိုပါတယ်
Fun Funဘယ်နှခန်းရှိတယ် ဘာတွေပါတယ်ဆိုတာ ရှင်းပြထားပါသေးတယ်နော်
ပုံလေးအောက်မှာ ဖတ်ပေးပါရှင်

🌻ထပ်ပြီး ကိုရီးယားနဲ့ ပတ်သက်တဲ့ သိချင်တဲ့ မေးခွန်းကို မေးချင်ရင် အောက်မှာ 👇commentလေး မန့်ခဲ့ပေးပါ‌ like & share လေးလည်း လုပ်ခဲ့ပေးပါဦးရှင်

Basic ပြီးတဲ့သူတွေ နဲ့ Level 1ပြီးပေမယ့် စာဖတ်အားနည်းတဲ့သူတွေတက်သင့်တဲ့အတန်းဖြစ်ပါတယ်အချိန်တိုတိုနဲ့ အဖတ်ကိုသိသိသာသာတိုး...
24/02/2022

Basic ပြီးတဲ့သူတွေ နဲ့ Level 1ပြီးပေမယ့် စာဖတ်အားနည်းတဲ့သူတွေတက်သင့်တဲ့အတန်းဖြစ်ပါတယ်
အချိန်တိုတိုနဲ့ အဖတ်ကိုသိသိသာသာတိုးတက်စေမှာမို့လို့
စိတ်ကူးမလွဲဘဲတက်သင့်တဲ့အတန်းပါနော်

https://www.facebook.com/105718661759559/posts/205884325076325/

새해 복 많이 받으세요,여러분.🍀HAPPY NEW YEAR ပါရှင့် 🎉နှစ်သစ်မှာ‌ ‌‌ခြေလှမ်းအသစ် အောင်မြင်မှု အသစ်တွေနဲ့  ပျော်ရွှင်နိုင်ကြပါစေ လို့...
31/12/2021

새해 복 많이 받으세요,여러분.🍀
HAPPY NEW YEAR ပါရှင့် 🎉
နှစ်သစ်မှာ‌ ‌‌ခြေလှမ်းအသစ် အောင်မြင်မှု အသစ်တွေနဲ့ ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

🌻နောက်နှစ်မှာလည်း သင်တန်းအသစ်တွေ ထပ်ဖွင့်ဦးမှာမို့ စောင့်ကြည့်ပေးကြပါဦးရှင့်

메리 크리스마스,여러분 🌲❄️Merry Christmas, Everyone.☃️Happy Holidays.💚 အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်ဖွယ် နေ့ရက်...
25/12/2021

메리 크리스마스,여러분 🌲❄️
Merry Christmas, Everyone.☃️
Happy Holidays.💚
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်ဖွယ် နေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်

🌻Leo's Sunflower မှ  program‌‌ေလး တစ်ခုအသစ်တစ်ခုဖွင့်ထားပါတယ်ရှင့် အဲ့တာကတော့ ရက်20နဲ့ ခုလက်ရှိတဲ့ပို့တဲ့ Vocab ,Reading...
20/12/2021

🌻Leo's Sunflower မှ program‌‌ေလး တစ်ခုအသစ်တစ်ခုဖွင့်ထားပါတယ်ရှင့် အဲ့တာကတော့ ရက်20နဲ့
ခုလက်ရှိတဲ့ပို့တဲ့ Vocab ,Reading & Speaking skill ကိုမြှင့်တင့်ပေးမယ့် အစီအစဉ်လေးပါရှင့်

🌻သင်မယ့်courseကတော့ Real life Korean conservation for beginners ဖြစ်ပါတယ်ရှင့်
အောက်မှာ နမူနာပုံလေးတွေလည်းတင်ထားပါတယ်ရှင့်

🌻အဓိကက ဒီစာအုပ်ထဲမှာ Lessonတစ်ခုပြီးတိုင်း
Vocab ကောက်နုတ်ချက်ပါမယ်
Grammar pattern နှစ်ခုပါမယ်
အသံကူးပြောင်းပုံပါမယ်
အဲ့တာတွေပါသင်ပေးမှာပါရှင့်
40 lessonsပါပြီးတော့တစ်နေ့ 2ပုဒ်နှုန်းနဲ့သင်မှာပါ

🌻ဆရာမနဲ့ရော ကိုယ့် အတန်းအတူတူတက်တဲ့သူတွေနဲ့ပါ အပြန်အလှန်စကားပြောကြမယ် vocabတွေကျက်ကြမယ် အသံကူးပြောင်းပုံတွေမှတ်ကြမယ် တစ်နေ့စာတစ်နေ့လိုက်လုပ်ရင်
ပေါ့ပေါ့ပါးပါးသွားလို့ရမယ့်သင်တန်းလေးပါ

🌻Korean Basicပြီးတဲ့သူတိုင်းသင်လို့ရပါတယ်
Zoom class သင်မှာပါ

🌻Duration : 20 days
Fees : 7000ks

🌻 သင်တန်းကြေးကတော့ ပုံမှန် တစ်ယောက် 12000ကို New Year Promotion နဲ့မို့လို့ တစ်ယောက်ကို 7000ks ပါပဲ
လူဦးရေကန့်သတ်ထားလို့ အမြန်ဆုံးလာအပ်လိုက်ကြပါတော့ရှင့်

🌻ဒီနေ့ သစ်သီး၀လံလေးတွေကို တင်ပေးထားပါတယ်ရှင့်အသံထွက်ကိုလည်း မြန်မာလို Englishလို နှစ်မျိုးရေးပေးထားတဲ့အတွက် အဆင်ပြေကြမယ်...
07/12/2021

🌻ဒီနေ့ သစ်သီး၀လံလေးတွေကို တင်ပေးထားပါတယ်ရှင့်
အသံထွက်ကိုလည်း မြန်မာလို Englishလို နှစ်မျိုးရေးပေးထားတဲ့အတွက် အဆင်ပြေကြမယ် မျှော်လင့်ပါတယ်ရှင့်

🌻Basicနဲ့ Level 1 အတွက်သင်တန်းအပ်ချင်ရင် page messagerကိုလာရောက်စုံစမ်းနိုင်ပါတယ်ရှင့်

🌻မသိသေး‌တဲ့ သူငယ်ချင်းတွေ မြင်အောင်လည်း sharing
လုပ်ပေးသွားကြပါရှင့်

🌸Have a good day.🌸

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Leo's Sunflower posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Leo's Sunflower:

Shortcuts

Share