19/02/2022
အပိုင်း (၁)
မင်္ဂလာပါ စာဖတ်သူတို့ရေ … ကျွန်မတို့လူသားတွေဟာ ပုထုစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့ ဒေါသနဲ့ မကင်းနိုင်ကြပေမဲ့ လူ့ဘောင်လောကမှာ အမြဲကျင်လည်နေရတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ ဒေါသကို ကောင်းစွာနားလည်သဘောပေါက်ပြီး ထိန်းချုပ်ကိုင်တယ်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ တကယ်တော့ ဒေါသထွက်ရတာလွယ်ပေမဲ့ မိမိကိုယ်ကို ထိန်းချုပ်ဖို့သာ ခက်ခဲတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီတစ်ပတ် အတွက် နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ လိုက်လျောညီထွေမှုရှိပြီး လူအများ၏ ချစ်ခင်မှုရအောင် စိတ်ပညာပိုင်းဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “ဒေါသဖြစ်စေတဲ့ အကြောင်းအရင်း များကို ရှာဖွေခြင်း - Exploring the Causes of Anger” ဆိုတဲ့ ဆောင်းပါးလေးကို ရေးသားတင်ပြ ပေးလိုက်ပါတယ်။
(၁) Insecurity
အမှန်တကယ်တော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတဲ့သူတွေဟာ တစ်ခြားသူတွေထက်ပိုပြီး စိတ်တို ဒေါသထွက်လွယ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေရဲ့ ဘဝတစ်လျှောက်လုံးမှာ ငြင်းပယ်ခံရတာတွေ (rejection)၊ ဆုံးရှုံးရမှာကို ကြောက်ရွံ့စိုးရိမ်မှုတွေ (fears)၊ စိတ်ပျက်စရာတွေ (disappointment)၊ လိုအပ်ချက်တွေများပြီး မပြည့်စုံဘူးလို့ ထင်မြင်ခံစားရတာတွေ (feelings of inadequacy) တွေကြောင့်မို့ မိမိကိုယ်ကို တန်ဖိုးထားမှု (self-worth) လျော့ကျလာတာကြောင့် ဖြစ်ပါ တယ်။ အကျိုးဆက်အားဖြင့် မိမိကိုယ်ကိုရော တစ်ပါးသူကိုပါ ပြစ်တင်ဝေဖန်လာတာတွေနဲ့အတူ သူတို့ကိုယ်တိုင်ကကို ရှက်ရွံ့အားငယ်မှုတွေကို ခံစားနေကြရပါတယ်။ စိတ်ထဲမှာလည်း အမြဲတမ်း ကသိကအောက် ဖြစ်နေတဲ့အတွက်ကြောင့်မို့ သာမန်လူတွေထက်ပိုပြီး ဒေါသကြီးကြပါတယ်။
စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားနေရတဲ့ လူတော်တော်များများဟာ သူတို့ငယ်စဉ်ကလေးဘဝ ကတည်းက နွေးထွေးလုံခြုံတဲ့ မိသားစုဘဝနဲ့ မိဘမေတ္တာကို လုံလုံလောက်လောက် မရရှိခဲ့သလို ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို အခုထက်ထိ ဖတ်ရှု့နေတဲ့သူဟာ မိဘတစ်ယောက်ဖြစ်မယ်ဆိုရင် မိမိတို့သားသမီးကို အပြည့်အဝ ချစ်ပေးဖို့အချိန်ပေးဖို့ အကြံပြုလိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဖြစ်တည်မှု ဟာ သင့်အတွက်တော့ ဘုရားသခင်က ကောင်းချီးပေးတာပါလို့ သူတို့သိမြင်နားလည်လာအောင် ကြိုးစားဖို့လိုပါတယ်။ စိတ်ပညာရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အချစ်ခံရတဲ့ကလေးတွေဟာ စိတ်တို ဒေါသမထွက်လွယ်ဘဲ အချစ်မခံရမှာကြောက်ပြီး စိုးရိမ်သောက ရောက်နေတဲ့ ကလေးတွေကသာ ဒေါသကြီးတတ်ကြပါတယ်။
(၂) Pride
ကျွန်မတို့ လူတော်တော်များများဟာ ကလေးဘဝထဲက ကြီးပျင်းလာတဲ့အထိ အမြဲလိုလို ပထမ နေရာမှာ ရှိနေချင်ကြပါတယ်။ ကျောင်းသားဘဝထဲက အတန်းတိုင်မှာ အမှတ်ကောင်းကောင်းနဲ့ ထိပ်ဆုံး နေရာရောက်ဖို့ ကြိုးစားခဲ့ကြသလို ဘွဲ့ရပြီး လုပ်ငန်းခွင်ရောက်ပြန်တော့လည်း ရာထူးကြီးကြီးနဲ့ ထိပ်ဆုံးနေရာရောက်ဖို့ အမြဲတမ်းကြိုးစား ရုန်းကန်နေကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားတွေ ရဲ့ အတွင်းစိတ်ထဲမှာကိုက အောင်မြင်ကျော်ကြားချင်တဲ့စိတ်တွေ … အသိအမှတ်ပြုခံခြင်တဲ့ စိတ်တွေ ကိန်းအောင်းနေပါတယ်။
ဒါပေမဲ့ အဲဒီစိတ်တွေကို မလွန်ကဲမိစေဖို့ ... မိမိတို့ရဲ့စိတ်ကို သတိနဲ့ ချွန်းအုပ် တက်ဖို့ လိုအပ်ပါတယ်။ ဘဝမှာ အမြဲတမ်း သူများတွေထက် အစစအရာရာမှာ လွန်ကဲစွာ သာလွန်ချင်တဲ့ မာန်ကြီးလွန်းတဲ့သူတွေဟာ လိုချင်တာမရ ဖြစ်ချင်တာမဖြစ်တဲ့အခါမှာ ပုံမှန်လူတွေထက်ပိုပြီးတော့ စိတ်တို ဒေါသထွက်တတ်ကြပါတယ်။ နောက်ပြီးတော့ အလေးထားမခံရတဲ့အခါ အသိမှတ်ပြုခြင်း မခံရတဲ့အခါမှာလည်း ဝမ်းနည်းလွယ်ပြီးတော့ ဒေါသထွက်တတ်ကြပါတယ်။ ဒါကြောင့်မို့ မိတ်ဆွေတို့ အနေနဲ့ မိမိတို့ရဲ့စိတ်ကို အမြဲသတိနဲ့ ဆင်ခြင်ပြီးတော့ မာန်မာနလွန်ကဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အမျက်ဒေါသ (Pride-related anger) မထွက်အောင် ကြိုးစားပါလို့ အကြံပြုလိုပါတယ်။
(၃) Blame and Shame
ကျွန်မတို့လူတွေဟာ ကိုယ်သိလို့ဖြစ်စေ မသိလို့ဖြစ်စေ ကိုယ့်ရဲ့ အပြုအမူ အပြောအဆိုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ယောက်ရဲ့ ထောက်ပြခြင်းခံရတဲ့အခါမှာ (Shame) ရှက်ရွံ့အားငယ်မှုကို အနည်း နဲ့အများ ခံစားရပါတယ်။ ဒီထက်ပိုဆိုးတာက အများရှေ့မှာ ဝေဖန်ပြစ်တင်ခြင်းခံရတဲ့အချိန်မှာ ဒီခံစား ချက်က ပိုမိုပြင်းထန်လာပြီးတော့ ဒေါသပါထွက်လာပါတယ်။ ဒါကြောင့်မို့ လူတော်တော်များများက အရှက်ခွဲခံရတယ်လို့ ခံစားလာရရင် ဒေါသနဲ့ တုံ့ပြန်ကြတာများပြီးတော့ ရှက်ရမ်းရမ်းတတ်ကြပါတယ်။
နောက်ပြီးတော့ လူ့လောကမှာ တစ်ချို့ အရှက်တကွဲအကျိုးနည်းဖြစ်ရတဲ့ကိစ္စတိုင်းဟာလည်း အမှန်တကယ်ကို အရှက်ရစေတဲ့ အရာတွေမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ချို့လူတွေဟာ သူတို့ဆန္ဒမပါဘဲ အခြားသူတွေရဲ့ အတင်းအကျပ် အဓမ္မစေခိုင်းမှုကြောင့် မကောင်းတဲ့ အကုသိုလ်အလုပ် ကို ကျူးလွန်လိုက်ရတာရှိပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ငယ်စဉ်ကလေးဘဝမှာထဲက လိင်လုပ်သားအဖြစ် အကျပ်ကိုင်စေခိုင်းခြင်းခံရတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အထိ သူတို့ ကိုယ်သူတို့ အပြစ်ရှိသလို ခံစားနေရပြီးတော့ ရှက်ရွံ့အားငယ် နေတတ်ကြပါတယ်။ ဒါ့အပြင် ကျွန်မတို့တတွေဟာ မိမိတို့ရဲ့ အားနည်းချက် အနင်းခံရတဲ့အခါမှာဘဲဖြစ်ဖြစ် ဒါမှမဟုတ် အခွင့်အရေး ယူတယ်လို့ ခံစားရတဲ့ အခါမှာဘဲဖြစ်ဖြစ် ဒေါသထွက်တတ်ကြပါတယ်။ ဒါကြောင့်မို့ သင့်အနေနဲ့ တစ်ခြား လူတစ်ယောက်ကို ဝေဖန်တော့မယ်ဆိုရင် အပြုသဘောဆောင်တဲ့ ဝေဖန်မှုပုံစံမျိုး (comstructive criticism) ဖြစ်ဖို့လိုပါတယ်။ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင်တော့ ဝေဖန်ပြစ်တင်ရတာ လွယ်သလောက် တာဝန်ယူမှု တာဝန်ခံမှုရှိဖို့သာ ခက်ခဲတာဖြစ်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဖတ်ရှု့ပြီးသွားပြီဆိုရင် မိမိတို့ကို ဘယ်အရာ တွေက စိတ်တို၊ ဒေါသထွက်စေလဲဆိုတာ စိတ်ထဲမှာ အဖြေရှာမိသွားပြီထင်ပါတယ်။ ဒါကြောင့်မို့ တစ်ခြား သူတွေလည်း ဗဟုသုတရအောင် သင့်ရဲ့ အတွေ့အကြုံတွေကို အောက်က (comment) မှာ မျှဝေပေးသွား ပါဦးနော်။ မိမိတို့ရဲ့ ဒေါသကို ကောင်းစွာထိန်းချုပ်ကိုင်တွယ်နိုင်ပြီး ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက် ကောင်းမွန်ပါစေလို့ ဆန္ဒပြုရင်း …..
မေတ္တာဖြင့်
ဝင့်သူဇာလှိုင်
18 February 2022
Reference:
Stanley, C. F. (2010). Surviving in an angry world: Finding your way to personal peace. Simon and Schuster.
Zawgyi
အပိုင္း (၁)
မဂၤလာပါ စာဖတ္သူတို႔ေရ … ကၽြန္မတို႔လူသားေတြဟာ ပုထုစဥ္ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ေဒါသနဲ႔ မကင္းနိုင္ၾကေပမဲ့ လူ႔ေဘာင္ေလာကမွာ အျမဲက်င္လည္ေနရတာျဖစ္တဲ့အတြက္ မိမိတို႔ရဲ့ ေဒါသကို ေကာင္းစြာနားလည္သေဘာေပါက္ၿပီး ထိန္းခ်ဳပ္ကိုင္တယ္နိုင္ဖို႔ သိပ္ကိုအေရးႀကီးပါတယ္။ တကယ္ေတာ့ ေဒါသထြက္ရတာလြယ္ေပမဲ့ မိမိကိုယ္ကို ထိန္းခ်ဳပ္ဖို႔သာ ခက္ခဲတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ဒီတစ္ပတ္ အတြက္ ေန႔စဥ္ဘဝမွာေရာ လုပ္ငန္းခြင္မွာပါ လိုက္ေလ်ာညီေထြမွုရွိၿပီး လူအမ်ား၏ ခ်စ္ခင္မွုရေအာင္ စိတ္ပညာပိုင္းဆိုင္ရာ ေဆာင္းပါးတစ္ပုဒ္ျဖစ္တဲ့ “ေဒါသျဖစ္ေစတဲ့ အေၾကာင္းအရင္း မ်ားကို ရွာေဖြျခင္း - Exploring the Causes of Anger” ဆိုတဲ့ ေဆာင္းပါးေလးကို ေရးသားတင္ၿပ ေပးလိုက္ပါတယ္။
(၁) Insecurity
အမွန္တကယ္ေတာ့ စိတ္ပိုင္းဆိုင္ရာ လုံျခဳံမွုမရွိတဲ့သူေတြဟာ တစ္ျခားသူေတြထက္ပိုၿပီး စိတ္တို ေဒါသထြက္လြယ္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေတြရဲ့ ဘဝတစ္ေလၽွာက္လုံးမွာ ျငင္းပယ္ခံရတာေတြ (rejection)၊ ဆုံးရွုံးရမွာကို ေၾကာက္ရြံ့စိုးရိမ္မွုေတြ (fears)၊ စိတ္ပ်က္စရာေတြ (disappointment)၊ လိုအပ္ခ်က္ေတြမ်ားၿပီး မျပည့္စုံဘူးလို႔ ထင္ျမင္ခံစားရတာေတြ (feelings of inadequacy) ေတြေၾကာင့္မို႔ မိမိကိုယ္ကို တန္ဖိုးထားမွု (self-worth) ေလ်ာ့က်လာတာေၾကာင့္ ျဖစ္ပါ တယ္။ အက်ိဳးဆက္အားျဖင့္ မိမိကိုယ္ကိုေရာ တစ္ပါးသူကိုပါ ျပစ္တင္ေဝဖန္လာတာေတြနဲ႔အတူ သူတို႔ကိုယ္တိုင္ကကို ရွက္ရြံ့အားငယ္မွုေတြကို ခံစားေနၾကရပါတယ္။ စိတ္ထဲမွာလည္း အျမဲတမ္း ကသိကေအာက္ ျဖစ္ေနတဲ့အတြက္ေၾကာင့္မို႔ သာမန္လူေတြထက္ပိုၿပီး ေဒါသႀကီးၾကပါတယ္။
စိတ္ပိုင္းဆိုင္ရာ မလုံျခဳံမွုကို ခံစားေနရတဲ့ လူေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ငယ္စဥ္ကေလးဘဝ ကတည္းက ေႏြးေထြးလုံျခဳံတဲ့ မိသားစုဘဝနဲ႔ မိဘေမတၱာကို လုံလုံေလာက္ေလာက္ မရရွိခဲ့သလို ျဖစ္ပါတယ္။ ဒီေဆာင္းပါးေလးကို အခုထက္ထိ ဖတ္ရွု႔ေနတဲ့သူဟာ မိဘတစ္ေယာက္ျဖစ္မယ္ဆိုရင္ မိမိတို႔သားသမီးကို အျပည့္အဝ ခ်စ္ေပးဖို႔အခ်ိန္ေပးဖို႔ အႀကံျပဳလိုပါတယ္။ ဒါ့အျပင္ သူတို႔ရဲ့ ျဖစ္တည္မွု ဟာ သင့္အတြက္ေတာ့ ဘုရားသခင္က ေကာင္းခ်ီးေပးတာပါလို႔ သူတို႔သိျမင္နားလည္လာေအာင္ ႀကိဳးစားဖို႔လိုပါတယ္။ စိတ္ပညာရွုေထာင့္က ၾကည့္မယ္ဆိုရင္လည္း အခ်စ္ခံရတဲ့ကေလးေတြဟာ စိတ္တို ေဒါသမထြက္လြယ္ဘဲ အခ်စ္မခံရမွာေၾကာက္ၿပီး စိုးရိမ္ေသာက ေရာက္ေနတဲ့ ကေလးေတြကသာ ေဒါသႀကီးတတ္ၾကပါတယ္။
(၂) Pride
ကၽြန္မတို႔ လူေတာ္ေတာ္မ်ားမ်ားဟာ ကေလးဘဝထဲက ႀကီးပ်င္းလာတဲ့အထိ အျမဲလိုလို ပထမ ေနရာမွာ ရွိေနခ်င္ၾကပါတယ္။ ေက်ာင္းသားဘဝထဲက အတန္းတိုင္မွာ အမွတ္ေကာင္းေကာင္းနဲ႔ ထိပ္ဆုံး ေနရာေရာက္ဖို႔ ႀကိဳးစားခဲ့ၾကသလို ဘြဲ႕ရၿပီး လုပ္ငန္းခြင္ေရာက္ျပန္ေတာ့လည္း ရာထူးႀကီးႀကီးနဲ႔ ထိပ္ဆုံးေနရာေရာက္ဖို႔ အျမဲတမ္းႀကိဳးစား ႐ုန္းကန္ေနၾကရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူသားေတြ ရဲ့ အတြင္းစိတ္ထဲမွာကိုက ေအာင္ျမင္ေက်ာ္ၾကားခ်င္တဲ့စိတ္ေတြ … အသိအမွတ္ျပဳခံျခင္တဲ့ စိတ္ေတြ ကိန္းေအာင္းေနပါတယ္။ ဒါေပမဲ့ အဲဒီစိတ္ေတြကို မလြန္ကဲမိေစဖို႔ ... မိမိတို႔ရဲ့စိတ္ကို သတိနဲ႔ ခၽြန္းအုပ္ တက္ဖို႔ လိုအပ္ပါတယ္။ ဘဝမွာ အျမဲတမ္း သူမ်ားေတြထက္ အစစအရာရာမွာ လြန္ကဲစြာ သာလြန္ခ်င္တဲ့ မာန္ႀကီးလြန္းတဲ့သူေတြဟာ လိုခ်င္တာမရ ျဖစ္ခ်င္တာမျဖစ္တဲ့အခါမွာ ပုံမွန္လူေတြထက္ပိုၿပီးေတာ့ စိတ္တို ေဒါသထြက္တတ္ၾကပါတယ္။ ေနာက္ၿပီးေတာ့ အေလးထားမခံရတဲ့အခါ အသိမွတ္ျပဳျခင္း မခံရတဲ့အခါမွာလည္း ဝမ္းနည္းလြယ္ၿပီးေတာ့ ေဒါသထြက္တတ္ၾကပါတယ္။ ဒါေၾကာင့္မို႔ မိတ္ေဆြတို႔ အေနနဲ႔ မိမိတို႔ရဲ့စိတ္ကို အျမဲသတိနဲ႔ ဆင္ျခင္ၿပီးေတာ့ မာန္မာနလြန္ကဲမွုေၾကာင့္ ျဖစ္ေပၚလာနိုင္တဲ့ အမ်က္ေဒါသ (Pride-related anger) မထြက္ေအာင္ ႀကိဳးစားပါလို႔ အႀကံျပဳလိုပါတယ္။
(၃) Blame and Shame
ကၽြန္မတို႔လူေတြဟာ ကိုယ္သိလို႔ျဖစ္ေစ မသိလို႔ျဖစ္ေစ ကိုယ့္ရဲ့ အျပဳအမူ အေျပာအဆိုနဲ႔ ပတ္သက္ၿပီး တစ္စုံတစ္ေယာက္ရဲ့ ေထာက္ျပျခင္းခံရတဲ့အခါမွာ (Shame) ရွက္ရြံ့အားငယ္မွုကို အနည္း နဲ႔အမ်ား ခံစားရပါတယ္။ ဒီထက္ပိုဆိုးတာက အမ်ားေရွ႕မွာ ေဝဖန္ျပစ္တင္ျခင္းခံရတဲ့အခ်ိန္မွာ ဒီခံစား ခ်က္က ပိုမိုျပင္းထန္လာၿပီးေတာ့ ေဒါသပါထြက္လာပါတယ္။ ဒါေၾကာင့္မို႔ လူေတာ္ေတာ္မ်ားမ်ားက အရွက္ခြဲခံရတယ္လို႔ ခံစားလာရရင္ ေဒါသနဲ႔ တုံ႔ျပန္ၾကတာမ်ားၿပီးေတာ့ ရွက္ရမ္းရမ္းတတ္ၾကပါတယ္။
ေနာက္ၿပီးေတာ့ လူ႔ေလာကမွာ တစ္ခ်ိဳ႕ အရွက္တကြဲအက်ိဳးနည္းျဖစ္ရတဲ့ကိစၥတိုင္းဟာလည္း အမွန္တကယ္ကို အရွက္ရေစတဲ့ အရာေတြမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ခ်ိဳ႕လူေတြဟာ သူတို႔ဆႏၵမပါဘဲ အျခားသူေတြရဲ့ အတင္းအက်ပ္ အဓမၼေစခိုင္းမွုေၾကာင့္ မေကာင္းတဲ့ အကုသိုလ္အလုပ္ ကို က်ဴးလြန္လိုက္ရတာရွိပါတယ္။ ဥပမာအေနနဲ႔ ေျပာရမယ္ဆိုရင္ ငယ္စဥ္ကေလးဘဝမွာထဲက လိင္လုပ္သားအျဖစ္ အက်ပ္ကိုင္ေစခိုင္းျခင္းခံရတဲ့ ကေလးေတြဟာ အရြယ္ေရာက္လာတဲ့အထိ သူတို႔ ကိုယ္သူတို႔ အျပစ္ရွိသလို ခံစားေနရၿပီးေတာ့ ရွက္ရြံ့အားငယ္ ေနတတ္ၾကပါတယ္။ ဒါ့အျပင္ ကၽြန္မတို႔တေတြဟာ မိမိတို႔ရဲ့ အားနည္းခ်က္ အနင္းခံရတဲ့အခါမွာဘဲျဖစ္ျဖစ္ ဒါမွမဟုတ္ အခြင့္အေရး ယူတယ္လို႔ ခံစားရတဲ့ အခါမွာဘဲျဖစ္ျဖစ္ ေဒါသထြက္တတ္ၾကပါတယ္။ ဒါေၾကာင့္မို႔ သင့္အေနနဲ႔ တစ္ျခား လူတစ္ေယာက္ကို ေဝဖန္ေတာ့မယ္ဆိုရင္ အျပဳသေဘာေဆာင္တဲ့ ေဝဖန္မွုပုံစံမ်ိဳး (comstructive criticism) ျဖစ္ဖို႔လိုပါတယ္။ တကယ္တမ္း စဥ္းစားၾကည့္မယ္ဆိုရင္ေတာ့ ေဝဖန္ျပစ္တင္ရတာ လြယ္သေလာက္ တာဝန္ယူမွု တာဝန္ခံမွုရွိဖို႔သာ ခက္ခဲတာျဖစ္ပါတယ္။
မိတ္ေဆြတို႔အေနနဲ႔ ဒီေဆာင္းပါးေလးကို အဆုံးအထိ ဖတ္ရွု႔ၿပီးသြားၿပီဆိုရင္ မိမိတို႔ကို ဘယ္အရာ ေတြက စိတ္တို၊ ေဒါသထြက္ေစလဲဆိုတာ စိတ္ထဲမွာ အေျဖရွာမိသြားၿပီထင္ပါတယ္။ ဒါေၾကာင့္မို႔ တစ္ျခား သူေတြလည္း ဗဟုသုတရေအာင္ သင့္ရဲ့ အေတြ႕အၾကဳံေတြကို ေအာက္က (comment) မွာ မၽွေဝေပးသြား ပါဦးေနာ္။ မိမိတို႔ရဲ့ ေဒါသကို ေကာင္းစြာထိန္းခ်ဳပ္ကိုင္တြယ္နိုင္ၿပီး ေပါင္းသင္းဆက္ဆံေရးေတြ တိုးတက္ ေကာင္းမြန္ပါေစလို႔ ဆႏၵျပဳရင္း …..
ေမတၱာျဖင့္
ဝင့္သူဇာလွိုင္
18 February 2022
Reference:
Stanley, C. F. (2010). Surviving in an angry world: Finding your way to personal peace. Simon and Schuster.
Featured Post Ways to release Stress မင်္ဂလာပါ စာဖတ်သူတို့ရေ ….. ကျွန်မဒီနေ့ ရေးသားတင်ပြပေမယ့် အကြောင်းအရာလေးကတော့ (stress management strategies) ထဲမှ ....