18/03/2026
🔺Edit - Primary 5 တစ်တန်းပဲ ကျောင်းသား ထပ်လက်ခံနိုင်ပါတော့မယ်ရှင်။
2026 ပညာသင်နှစ်အတွက် Cambridge Maths Classes Timetable ထွက်ပါပြီရှင်။ မေလ (4.5.2026) မှာ စမှာ ဖြစ်ပါတယ်။ Regular Class တွေက ကျောင်းသားဟောင်းတွေ ကြိုအပ်ထားတာ ရှိတာကြောင့် အတန်းချိန်သေချာဖို့ မြန်မြန်လေးအပ်ထားပေးပါရှင်။
20/02/2026
🎪Summer Singapore Maths Classes (Online)🎪
☀️နွေရာသီကျောင်းပိတ်ရက်မှာ Problem Solving Skill တိုးတက်အောင် လေ့ကျင့်ချင်သော သားသားမီးမီးများအတွက် Singapore Maths (Online) အတန်းချိန်လေးများပါရှင်။
☀️2026-2027 ပညာသင်နှစ်မှာ Grade 5 တက်ရောက်ရမည့် သားသားမီးမီးများအတွက် Summer 4
Grade 6 တက်ရောက်ရမည့် သားသားမီးမီးများအတွက် Summer 5 ကို အပ်နှံနိုင်ပါတယ်။
✅B.Ed, M.Ed ဘွဲ့ရ သင်ကြားရေးအတွေ့အကြုံရှိ ဆရာ၊ ဆရာမများက သင်ကြားပေးမှာဖြစ်ပြီး အတန်းတစ်တန်းကို ကလေး 10-12 သာ လက်ခံမှာ ဖြစ်လို့ မြန်မြန်အပ်ထားမှ စိတ်ချရပါမယ်ရှင်။
📅 သင်တန်းစမည့်နေ့ - 9.3.2026 (Monday)
📅သင်တန်းကာလ - March to May (3 months)
✅သင်တန်းအတွက် သိရှိလိုသည်များကို Maths Magic Myanmar page messenger မှ ဖြစ်စေ
☎09 770 574 719 သို့ ဆက်သွယ်၍ဖြစ်စေ မေးမြန်းနိုင်ပါတယ်ရှင်။
🎪 သင်တန်းကြေးနှင့် စာအုပ်စာတမ်းကြေး စုစုပေါင်း 200,000 ကျသင့်မှာဖြစ်ပြီး (သင်တန်းကြေးကို နှစ်ခါခွဲ၍ သွင်းနိုင်ပါသည်) February 28 မတိုင်ခင် အပ်နှံပါက 10% discount ရမှာမို့ form လေးဖြည့်ပြီး page messenger ကနေ အမြန်လာအပ်လိုက်တော့နော်✨
https://forms.office.com/Pages/ResponsePage.aspx?id=fZc2vCgMjkaiJ6fUcLuBAGImEK3Ywb5HvJYZosqcjz9UOFVIMTRWNjhBMFE4OVRHSEVCRlcyR0JXUS4u
25/01/2026
လွန်ခဲ့တဲ့ နှစ်နှစ်တည်းက Maths Teaching and Leaning Center လေးစဖို့ စိတ်ကူးရှိခဲ့ပေမယ့် လက်ရှိသင်နေတဲ့ကျောင်းတွေ အလုပ်တွေနဲ့ အချိန်လုံးဝပြည့်နေတာမို့ မစဖြစ်ခဲ့တဲ့ စိတ်ကူးလေးကို 2026 မှာ အကောင်အထည်ဖော်ပါမယ်။
Maths Teacher အဖြစ် စတင်အလုပ်ဝင်တည်းက ကျွန်မက Fun and Learn ဆိုတာကို တအားသဘောကျပါတယ်။ အထူးသဖြင့် Primary (မူလတန်း) ကလေးလေးတွေမှာ သင်ယူရတာ ပျော်မှ သင်ခန်းစာကိုနားလည်ပြီး တော်အောင်ကြိုးစားချင်စိတ်ရှိလာတာပါ။ လက်ရှိမှာ အတန်းငယ်လေးတွေရော အတန်းကြီးတွေပါသင်နေပေမယ့် မှတ်မှတ်ရရ ရှိတာကတော့ ကလေးလေးတွေကို Maths သင်ရတာပါပဲ။ သင်ခန်းစာတစ်ခုမစခင်မှာကလေးတွေရဲ့ အာရုံစူးစိုက်မှုရော ဉာဏ်စမ်းပုစ္ဆာတွေကို တွေးရတာ တွက်ရတာ ပျော်စေချင်တာကြောင့်ရော စဉ်းစားရတဲ့မေးခွန်းခက်တာလေးတွေ Maths Quiz လေးတွေ မေးလေ့ရှိပါတယ်။
နောက် Cambridge Maths နဲ့ပတ်သတ်တဲ့ online webinar တစ်ခုတက်ရင်း “Mathemagic” ဆိုတဲ့ စကားလုံးလေးကို သတိထားမိပါတယ်။ စိတ်ဝင်စားစရာ ပျော်စရာကောင်းတဲ့ Maths tricks လေးတွေပေါ့။ ကလေးလေးတွေ သင်္ချာကို ပျော်ပျော်ရွှင်ရွှင်သင်ယူပြီး သင်္ချာလိုတွေးတတ်စေဖို့ ရည်ရွယ်ပြီး “Maths Magic Myanmar” ဆိုတဲ့ Mathematics Teaching and Learning Centre လေးကို 2026 မှာ စတင်ပါမယ်။
Academic Maths တွေဖြစ်တဲ့ Cambridge Maths, Singapore Maths အတန်းတွေ နှစ်သက်ရာရွေးချယ်တက်ရောက်လို့ရပါတယ်။ သင်တန်းနဲ့ ပတ်သတ်တဲ့ အသေးစိတ်ကို page မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 2026 မေလမှာ နောက်စာသင်နှစ်အတွက် အတန်းသစ်တွေစတင်မှာဖြစ်ပြီး Summer Special အစီအစဉ်လေးတွေလည်းရှိမှာဖြစ်လို့ MMM page လေးကို like and follow လုပ်ထားပါဦးနော်...
ပျော်ရွှင်ဖွယ် 2026 ဖြစ်ပါစေ ✨
20/03/2025
📺Mathematics teachers များအတွက် အသုံးဝင်မယ့် Youtube Channel တစ်ချို့ကို စုစည်းပေးထားပါတယ်ရှင်။
📺ပုံတစ်ပုံချင်းစီအောက်မှာ channel link လေးတွေ ထည့်ပေးထားတာမို့ အလွယ်တကူဝင်လေ့လာလို့ရပါတယ်။ Primary, Secondary, GCSE, olympiad maths နဲ့ ဆိုင်ရာ youtube channel စုံအောင်စုပေးထားပါတယ်ရှင်။
11/03/2025
🌞 နွေပိတ်ရက်မှာ Professional Development အတွက် သင်တန်းတွေတက်ဖို့ အစီအစဉ်တွေဆွဲနေကြတဲ့ Maths တီချယ်တွေအတွက် သင်တန်းလေးတွေရွေးချယ်ဖို့မျှဝေတာပါဗျ။
🌞 Cambridge International Education
🔸International School မှာ Mathematics Teacher အဖြစ်စလုပ်ဖို့အတွက် သင်တန်းတွေကြိုတက်ထားချင်တဲ့ တီချယ်တွေ... Academic Skill ရှိပြီးသား ဒါပေမယ့် သင်ကြားရေးအတွက် Teaching Theory၊ Curriculum Framework, Lesson Plan အစရှိတာတွေ လေ့လာချင်တယ်ဆို Cambridge International Education website မှာ Primary to IGCSE ထိ လေ့လာချင်တဲ့ course တွေ ရွေးချယ်တက်လို့ရပါတယ်။
🔸Course တစ်ခုကို $100 လောက် ကျသင့်ပါတယ်။ လေးလလောက် စောစောကြို စာရင်းပေးထားရင်တော့ $20 လောက် သက်သာပါတယ်။ ကျွန်တော်ကတော့ သင်တန်းကြေးသက်သာအောင် စောစောအပ်ပြီးတက်ပါတယ်။ weekly assignment တွေ သေချာလုပ်တယ်ဆို Completion Certificate ရပြီး assignment တွေမပြီးရင်တော့ Participation Certificate ပဲရပါတယ်။
🔸ဒါကတော့ Introductory Course အတွက် ရက်သတ္တပတ်အလိုက် လေ့လာရတဲ့ ခေါင်းစဉ်တွေပါ။
Cambridge Primary
The courses focus on the following areas:
Week 1: Introductions and overview of the curriculum
Week 2: Objective-led learning and success criteria
Week 3: Long term planning and formative uses of assessment
Week 4: Medium and short term planning
Week 5: Understanding the assessment of the curriculum and creating resources and activities
🌞 TKT CLIL
🔸TKT: CLIL is a test of knowledge of Content and Language Integrated Learning and concepts related to a CLIL approach.
🔸 It tests knowledge about teaching subjects in English to speakers of other languages and the learning, thinking and language skills which are developed across different curriculum subjects.
🔸Maths မှ မဟုတ်ဘဲ ဘာသာရပ်သင် တီချယ်တွေ အတွက်ပါ အကျုံးဝင်ပါတယ်ခင်ဗျ။ CLIL သင်တန်းတွေလည်း ရှိသလို ကိုယ်တိုင်လေ့လာပြီး ဖြေလည်းရပါတယ်ခင်ဗျာ။ Care for Myanmar, Green Tara, Sir Myo Nyut Maw တို့ဆီမှာ သင်တန်းဖွင့်ထားတာတွေ ရှိပါတယ်။
🌞 TKT CLIL text book ဖတ်ကြည့်ချင်တယ်ဆိုရင် comment မှာ email ရေးခဲ့ပေးပါခင်ဗျ။
05/03/2025
🎪Free Mathematics Resources for Cambridge Mathematics Teachers🎪
🔺Learners' Book, Workbook ထဲက ပုစ္ဆာတွေအပြင် ကလေးတွေကို မိမိစာသင်ချိန်မှာ ထပ်လေ့ကျင့်ပေးဖို့ curriculum related ပုစ္ဆာတွေ အလွယ်တကူရှာချင်ပါသလား...
🔺စာသင်ခန်းထဲမှာ သင်္ချာသင်ခန်းစာတွေအပေါ် ကလေးရဲ့ အာရုံစိုက်မှုအပြည့်အဝရဖို့အတွက် interactive resources တွေ ရချင်ပါသလား...
🔺NRICH, University of Cambridge က ပြုလုပ်ပေးတဲ့ Mathematics Teachers တွေအတွက် Free Webinar တွေ တက်ချင်ပါသလား...
ဒါဆိုရင်တော့ nrich.maths.org ကို တစ်ခေါက်လောက် ဝင်လေ့လာကြည့်ပါရှင်
Cambridge Mathematics ဆရာ၊ ဆရာမတွေအတွက် အသုံးဝင်မယ့် resources တွေ အများကြီးတွေ့ရပါလိမ့်မယ်။
🔸Cambridge Mathematics မှာ အဓိကသင်ရတဲ့ Number, Measurement, Geometry, Stastics အပိုင်းတွေကို ကလေးအသက်အလိုက်ရော challenging level တွေပါ category တစ်ခုစီခွဲပေးထားတာမို့ သင်္ချာဆရာ၊ ဆရာမတွေအတွက် lesson plan ဆွဲတဲ့အခါကိုယ့်သင်ခန်းစာနဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေကို မြန်မြန်ဆန်ဆန် ရှာဖွေအသုံးပြုနိုင်ပါတယ်။
🔸question တစ်ခုစီ၊ project တစ်ခုစီ အတွက် လိုအပ်တဲ့ materials တွေ ပေးထားတဲ့အပြင် solution နဲ့ key questions တွေပါ ပါတာကြောင့် အခုမှ Cambridge Mathematics ကို စသင်မယ့် ဆရာ၊ဆရာမများအတွက်လည်း အဆင်ပြေပြေလေ့လာနိုင်ပါတယ်။
👉Don't hesitate to browse nrich.maths.org
👉Click it now nrich.maths.org
04/03/2025
🇬🇧Cambridge Curriculum ကို စလေ့လာချင်တဲ့ တီချယ်တို့အတွက် အသုံးဝင်မယ့် website တစ်ခုကို မျှဝေပေးပါမယ်နော်🇬🇧
🔺Cambridge GO🔺
Cambridge GO acc ကို email နဲ့ ဖွင့်လို့ရပါတယ်။ free version နဲ့သုံးရင် စာအုပ်တစ်အုပ်ကို တစ်လဖတ်လို့ရပါတယ်။ Learners book, Workbook, Teachers' resources တွေ ပါပါတယ်။ Cambridge Curriculum မှာပါတဲ့ ဘာသာရပ်အကုန်ရှိပါတယ်။ Answer Key တွေဆိုရင်တော့ download လုပ်ပြီး လေ့လာလို့ရပါတယ်။
သင်ကြားရေးမှာ လိုသလို အသုံးပြုပါရှင်...