M A R V E L L O U S Translation
M A R V E L L O U S Translation
Share
Your Source of Marvelous Conversations.
22/05/2024
5 Signs that you have a Powerful Mind 🧠💡
20/05/2024
Podcast: A Hard Day 🎙️
Photos from M A R V E L L O U S Translation's post 20/03/2020
How to Handrub? How to Handwash? (Myanmar language)
Source: who.int
28/02/2020
DOs and DON'Ts in MYANMAR
Myanmar is a Buddhism country well known as the Golden Land. Otherwise, it is also called the Land of Pagodas. Hence, when coming to Myanmar, tourists should know the behaviors both in public and religious monuments.
DOs:
1, Respect the Myanmar people and their unique traditions: Visitors are not asked to abandon their ways, they are asked to adapt to the Myanmar environment.
2, Respect the elders: Let the oldest be served first, and bend a bit when crossing close in front of the elders.
3, Wear decent clothes when visiting religious sites: Please cover your shoulders and knees, and take off your shoes and socks when entering pagoda areas.
Offer articles with both hands. Seek permission on retrieving an article above a person’s head.
4, Keep the feet on the ground: Do tuck away your feet, when you sit, your legs should not be stretched out and your feet should never face the Buddha.
5, To maintain Myanmar’s unique heritage, do not buy antiques. Buy arts and crafts instead: Myanmar loses its heritage every.
6, Help protect Myanmar wildlife by refusing to purchase wildlife products: The illegal selling of wildlife endangers the species native to Myanmar. Tourists should not buy these products.
7, Myanmar currency should be exchanged at the official exchange counters and banks, not on the black market.
DON'Ts:
1, Don’t sit with back against Buddha Image. Don’t handle Buddha Images or sacred object with disrespect. Don’t keep Buddha Images or sacred objects in inappropriate places.
2, Don’t offer to shake hands with a monk. Women should not touch a monk.
3, Don’t step on others shadow or any part of their bodies. Don’t point a finger straight in others’ faces. Don’t point with your foot: In Myanmar the feet convey messages. Pointing with your feet means disrespect.
4, Don’t touch anybody on the head: The head is the most esteemed part of the body. To be touched on the head is considered aggressive.
5, Don’t touch a woman on any part of her body.
6, Don’t gamble. Don’t use drugs. Using drugs is illegal in Myanmar.
7, Don’t go where you are advised not to go: Myanmar is slowly opening up and more destinations will be accessible to foreigners in the future.
8, Don’t kiss in public: Displaying physical closeness in public places is frowned upon in Myanmar.
9, Don’t disturb people praying or meditating: Visitors should avoid loud talk and should take care not to touch people meditating.
10, Calling with your finger up means calling for a challenge: Calling someone with your fingers down is considered polite.
11, Don’t touch the robe of a monk: Monks are very revered; they observe many rules, study the Dhamma, practice meditation and are highly respected in Myanmar society. Visitors should never touch the robe of a monk, not even if they see a worm crawling up his robe.
12, Giving money or sweets to children is not advisable: Instead of creating children’s dependency on tourism, visitors should consider the saying: “Don’t give a helpless person a fish, teach them how to catch a fish and they will learn for a lifetime”.
Credit & Photo - www.myanmarholiday.com
MARVELLOUS Translation
Call 09250657599
Photos from M A R V E L L O U S Translation's post 21/02/2020
[Unicode]
Diamond Princess သင်္ဘောပေါ် ၁၄ ရက်ကြာထိန်းသိမ်းထားပြီးတဲ့နောက် ခရီးသည်တွေ ဆင်းခွင့်ရ.. ကျန်းမာရေးကျွမ်းကျင်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာ..
Diamond Princess သင်္ဘောပေါ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရသေးတဲ့ ခရီးသည်တွေ ကပ္ပတိန်ခွင့်ပြုချက်နဲ့ ဗုဒ္ဓဟူးနေ့မှာ သင်္ဘောပေါ်က ဆင်းကြရပါပြီ။ အဲဒီမတိုင်ခင်တချို့ခရီးသည်တွေ ကမ်းခြေအဆောက်အအုံတွေဆီ ပြောင်းရွှေ့ရဖို့၊ စင်းလုံးငှားလေယာဉ်များပေါ် တက်ကြရဖို့ မျှော်လင့်တောင်းဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
တိုကျိုပင်လယ်ကွေ့မှာ ကျန်းမာရေးစစ်ဆေးခဲ့တဲ့အခါ ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း ၅၄၅ ယောက် တွေ့ခဲ့ပါတယ်။ အင်္ဂါနေ့မှာ ရောဂါဖြစ်မှု ၈၈ ခု ထပ်တွေ့ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ အမှုအသစ်တစ်ခုကို အတည်ပြုခဲ့ပါတယ်။ သူကတော့ သင်္ဘောပေါ် လိုက်ပါလာတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားဆရာဝန်တစ်ယောက်ပါ။ သူက သဘာဝဘေးအန္တရာယ် ဆေးဘက်ဆိုင်ရာ အကူအဖွဲ့က ဆရာဝန်တစ်ယောက်လည်း ဖြစ်နေပါတယ်။
ရောဂါမကူးသေးတဲ့ အသက် ၇၀ ကျော် ခရီးသည်တွေ အရင်ဆုံး ဆင်းခွင့်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ခရီးသည်တွေ သင်္ဘောပေါ်ကနေ ဆင်းတာဟာ ရက်တော်တော် ကြာနိုင်ပါတယ်။ ဆင်းသွားပြီးတဲ့ ခရီးတွေကိုလည်း သင်္ဘောပေါ် ပြန်တက်ခွင့်ပေးမှာ မဟုတ်တော့ပါဘူး။
"ခရီးရှည် အတူတူထွက်ပြီး အခုတော့ ခင်ဗျားတို့တွေ အများကြီး ပြန်သွားတာကို တွေ့ရတာ ဝမ်းနည်းစရာပဲဗျာ၊ လွန်ခဲ့တဲ့ ရက်သတ္တပတ်တချို့မှာ ခင်ဗျားတို့ ထုတ်ပြခဲ့တဲ့ ခံနိုင်ရည်ရှိမှုနဲ့ ပေါင်းစည်းမှုတွေကတော့ မယုံနိုင်စရာပါပဲ" လို့ သင်္ဘောကပ္ပတိန် Stefano Ravera က အင်္ဂါနေ့က ပြောခဲ့ပါတယ်။
Diamond Princess သင်္ဘောပေါ် ဂျပန်တွေရဲ့ ကျန်းမာရေး အစီအမံတွေက ကုန်းတွင်းပိုင်းမှာ ရောဂါပျံ့တာကို နှေးသွားစေနိုင်ပါတယ်။ ဒါပေမယ့်သင်္ဘောပေါ်က ခရီးသည်တွေကို ဆင်းခွင့်ပေးလိုက်တာဟာ အများပြည်သူလုံခြုံမှုကို ချိုးဖောက်တာလို့ တချို့က ပြောကြပါတယ်။ အကြောင်းကတော့ သင်္ဘောပေါ် ကနေ ဆင်းခွင့်ပေးပြီးနောက်တော့ ခရီးသည်တွေမှာ ကူးစက်လက္ခဏာတွေ ပိုပြီး တွေ့ရလို့ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးအစီအမံကို ချီးကျူးပေမယ့် သင်္ဘောပေါ်က လူတစ်ဦးချင်းကြား ကူးစက်တာကို တားနိုင်ဖို့ မထိရောက်ဘူး လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ CDC က ပြောပါတယ်။
သင်္ဘောပေါ် က ရောဂါကူးစက်မှုနှုန်း၊ အထူးသဖြင့် ရောဂါလက္ခဏာမပြတဲ့ သူတွေကြားကူးစက်မှုနှုန်းဟာ ရှေ့ပြေးအန္တရာယ်ကို ပြနေတယ် လို့ CDC က ယုံကြည်နေပါတယ်။
"အမေရိကန်ပြည်သူတွေရဲ့ကျန်းမာရေးကိုကာကွယ်ဖို့အတွက် ခရီးသည်တွေနဲ့သင်္ဘောသားအားလုံးကိုခရီးသွားလာခွင့် ကန့်သတ်ထားပြီး သူတို့ Diamond Princess ကနေ ဆင်းလာပြီး အနည်းဆုံး ၁၄ ရက် ပြည့်တဲ့ထိ အမေရိကန်ကို ပြန်လာဖို့တားဆီးထားပါတယ်။"
တခြားကျွမ်းကျင်သူတွေကလည်း သတိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်နေကြပါတယ်။ သင်္ဘောပေါ်က ကူးစက်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေဟာ လိုသလောက် တိကျမှန်ကန်မှု မရှိဘူး လို့ သင်္ဘောပေါ် လေ့လာလည်ပတ်ခဲ့တဲ့ ဂျပန်လူမျိုး ကူးစက်ရောဂါအထူးကု တစ်ယောက်က ပြောခဲ့ပါတယ်။
"Diamond Princess ထဲ နေရတာ ကျွန်တော် အရမ်းကြောက်တယ်။ ဗိုင်းရပ်စ်ဘယ်မှာရှိလဲ ဆိုတာပြောပြဖို့ မဖြစ်နိုင်ဘူး။ ဗျူရိုကရက်အရာရှိတွေက အရာတိုင်းကို တာဝန်ယူထားတာ" လို့ Kobe တက္ကသိုလ် ကူးစက်ရောဂါအထူးကု Kentaro Iwata က အင်္ဂါနေ့ YouTube ဗီဒီယိုမှာ ပြောထားပါတယ်။
Photo & Ref : CNN
MARVELLOUS Translation မှ ဘာသာပြန်ပါသည်။
MARVELLOUS Translation
Call 09250657599
[Zawgyi]
Photos from M A R V E L L O U S Translation's post 14/02/2020
[Unicode]
Valentine’s Day နဲ့ ချောကလက် : အသည်းနှလုံးပုံ သမိုင်းတစ်စောင်
Valentine Day ရဲ့ မူလအစဟာ Valentine အမည်ရှိ ရှေးဦး ရောမသူတော်စင်နှစ်ပါးနဲ့ ဆက်စပ်နေပေမယ့် ချစ်ခြင်းမေတ္တာနဲ့ လုံးဝမပတ်သက်ပါဘူးတဲ့။ စိန့်ချစ်သူများနေ့ကို ချစ်ခြင်းမေတ္တာ ကိုယ်စားပြုအားလပ်ရက်အနေနဲ့ ပထမဆုံးအကြိမ် ဖော်ပြတာက Geoffrey Chaucer ရဲ့စာပေတွေမှာ၊ အထူးသဖြင့် ၁၃၈၂ ကဗျာ Parlement of Foules မှာပါ။ Chaucer ဟာ အချစ်ရဲ့ သဘောသဘာဝကို “Seynt Voantynes ​​နေ့မှာ.. ငှက်တိုင်းဟာ သူ့ရဲ့မိတ်ဖက်ကို ရွေးချယ်ဖို့ ဖြစ်တယ်”လို့ ဖော်ကျူးထားတယ်။ ရာစုနှစ်တွေကြာပြီးနောက်လူတွေဟာ သီချင်းတွေ၊ ကဗျာတွေ၊ နှင်းဆီပန်းတွေနဲ့ ကျင်းပခဲ့ပေမယ့် Valentine's Day ချောကလက်နဲ့ သကြားလုံးတွေကတော့ ဥရောပမှာ အဖိုးတန်ကုန်ကြမ်းတစ်ခု ဖြစ်နေသေးလို့ ရောယှက်တာမျိုး မရှိသေးပါဘူးတဲ့။
ဗစ်တိုးရီးယားဘုရင်မ အုပ်ချုပ်တဲ့ ၁၈၃၇ ခုနှစ်လောက်မှာ Valentine's Day ဟာ စီးပွားဖြစ် အလှည့်အပြောင်းတစ်ခုဖြစ်လာပြီး ဗစ်တိုးရီးယားပြည်သူတွေဟာ သူတို့တန်ဖိုးထားတဲ့သူတွေကို Cupid မြှားနတ်မောင် ခေါင်းစဉ်တပ် လက်ဆောင်တွေ၊ ကတ်တွေနဲ့ ကြဲချတဲ့အလေ့ ရှိခဲ့တယ်။ ၁၈၀၀ ပြည့်နှစ် နှောင်းပိုင်းမှာတော့ လူသိများတဲ့ ချောကလက်စားသူတချို့ဟာ ပိုပြီး နှစ်သက်ဖွယ်ကောင်းတဲ့ “ချောကလက်သောက်ခြင်း” ပုံစံကိုဖန်တီးဖို့အတွက် ကိုကိုးသီးတွေကနေ ကိုကိုးထောပတ် ထုတ်ယူတဲ့ လုပ်ငန်းမျိုး ပေါ်ထွက်လာခဲ့တယ်။ အဲဒီဖြစ်စဉ်ကြောင့် ကိုကိုးထောပတ်တွေ အရမ်းပေါများလာပြီး အဲဒီနောက်မှာ "ချောကလက်စားခြင်း" လို့ ပြောစမှတ်ပြုလာမယ့် ချောကလက်တုံးတွေ ပိုထုတ်လုပ်ဖို့ သုံးခဲ့ကြတယ်။
စျေးကွက်ရှာဖွေချဲ့ထွင်ကြတာတွေကြောင့် ချောကလက်တွေကို Cupids မြှားနတ်မောင်ပုံ နှင့် ချစ်စဖွယ့်မိန်းကလေးပုံနဲ့ အလှဆင်ထားတဲ့ အသည်းနှလုံးပုံစံသေတ္တာဗူးလေးတွေမှာ ထုပ်ပိုးလာကြတယ်။ အဲဒီအချိန်ကစပြီး Valentine Day မှာချောကလက်ပေးတဲ့အလေ့ဟာ အချစ်ငှက်လေးတွေကြား ချစ်ခြင်းမေတ္တာကိုယ်စားပြု လက်ဆောင်ပေးတဲ့ သဘောအနေနဲ့ နေရာတကာကို ပျံ့နှံ့လာခဲ့ပါတော့တယ်။
Happy Valentine's Day ပါ!
Photo & Ref : https://malleys.com
MARVELLOUS Translation မှ မှီးငြမ်းဘာသာပြန်ပါသည်။
MARVELLOUS Translation
Call 09250657599
[Zawgyi]
Valentine’s Day နဲ့ ချောကလက် : အသည်းနှလုံးပုံ သမိုင်းတစ်စောင်
Valentine Day ရဲ့ မူလအစဟာ Valentine အမည်ရှိ ရှေးဦး ရောမသူတော်စင်နှစ်ပါးနဲ့ ဆက်စပ်နေပေမယ့် ချစ်ခြင်းမေတ္တာနဲ့ လုံးဝမပတ်သက်ပါဘူးတဲ့။ စိန့်ချစ်သူများနေ့ကို ချစ်ခြင်းမေတ္တာ ကိုယ်စားပြုအားလပ်ရက်အနေနဲ့ ပထမဆုံးအကြိမ် ဖော်ပြတာက Geoffrey Chaucer ရဲ့စာပေတွေမှာ၊ အထူးသဖြင့် ၁၃၈၂ ကဗျာ Parlement of Foules မှာပါ။ Chaucer ဟာ အချစ်ရဲ့ သဘောသဘာဝကို “Seynt Voantynes နေ့မှာ.. ငှက်တိုင်းဟာ သူ့ရဲ့မိတ်ဖက်ကို ရွေးချယ်ဖို့ ဖြစ်တယ်”လို့ ဖော်ကျူးထားတယ်။ ရာစုနှစ်တွေကြာပြီးနောက်လူတွေဟာ သီချင်းတွေ၊ ကဗျာတွေ၊ နှင်းဆီပန်းတွေနဲ့ ကျင်းပခဲ့ပေမယ့် Valentine's Day ချောကလက်နဲ့ သကြားလုံးတွေကတော့ ဥရောပမှာ အဖိုးတန်ကုန်ကြမ်းတစ်ခု ဖြစ်နေသေးလို့ ရောယှက်တာမျိုး မရှိသေးပါဘူးတဲ့။
ဗစ်တိုးရီးယားဘုရင်မ အုပ်ချုပ်တဲ့ ၁၈၃၇ ခုနှစ်လောက်မှာ Valentine's Day ဟာ စီးပွားဖြစ် အလှည့်အပြောင်းတစ်ခုဖြစ်လာပြီး ဗစ်တိုးရီးယားပြည်သူတွေဟာ သူတို့တန်ဖိုးထားတဲ့သူတွေကို Cupid မြှားနတ်မောင် ခေါင်းစဉ်တပ် လက်ဆောင်တွေ၊ ကတ်တွေနဲ့ ကြဲချတဲ့အလေ့ ရှိခဲ့တယ်။ ၁၈၀၀ ပြည့်နှစ် နှောင်းပိုင်းမှာတော့ လူသိများတဲ့ ချောကလက်စားသူတချို့ဟာ ပိုပြီး နှစ်သက်ဖွယ်ကောင်းတဲ့ “ချောကလက်သောက်ခြင်း” ပုံစံကိုဖန်တီးဖို့အတွက် ကိုကိုးသီးတွေကနေ ကိုကိုးထောပတ် ထုတ်ယူတဲ့ လုပ်ငန်းမျိုး ပေါ်ထွက်လာခဲ့တယ်။ အဲဒီဖြစ်စဉ်ကြောင့် ကိုကိုးထောပတ်တွေ အရမ်းပေါများလာပြီး အဲဒီနောက်မှာ "ချောကလက်စားခြင်း" လို့ ပြောစမှတ်ပြုလာမယ့် ချောကလက်တုံးတွေ ပိုထုတ်လုပ်ဖို့ သုံးခဲ့ကြတယ်။
စျေးကွက်ရှာဖွေချဲ့ထွင်ကြတာတွေကြောင့် ချောကလက်တွေကို Cupids မြှားနတ်မောင်ပုံ နှင့် ချစ်စဖွယ့်မိန်းကလေးပုံနဲ့ အလှဆင်ထားတဲ့ အသည်းနှလုံးပုံစံသေတ္တာဗူးလေးတွေမှာ ထုပ်ပိုးလာကြတယ်။ အဲဒီအချိန်ကစပြီး Valentine Day မှာချောကလက်ပေးတဲ့အလေ့ဟာ အချစ်ငှက်လေးတွေကြား ချစ်ခြင်းမေတ္တာကိုယ်စားပြု လက်ဆောင်ပေးတဲ့ သဘောအနေနဲ့ နေရာတကာကို ပျံ့နှံ့လာခဲ့ပါတော့တယ်။
Happy Valentine's Day ပါ!
Photo & Ref : https://malleys.com
MARVELLOUS Translation မှ မှီးငြမ်းဘာသာပြန်ပါသည်။
MARVELLOUS Translation
Call 09250657599
Photos from M A R V E L L O U S Translation's post 13/02/2020
[Unicode]
လင်းနို့အားလုံးကို သတ်ပစ်သင့်သလား။
ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံတွင် ၂၀၂၀ ခုနှစ်အစကတည်းက ပြန့်နှံ့နေပြီး၊ အချို့သော သုတေသီများက လင်းနို့များသည် ဗိုင်းရပ်စ်၏ ဖြစ်နိုင်ချေရှိသော သဘာဝဖြစ်သည်ဟု ယုံကြည်ကြသည်။
ယေဘုယျအားဖြင့် လင်းနို့များသည် ဗိုင်းရပ်စ်အမျိုးမျိုးကိုအမြဲလိုလို သယ်ဆောင်ထားကြသည်ဟု သိထားကြပါသည်။ ထိုအကောင်လေးများသည် ရောဂါပိုးမွှားများလော၊ လူသားများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးအတွက် ၄င်းတို့အားလုံးကို သတ်ပစ်သင့်ပါသလား။
တကယ်တမ်းတွင် လင်းနို့များသည် ဂေဟစနစ်အတွက် အရေးကြီးပါသည်။ ၎င်းတို့အားအနှောင့်အယှက်မပေးသ၍ လူသားများအား အန္တရာယ်မပေးနိုင်ပါ။ လင်းနို့များနှင့် အတူရှိနေသော ဗိုင်းရပ်စ်များသည် လင်းနို့များကို ဖမ်းယူခြင်း၊ ထိကိုင်ခြင်း၊ စားသောက်ခြင်းမပြုသမျှ လူသားကမ္ဘာအား အန္တရာယ်မပြုနိုင်ချေ။
သို့ဖြစ်၍ ကျွန်ုပ်တို့ ဘာလုပ်သင့်နည်း။ အကောင်းဆုံးနည်းမှာ လင်းနို့များကို ၄င်းတို့ဘာသာ ထားခြင်းသာဖြစ်သည်။ သူတို့ကို မထိနှင့်၊ မသတ်နှင့်၊ ၄င်းတို့ကို မခြောက်လှန့်နှင့်။ ဤသည်မှာ လင်းနို့များနှင့် တောရိုင်းတိရစ္ဆာန်များအတွက် အကောင်းဆုံးနည်းလမ်းပင် ဖြစ်ပါသည်။
Ref: https://news.cgtn.com
MARVELLOUS Translation မှ ဘာသာပြန်သည်။
MARVELLOUS Translation
Call 09250657599
[Zawgyi]
Ref: https://news.cgtn.com
Call 09250657599
13/02/2020
ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့မွေးနေ့တွေမှာ ဗိုလ်ချုပ် ဘာတွေ လုပ်နေခဲ့မယ် ထင်လဲဗျ?
Happy 105th Birthday.. General Aung San!
13 Feb 2020
30/01/2020
[Unicode]
ကာကွယ်ဆေးပြုလုပ်ရန်အသုံးပြုနိုင်သည့် မျိုးရိုးဗီဇကုဒ်အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိပြီ
(ယနေ့ ၃၀.၀၁.၂၀၂၀၊ လွန်ခဲ့သော ၁ နာရီ၊ The New York Times သတင်းစာ)
သြစတြေးလျနိုင်ငံ၊ Melbourne မြို့ရှိ ရောဂါကူးစက်မှုနှင့် ကိုယ်ခံစွမ်းအားဆိုင်ရာ Peter Doherty Institute မှ သုတေသီများက Wuhan coronavirus ကိုဓာတ်ခွဲခန်းတွင် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များနှင့် အခြားသုတေသီများလည်းထိုနည်းတူ ပြုလုပ်နိုင်စွမ်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဗက်တီးရီးယားနမူနာများကိုသီးခြားခွဲထုတ်ပြီး ကြီးထွားလာစေခြင်းသည် ရောဂါပိုးအသစ်တစ်ခုဖြစ်ပွားစေသည့် လုပ်ရိုးလုပ်စဉ်ဖြစ်သည် ဟု Huston ရှိ Baylor ဆေးဝါးကောလိပ်မှ ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Texas ကလေးဆေးရုံစင်တာ၏ ပူးတွဲဒါရိုက်တာ Dr. Peter J. Hotez ကပြောကြားခဲ့သည်။
"ရောဂါဖြစ်ပွားမှုအစောပိုင်းကာလမှာ၊ ရောဂါပိုးကူးစက်မှုကိုဖြစ်စေတဲ့ သက်ရှိအသစ်ရဲ့ဇီဝဗေဒကို နားလည်ဖို့လိုနေသေးတယ်" ဟု Dr. Hotez ကပြောသည်။
သိပ္ပံပညာရှင်များသည် ကူးစက်ခံရသောလူနာများ၏ အဆုတ်နှင့် နှာခေါင်းလမ်းကြောင်းများမှ ရရှိသော အရည်နမူနာများကိုစုဆောင်းခဲ့သည်။ သုတေသီများသည် ဗိုင်းရပ်စ်နှိမ်နင်းဆေးများကို စမ်းသပ်ရန်သို့မဟုတ် စမ်းသပ်ကာကွယ်ဆေးများ တီထွင်ရန်အတွက် ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်ကို သုံးနိုင်သည်ဟု Dr. Hotez ကပြောကြားသည်။
Coronavirus ကိုထိန်းချုပ်ထားသောအခြေအနေများတွင်တိုးပွားစေခြင်းအားဖြင့်၊ သုတေသီများသည်အဘယ်ကြောင့် ဗိုင်းရပ်စ်ပိုးသည် SARS coronavirus ထက် ပိုမိုလွယ်ကူစွာကူးစက်နိုင်ကြောင်း ပိုမိုနားလည်သဘောပေါက်နိုင်သော်လည်း ယခုအချိန်အထိ ဗိုင်းရပ်စ်ပိုး သေဆုံးမှုနှုန်း နည်းပါးနေသေးသည်။
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ သိပ္ပံပညာရှင်များသည် အမေရိကန်ပြည်ထောင်စုတွင် စုဆောင်းထားသော လူနာနမူနာများမှ coronavirus ကို ကြီးထွားလာစေရန် ကြိုးစားနေကြသည်။ သူတို့အောင်မြင်ပြီးသည်နှင့် အေဂျင်စီသည် ကူးစက်ရောဂါဆိုင်ရာ သုတေသီများအားအများပြည်သူဆိုင်ရာ သိုလှောင်ရုံမှတစ်ဆင့် နမူနာများကို ထုတ်ပေးလိမ့်မည်။ တရုတ်နှင့် Australian သုတေသီများကလည်း နမူနာများကို ဖြန့်ဝေရန်ကမ်းလှမ်းထားပြီးဖြစ်သည်။
သိပ္ပံပညာရှင်များသည် coronavirus အသစ်ကို တားဆီးနိုင်သော ကာကွယ်ဆေးတစ်မျိုးကို တီထွင်ရန်လည်း အလျင်မြန် လုပ်ဆောင်နေကြသည်။
တရုတ်၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျရှိ အစိုးရသိပ္ပံပညာရှင်များအပြင် Johnson & Johnson၊ Moderna Therapeutics နှင့် Inovio Pharmaceuticals များတွင် အလုပ်လုပ်နေသော သူများအားလုံး စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေကြသည်။
Maryland ပြည်နယ်ရှိအမျိုးသားကျန်းမာရေးကာကွယ်ဆေး သုတေသနဌာနမှသုတေသီများသည်ကာကွယ်ဆေးပြုလုပ်ရန်အသုံးပြုနိုင်သည့် မျိုးရိုးဗီဇကုဒ်အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိပြီ ဖြစ်သည်။ သို့သော် ကာကွယ်ဆေး ရရှိရန် မည်မျှကြာမြင့်မည်ကို မခန့်မှန်းနိုင်သေးပေ။
ပုံ - တရုတ်နိုင်ငံ Taizhou မြို့ရှိ coronavirus အာရုံခံရှာဖွေရေး ပစ္စည်းများ ထုတ်လုပ်မှုလိုင်း (Reuters)
MARVELLOUS Translation မှ ဘာသာပြန်ဆိုသည်။
Call 09250657599
https://www.facebook.com/105684024322631
[Zawgyi]
ကာကွယ်ဆေးပြုလုပ်ရန်အသုံးပြုနိုင်သည့် မျိုးရိုးဗီဇကုဒ်အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိပြီ
(ယနေ့ ၃၀.၀၁.၂၀၂၀၊ လွန်ခဲ့သော ၁ နာရီ၊ The New York Times သတင်းစာ)
သြစတြေးလျနိုင်ငံ၊ Melbourne မြို့ရှိ ရောဂါကူးစက်မှုနှင့် ကိုယ်ခံစွမ်းအားဆိုင်ရာ Peter Doherty Institute မှ သုတေသီများက Wuhan coronavirus ကိုဓာတ်ခွဲခန်းတွင် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များနှင့် အခြားသုတေသီများလည်းထိုနည်းတူ ပြုလုပ်နိုင်စွမ်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဗက်တီးရီးယားနမူနာများကိုသီးခြားခွဲထုတ်ပြီး ကြီးထွားလာစေခြင်းသည် ရောဂါပိုးအသစ်တစ်ခုဖြစ်ပွားစေသည့် လုပ်ရိုးလုပ်စဉ်ဖြစ်သည် ဟု Huston ရှိ Baylor ဆေးဝါးကောလိပ်မှ ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Texas ကလေးဆေးရုံစင်တာ၏ ပူးတွဲဒါရိုက်တာ Dr. Peter J. Hotez ကပြောကြားခဲ့သည်။
"ရောဂါဖြစ်ပွားမှုအစောပိုင်းကာလမှာ၊ ရောဂါပိုးကူးစက်မှုကိုဖြစ်စေတဲ့ သက်ရှိအသစ်ရဲ့ဇီဝဗေဒကို နားလည်ဖို့လိုနေသေးတယ်" ဟု Dr. Hotez ကပြောသည်။
သိပ္ပံပညာရှင်များသည် ကူးစက်ခံရသောလူနာများ၏ အဆုတ်နှင့် နှာခေါင်းလမ်းကြောင်းများမှ ရရှိသော အရည်နမူနာများကိုစုဆောင်းခဲ့သည်။ သုတေသီများသည် ဗိုင်းရပ်စ်နှိမ်နင်းဆေးများကို စမ်းသပ်ရန်သို့မဟုတ် စမ်းသပ်ကာကွယ်ဆေးများ တီထွင်ရန်အတွက် ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်ကို သုံးနိုင်သည်ဟု Dr. Hotez ကပြောကြားသည်။
Coronavirus ကိုထိန်းချုပ်ထားသောအခြေအနေများတွင်တိုးပွားစေခြင်းအားဖြင့်၊ သုတေသီများသည်အဘယ်ကြောင့် ဗိုင်းရပ်စ်ပိုးသည် SARS coronavirus ထက် ပိုမိုလွယ်ကူစွာကူးစက်နိုင်ကြောင်း ပိုမိုနားလည်သဘောပေါက်နိုင်သော်လည်း ယခုအချိန်အထိ ဗိုင်းရပ်စ်ပိုး သေဆုံးမှုနှုန်း နည်းပါးနေသေးသည်။
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ သိပ္ပံပညာရှင်များသည် အမေရိကန်ပြည်ထောင်စုတွင် စုဆောင်းထားသော လူနာနမူနာများမှ coronavirus ကို ကြီးထွားလာစေရန် ကြိုးစားနေကြသည်။ သူတို့အောင်မြင်ပြီးသည်နှင့် အေဂျင်စီသည် ကူးစက်ရောဂါဆိုင်ရာ သုတေသီများအားအများပြည်သူဆိုင်ရာ သိုလှောင်ရုံမှတစ်ဆင့် နမူနာများကို ထုတ်ပေးလိမ့်မည်။ တရုတ်နှင့် Australian သုတေသီများကလည်း နမူနာများကို ဖြန့်ဝေရန်ကမ်းလှမ်းထားပြီးဖြစ်သည်။
သိပ္ပံပညာရှင်များသည် coronavirus အသစ်ကို တားဆီးနိုင်သော ကာကွယ်ဆေးတစ်မျိုးကို တီထွင်ရန်လည်း အလျင်မြန် လုပ်ဆောင်နေကြသည်။
တရုတ်၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျရှိ အစိုးရသိပ္ပံပညာရှင်များအပြင် Johnson & Johnson၊ Moderna Therapeutics နှင့် Inovio Pharmaceuticals များတွင် အလုပ်လုပ်နေသော သူများအားလုံး စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေကြသည်။
ပုံ - တရုတ်နိုင်ငံ Taizhou မြို့ရှိ coronavirus အာရုံခံရှာဖွေရေး ပစ္စည်းများ ထုတ်လုပ်မှုလိုင်း (Reuters)
MARVELLOUS Translation မှ ဘာသာပြန်ဆိုသည်။
Call 09250657599
https://www.facebook.com/105684
29/01/2020
[Unicode]
မနေ့က တင်ထားတဲ့ မြန်မာဝါကျ ၂ ကြောင်းကို English လို တစ်ကြောင်းစီ ဆီလျှော်အောင် ဘာသာပြန်ပေးပါမယ်။
၁) ဆရာသည် ကောင်ကလေး၏ စာကြိုးစားခြင်းအကြောင်းကို မိခင်အား ပြောပြသည်။
(ဘာသာမပြန်ခင် မူလဘာသာစကားကို အသေအချာ ကျကျနန သိအောင် လုပ်ရပါမယ်။)
ဆရာသည် ကောင်ကလေး စာကြိုးစားရခြင်း၏ အကြောင်းရည်ရွယ်ချက်ကို မိခင်အား ပြောပြသည် လို့ အဓိပ္ပါယ်ရပါတယ်။
1) The teacher tells the mother why the boy is working hard.
၂) ဆရာသည် ကောင်ကလေး၏ စာကြိုးစားပုံကို မိခင်အား ပြောပြသည်။
ဆရာသည် ကောင်ကလေး မည်သို့မည်ပုံ စာကြိုးစားသည်ကို မိခင်အား ပြောပြသည် လို့ နားလည်ရပါမယ်။
The teacher tells the mother how the boy is working hard.
English sentences တွေမှာ
- tense က present simple ကို သုံးပါတယ်။
- ကျောင်းသားတစ်ယောက် စာကြိုးစားတာကို work hard လို့ သုံးလို့ရပါတယ်။
- hardly မဟုတ်ဘူးနော်။ hard (adjective) ရဲ့ adverb form ကလည်း hard ပဲ ဖြစ်ပါတယ်။
- the boy is working hard သုံးသွားတာကလည်း advanced level indirect speech မှာ အခုထိ မှန်နေသေး၊ လုပ်နေသေးတဲ့ အကြောင်းအရာကို past continous (was trying hard) အစား present continous (is trying hard) ကို သုံးလို့ ရပါတယ်။
https://www.facebook.com/105684024322631/posts/107707697453597/ ဒါက မနေ့က တင်ထားတဲ့ post ပါ။
အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
အကျိုးရှိမယ် ယုံကြည်ပါတယ်။
MARVELLOUS Translation
Call 09250657599
https://www.facebook.com/105684024322631
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon